Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)
Showing posts with label download. Show all posts
Showing posts with label download. Show all posts

ဓမ္မပဒ စာစုလေးများ

Posted by thawzin Thursday, September 16, 2010 2 comments

ဓမ္မပဒစာအုပ်မှာ မှတ်သားစရာတွေ အများကြီးပါ။ အင်္ဂလိပ်၊ မြန်မာ၊ ပါဋ္ဌိ ဘာသာသုံးမျိုးရေးထားတဲ့ စာအုပ်ကောင်းလေးပါ။ ထိုအထဲက တချို့ကို ပိုတို့ရှော့ဖန်တီး ကြည့်မိတာလေး ကြွားတာပါ။ လက်တက်စမ်းနေတာပါ။ မျက်လုံးက ကာလာဗလိုင်းဆိုတော့ အရောင်စပ်တာ ညံပါတယ်။ ဘာရောင်တွေလဲ ဆိုတာကို သေချာခွဲခြားမတက်ပါဘူး။ မျက်လုံးထဲ ပသာဒဖြစ်တယ်ထင်တာ လုပ်ချလိုက်တာပါ။ လိုအပ်ချက် များစွာ ရှိနေမှာပါ။ အမှားပေါင်းများစွာဖြင့် ဖြတ်ညှပ်ကပ်ထားတာတွေပါ။ ဖြတ်ညှပ်ကပ်လုပ်ရတာ ၀ါသနာပါပါတယ်။ ပေါက်ကရတွေတော့ လုံးဝ မလုပ်ပါဘူး။ ကျွန်တော့်ဘလော့ ဘန်နာလေးကို ဖလက်နဲ့ လုပ်ကြည့်ဖူးပါတယ်။ အခုတော့ ပိုတိုရှော့နဲ့ လုပ်ထားတာလေး ဖန်တီးထားပါ။ ကျွန်တော်တော့ ကြိုက်တယ်။ ကိုယ်ဟာမိုလို့လေ။ အခုလဲ သူငယ်ချင်းဘလော့လည်ရင်း အားတာနဲ့ ဒါပဲထိုင်လုပ်နေမိတယ်။ ဗဟုသုတလဲရတယ်။ မှတ်သားစရာလေးတွေလဲရတယ်။ ပိုတို့ရှော့လဲ နည်းနည်းပါးပါးသိအောင်ဆိုပြီး ဖန်တီးထားကြည့်တာပါ။ အင်္ဂလိပ်၊ ပါဋ္ဌိတွေ မှားနိုင်ပါတယ်။ ဒါပေမယ့် မြန်မာလိုရေးထားတာတွေ တော့ မြန်မာတွေနားလည်နိုင်အောင,် ဖတ်နိုင်အောင် ကြိုးစားထားပါတယ်။ မြန်မာတွေနားလည်ဖို့ အဓိကပါပဲ။ အမှုနည်းပြီး အပြစ်ကင်းအောင် နေနိုင်ကြပါစေ။ Download










Site-ချက်

Posted by thawzin Tuesday, January 12, 2010 1 comments

မင်္ဂလာပါခင်ဗျာ... မဂ်လာရှိသော နေ့များပါဗျာ...။ ပို့စ်တွေ ကြဲကုန်ပြီး ကျွန်တော့် ဘလော့လေးတော့။ ဒီနေ့တော့ ဆားချက်လိုက်ပါတယ်။Site news လေးနဲ့ပေါ့။

အခုပြောမယ် ၀ပ်ဆိုက်လေးက သိပြီးကြရင်လဲ အားနာပါတယ်။ ကျွန်တော်လဲ သိတာကြာပါပြီး။ http://www.scenetube.net/ ဒီဆိုက်ရဲ့ ထူးခြားချက်လေးက Mediafire uploader နဲ့ ဖိုင်တွေကို တင်ပေးခြင်း ဖြစ်ပါတယ်။ တချို့ဆိုက်တွေကျတော့ Rapidတွေ Mega၊တွေနဲ့ဆိုတော့ ဒေါင်းလုပ်လုပ်ရတာ အဆင်မပြေပါဘူး။ ကျွန်တော်လဲ Premium account သုံးတဲ့သူမဟုတ်ဘူး။ ၀ယ်သုံးရလောက်တဲ့အထိလဲ သုံးမတတ်ဘူးဖြစ်နေတာပေါ့ဗျာ။(လေသံက မွန်လူမျိုးလေသံတွေနဲ့ တူဘူးလား၊ တူအောင်ပြောနေတာ)။ ပြီးတော့ အဲဒီဆိုက်လေးကဗျာ တကယ်ကောင်းပါတယ်။ သူရဲ့ Categories ကတော့ အောက်ပါတိုင်းပါ။ အစုံအလင်ပါပဲ ဇတ်ကားတွေရော၊ application ဆိုင် software တွေပါ တင်ထားတာ၊ အရမ်းကောင်းဗျာ။
အသုံးတည့်ကြမှာပါနော်။

ဒုတိယ ဆိုက်လေးကတော့ http://www.letmewatchthis.com/ အဲဒီဆိုက်ပဲဗျ။ ဇတ်ကားတွေ ကြီးပါပဲဗျာ။
ဒေါင်းလုပ်လဲ ချရတာ လွယ်ပါတယ်။ Download manager လေးနဲ့ ဒေါင်းတာမှ အဆင်ပြေမယ်ထင်ပါတယ်။ တချို့ကားတွေကျတော့ ရဘူးဗျ။ ပြီးတော့ အဲဒီဆိုက်က ဟိုအရင်က ကားဟောင်းတွေပါ ရှိသေးတယ်။ ကျွန်တော်ဆို ၀မ်းဘတ် ပထမဆုံးကား လိုချင်တာ။ အင်တာနက်မှာ ရှာတာလဲ အဆင်မပြေဘူးလေ။ အဲဒါနဲ့ ဒီဆိုက်လေးမှာ လိုက်ရှာတာ တွေ့တယ်ဗျ။ ကျွန်တော်က ၀မ်ဘတ်တို့လို့ အကြမ်းကားတွေ တအားကြိုက်တာ။ ပြီးတော့ ဂေါ်ဇီလာ တို့လို့ တိရစ္ဆာန်အကြီးကြီးတွေပါတဲ့ သည်းထိန်ရင်ဖိုကားတွေလဲ နှစ်သက်တယ်။ အဲဒီဆိုက်မှာ အဲဒီကားတွေ အများကြီးပဲ။ ပြီးတော့ အီစီကလီကားတွေလဲ အများကြီးပဲ။ သူအများဆုံးပေါ့ဗျာ။

တတိယဆိုက်ကတော့ ဘလော်ကာ များအတွက် သုံးဝင်မှာ သေချာပါတယ်။ http://btemplates.com/ အဲဒီမှာ ရှိတဲ့ templatesတွေက တကယ် ဂွတ်တယ်ဗျာ။ သူကwordperssတွေလို templates တွေ တင်ပေးထားတာ။ templatesတွေကလဲ အရမ်းကောင်းပါတယ်။ ကျွန်တော့်ဘလောမှာ စလိုက်ပြေးနေတဲ့ Gallery effect လေးတွေလဲ အဲဒီဆိုက်ထဲက templatesတွေထဲကနေ ဖျတ်ညှပ်ကတ် လုပ်ထားတာပါ။

တော်ပါပြီး ဒီနေ့တော့ ဒီလောက်လေးပဲ ဆားချက်ပါရစေဗျာ။ အားလုံး ကျေးဇူးတင်ပါတယ်။ လာလိမ့်မယ် ချစ်သူများနေ့မှာ ချစ်သောသူနဲ့ ဆုံဆည်းပျော်ရွှင်နိုင်ပါစေ၊.... အကို၊ အစ်မ၊ ညီမ၊ညီငယ်တို့ရေ....

“သွားစရာလာစရာတွေကလဲ ရှိသေးသမို့ ပြောစရာဆိုစရာတွေလျော့၊ ရယ်မောစရာ သာဓကတွေက၊ ယူတတ်ရင် ကိုယ့်အတွက်ဖြစ်မှာမို့ ရီမောကာ မေ့မနေကြနဲ့၊ ကဲ ရွာသားရေ... နှမပျိုလင်လုတဲ့ သီချင်းဖွင့်........”

ဆားချက်သည့် wallpapers များ

Posted by thawzin Tuesday, October 20, 2009 3 comments



wallpapers တွေပါ။ ကျွန်တော်ကတော့ wallpapers လှလှလေးတွေ စုဆောင်းရတဲ့ ၀ါသနာပါတယ်။ ဒါလဲ ဆိုဒ်တစ်ခုက တွေ့လို့ ဒေါင်းယူထားတာပါ။ ကျွန်တော့်ရဲ့ ဘလော့ မိတ်ဆွေကို မျှဝေချင်လို့ပါ။ လိုချင်သူများ ရှိမလားလို့ပေါ့။ ပြီးတော့ wallpapers တွေဖန်တီးရတာလဲ သဘောကျတယ်။ ပြီးတော့ မိမိဖန်တီးထားတဲ့ wallpapers လေးတွေနဲ့ မိမိရဲ့ ကွန်ပျူတာကို အလှဆင်ရတာလဲ နှစ်သက်စရာပါ။ အပေါ်က ပြထားတာကတော့ သူများတွေ ဘယ်လို ပုံယူတယ်မသိဘူး။ ကျွန်တော်ကတော့ print screen နိုပ်ပြီး ယူထားတာပဲ။ လိုချင်သူများအတွက် အောက်မှာ upload လုပ်ပေးထားပါတယ်။ uploadလုပ်ရတာလဲ ကန့်သတ်ချက်တွေရှိတော့ လွယ်ပါဘူးဗျာ။ multiupload တစ်ခုပဲ ကံကောင်းလို့ ရတာ။ ကျန်တဲ့ upload.com တွေ တင်လို့ကို မရဘူး။ wallpapers လေးတွေနဲ့ပဲ ဆားချက်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါင်းလင့်။
cartoon girl.rar
Funny Animal Characters.rar
cartoon wall.rar

တတ်ရောင်ဝါး

Posted by thawzin Thursday, October 8, 2009 4 comments








ဒါလေးက ကျွန်တော် မတောက်တခေါက်တတ်တဲ့ ပိုတိုရှော ပညာလေးနဲ့ wallpaper လေးတွေ ဖန်တီးထားတာ ၅ခုတည်းပါ။ လိုချင်ရင် ယူသွားနော်။ အောက်မှာ တင်ပေးထားတဲ့ လင့်လေးရှိပါတယ်။ မလိုချင်ရင် သဘောပါ။ သူများလို ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ပညာတွေ မတတ်ကျွမ်းတော့လဲ မိမိစိတ်ဝင်စားတဲ့ဟာလေးတွေ လျောက်လုပ်ကြည့်ရတာပေါ့ဗျာ။ အနုပညာမျက်စိကတော့ မရှိဘူးဗျ။ မျက်လုံးက ကာလာဗလိုင်း ဆိုတော့ ပိုဆိုးမယ်ထင်တယ်။ အရောင်မခွဲခြားတတ်ဘူး။ ကျွန်တော့် မျက်လုံးထဲမှာ လိုက်ပြီး အရောင်စပ်လိုက်တယ်။ ကြိုက်ရင် အိုကေပေးလိုက်တာပဲလေ။ ဘာကာလာလဲတော့မခွဲခြားတတ်ဘူး။ အ၀ါအပြာ အစိမ်းအနီ အမည်းတော့ ခွဲတတ်တာပေါ့ဗျာ။ ဗိုလ်လောင်း ဆေးစစ်ကတည်းက ရေတပ်နဲ့ လေတပ်သွားဖို့ အဆင့်မမှီတဲ့အကြောင်း မှတ်ချက်က ပါပြီးသားလေ။

ဘလော်ကာတွေအများကြီးပါ အားလုံးဟာ သူဟာနဲ့သူ ကျွန်တော့်ထက် မြင့်မားတဲ့ ဘလော်ကာတွေများပါတယ်။ ဒီနေ့စပြီး ဘလော်ကာဖန်တီးသူထက်တော့ သာကောင်းပါရဲ့။ အမှန်တိုင်းပြောရရင် ဘလော့ ရေးတာ ဘယ်လောက်ကြာပြီလဲ ဆိုရင် ၂နှစ်နီးပါးလောက်ရှိပြီးဗျ။ ဟိုဟာလေး လုပ်လိုက်ဒါလေးလုပ်လိုက်နဲ့ မယ်မယ်ရရ မလုပ်ဘူး။ ပါလေရာ ငပိချက်လေ။ အကုန်ပါတယ်။ ဖလက်စ် သင်တန်း သွားသင်လိုက်တာပဲ။ ပိုတိုရှောလုပ်နည်းလေး သင်လိုက်တာပဲ။ ၀ပ်ဆိုက် လုပ်နည်း လိုက်သင်တာပဲ။ ကွန်ပျူတာအကြောင်း သင်ကြားခြင်းလဲ သွားတတ်လိုက်တာပဲ။ အဘိဓမ္မာသင်တန်းလေးလဲ သင်လိုက်တာပဲ။ တရားဆွေးနွေးပွဲလေးလဲ သွားပြီး နာလိုက်တာပဲ။ အွန်လိုင်းမှာလဲ ချက်ကာမဟုတ်ပေမယ့် ချက်တဲ့အထဲမှာလဲ ပါသေးတာပဲ။ “ဘလော့ရေးသူတွေများ”လို့ စာရင်းထုတ်ရင်လဲ ပါနေအုံးမှာပဲ။

အဲဒီလို သင်တန်းတွေကလဲ ဒီက အစ်ကိုတွေ လက်ဆင့်ကမ်းသင်ပေးကြတာလေ။ နွေရာသီဆို ကျွန်တော်တို့တွေ သွားစရာ ဆိုလို့ မြန်မာကျောင်းသားတွေ ရှိတဲ့ မြို့လေးတွေသွားလည်လို့ပဲရတယ်လေ။ အားလပ်ရပ်ကျောင်းပိတ်ချိန်မှာ အစ်ကိုကြီးတွေက အားကစားပွဲတွေ လုပ်ပေးတယ်။ ကာရာအိုကေတွေ ဟဲခိုင်းတယ်။ ဘောလုံးပွဲတွေလဲ လုပ်ပေးပါတယ်။ ပြီးတော့ ဒီလို အကျိုးရှိမယ် သင်တန်းတွေလဲ သူတို့ ဆည်းပူးထားသမျှ အိပ်သွန်ဖာမှောက်သင်ပေးပါတယ်။ သင်ပေးကြတဲ့သူတွေကတော့ တကယ်တော်ကြပါတယ်။ စေ့စေ့စပ်စပ် စောက်ချလုပ်ရမယ့် အလုပ်လို့ ကျွန်တော့်မှာ မရှိတော့ ရောင်ဝါးဝါးပါပဲဗျာ။
တတ်ရောင်ဝါး လိုလို ကိုယ့်ကိုယ်ကို ၀န်ခံပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ စာဖတ်သူ စိတ်ဝင်စားလောက်တဲ့ အရေးသား စွမ်းရည်ကျပြန်တော့ ကျွန်တော်မှာ မရှိပြန်ဘူးဗျာ။ ပို့စ်တွေ တင်တဲ့အခါလဲ မိမိပို့စ်ကို ဖတ်ပြီး စာဖတ်သူကို စိတ်ညစ်သွားမှာ စိုးတယ်။

ငါရေးလိုက်တဲ့စာက သူတို့အတွက် အဆိပ်များ ဖြစ်နေမလားလို့ တွေးပြီး ရေးချင်စိတ်ကုန်သွားတယ်။ ဘာသာရေး ကျပြန်တော့လဲ အရေးကြီးဆုံးပဲဗျ။ သူက ဘ၀တစ်ခုလုံးမကဘူး သံသရာ တစ်လျောက်လုံးနဲ့ ဆိုင်သွားတဲ့အတွက် သူကပိုပြီး အရေးကြီးပြီး အမှားမခံဘူး။ ဒါကြောင့် ရေးရင် ကိုးကားလေးနဲ့ ရေးတတ်အောင် ရေးပါတယ်။ အရင်ဆုံး မိမိကိုးကားတဲ့ စာအုပ် ပုဂ္ဂိုလ်ရဲ့ ဆိုလိုရင်းလေး ရေးတယ်။ ပြီးတော့ မိမိရဲ့ ဒီအသိလေးအပေါ်မှာ မိမိအမြင်လေး ဖြည့်စွက်ရေးကြည့်တယ်။ သေချာတာက ကျွန်တော်ရေးလိုက်တဲ့ဟာကျရင် ပေါ့ပေါ့သွားတယ်။ ဒါကြောင့် ဘလော့မှာ ဆေးဆိုပေမယ့် မတည့်တဲ့အခါ အဆိပ်ဖြစ်မှာ စိုးလို့ မိမိရဲ့ အယူအဆ တယူသန်ဆန်တာတွေ မရေးချင်ပါဘူး။ တခါတလေတော့ ကောမန့်ပေးတဲ့ မနှစ်သက်နိုင်စရာတွေဖြစ်သွားတယ်ဗျာ ။ မိမိ အမြဲဖတ်နိုင်မယ့် ဘလော့ အနည်းအကျင်းလောက်လေး ဖွဲ့ထားပြီး သူတို့ ရေးသမျှ လိုက်လံအားပေး ဝေဖန်လေကန်ခြင်းက ဘလော်ရေးခြင်းဆိုတဲ့ အဓိပ္ပါယ်ပြည့်စုံနိုင်မဲ့ ဘလောကာ ကျွန်တော်ဘ၀ပါဗျာ။ လေကန်တာ များသွားပါဟ တော်မှ- ယူလိုက ယူပါ လင့်လေးပေးထားပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါင်းရန်။ ။Mediafire


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ