Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

အလောင်းကစား

Posted by thawzin Friday, May 22, 2009 3 comments

မှောင်မိုက်နေတဲ့ ဆောင်းညလေးတစ်ညမှာပေါ့….ဘဏ်သူဋ္ဌေးအိုကြီး တစ်ယောက်ဟာ အခန်းထဲမှာ ခေါက်တုံ့
ခေါက်ပြန် လျှောက်ရင်းလွန်ခဲ့တဲ့(၁၅)နှစ်က သူကျင်းပခဲ့တဲ့ ညနေခင်းပါတီလေးအကြောင်းကို စဉ်းစားနေခဲ့တယ်အဲ့ဒီပွဲလေးမှာ ပညာရှိတွေ တက်ရောက်ခဲ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ စကားတွေကို ပြောဆို ဆွေးနွေးခဲ့ကြတယ် စကားမစပ် သူတို့ဟာ သေဒဏ်ပေးခြင်း အကြောင်းကို ပြောဆိုခဲ့ကြတယ်…. ဧည့်သည်အများစုဟာ ဒီအကြောင်းကိုပဲ ဦးတည်ငြင်းခုံခဲ့ကြတယ်….သူတို့ထဲက အချို့ကတော့ နေရာတိုင်းမှာ သေဒဏ်ပေးတာကို ထောင်ဒဏ်တသက်နဲ့ အစားထိုးလို့သင့်တော်တယ်လို့ထင်မြင်ယူဆကြ တယ်။ ဧည့်သည်တွေ ထဲမှာ အသက်နှစ်ဆယ့်ငါးနှစ်လောက်ရှိတဲ့ ငယ်ရွယ်တဲ့ရှေ့နေလေး တစ်ယောက်ရှိနေခဲ့တယ် ..သူရဲ့ ထင်မြင်ချက်ကို မေးတဲ့အခါမှာတော့ သူက
``သေဒဏ်နဲ့ ထောင်ဒဏ်တသက်ဟာ မကောင်းတာချင်းကတော့ တူတူပါပဲ ... ဒါပေမဲ့ သူကို ဒီနှစ်ခုထဲကရွေးခိုင်းရင်တော့ သူသေချာပေါက် ဒုတိယတစ်ခုကို ရွေးမယ်´´
လို့ပြောခဲ့တယ်။ ဘယ်လို ရှင်သန်နေရတာပဲဖြစ်ဖြစ်
သေတာထက်တော့ ကောင်းပါတယ် ။ အားတက်သရော ငြင်းခုံမှုတွေဟာ ဆက်လက်ရှိနေခဲ့တယ် အဲ့ဒီတုန်းက ငယ်ရွယ်ပြီးတော့ ဒါကို သဘောမတူနိုင်တဲ့ ဘဏ်သူဋ္ဌေးကြီးဟာ ရုတ်တရက်ဒေါသထွက်လာပြီးတော့ စားပွဲကိုလက်သီးနှင့်ထိုးကာ ရှေ့နေလေးကို ဦးတည်ပြီးတော့ အော်ဟစ်ပြောလိုက်ပါတယ်
``မဟုတ်တာ
မင်းမြေအောက်အကျဉ်းတိုက်ထဲမှာ(၅)နှစ်နေမလား.. နှစ်သန်းကြေးလောင်းမယ်လေ ။´´
ဒါတကယ်ဖြစ်မယ်ဆိုရင်၅)နှစ်မဟုတ်ဘူး(၁၅)နှစ်နေမယ်” လို့ရှေ့နေလေးက ပြန်ဖြေလိုက်တယ်။
“(၁၅)နှစ်လား၊ လူကြီးမင်းတို့ရေ ကျွန်တော်ကတော့ ဒီမှာနှစ်သန်းထားလိုက်ပြီ”
လို့ဘဏ်သူဋ္ဌေးကြီးကအော်ဟစ်လိုက်ပါတယ်။
တင်းကျပ်သော စောင့်ကြည့်မှုတွေနဲ့ သူဋ္ဌေးကြီးရဲ့ပန်းခြံထဲမှာ ရှိတဲ့အကျဉ်းတိုက်ထဲက အခန်းမှာရှေ့နေလေးဟာသူကိုယ်တိုင်အကျဉ်းကျခံမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သတ်မှတ်ချက်တွေ ကတော့ဒီ(၁၅)နှစ်အတွင်းမှာ သူဟာ အကျဉ်းခန်းတံခါးဝကို ကျော်လွန်ခြင်း၊သက်ရှိများနှင့်တွေ့ဆုံခြင်း ၊စာနှင့်သတင်းစာများရယူခြင်း စတဲ့
အခွင့်အရေးတွေကို ပိတ်ပင်ခံရမှာဖြစ်တယ်။ စန္ဒယားတီးခြင်း၊ စာအုပ်ဖတ်ခြင်း၊ စာရေးခြင်း၊ ရှန်ပိန်နှင့်
ဆေးတံသောက်ခြင်းတို့ကိုတော့ခွင့်ပြုခဲ့တယ် ။အပိတ်ခံရတဲ့ပထမနှစ်မှာတော့ ရှေ့နေလေးဟာ သတ်မှတ် ခွင့်ပြုထားတဲ့ သူ့စာတိုလေးတွေနဲ့ အထီးကျန်ငြီးငွေ့ခြင်းကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။ ရှန်ပိန်နှင့်ဆေးတံသောက်ခြင်းကိုတော့ သူဟာငြင်းဆန်ခဲ့တယ်။ သူဆီကိုလေးနက်တဲ့အတွေးအမြင်တွေ မပါတဲ့စာအုပ်တွေကို အဓိကပို့ပေးခဲ့ကြတယ်။ နေ့ရောညပါ အကျဉ်းခန်းထဲကနေ စန္ဒယားသံလေးပျံလွင့်နေခဲ့တယ်။ ဒုတိယနှစ်မှာတော့ အကျဉ်းခန်းထဲမှာ တေးဂီတသံတွေ ဆိတ်သုန်းသွားတယ်၊ ရှေ့နေလေးဟာ သူ့စာတိုလေးတွေထဲမှာ စာပေအနုပညာလက်ရာလေးတွေသာ လိုအပ်ခဲ့တယ်။ ငါးနှစ်မြောက်မှာတော့ တေးဂီတသံကိုပြန်ကြားရပြီး အကျဉ်းသားဟာ ရှန်ပိန်ကိုတောင်းခံခဲ့တယ်။ အဲ့ဒီတစ်နှစ်လုံးစားသောက်ခြင်း၊ အိပ်စက်ခြင်းတို့နဲ့သာ ကုန်ဆုံးခဲ့တယ်။
သူ့ကိုယ်သူ စကားတွေပြန်ပြောပြီးစိတ်တိုနေခဲ့တယ် ။ စာလည်းမဖတ်တော့ဘူး ……….။ခြောက်နှစ်မြောက်ရဲ့
ဒုတိယနှစ်ဝက်မှာတော့ အကျဉ်းသားဟာ အတွေးအခေါ် နဲ့ သမိုင်းဘာသာစကား လေ့လာ မှုတွေကိုကြိုးစားပြီးတော့ အစပျိုးခဲ့တယ်….. ။ ထို့နောက်(၁၀)နှစ်အကျော်မှာတော့သူဟာ ရယ်ဘန်ဂဲလီရယ် တခုတည်းကိုသာဖတ်တော့တယ်။ အချုပ်ခံခြင်း ကုန်ဆုံးဖို့ (၂)နှစ်အလိုမှာတော့ အကျဉ်းသားဟာ ဘာမှကိုမရွေးပဲ အကုန်ဖတ်ပါတော့တယ်။သူ့ရဲ့စာဖတ်ခြင်းဟာ ပင်လယ်ထဲက သင်္ဘော အပျက်အဆီးတွေကြားမှာ ကူးနေတဲ့ လူတစ်ယောက် အပျက်အဆီး တစ်ခုပြီးတစ်ခုကို လောဘတကြီးဆုပ်ကိုင်နေသလိုပါပဲ။ လွန်ခဲ့တဲ့(၁၅)နှစ်က ဘဏ်သူဋ္ဌေးကြီးဟာ သူ့ပိုက်ဆံအကောင့်ကို မသိခဲ့ဘူး ၊ အခုတော့ သူ့မှာပိုက်ဆံနဲ့အကြွေး ဘယ်ဟာ ကပိုများမလဲလို့ သူ့ကိုယ်သူပြန်မေးရမှာကိုကြောက်နေခဲ့တယ်။ အဘိုးအိုဟာသူ့ခေါင်းကိုဆုပ်ကိုင်လျက် ဆိုးရွားလှတဲ့ အလောင်းအစား ပါလားလို့ တတွတ်တွတ် ရေရွတ်နေခဲ့တယ်။ အကြွေးတင်ခြင်းနှင့် အရှက်ကိုကယ်ဆယ်ဖို့ တခုတည်းသော နည်းလမ်းကတော့ ဒီလူသေမှပဲဖြစ်တော့မယ် ။
ဘဏ်သူဋ္ဌေးကြီးဟာ တံခါးမှ ချိတ်ပိတ်ထားတာကို ဂရုတစိုက်ဖြိုဖျက်ပြီး သော့ပေါက်ထဲ သော့ထည့်လိုက်တဲ့ အချိန်မှာ တံခါးနောက်မှာတော့ တိတ်ဆိတ်နေခဲ့တယ်။ အခန်းထဲက စားပွဲနောက်မှာတော့ သာမန်လူတွေနဲ့မတူတဲ့ လူတစ်ယောက် မလှုပ်မရှားထိုင်နေခဲ့တယ် ….. အဲ့ဒါဟာရှည်လျားတဲ့ဆံပင်လိပ်ခွေ၊ ထူပျစ်နေတဲ့ မုတ်ဆိတ်တွေနဲ့ အရေပြားဖုံးအုပ်ထားတဲ့ အရိုးစုလိုပါပဲ……။ သူဟာအိပ်ပျော်နေခဲ့တယ်..။ နံစော်စုတ်ပြတ်နေတဲ့ သူ့ခေါင်းရဲ့ အရှေ့စားပွဲပေါ်မှာ စာရွက်လေးတစ်ရွက်ရှိနေခဲ့တယ်…။
```မနက်ဖြန်ငါလွတ်လပ်ခွင့်ရပြီ´´´
လို့အကျဉ်းသား ဟာရေးထားခဲ့တယ်။
“ ကြည်လင်တဲ့အသိစိတ်နဲ့ ဘုရားသခင်ရဲ့ရှေ့မှာ ငါကြော်ငြာမယ်”
`` မင်းတို့စာအုပ်တွေထဲက ကမ္ဘာရဲ့ကောင်းမွန်ပါတယ်ဆိုတဲ့ လွတ်လပ်ရေး၊ ဘ၀ နဲ့ကျန်းမာရေးတွေအားလုံး ကိုငါရွံရှာစပ်ဆုပ်တယ်၊ မင်း အကြောက်လွန်ရူးသွပ်ပြီး ဒီလမ်းအတိုင်း မလျှောက်ပါနဲ့(ဒီလိုမလုပ်ပါနဲ့) ၊ မင်းရဲ့ ပိုက်ဆံနှစ်သန်းကိုလည်း ငါမယူပါဘူး။ အရင်တုန်းကတော့ ဒီအကြောင်းတွေကို ငါစဉ်းစားခဲ့ပါတယ် ၊ ခုတော့ဒါတွေကိုရွံရှာနေပါပြီ ။”
“ငါ့မိန်းမကတော့ နောက်တစ်ယောက်နဲ့ ဖေါတ်ပြန်နေပြီး, ငါ့ပိုင်ဆိုင်တဲ့ အရာတွေအားလုံးလဲ ပျောက်ဆုံး ပျက်စီးကုန်ပြီး ဆိုတာငါသိထားပြီး ”
“ မင်းဒီစာကိုဖတ်ပြီး လိုက်တဲ့အချိန်မှာ ငါ့ကိုသေသေချာချာ ပြန်ကြည့်ပါ, ငါ့မှာ ဘာတွေပြောင်းလဲခဲ့သလဲ ”
ဘဏ်သူဌေးကြီး တွေဝေစွာ စိတ်တွေ ဂရောင်ခြောက်ချားဖြစ်နေခဲ့တယ်..။ ကြောက်ကြောက်လန့်လန့် နဲ့ အကျဉ်းသားကို ပြန်ကြည့်လိုက်ပေမယ့် အကျဉ်းသား ကို မတွေ့ရတော့ပါဘူး။
ဇတ်လမ်းက ဒီမှာ ဆုံးသွားပါတယ် ငယ်ငယ်က ရွာမှာ အသံချဲ့စက်က ဖွင့်တဲ့ နိုင်လင်း ဖန်တီးသော ပြဇတ်တစ်ပုဒ်လေးကို ပြန်သတိရမိပါတယ်,
အခုလဲ နိုင်လင်း မေးသလိုပေါ့ အဲဒီအကျဉ်းသား ဘယ်ရောက်သွားပါသလဲ?
အကျဉ်းက အဲဒီနေရာမှာပဲ ပျောက်ကွယ်သွားသလား?
ဒါမှမဟုတ် ဘဏ်သူဌေးကြီး ဆင်းလာသော လမ်းကပဲ ပြန်တတ်သွား၍လား?
အလောင်းကစား ဆိုတာ တကယ်တော့ ကောင်းကျိုးတစ်ခုမှ မရှိပါဘူး, “အလောင်းကစား” ဒီပုံပြင်ကို ဖတ်ပြီး မိမိအတွက် ယူသင့်သော သင်ခန်းစားများ မှန်မှန်ကန်ကန်ရယူနိုင်ကြပါစေ...


သော့(သံသယ)

Posted by thawzin Wednesday, May 20, 2009 2 comments

သူဟာ မိသားစုအပေါ် သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်ပါ။ လက်ထပ်ပြီးနောက် သူကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်စေခဲ့တယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပါးပြီး ညည့်နက်မှ ပြန်လာတာကိုလည်း ကျွန်မ ခွင့်လွတ်ခဲ့တယ်။ အားလပ်ချိန်မှာ အိမ်အလုပ် ကူမလုပ်ခဲ့တာ ကိုလည်း သည်းခံခဲ့တယ်။သော့တစ်ချောင်း အစပြုလို့ သူ့ကို ကျွန်မစပြီး သံသယ၀င်မိတယ်။ ကျွန်မဟာ အိမ်ထောင့်တာဝန် ကျေပွန်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက် မဟုတ်ခဲ့ပေမဲ့ သူ့အပြုအမှု၊ သူ့အရိပ်အကဲကို ကြည့်ပြီး သူ့စိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်မ ခန့်မှန်းလို့ရပါတယ်။ သူမှာ နဂိုသော့(၄)ချောင်းရှိတယ်။ အိမ်တံခါးမကြီးသော့၊ အိပ်ခန်းနှစ်ခန်းသော့၊ နောက်သူ့ရုံးခန်းသော့... ဘယ်တုန်းကများ သူ့အိတ်ထဲ သော့တစ်ချောင်း ပိုလာတာလဲ... ကျွန်မ အလေးမထားသလိုနဲ့ မေးကြည့်ဖူးသေးတယ်။ ဒါပေမဲ့ သူဘာမှ မသိသလိုနဲ့ စကားလမ်းကြောင်းလွဲလိုက်တယ်။ ဒါကြောင့် အဲဒီသော့ကို ကျွန်မပို သံသယဖြစ်မိတယ်။

သူ့ကို အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်မ ဖုန်းဆက်တတ်လာတယ်။ လမ်းကြုံသလိုနဲ့ သူ့ရုံးခန်းကို သွားတတ်လာတယ်။ ရုံးဆင်းရင်လည်း သူ့ကိုသွားကြိုသလိုနဲ့ ကျွန်မ အဲဒီသော့အကြောင်းကို စုံစမ်းတတ်လာခဲ့တယ်။ အရင်ကလို အလုပ်ကို ကျွန်မ ဦးစားမပေးတော့ဘဲ သူ့ကို ပိုဂရုစိုက်၊ ပိုပြုစုတတ်လာတယ်။ ရုံးပိတ်ရက်တွေဆိုရင်လည်း အပြင်ထွက်မလည်တော့ဘဲ အစားကောင်းတွေ ချက်ပြုတ်ရင်း သူ့အတွက် အိမ်ထောင်ရှင်မကောင်း တစ်ဦးဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ နှောင်းသွားခဲ့ပြီလား...
သူအရင်ကထက် စကားနည်းလာတယ်။ အရင်ကလို သူ့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ ကျွန်မကို အသိမပေးတော့ဘူး။ သန်းခေါင်ယံ နိုးလာရင်လည်း လေသာဆောင်မှာ မိုးလင်းပေါက် ထိုင်နေခဲ့တတ်တယ်။ အမြဲစိတ်လှုပ်ရှားနေတတ်ပြီး အရင်လို မသွက်လက်တော့ဘူး။ ဟိုမေ့ဒီမေ့နဲ့ အလုပ်မှာလည်း စိတ်ပါဝင်မှု လျှော့လာခဲ့တယ်။ သူပြောင်းလဲသွားပြီလား.. ဒါပေမဲ့ ကျွန်မအပေါ် ချစ်တဲ့စိတ်၊ ယုယတဲ့စိတ်တော့ မပြောင်းလဲခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ သံသယ၀င်နေဆဲပါပဲ။နေ့ညမပြတ် အဲဒီသော့ရဲ့ သဲလွန်စကို ကျွန်မရှာခဲ့တယ်။ နောက်ဆုံး အဲဒီသော့ဟာ ဘဏ်တစ်ခုရဲ့ မီးခံသေတ္တာသော့ဆိုတာကို ကျွန်မ စုံစမ်းခဲ့ရတယ်။ သော့ကို သူမသိအောင် ကျွန်မတိတ်တိတ်လေး ယူပြီး ဘဏ်ကို သွားလိုက်မိတယ်။ ကျွန်မ တုန်လှုပ်စွာနဲ့ သော့ကို ဖွင့်ရင်း သိချင်စိတ်က အရမ်းပြင်းပြနေခဲ့တယ်။ ဖွင့်လိုက်တဲ့ အချိန်မှာတော့ အတွင်းမှာ ရတနာသေတ္တာ ဘူးလေးတစ်ခု... ကျွန်မ အသက်ကို ပြင်းပြင်းရှုရင်း သေတ္တာကို ဖွင့်လိုက်မိတယ်။ “တော်တော်ရိုးအတဲ့လူ” လို့ ရေရွတ်ပြီး ကျွန်မ ပြုံးလိုက်မိတယ်။ဘူးထဲမှာ ဓာတ်ပုံတစ်ပုံ... ပုံက ကျွန်မနဲ့သူ ပထမဆုံး တွဲရိုက်ထားတဲ့ပုံ... နောက် သူ့ကို ရေးပေးခဲ့ဖူးတဲ့ ကျွန်မရဲ့ စာတွေ စုစုပေါင်း(၂၈)စောင် ကျွန်မ အချိုမြိန်ဆုံး ပြုံးလိုက်မိတယ်။စာတွေရဲ့ အောက်မှာတော့ ချက်လက်မှတ်နဲ့ သေတမ်းစာ “အခုမှ အသက်၃၀ကျော်ပဲ ရှိသေးတယ်။ ဘာသေတမ်းစာ ရေးထားတာလဲ.. အိမ်ရောက်မှ ကောင်းကောင်းဆူလိုက်ဦးမယ်” ကျွန်မ ရေရွတ်နေပေမဲ့လည်း ဘာသေတမ်းစာလဲဆိုတာကို အရမ်း စိတ်ဝင်စားသွားမိတယ်။ စာအိတ်ကို ကျွန်မ ဖောက်ကြည့်လိုက်မိတယ်။ သေတမ်းစာထဲမှာတော့ xxxx အိမ်နဲ့ စုငွေ ၂၀%ကို မိဘအတွက်၊ ၁၀% အစ်ကိုအတွက်၊ ၃၀% ကို ဘိုးဘွားရိပ်သာအတွက်၊ ကျန်တဲ့ငွေနဲ့ ရင်းနှီးမြုပ်နှံငွေတွေမှာတော့ ကျွန်မနာမည်ရေးထားတယ်။ ကျွန်မ ငိုမိတယ်။ကျွန်မသာ သူ့ကို သံသယ၀င်နေခဲ့တာ၊ မယုံခဲ့တာ။ တကယ်တော့ သူဟာ ကျွန်မကိုပဲ ချစ်ခဲ့တယ်။ သစ္စာရှိခဲ့တယ်။ စာရွက်တွေကို ဘူးထဲ ပြန်ထည့်မယ်လုပ်တော့ ကျွန်မလက်ထဲကနေ စာရွက်လေးတစ်ရွက် ပြုတ်ကျသွားတယ်။ ကျွန်မ ကောက်ယူကြည့်မိတော့ ဆေးစာတစ်စောင်... လူနာနေရာမှာ သူ့နာမည် ရေးထားတယ်။ ဆေးစာရဲ့ အောက်တစ်နေရာမှာ ရှင်းလင်းထင်ရှားတဲ့ စာလုံးလေးလုံး “အရိုးကင်ဆာ” တဲ့။လူတိုင်းရဲ့ စိတ်မှာ သော့တစ်ချောင်းကိုယ်စီရှိတယ်။ အဲဒီသော့ရဲ့ နာမည်က “သံသယ” တဲ့။ ကျွန်မကတော့ ပြောလိုက်ချင်ပါတယ်။ လူတိုင်းမှာ စိတ်တံခါးပေါက် တစ်ပေါက်ရှိတယ်။ အဲဒီတံခါးပေါက်ကို “သံသယ တံခါးပေါက်” လို့ခေါ်တယ်။ “အချစ်”ဆိုတဲ့ သော့သာ အဲဒီတံခါးပေါက်ကို ဖွင့်နိုင်မှာပါ။(သော့ဆိုတာ တံခါးဖွင့်ဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ တံခါးခေါက်ဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ပစ္စည်းရဲ့ အသုံးဝင်ပုံဟာ သုံးတဲ့လူရဲ့ သုံးတတ်တဲ့ အပေါ်မှုတည်ပါတယ်)
မှတ်ချက်= ---------- Forwarded message ---------- မှပြန်ကူးဖော်ပြပါသည်..။

ခါးပတ်မပတ်သောGhost

Posted by thawzin Tuesday, May 19, 2009 4 comments

ဟာသလေးတစ်ခုပါ, ခါးပတ်မပတ်ရင်လေ Ghost လဲမရပါဘူး

သူငယ်ချင်းတွေ

Posted by thawzin Sunday, May 17, 2009 1 comments

ငယ်ငယ်တုန်းကတော့ကျွန်တော်တို့တတွေ ကျောင်းစာသင်ခဲ့ကြရသလို ကျောင်းတုန်းက သူငယ်ချင်းတွေလဲထားခဲ့ရှိခဲ့ကြမှာပါ, စာသင်ကျောင်းက သူငယ်ချင်း, ငယ်ငယ်တုန်းက ကစားဖော်ကစားဖတ် သူငယ်ချင်းတွေ ထားခဲ့ကြရှိခဲ့ကြမှာပါ။ အဲဒီလို...... အဲဒီလို သူငယ်ချင်းတွေကို လွမ်းသတိရဖို့ အတွက် အခုသီချင်းလေးက အရမ်းသတိရအောင့်မေ့ဖွယ်လေးပါ, တေးရေးဆရာ ကိုဆောင်ဦးလှိုင် ရေးတဲ့ အဆိုတော် ဆောင်ဦးလှိုင်နဲ့ ချမ်းပြည့်တို့ သီဆိုထားသော “သူငယ်ချင်းတွေ” ဆိုတဲ့သီချင်းလေးကိုနားထောင်ကြည့်ပါ။ ကျွန်တော်အရမ်းနှစ်သက်တဲ့သီချင်းလေးဖြစ်ပါတယ်,ခင်ဗျာတို့လဲနှစ်သက်မယ် ထင်ပါတယ်


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ