Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

မောင်ကောင်းထိုက်

Posted by thawzin Friday, September 4, 2009

ဈေးလျှော့ယူခြင်း
လူငယ်တစ်ယောက် မိမိ အပ်ထားသော ဖိနပ်ကို လာရွေးသည်။
ဖိနပ်ပြင်သမားကပြောသည်။
“ပြင်ခ ၂ဝဝ ကျပါတယ်”
“နည်းလှချည်လား၊ ကျွန်တော် လာအပ်တုန်းက လေးရာကျမယ်ဆို”
“ ခင်ဗျားရဲ့ ဖိနပ်တစ်ဖက် ပျောက်သွားလို့ပါ။”

အကြံပေးခ
မော်စကို-တဘီလီစီ ရထားပေါ်တွင်ဖြစ်သည်။
အိပခ် န်းတွဲ၏ နှစေ် ယာကခ် န်းတွင် ရုရှားနှင့် ဂျော်ဂျီယာသားတို့
လိုက်ပါလာကြသည်။ ရထားခုတ်မောင်းနေသည်မှာ နှစ်နာရီတိတိ ကြာသွားပြီ
ဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်နှင့် ဂျော်ဂျီယာသားက
စကားစသည်။
“ပျင်းလှတယ်ဗျာ။ ခင်ဗျားနဲ့ ကျွန်တော် စကားထာဝှက်တမ်း
ကစားကြရအောင်လား။ မှန်တဲ့အဖြေတိုင်းအတွက် ငွေငါးဆယ် ပေးကြေး။
ဘယ်နှယ့်လဲ”
“စိမ်လိုက်”
“ကိုင်း၊ ကျွန်တော် စ ဝှက်မယ်။ ကျွန်တော် ဘယ်ကလာတာလဲ”
“မော်စကိုက”
“မှန်တယ်၊ ရော့ ရူဘယ် ၅ဝ။ အခုကျွန်တော် ဘယ်ကိုသွားမယ်ထင်လဲ”
“တဘီစီလီကို”
“မှန်တယ်၊ ရော့ ရူဘယ် ၅ဝ။ ဘယ်သူ့ဆီသွားမယ် ထင်လဲ”
“ခင်ဗျား မိန်းမဆီကို”
“မှန်တယ်၊ ရော့ ရူဘယ် ၅ဝ။ ဘာအတွက် သွားမယ်ထင်လဲ”
ရုရှား အနည်းငယ် စဉ်းစားပြီး ပြောသည်။
“မိန်းမနဲ့ ကွာရှင်းမလို့”
“ရော့ ရူဘယ် ၅ဝဝ”
“ဘာဖြစ်လို့ ၅ဝဝ ပေးရတာလဲ”
“ခင်ဗျားပေးတဲ့ အကြံကောင်းလို့”

အိပ်မပျော်သောည
တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကို မေးသည်။
“ညက ကောင်းကောင်း အိပ်ရရဲ့လား ခင်ဗျာ”
“မမေးရင် ပိုကောင်းမယ်၊ အိပ်ရာထဲမှာ ကြမ်းပိုး အသေတစ်ကောင်ကို
တွေ့ရတယ်။”
“အသေတစ်ကောင်လောက်နဲ့ ဒီလောက်တောင် စိတ်နှောင့်အယှက်
ဖြစ်ရသလားဗျာ”
“အသုဘလိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို မြင်ရင် ခင်ဗျား ဒီစကားမျိုး
ပြောမှာ မဟုတ်ဘူး၊ ဟင်း”

မကန်းဘူး
အရက်ဘားထဲသို့ ကောင်းဘွိုင်တစ်ယောက် ဝင်လာသည်။ အသက်ကြီးပြီဖြစ်သော
စားပဲထွိုးကမေးသည်။
“ဘာသုံးဆောင်မလဲ”
“ဝီစကီသုံးပက် ပေးပါ”
အဘိုးကြီး ထုံးစံအတိုင်း အရက်ကို လျှော့ထည့်သည်။
“အဘိုးကြီး၊ ဘာလဲ၊ ပက်ခိုးချင်ပြန်ပြီလား။
“မဟုတ်ပါဘူး၊ အသက်ကြီးတော့ မျက်စိက မကောင်းတော့လို့ပါ”
“အဲဒါဆို ခွက်လျှံအောင် ထည့်လိုက်ပါတော့လား”
“အဲဒီလောက်အထိလည်း မကန်းသေးဘူးလေ”

စာစီပြီး တင်စရာလဲ မလိုပါဘူး ဟာသကြီးတင်ရတာထက်စာရင် စာအုပ်လေး မျှဝေပေးချင်လို့ပါ... ဟာသအမြည်းလေး ရေးတင်ထားပါတယ်, လိုချင်ရင် ဒီမှာ ဒေါင်းဖတ်နိုင်ပါတယ်

2 comments

  1. ယူသွားတယ် အဟတ် ကိုသော်ဇင်
    ဒေါင်းလိုက်အုန်းမယ်ဗျာ ဟာသဆို ကြိုက်မှကြိုက်
    မျှဝေလို့ ရှဲရှဲ ကျေးဇူးပါပဲ

     
  2. ဖိနပ်တစ်ဖက်ပျောက်မှတော့ ဘယ်လိုစီးမလည်းဗျ တကယ်ပဲလာနောက်နေတယ်။ ဟာသတင်ပေးတာ ကျေးဇူး ဒေါင်းသွားတယ်။ ရယ်လိုက်ဥိးမယ်။ ချဲ့ချဲ့ပါတော်။
    ခင်မင်လျှက်
    ညီမလေး ပါးလုံး

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ