ဤကမ္ဘာ၏ အရှေ့ပိုင်းလောက် စေတိယတိုင်းပြည်ဝယ် “ဥပ၀ရ” ခေါ် စေတိယမင်း စိုးစံတော်မူပါသတဲ့။ ထိုမင်းသည် သာမန် မင်းမျိုး မဟုတ်၊ ကောင်းကင်၌ ပျံနိုင်ခြင်း၊ နတ်သားလေးယောက် သက်တော်စောင့်ရခြင်း၊ ကိုယ်မှ စန္ဒာကူးနံ့မွှေးခြင်း၊ ခံတွင်းမှလည်း ကြာညိုရနံ့ သင်းခြင်း၊ ဟူသော တန်ခိုး လေးမျိုးနှင့် ပြည့်စုံသူတည်း။ တက္ကသီလာ( တက္ကသိုလ်)၌ ပညာသင်တုန်းက ပုရောဟိတ်ကြီး၏ ညီဖြစ်သော ကောရကသမ္ဗသည် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီးသူဖြစ်၏။ မိမိဘုရင် ဖြစ်လျှင် ကောရကလမ္ဗကိုပင် ပုရောဟိတ်ရာထူး တင်မည်ဟု ၀န်ခံခဲ့၏။သို့သော် ပုရောဟိတ်ဟောင်းကို ရာထူးမှ မချနိုင်၊ ပုရောဟိတ်ဟောင်းကမူ...
Melbourne near me Trusted Removalist
3 weeks ago