Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

Photobucket

ကျန်တာက

-လေးထဲက လေးနှုတ်ရင် ဘယ်လောက်ကျန်မလဲ။
(ဖြေသံမကြားရ)
-ကဲ..မင်းရပ်စမ်း၊ မင်းအိပ်ထဲမှာ လေးကျပ် ပါလာတယ် ဆိုပါတော့။ အိပ်ထောင်အပေါက်ကနေ အဲဒီလေးကျပ် ကျသွားရင် အိပ်ထောင်ထဲမှာ ဘာကျန်မလဲ။
- အပေါက်ကျန်မယ်ဆရာ။

ရှာဖွေတွေ့ရှိသူ
-မောင်မောင် ကမ္ဘာ့မြေပုံထဲ သြစတေးလျကို ရှာပြစမ်း။
- ဒီမှာပါဆရာမ။
-မှန်တယ်။ ကဲ မောင်ဝင်းအောင် ပြောစမ်း သြစတေးလျကို ဘယ်သူရှာဖွေ တွေ့ရှိတာလဲ။
- မောင်မောင်ပါဆရာမ။

အသွားအပြန်
-ကျွန်မရှင်နဲ့ မနေချင်တော့ဘူး။ ကျွန်မမိဘအိမ်သွားမယ်။
-သွားလေ ရော့ ကားခ။
မိန်းမက ငွေကိုရေကြည့်ပြီး)
-အပြန်ကားခ မပါသေးဘူး။

သားသိတာက
ဆရာက အတန်းထဲမှာ စာမရေး စာမဖတ်နဲ့ ပျင်းတဲ့ကလေးကို မိဘကပါ ကူဆုံးမပေးဖို့ မိဘကို အသိပေးတယ်။ ဒါကြောင့် အဖေကသားကို-
-သားတို့ အတန်းထဲမှာ ဘယ်သူအပျင်းဆုံးလဲ။
-မသိဘူးဖေဖေ။
-ကဲဒါဖြင့် မေးမယ်။ ကျောင်းသားတွေအားလုံး စာရေးစာဖတ် ဂဏန်းတွက်နေတဲ့ အချိန်မှာ ဘာမှမလုပ်ဘဲ ဘယ်သူထိုင်နေသလဲ။
-ဆရာပါ။

south

Posted by thawzin Thursday, April 30, 2009 0 comments


ဒီသီချင်းလေးကတော့ ကျွန်တော့်သူငယ်ချင်းက ဘာသာပြန်ပြီး စာတန်းထိုးထားတဲ့ ရုရှား သီချင်းလေး တစ်ပုဒ် သံစဉ်လေးလဲကောင်းတယ် စာသားလေးတွေကောင်းတယ် သူငယ်ချင်းများ အားလုံး နှစ်သက်မယ်လို့.ယူဆမယ် ထင်ပါတယ်


မင်းကိုငါချစ်တယ်.

Posted by thawzin Tuesday, April 28, 2009 0 comments


မင်းကိုငါချစ်တယ်.
ဒီထက်ပိုပြီးတော့ ချစ်နိုင်ဖို့အတွက်
ချစ်ခဲ့တယ်ဆိုတဲ့အသိက
ငါ့စိတ်ဝိညဉ်တွေထဲမှာ ကိန်းအောင်းနေခဲ့တာပေါ...
ငါ့ရဲ့အချစ်မှာ မွန်းကျပ်မှုအရောင်တွေ
ကင်းစင်နေတာကိုတော့
မင်းကိုယုံကြည်စေချင်ရဲ့.....
အလိုမကျတဲ့ ၀မ်းနည်းမှုတွေရဲ့ အဝေးမှာ
ငါ့ရဲ့ချစ်ခြင်ေးတွနဲ့
မင်းရဲ့ဘ၀ကိုသာယာပျော်ရွှင်စေအံ့...
မျှော်လင့်ခြင်းကင်း၊ ငြိမ်းချမ်းခြင်းတွေနဲ့အတူ
မင်းကိုငါကိုချစ်နေပါရစေ...
အချစ်တို့ရဲ့ဂုဏ်အင်္ဂါတွေနဲ့
နုညံ့ရိုကျိုး မင်းအတွက်ငါ
သိမ်မွေ့ခဲ့ရိုး အမှန်ပါ...
ငါ့အချစ်ခြင်းနဲ့
ထပ်တူချစ်ခြင်းတစ်ခု
မင်းဘေးနားမှာ ထာဝရရှိနေဖို့
ဘုရားသခင် ဖန်ဆင်းပေးပါစေ...။ ။
ကျွန်တော့်အကိုတစ်ယောက်ရေးဖွဲ့ထားတာပါ....


စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို လူတိုင်းလိုချင်ကြပါသည်။ သို့သော်… လူတိုင်းစိတ်ပျော်ရွှင်ချမ်းမြေ့မှုမရကြပါ။ စိတ်ပျော်ရွှင်ချမ်းမြေ့မှု မရကြခြင်းမှာလိုချင်သော်လည်း မကြိုးစား၍မရခြင်း၊ ပျော်ရွှင်ချမ်းမြေ့အောင် မနေတတ်ခြင်းတို့ကြောင့် ဖြစ်မည်ထင်သည်။ ပုထုဇဉ်လူသားတို့အတွက် စိတ်ပျော်ရွှင်ချမ်းမြေ့မှုသည် ထာဝရမဖြစ်နိုင်။ အခိုက်အတန့်ယာယီအခြေအနေမျိုးသာ ဖြစ်နေမည်ထင်၏။ အကြောင်းမူကား… လူသားတို့သည် စိတ်ပျော်ရွှင်မှုကို ဖျက်ဆီးပစ်နိုင်သော လောဘ၊ဒေါသ၊ မာန်မာနနှင့် မနာလိုဝန်တိုမှုတို့ကို နှလုံးအိမ်တွင်အချိန်ပြည့်နေထိုင်ခွင့် ပေးထားသောကြောင့်တည်း။ လောဘကြောင့် နှလုံးပှုပန်ပြီး စိုးရိမ်သောက ရောက်ရ၏။ ဒေါသကြောင့် စိတ်တို့ရန်လိုပြီး သွေးဆူ သွေးပှုတတ်၏။ မာန်မာနကြောင့် မခံချင်စိတ်ထိပ်တတ်ပြီး သွေးပျက်နိုင်၏။ မနာလိုဝန်တိုမှုကြောင့် အလိုမကျဘဲ စိတ်ဆင်းရဲတတ်၏။ စင်စစ်သော်… ကိုယ်လုပ်ချင်တာ လုပ်ရလျှင၊် ကိုယ်ဖြစ်ချင်တာဖြစ်ရလျှင်၊ ကိုယ်လိုချင်တာရလျှင် လူ့စိတ်သည် ပျော်၏။သို့သော်… ထိုအပျော်သည် တဒင်္ဂသာတည်း။ အချိန်ပိုင်းမျှသာတည်း။ ထာဝရမဟုတ်။ အချိန်ကြာကြာပျော်ရွှင်ချင်လျှင် အကောင်းမြင်စိတ်ထားပြီး ပျော်အောင်နေပါ။ လောဘ၊ ဒေါသ၊ မာန်မာန နှင့် မနာလိုဝန်တိုစိတ် ကို လျော့နည်းပပျောက်အောင် ကြိုးစားပါ။ ကိုယ့်ဘ၀ကို ကျေနပ်ပြီးအနေတတ်ပါစေ။ နေ့စဉ်ရက်ဆက် အမြဲပျော်ရွှင်လိုလျှင် သူတစ်ပါးကို ပျော်ရွင်စေလိုသောစိတ်ဖြင့်ကူညီပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင်မတွေးပါနဲ့ ၊ မလုပ်ပါနဲ့။ စိတ်ကြည်လင်သန့်စင်နေအောင် လေ့ကျင့်ပါ။ တရားဓမ္မနှင့် မွေ့လျော်ပျော်ပိုက်တတ်ပါစေ။ မကောင်းတာမလုပ်ဘဲကောင်းတာပဲလုပ်ပြီး အမြဲတမ်း စိတ်ကိုဖြူစင်အောင်ထားနိုင်လျှင်တော့ ထာဝရ စိတ်ပျော်ရွှင်ချမ်းမြေ့ပါလိမ့်မည်။ လူသားအားလုံး စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ဦးကောင်းသန့်၏ “စေတနာစကား” စာအုပ်မှ-

သူငယ်ချင်းတို့ရိုင်းသွားရင် ခွင့်လွှတ်နော် ကြိုပြောထားတာ , တကယ်တော့ ရီစရာလေးများဖြစ်နေစေချင်တာ အဓိကပါ ရယ်နိုင်, သဘောကျနိုင်ပါစေဗျာ

Photobucket

ဒီပို့စ်ကို ဓမ္မဘလော့မှာပဲတင်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်, ဒီမနက်ကျမှ ကိုJulyDream ဘလော့မှာ တင်ထားတဲ့ Need to control ဆိုတဲ့ ပို့စ်လေးကို ဖတ်မိသွားလို့ ဒီမှာလဲ တင်ပြချင်ပါတယ်, အဲဒီမှာရှိတဲ့ ပို့စ်ကတော့ အမျိုးသမီးကြီးများကို ရည်ရွယ်အဓိကထားတယ်လို့ ယူဆချင်ပါတယ်, အခု ကျွန်တော်ရေးမယ်ပို့စ်ကတော့ အမျိုးသားများ အတွက် အဓိထားရည်ရွယ်ချင်ပါတယ် , ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများကိုပဲ ပြောပြလို့သင့်သော့ ရှောင်ရန် အချက်လေးတွေပါ။ ဒီပို့စ်လေးကို ဘယ်လို အမည်ပေးရမလဲ စဉ်းစားလိုက်တော့ အရင်ကကြားဖူးတာက “ ဆူးပေါ်ဖက် ကျရင် ဖက်ပေါက် ” “ ဖက်ပေါ် ဆူးကျလဲ ဖက်ပေါက် ” ဆိုတာပါ , တကယ် ဗုဒ္ဓဘာသာအယူမှာတော့ အဲဒါနဲ ဆန့်ကျင်နေပါတယ် “ ဆူးပေါ် ဖက်ကျလဲ ဆူးကျိုး မယ့်ကိန်း ဖြစ်နေပါတယ်... ပို့စ်လေးကို စိတ်ဝင်တစား ဖတ်ပေး စေချင်ပါတယ် အမျိုးကောင်းသားများ ခင်ဗျား, မိန်းမကလေးများလဲဖတ်ထားသင့်ပါတယ် မိမိတို့ နဲ့သက်ဆိုင်လာမယ့် အမျိုးသားများကိုလည်း အသိပေး, သတိပေး, ခြိမ်းခြောက်နိုင်အောင် လို့ပါ, အဓိကကတော့ ဒိလို မျိုးလုပ်ရင် ဒီလိုမျိုး ဖြစ်တယ် လို့ အသေးစိတ်လေးသိထားသင့်ပါတယ် ခင်ဗျာ အောက်ကမေးခွန်းလေးများကို စာဖတ်သော မိတ်ဆွေစဉ်းစားပြီး ဖြေကြည့်စေချင်ပါတယ် မိမိအတွေးနဲ့ မိမိအမြင်များ ဖြေကြည့်စေချင်ပါတယ် ၊ မိန်းမအမျိုး(၂၀) ရှိပါတယ် လင်မရှိသော မိန်းမ (၈)ဦးနဲ့ လင်ရှိမိန်းမ (၁၂) မျိုးပါ , အသေးစိတ်ကို အောက်ပါလင့်များတွင် ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ
-လင်မရှိတဲ့ မိန်းမ ရှစ်မျိုးတို့ ဟာ သူတို့ နှစ်သက်တဲ့ ယောက်ျားတစ်ဦး နှင့် နှစ်ဦးသဘောတူ ရုံးမှာ လက်ထပ်ခဲ့လျှင် နှစ်ဦးသား ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်..။
-သားသမီးရှိတဲ့ မုဆိုးမ, တစ်ခုလပ်တို့ နှင့် နှစ်ဦးသဘောတူ ပေါင်းဖော်လျှင်ကော အပြစ်လွတ်ပါ့မလား..။
-လင်မဲ့ မိန်းမရှစ်မျိုးက မယားရှိတဲ့ သူတစ်ပါးလင် နှင့် ပျော်ပါးလျှင်ကော နှစ်ဦးစလုံး ကာမေသုမိစ္ဆာစာရကံ လွတ်ပါ့မလား ။
-ဇနီးရှိတဲ့ လင်ယောက်ျားဟာ ဇနီးမယား သဘောမတူတဲ့ လင်မဲ့ မိန်းမ ရှစ်မျိုးနှင့် ပေါင်းဖတ်လျှင်ကော နှစ်ဦးလုံး ကာမေသုမိစ္ဆာစာရကံ လွတ်ပါမလား ။
-အုပ်ထိန်းသူကတော့ သဘောတူတယ်၊ လင်မဲ့မိန်းကလေးက သဘောမတူဘူး ၊ အဲဒါ လွန်ကျူးလျှင်ကော အပြစ်လွတ်ပါ့မလား။
-လင်မဲ့ မိန်းမမှာ အုပ်ထိန်းသူ (စောင့်ရှောက်သူ ) တွေ များနေတယ်၊ တချို့က သဘောတူ၊ တချို့က သဘောမတူဖြစ်နေလျှင်ကော အပြစ်လွတ်မလွတ်။
-လင်မဲ့မိန်းမဟာ အုပ်ထိန်းသူ မသိဘဲ တိတ်တဆိတ် ပြည့်တန်ဆာမ လုပ်ခဲ့လျှင်ကော အပြစ်လွတ်ပါ့မလား ။
ကိုထင်မြင်ကျော် နှင့် ထီးချိုင့်မြို့- တည်းတောဆရာတော်ကြီး တို့ အမေးအဖြေကို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ စာဖတ်သူမိတ်ဆွေအနနဲ့ အဖြေလေးများကို http://www.myitthapaytaw.co.cc/ အဲဒီ့ဘလော့မှာတင်ထားတဲ့ “ ကာမေသုအကြောင်း တစေ့တစောင်း ” ဆိုတဲ့ ပို့စ်မှာ ရှိပါ သွားရောက်ဖတ်ရှုနိုင်ပါတယ်..။

လွမ်းတတ်ပါပြီး

Posted by thawzin Saturday, April 25, 2009 2 comments


ပိတောက်တွေလဲပွင့်ခဲ့ပြန်ပြီး
အပူသရုပ်ဖော်တဲ့နွေဥသြငှက်လဲတွေ့နေရပြန်ပြီး..။
အလုပ်သိပ်ရှုပ်တဲ့မိုးသရုပ်က
တိမ်မိလ္လာဆင်တွေလဲ ဝေ့၀ဲနေကြပြန်ပြီးလေ..။
ဆောင်းဆိုတာမိုးပြီးရင်သူ့အလှည့်ဆိုတော့
သူလဲပဲလာပြန်ပြီးပေါ့ကွာ..။
နှစ်လတွေသာပြောင်းလာခဲပါတယ်
မင်းအတွက်အရင်နေရာဟောင်းကတော့
အခုထိလစ်လပ်ဟာနေဆဲပါ..။
ဘယ်သူကိုမှအစားမထိုးခဲ့သလို
ဘယ်သူကိုမှလဲ အ၀င်မခံခဲ့ဘူးချစ်သူ..။
တကယ့်အချစ်နဲ့ ငါလေ.....
ပေးဆပ်ရင်စောင့်မျှော်နေဆဲပါ..။
အဆိုးနဲ့အကောင်း
အလှည့်အပြောင်းကလဲမြန်လိုက်တာနော်..
မင်းအချစ်ကိုရခဲ့တော့
ငါဟာအတိုင်းမသိဝမ်းမြောက်ခဲ့ရတယ်
မင်းနဲ့ဝေးကြတဲ့အခုချိန်ကျတော့
ငါဟာအတိုင်းမသိခံစားနေရတယ်...။
ကွေ့ကွင်းခြင်းဒုက္ခနဲ့မျှော်နေရတဲ့ဆင်းရဲဟာ
အခုချိန်မှာ အနီးဆုံးသူတွေဖြစ်ကုန်ပြီး..။
မင်းအတွက်နေရာက
သူတို့နဲ့ပဲအစားထိုးခဲ့တော့မှာလားကွာ..။
သတင်းသဲ့သဲ့နဲ့
မင်းအကြောင်းကိုစုံစမ်းကြည့်တော့
တကယ်ပဲယုံတမ်းစကားတွေလား
ရင်ခွင်အသစ်နဲ့
မင်းကတော့ တကယ်အချစ်စစ်တွေနဲ့လား
အတွေးပေါင်းများစွာ,
လား ပေါင်းများစွာနဲငါကျန်ရစ်နေခဲ့ပြီး..။
အတူဆုံကြနေရာလေးမှာ
ငါလေမင်းကို
လာနေကျလမ်းကိုသေချာကြည့်
မလာမှန်းသိနေပေမယ့်
မျှော်နေတတ်တဲ့ ငါ့နှလုံးသားက
နောင်တမရတတ်သေးဘူး....။
အနှောင်များနဲ့
ရောင်စုံများကြားက မိန်းကလေးရေ
မျှော်ငေးခြင်းအကြည့်တွေနဲ့
ဖြူစင်စွာ ငါဟာ တောင်းတနေမိခဲ့တာပါ...။
ငါ့ရဲ့မျှော်လင်းခြင်းတွေက
ဝေဒနာအသွင်းပြောင်း
ဒီရင်ခွင်ဟောင်းမှာတော့
ထာဝစဉ်သောင်းကျန်းနေကြတယ်..
တကယ်ပါမင်းကြောင့် ငါလွမ်းနေတာ....။ ။



ပါမောက္ခဂျက်ဖ်ဟာ တစ်နေကုန်တစ်နေခန်း စာသင်၊ ညပိုင်းကျတော့ သုတေသနလုပ်ငန်းတွေလုပ်နဲ့ အလွန်လုပ်များသူ ဖြစ်တယ်။ ဒါပေမယ့် တစ်ခါတစ်ရံတော့ ညပိုင်းတွေမှာ အင်တာနက် ထဲဝင်ပြီး စစ်တိုက်တမ်းကစား တတ်တယ်။ ဒီညတော့ သူနဲ့အတူ တွဲပြီးကစားရတဲ့အဖော်က စစ်ရေးစစ်ရာ အတော်ကျွမ်းကျင်ပြီး ရဲရင့်သူဖြစ်တယ်။ သူရဲ့ဦးဆောင်မှုနဲ့ သူတို့နှစ်ဦး ရန်သူတွေကို ရွပ်ရွပ်ချွံချွံတိုက်လိုက်တာ စစ်ပွဲခြောက်ပွဲတောင် အနိုင်ရလိုက်တယ်။ အဲဒီအချိန်မှာပဲ သူရဲ့ကစားဖော်က “ဟေ့ သူငယ်ချင်း၊ ငါ့ကို အမေက အိပ်ရာဝင်ခိုင်းနေပြီးကွ ”
လို့ သတင်းပေးတယ်။ ပါမောက္ခဂျက်ဖ်က သူ့ကစားဖော်ကို နှုတ်ဆက်ရင်း သူ သိချင်တာတစ်ခုကို မေးလိုက်တယ်
“ မင်းအသက် ဘယ်လောက်ရှိပြီးလဲ ”
“ ၁၂ နှစ်၊ မင်းကရော ”
သူ့ရဲ့စစ်သူကြီးဆီက အဖြေနဲ့အတူ အမေးပါ တစ်ခါတည်း ပြန်မေးတယ်။
ပါမောက္ခကြီး ရှက်ရှက်နဲ့ ပြန်ဖြေလိုက်တယ်။
“ ရှစ်နှစ် ” ဟု ဆိုသတဲ့။


ရောမမြို့တည်ဆောက်ချိန်
ရောမမြို့ကြီးကို ဘယ်အချိန်မှာ တည်ဆောက်ခဲ့သလဲ။
ညမှာပါ။
ဘာလို့ညလို့ပြောရတာလဲ။
ဆရာပဲပြောတယ်လေ။ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့။


တာဝန်ကိုယ်စီ

မင်းရဲ့အိမ်စာတွေကို ဖြေဖို့ မင်းအဖေကိုချည်း အမြဲမေးနေတော့မှာပဲလား
အမေက အလုပ်မအားလို့ပါခင်ဗျ။


ကျွန်တော့်အဖေပါ

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-
-ကျွန်တော့်သားကို ခွင့်ပေးဖို့ ခွင့်တိုင်တာပါ။
- အခု ဖုန်းဆက်တာဘယ်သူလဲ။
-ကျွန် ...ကျွန်... ကျွန်တော့် အဖေပါ ဆရာကြီး။



အမေးနှင့် အမေး

-မင်းအမြဲသင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။
-ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။

မှန်လိုက်လေ
-၁၈ ရာစုက အဖြစ်အပျက်တွေ ထဲက တစ်ခုကို ပြောပြပါ။
အားလုံးတိတ်ဆိတ်သွားသည်။
-သူတို့အားလုံးသေကုန်ပြီး။

လူလောကဟူ ၍ လူနှင့်လောကသည် အတူပူးတွဲရှိနေသော်လည်း အစေးမကပ် သတ်သတ်စီလိုဖြစ်နေသည့်အချိန်မျိုးလည်း ရှိ၏။ ထိုအချိန်တွင် လူသည် လောကကြီးက မကောင်းဘူး၊ တရားမျှတမှုမရှိဘူး၊ ဘက်လိုက်တယ်ဟု ကိုယ်လိုရာဆွဲတွေးပြီး ပြောတတ်ကြ၏။ စင်စစ်သော် လောကကြီးသည် ဘာမျှမသိ၊ သူဘာသာ တည်ရှိနေ၏။ အတိတ်ကံ မကောင်းသူများ ၊ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းသူများ၊ အတ္တမာန်မာနကြီးသူများ၊ လောဘ၊ ဒေါသ၊ မောဟ လွှမ်းမိုးနေသူများက လောကကြီးကို အပြစ်ရှာပြီး တရားခံလုပ်နေခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်၊ သူများကို အပြစ်တင်နေသမျှကာလပတ်လုံး အမှန်မမြင် အမြင်မှန်မရခြင်းဖြစ်တတ်၏။ အမြင်မှန်မရလျှင် ပြုပြင်ရန်ခက်၏။ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်ဟူသော ပကတိအမှန်တရားကို သိထားသင့်သည်။ အသိနှင့်သတိကို လက်ကိုင်ထားပြီး ကိုယ့်အမှားကို အချိန်မီပြုပြင်နိုင်မှသာလျှင် လောကကြီးကို အပြစ်မမြင် အပြစ်မတင်ဘဲ ချစ်ခင်သွားပေလိမ့်မည်။လောကကြီးနှင့် အလိုက်အထိုက်နေနိုင်အောင် လောကကြီးရဲ့စကားတစ်ခွန်း ရှိတယ် “ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ” ဆိုတာ မိမိပြုလုပ်ခဲ့တဲ့ အတိတ်ကံ မကောင်းဘူး ဆိုရင် မကောင်းသောရလဒ် အကျိုးတွေနဲ ရင်ဆိုင် တဲ့အခါမှာ မိမိလုပ်ခဲ့လို့ ပြန်ခံစားရတယ် လို့ အောင့်မေ့ရင် သင် လောကကြီးကို သင်ချစ်လာနိုင်ပါတယ်။ ကံကံ၏ အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ စကားကို သင်ကြားဖူးလေမပေါ့။ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ရမယ် ဆိုတဲ့ အသိ သင့်မှာရှိလျှင် သင်လောကကြီးကို သင်ချစ်ခင်နိုင်ပါတယ်။ ဘာမဆို ကံကိုသာ ယိုးမယ်ဖွဲ့မယ်ဆိုတဲ့ အစွန်းရောက်မသွားဖို့လဲ သတိကလေးပေးချင်တယ်။ “ ကံကိုယုံပြီး ဆူးပုံနင်း ”ဆိုတဲ့ စကားပုံလို့ပါပဲ။ လောကကြီးကို သင်ချစ်ခင်နေနိုင်ဖို့ သင့်မှာ အဲဒီအချက်တွေ အနည်းဆုံး ရှိထားသင့်တယ် ။ လောကကြီးကို သင်ချစ်နိုင်လျှင် သင်စိတ်ချမ်းသာစွာ နေနိုင်ပါလိမ့်မယ့်။ လောကကြီးကိုချစ်ခင်ပြီး အောင်မြင်ပျော်ရွှင်နိုင်သူ ဖြစ်ပါစေ။
ဦးကောင်းသန့် ၏ “စေတနာစကား” စာအုပ်မှ ကူးချထားပါသည်။

I return home MaMa(я вернусь домой)

Posted by thawzin Sunday, April 19, 2009 0 comments

Rainbow Bellagio Fountain

Posted by thawzin Saturday, April 18, 2009 0 comments

Tell Me Why?

Posted by thawzin Friday, April 17, 2009 0 comments


စာအုပ်ကို ၀ါသနာပါသည်ဖြစ်စေ၊ ၀ါသနာမပါသည်ဖြစ်စေ တာဝန်တစ်ခုကဲ့သို့ ဖတ်ပါ။ စာအုပ်တွေထဲတွင် သိစရာ၊ မှတ်စရာ၊ စူးစမ်းစရာ၊ နည်းပညာတွေ၊ အတုယူစရာတွေ များစွားပါ၏၊ စာအုပ်တွေထဲတွင် ဘ၀တွေရှိသည်၊ လောကတွေရှိသည်။ ကြည်နူးစရာတွေရှိသည်။ ပူဆွေးဝမ်းနည်းစရာတွေရှိသည်။ ရင်သပ်ရှုမောစရာတွေရှိသလို အားတတ်ဖွယ်ရာတွေလည်းရှိသည်။ စာအုပ်ဖတ်ခြင်းသည် ကျောက်တူးသကဲ့သို့ ဆင်တူသည်။ ကျောက်တူးရာတွင် ကျောက်ထွက်နိုင်သောနေရာမှ မြေကြီးကိုတူး၍ ရေနှင့်ဖျော်ပြီး ဆန်ခါပေါ်တင် လောင်းချရသည်။ မြေကြီးတွေ အရည်ပျော်ပြီး ဆန်ချပေါက်ထဲမှ ကျသွားသောအခါ ဆန်ခါပေါ်တွင် အရည်မပျော်သောကျောက်ခဲတွေကျန်ခဲ့၏ ။ ထိုကျောက်ခဲစတွေထဲတွင် အဖိုးတန်သော ပတ္တမြားတွေရတတ်၏ ။ တန်ဖိုးနည်းသော ကျောက်ဖြုန်းလေးတွေလည်းရသည်။ ရတတ်သမျှ ယူကြရ၏ ။
စာအုပ်ဖတ်ရာတွင် ပထမဆုံး စာအုပ်မျိုးစုံဖတ်ရမည်။ စာဖတ်များလာသောအခါ မိမိ၏ အသိဉာဏ်က သံဆန်ခါသဖွယ် ဆန်ခါတင်စစ်ပေးသည်။ အနှစ်မရှိသောစာ၊ မိမိအတွက် အသုံးမတည့်သောစာများကို ဦးနှောက်တွင် စွဲကျန်မနေစေရန် အသိဉာဏ်က တာဝန်ယူစီစဉ်သည်။ မိမိဘ၀အတွက် အသုံးဝင်တန်ဖိုးရှိလှသော စာများကို ဦးနှောက်တွင်သာမက နှလုံးသား ထိရောက်အောင်အသိဉာဏ်က ပို့ဆောင်ပေးသည်။ စာကောင်းပေကောင်းတွေထဲမှ မိမိ၏ အသိဉာဏ်ကို လင်းလက်တောက်ပသွားစေသော စကားလုံးများ၊ စာကြောင့်များ၊ စာပိုဒ်များသည် အဖိုးတန်ပတ္တမြားများ တူးဖော်ရရှိသကဲ့သို့ ဖြစ်၏ ။ အဖိုးတန်ပတ္တမြားတစ်လုံး ရရှိရုံနှင့် ဘ၀တိုးတတ်ပြောင်းလဲသွားစေနိုင်သကဲ့သို့ တစ်ခါတစ်ရံ စာအုပ်ထဲတွင်ပါသည့် စာတစ်ကြောင်း၊ စာတစ်ပိုဒ်ကလည်း မိမိဘ၀ကို တိုးတတ်ပြောင်းလဲသွားစေနိုင်ပါ၏ ။ ထိုကြောင့်… စာဖတ်ပါ ။ စာဖတ်ခြင်းဖြင့် အသိဉာဏ်ရင့်သန်ပြီး အမှားအမှန်ခွဲတတ်ပါစေ ။မှန်ကန်သောအခြေအနေ၊ အချိန်အခါ၊ အခွင့်အခါ ကောင်းများကို ရွေးတတ်ကြပါစေ။ အတတ်ပညာကောင်းများကို စာအုပ်များထဲမှစူးစမ်းရှာဖွေရယူတတ်ကြပါစေ။ မိမိ၏ အဖိုးတန်သောအချိန်များကိုစာအုပ်များနှင့်မွေ့လျော် ပျော်တတ်ပါစေ ။
စာအုပ်များမှရရှိသော အသိပညာ၊ အတတ်ပညာ၊ ဆင်ခြင်ဉာဏ်တို့ဖြင့် ကိုယ့်ဘ၀ကိုယ်တိုးတတ်ကောင်းမွန်အောင် ဖန်တီးတည်ဆောက်ကြပါ။ စာအုပ်မျာကို အမဲလိုက်မုဆိုး၊ သားကောင်ရှာဖွေသကဲ့သို့ စာအုပ်ကောင်းများကို သဲသဲမဲမဲလိုက်လံ ရှဖွေပြီးဖတ်ပါ။ ၀ယ်ဖတ်ပါ၊ ငှားဖတ်ပါ၊ ရှာဖတ်ပါ၊ ကိုယ်နှစ်သက်သော စာအုပ်များကို ၀ယ်ဖတ်ရန် ဘယ်သောအခါမျှ နှမြောတွန့်တို မရှိပါနှင့်။ ဘ၀အတွက် ရင်နှီးမြုပ်နှံခြင်းဟု သဘောပေါက်ပါ။ ငှားဖတ်ပါ။ မိမိ မိတ်ဆွေသူငယ်ချင်း၊ ဆရာသမားထံတွင် အတွန့်အဆုတ်မရှိ ပြောဆိုငှားရမ်းတတ်ပါစေ။ စည်းကမ်းရှိရှိ ငှားဖတ်ပါ။ တချို့စာကောင်းပေမွန်များသည် စာကြည့်တိုက်များ၌သာ ရှိတတ်၏ ။ စာကြည့်တိုက်သို့ သွားပါ။ ရှာဖတ်ပါ။ စာကြည့်တိုက်နှင့် အဆွေခင်ပွန်းဖွဲ့တတ်ပါစေ။ စာအုပ်များကို အသေအချာ ၀ယ်၊ ငှား၊ ရှာဖွေဖတ်ရှုခြင်းသည် တန်ဖိုးရှိသောဘ၀တစ်ခုကို တည်ဆောက်နေခြင်း မည်၏ ။ စာအုပ်များဖြင့် ဘ၀ကို တည်ဆောက်နိုင်တတ်ကြပါစေ။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ