
“အသေ၀နာ စ ဗာလာနံ
ပဏ္ဍိတာနဉ္စ သေ၀နာ
ပူဇာ စ ပူဇာနေယျာနံ”
ဗာလာနံ ဆိုတဲ့လူမိုက်တိုကို ကိုယ်ပေါင်းစိတ်ခွာနေနိုင်ခြင်း၊ လုံးဝ အပေါင်းအသင်းမလုပ်ခြင်း ၊ ပညာရှိသူတို့ကို မှီဝဲဆည်းကပ် ယုံကြည် ကြည်ညိုခြင်း၊ ပူဇော်ထိုက်သောသူ၊ ချီးမြင့်မြှောက်စားထိုက်သူတို့ကို ပူဇော်ခြင်း၊ ချီးမြှင့်မြှောက်စားခြင်းသည် မင်္ဂလာမည်ပါပေသည်။
အနာထပိဏ်သူဋ္ဌေးဟာ သူ၏သားကို ငွေဖြင့်ပေါက်ပြီး ဓမ္မကိုခင်တွယ်လာအောင် သားကိုပြုစုပျိုးထောင်ပေးတယ်။ ဥပုသ် တစ်ရက်စောင့်လျှင် အသပြာ တစ်ရာပေးမယ်၊ တရားကို နှစ်ခြိုက်စွာ နာယူမယ်ဆိုရင် အသပြာ တစ်ထောင်ပေးတယ်။ ငွေမက်တဲ့ကလေးကို ငွေနဲ့ပဲ လမ်းပြကောင်းခဲ့တယ်။ တရားနဲ့ ယဉ်ပါးလာတာနဲ့အမျှ အသပြာထက် တရားကို မြတ်နိုးလာခဲ့တယ်။ ဒီလိုနဲ့ အနာထပိဏ်ဟာ သူ၏သားကို လူလားမြောက်စေခဲ့တယ်။
ဗိဗ္ဗိသာရမင်းကြီးကတော့ သားတော်လေးကို ချစ်လွန်းလို့ ဘုံမြင့်ပြဿ်တွေနဲ့ ရှု့မငြီးအောင် နေစေခဲ့တယ်။ သို့သော်လဲ လူမိုက်နဲ့ ပေါင်းသင်းမိတဲ့အတွက် မိမိကိုယ်တောင် ပြန်သတ်နိုင်အောင် ချစ်မီးတောက်ခဲ့တယ်။
အဖေချင်းတူပေမယ့် သားချင်းမတူကြတာ ဘာကြောင့်လဲ?
အနာထပိဏ်သူဌေးနဲ့ ဗိဗ္ဗိသာရမင်းကြီးတို့ သောတာပန်ချင်းလည်း တူကြပါတယ်။ သို့သော်လည်း ထိန်းကြောင်းမှုတွေ မတူကြဘူး။ မတူတာနဲ့အမျှ ရလာတဲ့ ရလဒ်တွေလဲ ကွဲလွဲကြကုန်ပါတယ်။
အနာဂတ်သာသနာသည် လက်ရှိကလေးငယ်လေးများပေါ်တွင် မူတည်နေပါသည်။ ထို့အတူ ထိုကလေးများကို ထိန်းကြောင်းသော ပုခတ်လွဲသောလက်ပိုင်ရှင် မိဘများရဲ့ လက်ဝယ်ပေါ်မှာ မူတည်နေပြန်ပါတယ်။ မိမိရင်ကဖြစ်သော သားအား မည်သို့မည်ပုံ ပြုစုပျိုးထောင်ကြမှာလဲ။ အနာထပိဏ်လိုလား? ဗိဗ္ဗိသာရမင်းကြီးလိုလား?
ထိုထိုသော မိဘတို့အတွက် ကျွန်တော်က ဤဓမ္မစာအုပ်လေးများဖြင့် ကူညီမျှဝေပေးချင်ပါသည်။ ဤစာအုပ်များဖတ်ပြီးပါက မိမိရဲ့သားသမီးများအား မည်သို့ထိန်းကြောင်း ပုံသွင်းကြမလဲဆိုတာ အကောင်းဆုံး တွေးတောဆင်ခြင်နိုင်ကြစေချင်သော အလိုငှာ ဤစာအုပ်များ မျှဝေပေးပါသည်။ ဤစာအုပ်များကိုလဲ ထပ်မံ မျှဝေပေးကြပါလို့လဲ တိုက်တွန်းအပ်တယ်ဗျာ။
စာအုပ်ပေါင်း သုံးဆယ်နှစ်(၃၂)အုပ် ဖော်ပြထားပါတယ်။ အားလုံးဟာ လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့သော ဒီပနီကျမ်း၊ ရတု ရှိသလောက် တင်ပြထားပါတယ်ဗျာ။ ဒေါင်းလုပ်ချရာတွင် PDF file များဖြင့် ချက်ချင်းဖတ်ရှုလိုက ဖတ်နိုင်ပါတယ်။ သိမ်းထားချင်ရင် Save icon ပုံလေးကို နိုပ်ပြီး ဒေါင်းလုပ်ချ သိမ်းထားနိုင်ပါတယ်ဆိုတဲ့အကြောင်းနဲ့ နည်းနည်းလေး Hosting လေးနေတာ ရှိပါတယ်။ ခဏလောက်စောင့်ပြီး ဖတ်ရှုနိုင်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဗုဒ္ဓသသနံ စိရံ တိဋ္ဌတု
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Dowload book
အပေါ်က ဒေါင်းလုပ်လင့်တွေ မသေချာမှာစိုးလို့ အောက်မှာ လင့်တွေကို သီးသန့် ထပ်ဖော်ပြလိုက်ပါတယ်။
- http://www.dhammathukha.com/books/LaediSayartawkyi/Moekammavaca.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/32%20Sukumaramagga.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/31%20Sasanasanpatti.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/33%20Somanasupakha.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/34%20Sammaddithi%20dipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/36%20Mahokyeca.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/28%20Sasanavi%201.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/29%20Sasanavi%202.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/30%20Sasanavi%203.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/37%20AnattaDipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/38%20Alin%20Kyan.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/39%20Arnapana.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/40%20Arharadipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/41%20Europadipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/42%20%281%29%20Vipassanadi.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/42%20%284%29%20SatusaccaDipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/43%20%283%29%20Letkhana.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/43%20%287%29%20Sacatthadipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/44%20%283%29%20Silavinniccaya.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/44%20%286%29%20NibbannaDipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/44%20%287%29%20Nibbanavisazzana.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/45%20%282%29UttamapurisaDipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/45%20%283%29%20Antta%28new%29.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/45%20%284%29%20Punovawa.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/45%20%286%29%20SasanadayzzaDipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/45%20%287%29%20Padansutta.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/46%20Ledi%20W.Y.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/47%20Ladi%20%20Hawke.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/48%20Bodipakkhiya.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/Gonasuradi-Dipan.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/Rogantaradipani.pdf
- http://www.dhammathukha.com/books/LaediSayartawkyi/Viniccaya(Group).pdf
အရှင်ဇနာကာဘိဝံသ ရေးသားထားသော စာအုပ်ကောင်းများကို ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများ အတွက် မျှဝေလိုက်ပါတယ်ဗျာ။ ကျွန်တော်တို့ဆီမှာ ရှိသော တရားစာအုပ်အားလုံးကိုလဲ မျှဝေပေးမှာပါ။ အောက်ကစာအုပ်များကိုလဲ ထပ်မှန်ပြန်လည် မျှဝေပေးကြပါလို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်ဗျာ။ ဓမ္မသုခဆိုက်ကြီးမှာလဲ တင်ပေးထားမှာဖြစ်ပါတယ်။ အဲဒီကစာအုပ်လင့်အားလုံးကို ဒီမှာထပ်ဆင့် မျှဝေပေးမှာပါ။ လင့်ပေါင်းများစွာကို ဆိုက်ပေါင်းများစွာ ဖြန့်ဝေပေးချင်းဖြင့် သာသနာပြုကြပါစို့။


ဈေးလျှော့ယူခြင်း
လူငယ်တစ်ယောက် မိမိ အပ်ထားသော ဖိနပ်ကို လာရွေးသည်။
ဖိနပ်ပြင်သမားကပြောသည်။
“ပြင်ခ ၂ဝဝ ကျပါတယ်”
“နည်းလှချည်လား၊ ကျွန်တော် လာအပ်တုန်းက လေးရာကျမယ်ဆို”
“ ခင်ဗျားရဲ့ ဖိနပ်တစ်ဖက် ပျောက်သွားလို့ပါ။”
အကြံပေးခ
မော်စကို-တဘီလီစီ ရထားပေါ်တွင်ဖြစ်သည်။
အိပခ် န်းတွဲ၏ နှစေ် ယာကခ် န်းတွင် ရုရှားနှင့် ဂျော်ဂျီယာသားတို့
လိုက်ပါလာကြသည်။ ရထားခုတ်မောင်းနေသည်မှာ နှစ်နာရီတိတိ ကြာသွားပြီ
ဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်နှင့် ဂျော်ဂျီယာသားက
စကားစသည်။
“ပျင်းလှတယ်ဗျာ။ ခင်ဗျားနဲ့ ကျွန်တော် စကားထာဝှက်တမ်း
ကစားကြရအောင်လား။ မှန်တဲ့အဖြေတိုင်းအတွက် ငွေငါးဆယ် ပေးကြေး။
ဘယ်နှယ့်လဲ”
“စိမ်လိုက်”
“ကိုင်း၊ ကျွန်တော် စ ဝှက်မယ်။ ကျွန်တော် ဘယ်ကလာတာလဲ”
“မော်စကိုက”
“မှန်တယ်၊ ရော့ ရူဘယ် ၅ဝ။ အခုကျွန်တော် ဘယ်ကိုသွားမယ်ထင်လဲ”
“တဘီစီလီကို”
“မှန်တယ်၊ ရော့ ရူဘယ် ၅ဝ။ ဘယ်သူ့ဆီသွားမယ် ထင်လဲ”
“ခင်ဗျား မိန်းမဆီကို”
“မှန်တယ်၊ ရော့ ရူဘယ် ၅ဝ။ ဘာအတွက် သွားမယ်ထင်လဲ”
ရုရှား အနည်းငယ် စဉ်းစားပြီး ပြောသည်။
“မိန်းမနဲ့ ကွာရှင်းမလို့”
“ရော့ ရူဘယ် ၅ဝဝ”
“ဘာဖြစ်လို့ ၅ဝဝ ပေးရတာလဲ”
“ခင်ဗျားပေးတဲ့ အကြံကောင်းလို့”
အိပ်မပျော်သောည
တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကို မေးသည်။
“ညက ကောင်းကောင်း အိပ်ရရဲ့လား ခင်ဗျာ”
“မမေးရင် ပိုကောင်းမယ်၊ အိပ်ရာထဲမှာ ကြမ်းပိုး အသေတစ်ကောင်ကို
တွေ့ရတယ်။”
“အသေတစ်ကောင်လောက်နဲ့ ဒီလောက်တောင် စိတ်နှောင့်အယှက်
ဖြစ်ရသလားဗျာ”
“အသုဘလိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို မြင်ရင် ခင်ဗျား ဒီစကားမျိုး
ပြောမှာ မဟုတ်ဘူး၊ ဟင်း”
မကန်းဘူး
အရက်ဘားထဲသို့ ကောင်းဘွိုင်တစ်ယောက် ဝင်လာသည်။ အသက်ကြီးပြီဖြစ်သော
စားပဲထွိုးကမေးသည်။
“ဘာသုံးဆောင်မလဲ”
“ဝီစကီသုံးပက် ပေးပါ”
အဘိုးကြီး ထုံးစံအတိုင်း အရက်ကို လျှော့ထည့်သည်။
“အဘိုးကြီး၊ ဘာလဲ၊ ပက်ခိုးချင်ပြန်ပြီလား။
“မဟုတ်ပါဘူး၊ အသက်ကြီးတော့ မျက်စိက မကောင်းတော့လို့ပါ”
“အဲဒါဆို ခွက်လျှံအောင် ထည့်လိုက်ပါတော့လား”
“အဲဒီလောက်အထိလည်း မကန်းသေးဘူးလေ”
စာစီပြီး တင်စရာလဲ မလိုပါဘူး ဟာသကြီးတင်ရတာထက်စာရင် စာအုပ်လေး မျှဝေပေးချင်လို့ပါ... ဟာသအမြည်းလေး ရေးတင်ထားပါတယ်, လိုချင်ရင် ဒီမှာ ဒေါင်းဖတ်နိုင်ပါတယ်
သူကြီးကတော်မှာ သူ၏လင်တောင်မောင် ခရစ်ယာန်ဘာသာ ၀င်စေချင်သည်။ သို့သော် သူကြီးခမျှ သဘောမကျနိုင်ချေ။ သူကြီးမင်း ရှင်းပြသော်လည်း သူကြီးကတော်ခမျှလဲ သဘောမကျနိုင်။ ဒီလိုနဲ့ သူဘက်လူ ကိုယ့်ဘက်လူ အပြိုင်ခေါ်ကြရင်းနဲ့ ကျောက်ကွင်းအရေးတော်ပုံ စတင်ဖြစ်ပွားရပေတော့သည်။ ဒီလိုနဲ့ စာချုပ်စာတမ်းဖြင့် တရားဝင် အဖြစ် လူသိရှင်ကြားဖြစ်သွားရပါတော့တယ်။ သူကြီးကန်တော်ဘက်မှ သဘာာပတိဦးရွှေမှန်ကို တာဝန်ပေးသည်။ ဟောပြောသူက မန္တလေး ဓမ္မဆရာ ဦးသာဒင်က တာဝန်ယူ ဟောပြောပါသည်။
ထိုပုဂ္ဂိုလ်သည် ဗုဒ္ဓဘာသာမှ ခရစ်ယာန် ဘာသာသို့ ပြောင်းဝင်သွားသူဖြစ်သည်။ ဦးသာဒင်သည် ဗုဒ္ဓဘာသာဝင်အဖြစ်စဉ်က ပထမငယ်တန်း အထိ လေ့လာသင်ယူ ဖူးသူဖြစ်၍ ဗုဒ္ဓဘာသာ အကြောင်းကို အတော်အတန်သိရှိထားပြီးသူ ဖြစ်သည်။ ပြီးတော့ နာမည်ကြီး ဓမ္မအကျော်အမော် များစွာနဲ့ သတင်းပျံ့နေကြပါသည်။
ဗုဒ္ဓဘာသာ ဘက်မှာ အစောပိုင်းမှာ မရေမရာနှင့် အားကိုးရမယ့် ပုဂ္ဂိုလ် အတည်တကျ မသိကြရသေး၍ စိတ်ပျက်လက်ပျက်ဖြစ်ရပုံ, နောက်ပိုင်း အရှင်နန္ဒ၏ ဆရာတော် အရှင်ဥက္ကဋ္ဌဖြင့် ၀င်ရောက် ဟောပြော ဆွေးနွေးနိုင်ပါသဖြင့် ဗုဒ္ဓဘာသာ တို့သက်ပျင်းချနိုင်ပုံ,
ဓမ္မဆရာ ဦးသာဒင်၏ စတင်ဟောပြောပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘုရား အလောင်းတော် ၀ါဆိုလပြည့် နေ့ကြီး၌ ပဋိသန္ဓေယူသည်ဟု ဆိုထားရာ မိဘနှစ်ပါးသည် ၀ါဆိုလပြည့်နေ့ကြီးမှာပင် ရှောင်ကြဉ်ဟန် မရှိကြောင်း၊ ပဋိသန္ဓေ ခန်းပါ အင်္ဂါရပ်များနှင့် ကြည့်က ခမည်းတော် သုဒ္ဓေါဒနကပင် လွန်သလော၊ မယ်တော် မာယာကပင် ကဲသလော မသိ၊ ထို့ကြောင့် မိဘ ၂-ပါး၏ အကျင့်အရ ဂေါတမသည်လည်း သန္ဓေကစပြီး လူလွန်ဖြစ်သည်ဟူ၍ စတွယ်လေသည်။ ရွေအိုးကြီး ၄- လုံး ဖွားဘက်တော် စာရင်းပါနေပုံကို ဆက်၍ ဝေဖန်ပြသည်။
ရွေအိုးကြီး ၄- လုံးမှာ ကပ္ပိလ၀တ်ပြည်နန်းတော် အတွင်မှာပင် ပေါ်သည်ဟု ဆိုထားရာ ဤရွှေအိုးကြီး ၄-လုံး ကိစ္စတစ်ခုပင် အထူးစဉ်းစားစရာ ကောင်းသည်။ သင်္ဃမည်သော ရွှေအိုးကြီးက တဂါဝုတ်ပမာဏ ရှိသည်ဆိုသည်။ ဧဠမည်သော ရွှေအိုးကြီးက ယူဇနာဝက်မျှ ရှိသည်ဟု ဆိုသည်။ ဥပ္ပလမည်သော ရွှေအိုးက ၃- ဂါဝုတ်ပမာဏ ရှိသည်ဆိုသည်။ ပုဏ္ဏရိက မည်သော ရွှေအိုးက တယူဇနာအရွယ် ပမာဏ ရှိသည်ဆိုသည်။ အစောက်အနက်ကား နှစ်သိန်းလေးထောင်အထုရှိသော မြေနှင့် တမျှတည်းရှိသည်- စသည်ဖြင့် ဗုဒ္ဓ၀င်ကဆိုထားသည်။ ဤမျှကြီးသော ရွှေအိုးကြီးများ ဧကန်ဟုတ်ခဲ့ပါက ရှေးခေတ်က မသကာ လူဦးရေ ၅- သိန်းလောက်ရှိသော ကပ္ပိလ၀တ်ပြည်ကလေးမှာ လူနေတိုက်တာ နေအိမ်တွေပင် ထိုရွှေအိုး ၄- လုံးပေါ်သည်နှင့် ပျက်စီးသွားစရာ ရှိသည်။ ရွှေအိုး ၄-လုံး မဆိုထားနှင့် ပုဏ္ဏရိက ရွှေအိုး တစ်လုံးနှင့်ပင် ပေါ်တာနှင့် တချက်တည်း နန်းတော်နှင့်တကွ ကပ္ပိလ၀တ်မြို့တစ်မြို့လုံး ပြိုကွဲ ပျက်စီသွားဘို့သာ ရှိသည်။
ဤမျှ အပြောကြီးကြီးနှင့် ပလွှားဝင့်ကြွား ထင်ရာ ရှောက်ဟောသမျှ တရားတွေကို စဉ်းစားဉာဏ်ရှိတဲ့ လူတွေက ယုံလို့ ဖြစ်ပါ့မလား- စသည်ဖြင့် ဆက်၍ တွယ်ပြန်လေသည်။
စသည် စသည်ဖြင့် အချေတင်သွင်းချက်ကို ဆရာတော် အရှင်ဥက္ကဋ္ဌ ကမည်သို့ မည်ပုံ ချေပလိုက်ပုံကို သိစေချင်ပါသည်။ ဗုဒ္ဓဘာသာဝင်များ ဖတ်ပြီး မိမိဘာသာအပေါ် ယုံကြည် သဒ္ဒါတရား ပိုစေချင်ပါသည်။ အခြားဘာသာဝင်များ မိမိဘာသာအား ၀ိဘစ္စ၀ါဒိနော ဆိုသကဲ့သို့ ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ပါစေရန် ... မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဆိုသော်လဲ ယခုဆိုလျှင် ဗုဒ္ဓဘာသာဝင် ဆိုသည့် အမည်ခံသာရှိပါသည်။ ဗေဒင်, နက္ခတ်, ဘိုးတော်, ဘွားတော် နှင့် နတ်တွေ ဦးစီး ယုံကြည်နေကြသည်သာ များပါသည်။ နိုင်ငံကြီး ငါးပါးသီလတွေ ကျိုးပေါက်...., ဣဿာ, မစ္ဆရိယ တွေများ, ကိုယ်ချင်းစာတရားတွေ နည်းပါးနေကြတာများသဖြင့် ဘေးဆိုး သဘာဝဆိုးတွေ ကြုံတွေ့နေကြသည်ဟု ယူဆမိပါသည်။
အကြံပြုချင်ပါသည်... ဤစာအုပ်လေးကို ဖတ်ကြည့်ပါဗျာ..., ဒီနေရာလေးက ဒေါင်းနိုင်ပါတယ်....
မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ တည်ခိုးနားတည်ရာ ဖြစ်သင့်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံအဖြစ်နဲ့ တည်ရှိစေချင်ပါသည်။ စစ်မှန်သော အယူများနဲ့ အကျင့်စာရိတ္တကောင်းများနှင့် သာသနာ ရောင်ဝါ ကမ္ဘာသို့ ထွန်းလင်းတောက်ပနိုင်ပါစေ....
မှတ်ချက်။ ။ ဖတ်ပြီးပြီးချင်း ပြန်ချရေးရပါသည်။ တင်ပြချက်များ ကလေးဆန်ချင်ဆန်နေမည်မှာ သေချာပါသည်။ တကယ်တော့ စေတနာ အမှန်ဖြင့် စာအုပ်ကောင်းလေးများ ကို မျှဝေချင်လို့ ဒေါင်းလုပ်လေဘယ်မှာ ဘာမှမရှိသောကြောင့် ဒီစာအုပ်လေး အသောကလေး ဖတ်လိုက်ပြီး တင်လိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။


















