Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

လူသည် လိမ်နိုင်ကောက်နိုင်မှ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သော သတ္တ၀ါဖြစ်၏။ စိတ်ထဲတွင် ရှိသမျှကို ဖွင့်ဟပြောဆို၍ တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ဆက်ဆံကြပါလျှင် တစ်ဦးကိုတစ်ဦး သတ်ကြ ဖြတ်ကြ၍ မသာချရသော အလုပ်ဖြင့် အချိန်ကုန်ရမည်ဖြစ်သည်။

ကာတွန်းဆရာကြီး ဦးဘဂျမ်း

ဒါကြောင့် လူတိုင်းအတွက် ဟန်ဆောင်မှုဟာ အရေးပါတယ်လို့ ကျွန်တော် မပြောလိုပါ။ သို့သော် လူတိုင်းမှာ ဟန်ဆောင် မှုတစ်ခုမက ရှိတတ်ကြမယ်လို့ ထင်ပါတယ်။ ဟန်ဆောင်မှုတိုင်းဟာ ကောင်းတယ်လို့ သတ်မှတ်လို့ မရပေမယ့်အကြောင်း ရည်ရွယ်ချက်နဲ့ အကျိုးရလာဒ်တို့အပေါ်မှာ မူတည်ပြီး ပြုလုပ်သင့်တယ်၊ လက်ခံနိုင်တယ်၊ မှားယွင်းသော အပြုအမူ၊ လက်မခံနိုင်ဘူး၊ ရှောင်ကြဉ်သင့်တယ် စသဖြင့် ဆုံးဖြတ်နိုင်မယ်လို့လည်း ထင်ပါတယ်။

လိမ်ညာဟန်ဆောင် ဟုတ်မရောင်ရောင်နဲ့ အပြုံးတစ်ခု မျက်နှာမှာထုဆစ်ထားပြန်တယ် …. ဆိုတာမျိုး ကျွန်တော်တို့တွေ သုံးတတ်ကြပါတယ်။ လိမ်ညာတာနဲ့ ဟန်ဆောင်တာကို တွဲပြီး ပြောလေ့ပြောထရှိပါတယ်။ ကျွန်တော်ကတော့ လိမ်ညာ တယ်ဆိုတာ နှုတ်မှုရေးရာနဲ့ အများဆုံးဆိုင်ပြီး ဟန်ဆောင်တာဟာ ကိုယ်အမှုအရာနဲ့ အများဆုံးဆိုင်မယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရတာလဲဆိုတော့ ဓမ္မပဒမှာ ရှင်တော်မြတ်ဘုရား မိန့်ကြားထားတာ တစ်ခုရှိပါတယ်။

ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော၊

ဝိတိဏ္ဏပရ လောကဿ၊ နတ္ထိပါပံ အကာရိယံ။

မှန်သောတရားတစ်ခုကိုလွန်၍ မုသာစကားလိမ်ညာ ပြောဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း မရှိသော သူအား မပြုနိုင်မည့် အကုသိုလ်မည်သည် မရှိ။

ဒါကြောင့် ဟန်ဆောင်တာဟာ လိမ်ညာတာနဲ့ အရမ်းကာရော ဆိုင်မယ်မထင်ဘူး။ ဒါကြောင့် အချို့သော အခြေအနေမျိုးမှာ ဟန်ဆောင်တတ်ဖို့က အရေးပါမယ်ထင်ပါတယ်။ ဟန်ဆောင်ကောင်းသူ ဖြစ်ဖို့မဟုတ်ပါဘူး။ ကောင်းသော ဟန်ဆောင်ခြင်း ဖြစ်ဖို့ပါ။ တေမိဇာတ်တော်မှာ မြတ်စွာဘုရားအလောင်းတော် တေမိမင်းသားဟာ ယခင်ဘ၀တွေတုန်းက ရှင်ဘုရင်ဖြစ်ခဲ့စဉ် အပြစ်ဒဏ်များအား မှားယွင်းစွာချမှတ်မိတာကြောင့် ငရဲမှာ နှစ်ပေါင်းများစွာ ကျခံခဲ့ရပုံတွေကို အမှတ်ရပြီး ထီးမွေနန်းရာကို မလိုချင်၊ ရှင်ဘုရင်မဖြစ်ချင်တာကြောင့် မိမိကိုယ်မိမိ ငယ်စဉ်ကပင် ဆွံအနားမကြား ဟန်ဆောင်ခဲ့တာ အထင်အရှားရှိပါတယ်။ ရှင်တော်မြတ်ဘုရားအလောင်းတော် နာရဒဗြဟ္မာဖြစ်ခဲ့စဉ်က အင်္ဂတိမင်းကြီးနဲ့ သမီးတော် ရူစာမင်းသမီးတို့အကြား ဖြစ်ပေါ်နေတဲ့အယူအဆကြီးတစ်ခုကို ရသေ့အသွင်နဲ့ ဖြေရှင်းပေးခဲ့ဖူးပါတယ်။ ဒါတွေဟာ ကောင်းသော ဟန်ဆောင်ခြင်း လို့ ပြောလို့ရမယ်ထင်ပါတယ်။

လူဆိုတာ အပုပ်ကောင် ရုပ်ဆောင်ထားတာပါလို့ ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ လူ့ခန္ဓာဆိုတာ မသေလည်း ပုပ်၊ သေလည်း ပုပ်တဲ့ခန္ဓာပါ။ လူကထွက်တဲ့အရာတွေဟာ မြတ်နိုးစရာ စွဲလန်းစရာ တစ်ခုမှ မရှိပါဘူး။ တကယ့်ရွံရှာဖွယ် အတိ နဲ့ တည်ဆောက်ထားတဲ့ ခန္ဓာအိမ်ကြီးပါပဲ။ ထိုအပုပ်ကောင်ကို လူ့ဘောင်မှာ နေရာသွင်းဖို့ကျတော့ မပုပ်အောင် လုပ်ရပါ တော့တယ်။ ဒါပေမယ့် လုပ်မရပါဘူး။ ဒီတော့ ဘာလုပ်မလဲ။ မပုပ်သလိုလေး ဟန်ဆောင်ပြဖို့ပဲရှိပါတယ်။ နံနေတဲ့ ဒီခန္ဓာကို ဘယ်တော့မှ မနံပဲမွှေးနေသလို အမွှေးနံ့သာတွေ ခြယ်ရပါတယ်။ ဖြူနေတဲ့ ဆံပင်တွေကို မည်းအောင်ဆိုးတာ၊ တွန့်နေတဲ့ပါးရေတွေဖုံးအောင် မိတ်ကပ်တွေ သုံးတာဟာ တစ်ခြားသူအမြင်မှာ မိမိကိုယ်ငယ်စေချင်တဲ့စိတ်နဲ့ ဟန်ဆောင်နေတာတွေပါပဲ။ အားလုံးကို ကောင်းနေဟန် လူ့ဘောင်မှာ သရုပ်ဆောင်နေကြတာ ဟန်ဆောင်မှုတွေနဲ့ ဖုံးအုပ်ထားတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒါတွေဟာ ကောင်းသော ဟန်ဆောင်ခြင်းပဲလို့ ကျွန်တော်မြင်တယ်။

သို့သော် ကောင်းသောဟန်ဆောင်ခြင်းမဟုတ်တဲ့ ကောက်ကျစ်ယုတ်မာတဲ့ ဟန်ဆောင်ခြင်းမျိုးလဲ ရှိပါတယ်။ ပါဠိတော်မှာတော့သူ့ကို သာဌေယျ လို့ခေါ်ပါတယ်။ မိမိကိုယ်ကျိုးစီးပွားအတွက် မထိုက်တန်သော အကျိုးစီးပွားကို မမှန်ကန် သောနည်းလမ်းဖြင့် အရယူတတ်တဲ့ သဘောပါပဲ။ မိမိရှင်သန်ရာ ၀န်းကျင်က မိမိကို အထင်ကြီးလေးစားစေဖို့ ငွေမရှိပဲ ရှိဟန်ဆောင်တယ်။ ဂုဏ်မရှိပဲ ရှိဟန်ဆောင်တယ်။ ပညာမရှိပဲ ရှိဟန်ဆောင်တယ်။ သီလမရှိပဲ ရှိဟန်ဆောင်ကြတယ်၊ မစွမ်းဆောင်နိုင်ပဲ စွမ်းနိုင်သယောင် ဆောင်တာတွေ စသဖြင့် များစွာရှိပါတယ်။ဟန်ဆောင်မှုတရားကို ခွါချလိုက်တာနဲ့ ပကတိအရှိတရား ထွက်ပေါ်လာတဲ့အခါ မိမိဘ၀ အောက်ဆုံးရောက်သွားမှာကို မလိုလားကြတာတွေကြောင့် ဆက်လက် ဟန်ဆောင်ရင်း ဟန်ဆောင်မှုသံသရာလည်နေကြပြန်ပါတယ်။

ဟန်ဆောင်မှုသာဌေယျ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ မြင်မြင်သမျှတွေနှင့်ယှဉ်ပြိုင်လိုသည့် မာနကြောင့်ဖြစ်သည်။ ယှဉ်ပြိုင်ရသောအခါ မိမိမှာ မရှိသည်ကို တကယ်ရှိသယောင်ပြုရတော့သည်။ သည့်အပြင် မိမိမှာ တကယ်ရှိသော အပြစ်များ၊ အားနည်းချက်များကို ဖုံးကွယ်ရပြန်သည်။ ၎င်းကို မာယာဟု ခေါ်ပါတယ်။ မာယာများတာဟာ မကောင်းမှုများတာပါပဲ။ မာယာဟာ မကောင်းမှု အကုသိုလ်ပါပဲ။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဖြစ်စေ၊ ရဟန်းဖြစ်စေ မာယာများလာသည်နှင့် ပျက်စီးသည့် ဘ၀နှင့်ကြုံရတော့သည်။ အကုသိုလ်ကောင် လုံးလုံးဖြစ်သွားတော့သည်။ ဟန်ဆောင်မှုဆိုတဲ့ သာဌေယျ နဲ့ ဖုံးကွယ်မှု မာယာတွေ များလာရင်တော့ လောကကြီးပျက်စီးဖို့ ဦးတည်နေပြီလို့ မှတ်ရပါတော့မယ်။

ဒီနေရာမှာ လောကဆိုတာ လူတို့ဝေါဟာရ လူတို့ပြောနေကြတဲ့ လောကထက် ရှင်တော်မြတ်ဘုရား မိန့်တော်မူတဲ့ အလိုအတိုင်းသိစေတော်မူတဲ့ လောကကိုပဲ ဆိုချင်ပါတယ်။ ရှင်တော်မြတ်ဘုရားက အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ရောဟိတ ဿဝဂ်မှာ ရောဟိတနတ်သားကို မိန့်တော်မူတာကတော့ အို ..နတ်သား စင်စစ်အားဖြင့် သညာလည်းရှိသော၊ စိတ်လည်း ရှိသော တစ်လံမျှလောက်သော ဤခန္ဓာကိုယ်၌သာလျှင် လောကကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ နိဗ္ဗာန်သို့ရောက်ရာ အကျင့်ကိုလည်းကောင်း ငါပညတ်၏။ ဤသို့ဆိုခဲ့၏ လို့ ရှင်တော်မြတ်ဘုရား မိန့်တော်မူခဲ့ပါတယ်။ မိမိ၏ တစ်လံမျှသော ဤကိုယ်သည် မိမိလောကဖြစ်၏။ မာယာ သာဌေယျတရားတို့ဖြင့် ဖန်တီးထားသော ဘ၀အိမ်သည် အမှန်တရားဆိတ်သုဉ်းနေသဖြင့် ပျက်စီးဖို့အတွက်သာလျှင် ဖြစ်ချေတော့၏။

ဟန်ဆောင်တတ်တာ လောကသဘာဝလို့ဆိုခဲ့ရင် လောကသဘာဝဆိုတာ ဟန်ဆောင်နေတာကြီးပါလားလို့ သိရပါလိမ့်မယ်။ မိမိကိုယ်မိမိ ဟန်ဆောင်နေတာမှန်းမသိရင် တကယ်အရှိထင်ပြီး မာနတွေတက်နေပါတော့တယ်။ မာနတွေ တက်လာတာနဲ့ ဖုံးကွယ်ဖို့မာယာတွေ မွေးရပါတော့တယ်။ ဒါကြောင့် ဟန်ဆောင်မှုတွေနဲ့ ပြည့်နေတဲ့လောကကြီးကို ဖုံးကွယ်လိုက်ဖို့ထိ မမိုက်သင့်ပါဘူး။ အမှန်အတိုင်းသိခဲ့ရင် မက်စရာရယ်လို့ မရှိပါဘူး။ လူတွေက အိုခြင်းတရားကို အရွယ် နဲ့ဖုံးထားကြတယ်။ ငါ မအိုသေးဘူးလို့ပဲ မှတ်ကြတယ်။ အချိန်နဲ့အမျှ အိုနေတာ မသိလို့ပါ။ နာခြင်းတရားကို ဆေးဝါးဓာတ် စာနဲ့ ဖုံးထားကြတယ်။ အမြဲတမ်းဖောက်ပြန်ပျက်စီးနေတာ မသိလို့ပါ။ သေခြင်းတရားကို မသေနိုင်သေးဘူးဆိုတဲ့ အထင် တွေနဲ့ ဖုံးထားကြတယ်။ ဘယ်အချိန်မဆို သေနိုင်တယ်လို့ကို ထင်မထားကြလို့ပါ။

ရိုးရိုးသားသား ၀န်ခံကြည့်လိုက်ပါ။ တစ်နေ့ကို အနည်းဆုံးတစ်ခါလောက် လှိုက်လှိုက်လှဲလှဲ ရင်ထဲကထွက်ကျလာတဲ့ စကားတွေကို ကိုယ့်နားနဲ့ ကြားအောင် နားထောင်ကြည့်ပေးပါ။ ငါ .. အိုနေပါလား၊ ငါ … နာနေပါလား။ ငါ .. သေမှာပါ လား။ အိုသူကမွေး အိုသွေးပါလား ငါ့ခန္ဓာ မှန်စွာအိုရမှာပါလား။ နာသူကမွေး နာသွေးပါလား ငါ့ခန္ဓာ မှန်စွာနာရမှာပါလား။ သေသူကမွေး သေသွေးပါလာ ငါ့ခန္ဓာ မှန်စွာသေရမှာပါလား …… စသဖြင့် နှလုံးသားတံခါးမှ ဉာဏ်နားရောက်အောင် လျှောက်ကြည့်ပါလား။ ရိုးသားတာဟာ သီလလို့ ဆရာတော်ကြီးတွေ အမိန့်ရှိတာ ကြားဖူးတယ်။ ဟုတ်တယ်။ တို့တွေ ကိုယ့်ကိုယ်ကို မလိမ်မညာပဲ ရိုးရိုးသားသား မြင်အောင်ကြည့်နိုင်ရင် ဘယ်လောက်ကောင်းမလဲ။

ဆရာကြီး ဦးဘဂျမ်းကတော့ ကျွန်တော်တို့တွေ မလိမ်မညာပဲ ပွင့်ပွင့်လင်းလင်းပြောဆိုရင် တစ်ဦးနဲ့တစ်ဦး သတ်ကြ ဖြတ်ကြလို့ မသာချရတဲ့အလုပ်နဲ့ အချိန်ကုန်လိမ့်မယ်လို့ဆိုပါတယ်။ ကျွန်တော်ကတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မလိမ် မညာပဲ ပွင့်ပွင့်လင်းလင်း မာယာတွေကင်းစွာနဲ့ ဆက်ဆံကြမယ်ဆိုရင် မသာချခံရတဲ့ဘ၀၊ မသာဖြစ်ရတဲ့ဘ၀၊ သေရတဲ့ဘ၀နဲ့ ဘယ်တော့မှ ကြုံမှာမဟုတ်ဘူးလို့ ခံစားနားလည်မိပါတယ်။

အိုခြင်းလည်းကင်း၊ နာခြင်းလည်းကွာ၊ သေရွာမလား၊ နိဗ္ဗာန်သွားနိုင်သူများ ဖြစ်ကြပါစေ။

သုခရိပ်

မှတ်ချက်။ ။ ဒီပို့စ်က ကျွန်တော်ရေးထားတာ မဟုတ်ပါဘူးခင်ဗျာ။ ထေရ၀ါဒ လူငယ်များ အသင်းဆိုက်ဒ်က အစ်ကိုကြီး သုခရေးသားတဲ့ ပို့စ်ကောင်းလေးပါဗျာ။ ကျွန်တော် အဲဒီလောက် မတော်ပါဘူးဗျာ။



ဒီခရီးနီးသလား?

Posted by thawzin Monday, December 21, 2009 5 comments




မန္တလေး-ရန်ကုန် အစုန်ရထားကြီး စထွက်တော့မှာ ဖြစ်သဖြင့် ဥဩဆွဲသံနဲ့ အတူ ခရီင်္းသည်များနေရာယူနေကြပါသည် ။ မောင်ဖြူစင်တစ်ယောက် ၀ရုန်းသုံးကား ဆိုက်ကားပေါ်က ဆင်းရင်းအပြေးကလေး အသောနှင်းခဲ့ရတော့၏ ။ စိတ်မှာတော့ ရထားမမှီလိုက်မှာ စိုးရ၏။ ရထားလက်မှတ်ကကြိုဝယ်ထားပြီးသား ဆိုတော့ သူ့အနေနဲ့ ကျန်ရစ်ခဲ့လျှင် ငွေအလကား ဖြုန်းရာ ရောက်လိမ့်မည်။ မန္တလေး- ရန်ကုန်သည် မိုင်ပေါင်း ၄၅၀ လောက်ရှည်လျားသော ခရီးဖြစ်ပါသည်။ ရထားထွက် အချိန် ကွက်တိထွက်လာသောကြောင့် ယခုလို ဖြစ်ရသည်။

ပြီးတော့ မောင်ဖြူစင် upper တန်း ထိုင်ခုံ မစီးဖူး၍ ဒီတခါ မရမကစုထားသော မုန့်ဖိုးဖြင့် လက်မှတ်ဝယ်ထားရသည်။ upper တန်း ဆိုတော့ ခရီးသွားရ သက်တောင့်သက်သာ ရှိမှာပင်။ မောင်ဖြူစင် အတွဲစောင့်ကို လက်မှတ်ပြပြီး အတွဲတွင်းရှိ မိမိထိုင်ခုံ လိုက်ရှာမိတော့သည်။ သူ့အတွက် နေရာလက်မရှိဖြစ်နေသည်။

“ ဟေ့ လူ..... ဟေ့လူ... ဒါကျွန်တော့်ဖြတ်ထားတဲ့ ထိုင်ခုံ ”

“ သြော် ဟုတ်ကဲ့ပါ ”

အောင်မျိုး တစ်ယောက် ယောင်လည်လည် ဖြစ်ရပြန်သည် ။ မိမိမှာလဲ ထိုင်ခုံကို တခြားသူအား ပေးထိုင်လိုက်ရသည်။ ဒါကြောင့် အောင်မျိုး မတ်တပ်ရတော့သည်။ သို့သော် သူ့အနေနဲ့ စိတ်မညစ်ပါ ။ ဒီနေ့သူ လူတစ်ယောက်ကို အကူအညီပေး လိုက်ရသည်လေ ။ ကိုယ်ဝန်ဆောင် အစ်မကြီး တစ်ယောက်ကို သူ့ ခုံဖြင့် ပေးထိုင်းခိုင်းပြီး ကုသိုလ် ပြုလိုက်ရသည် မဟုတ်လား ။ အမျိုးသမီးများ အများစုသည်… မီးဖွားဖို့ အတွက် မိဘ ထံတွင်သာ မီးဖွားလိုကြသည် မဟုတ်လား ။ ယောက်ျားက ရှိနေသော်လည်း မိဘလောက် အားကိုးရမည် မထင်။

ဒါကြောင့် အစ်မကြီး ကြိုတင် ပြင်ဆင်မှု မရှိတဲ့ ဒီခရီးအတွက် ဒုက္ခရောက်သော်လည်း အောင်မျိုးလို့ အသိစိတ်ဓါတ် ကောင်းရှိသူနင့် ကြုံတော့ အဆင်ပြေသွားပြန်သည်။ အောင်မျိုးကို ထိုင်ခုံဖိုး ပေးသော်လည်း လက်မခံခဲ့ပါ။ သူ ဒါနပြုကြောင်း ပြော၍ အားလုံး အဆင်ပြေသွားခဲ့သည်။

ဒါတွေအားလုံးကို သိနေသူကတော့ အတွဲစောင့် ဦးမောင်လေး ။ အစကတော့ အောင်မျိုးကို ကြည့်နေသည်။ ထိုင်ခုံမပါပဲ တတ်စီးသည့် အထင်ဖြင့်….။ သို့သော် အောင်မျိုး၏ စိတ်ဓါတ်လေး သဘောကျသဖြင့် ပဲခူးမှ ကြားဖြတ်စီးမည့် ခရီးသည် ထိုင်ခုံများကို အောင်မျိုး အား ထိုင်ခွင့်ပြုလိုက်၍ အောင်မျိုး အဆင်ပြေသွားသည်။

အဆင်မပြေဖြစ်နေတာက မောင်ဖြူစင်…….. တစ်ယောက်တည်း ပတ်လည်ရိုက်နေသည်။ ရန်ကုန်မှာ တည်းရမည့် အိမ်လိပ်စာကဒ် မေ့နေခြင်းပင်။ ဒါကြောင့် သူမှာ ပါလာတဲ့ အထုတ်တွေ အကုန်ဖွင့်ရှာနေလေ တော့သည်။ သူမှာ ပါလာသည်က ထိုင်ခုံလက်မှတ်နှင့် အလွယ်ထည့်လာသည် ပိုက်ဆံလေး အနည်းငယ်သာ…။

ဇတ်ကြောင်းလေးက ဒီလောက်ပါပဲဗျာ…. ။ ဘာကို အဓိကပြာချင်သလဲ လို့ ဆိုရင်..။ အားလုံးသော လူသား တွေက ခရီးသွားနေကြတယ် ဆိုရင် မမှားပါဘူးနော်..။ ခရီးတစ်ခု သွားဖို့ ကြိုတင်ပြင်ဆင်သူတွေ ရှိသလို အရေးတကြီး ကိစ္စမျိုးစုံနဲ့ လူတွေ လှုပ်ရှား သွားလာနေကြရတာပါ။ ပြင်ဆင်သူတွေ အတွက် ပြင်ဆင်မှု အကျိုးသက်ရောက်မှု ရှိကြပါတယ်။

သံသရာခရီးသွားတစ်ယောက်အတွက် ကိုပိုင်ဆိုင်သောနေရာ၊ ဥစ္စာပစ္စည်းတို့နှင့် သွားရလာရ ခရီးဆက်ရမည်သာ။ ပစ္စည်းအစုံအလင်ပါသူအတွက် သူများအတွက် လိုအပ်တာကူညီနိုင်သလို၊ မိမိလဲ စိတ်ချမ်းသာစွာ ခရီးဆက်ရမည်သာ။ မန္တလေး-ရန်ကုန်ခရီးစဉ်တစ်ခုမှာ ခရီးသည်တိုင်းကိုယ်စီ ကိုယ်ပိုင်ထိုင်ခုံအသီးသီး ပိုင်ဆိုင်နိုင်ကြပါတယ်။ စတင်ထွက်လာသည် ရထားကြီးနဲ့အတူ ပိုင်ဆိုင်တဲ့ နေရာ၊ ထိုင်ခုံသည်လဲ အချိန်နှင့်အမျှ ကုန်ဆုံးသွားကြသည်။

မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ကျောက်ဆည်ဆိုက်သော ရထားပေါ်မှ ခရီးသည်များသည် မိမိပိုင်ဆိုင်ထားတဲ့ ထိုင်ခုံဟာ မိုင် ၅၀ ပိုင်ဆိုင်မှု ကုန်ဆုံးသွားသည်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားသလို ရယူလိုက်ခြင်း၊ ထပ်မံပိုင်ဆိုင်လိုက်ရခြင်းတွေ အသီးသီးရရှိကြပါတယ်။ ကောင်းမှုများ ရှိသလို၊ မကောင်းမှုတွေလဲ ရှိကြမှာပါပဲ။ ကောင်းမှုများ အမှန်တကယ် အလိုရှိလျှင် ကောင်းသော ပေးစွန့်ခြင်း(ပရဟိတ) ရှိရမည်။

“ပေးကမ်းခြင်း” ဟူသည် မိမိက သူတစ်ပါးအား ပေးလိုက်ရခြင်းဖြစ်သည်။ မိမိကပေးမှာ ဖြစ်တဲ့အတွက် မိမိမှာ ဦးစွာ အရင်ရှိရမည်။ အတ္တဟိတသည် မိမိအကျိုးဖြစ်သည်။ မိမိအရင်ရှိမှ သူများကို ပေးလိုရမည်။ သူများကို ပေးခြင်လျင် မိမိအရင်ရအောင် ယူရမည်။ မြတ်စွာဘုရားသည် သတ္တ၀ါတွေကို ကယ်တင်လမ်းညွှန်ပေးချင်သည့် ကြီးမားသော မဟာဂရုဏာကြီးမားစွာ ဖြစ်မိသည်။ သတ္တ၀ါတွေ ကယ်တင်နိုင်ရန် သဗ္ဗေညုတဉာဏ်တော် ပိုင်ဆိုင်နိုင်မှ ဖြစ်မည် ဆိုတဲ့ အသိကို ဒိပင်္ကာရာ မြတ်စွာဘုရားကို ဖူးတွေ့ချိန်မှာ သိရှိခဲ့သည်။

သတ္တ၀ါကယ်တင်ချင်သော ပရဟိတစိတ်ကြောင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီ(၁၀)ပါး ပင်ပန်းဆင်းရဲစွာ ကျင့်ကြံဖြည့်ဆည်းခဲ့သည်။ တကယ်ဆိုလျှင် သုမေဓါ အရှင်ရသေ့ဘ၀၌မှာပင် မြတ်နိဗ္ဗာန် စံမြန်းနိုင်သော ပါရမီရှိခဲ့ပါသည်။ သို့သော် တစ်ယောက်တည်း မသွားလို, သတ္တ၀ါတွေကို ကယ်တင်လိုသော ကြီးမားသော မေတ္တာစိတ်ကြောင့် ကမ္ဘာပေါင်းများစွာ ဖြည့်ကျင့်ခဲ့သည်မှာ အလွန်ပင် ကြည်ညိုလေးစား မြတ်နိုးစရာ ကောင်းလွန်းလှပါသည်။ မြတ်စွာဘုရားရဲ့ သတ္တ၀ါတွေအပေါ်ထားရှိသော မေတ္တာတရားသည် ချီးကျူးဖော်ပြ မဆုံးနိုင်အောင် ကြီးမားလွန်းလှပါသည်။

ကျွန်တော်တို့ သံသရာခရီးမှာဖြင့် မန္တလေး-ရန်ကုန် ရထားခရီးစဉ်လို ပြင်ဆင်မှုမရှိလဲ လိုရာခရီးရောက်ဖို့ရန် မလွယ်ကူပါ။ ကြိုတင်ပြင်ဆင်မှု မရှိသော သံသရာခရီးမှာ ဘယ်လောက်ဆင်းရဲပင်ပန်းလိုက်မည်နည်း။ ဖြတ်သန်းသွားလာနေချိန်မှာလဲ ပူပင်ကြောင်းကြရသည်။ စစ်မှန်သော ပန်းတိုင်ရောက်ရန်လဲ လိုအပ်သည်။ ကြိုတင်ပြင်ဆင်မှု မရှိသော ခရီးသည်အတွက် ခရီးရောက်ဖို့ ခဲယဉ်းသလို လွဲမှားတဲ့ ပန်းတိုင်းခရီးလဲ ရောက်နိုင်ပါသည်။ ကြိုတင်ပြင်ဆင်နိုင်သော ခရီးတစ်ခုဖြစ်ရန်မှာ မိမိကိုယ်တိုင်သာဖြစ်သည်။ ဒါကြောင့် မြတ်စွာဘုရားက “အတ္တာဟိ၊ အတ္တနော နာထော” မိမိသည်သာ အားကိုးရာတည်း။ဒါကြောင့် မိမိတို့ ခရီးစဉ်တစ်လျောက်မှာ ပရဟိတ၎င်း၊ အတ္တဟိတသည်၎င်း ပြည့်စုံနိုင်ကြပါစေ။ ဒါကြောင့် မေးလိုက်ချင်ပါသည် “သင်သွားသော ခရီးနီးပါသလား၊ သင်ခရီးက စစ်မှန်ပါရဲ့လား၊ ပြီးပြည့်စုံအောင် ပြင်ဆင်ပြီးကြပြီးလား?” ။

အများအကျိုးဆောင်လို့ ကိုယ့်အကျိုးလည်း အောင်နိုင်ကြပါစေ။

တစ်ကျပ်ပေးလှူချင်က မိမိမှာ အနည်းဆုံး တစ်ကျပ်ရှိရမည်။ မေတ္တာပေးလိုပါက မိမိမှာ ပေးနိုင်သော မေတ္တာတရားရှိရမည်။ မရှိသော ဥစ္စာဖြင့် မဖြစ်နိုင်သော ပရဟိတဟူသည် ရေပေါ်အရုပ်ရေးနေကြသော လုပ်ရပ်ဖြစ်မည်။ ရည်ရွယ်ချက်လောက်နဲ့ မတင်းတိမ်းကြပါနဲ့၊ ရည်မှန်းချက်များနဲ့ ပြီးပြည့်စုံနိုင်ကြပါစေ။

ရည်မှန်းချက်။ ။ ငါဒီပန်းတိုင်းကို ရောက်ကိုရောက်ရမည်။

ရည်ရွယ်ချက်။ ။ ငါဒီပန်းတိုင်ကို ရောက်ရန်။

မှတ်ချက်။ ။ သီတဂူဆရာတော်ဘုရားကြီး၏ တရားတစ်ပုဒ်မှ ဟောကြားလိုက်သော ဥပမာလေး တစ်ခုကို ၀တ္ထုအဖြစ် ရေးသားဖော်ပြမိပါသည်။

ကျွန်တော်တို့ ဘာသာရေး ဆွေးနွေးပွဲကို အပတ်စဉ် စနေနေ့တိုင်း ကျွန်တော်တို့ကျောင်းမှာ ပြုလုပ်ကြပါတယ်။ကျန်တဲ့ ရက်များမှာတော့ ညပိုင်း ၁၁နာရီမှစ၍ စုပေါင်း ဘုရား ၀တ်ပြုပြီးတော့ တရား တစ်ပုဒ်နာယူကြပါတယ်။ တရားဟောပြောပွဲလိုပြောလိုက်ရင် တော်တော်ကြီးကျယ်နိုင်လွန်းပါတယ်။ ကျွန်တော်တို့ဆိုတာက ပုထုဇဉ်လူသားတွေဖြစ်တာရယ်၊ လူဝတ်ကြောင်တွေဖြစ်တာရယ်၊ ပြီးတော့ စာပေကျမ်းဂန်တွေကိုလဲ ဆည်းပူးခဲ့တာမဟုတ်တော့ ဟောပြောခြင်းဆိုတာထက် ဆွေးနွေးခြင်း နှီးနှောဖလှယ်ခြင်း လိုပြောမှ သင့်တော်မှာပါ။
အခုလို ခေတ်မှီတိုးတတ်နေသော ကာလရေစီးကြောင်းအရ လူငယ်တွေ ဘာသာရေးနဲ့ ပိုပိုဝေးသွားတယ်လို့ ကျွန်တော်ယူဆမိတယ်ဗျာ။ ဒါဟာ တကယ်မကောင်းခြင်း လက္ခဏာအကြီးစားပဲ၊ လူတစ်ယောက်မှာ ဘာသာရေး အသိစိတ်လေး မရှိတော့ရင် လုပ်ချင်တာလုပ်ဖို့အတွက် ငါးဆယ်ရာခိုင်နှုန်းက ပါနေပြီး၊ ဘာတွေလုပ်ချင်လဲဆိုရင် မကောင်းမှုတွေပဲ လုပ်ချင်ကြပါတယ်။ ကျွန်တော် ဘ၀ကို ပြန်စဉ်းစားကြည့်တယ်၊ “ကုသိုလ်နဲ့ အကုသိုလ် ဘယ်ဟာများလဲ” ဆိုပြီးတော့ပေါ့။

ဘာလိုအဲလိုစဉ်းစားလဲဆိုရင် စိတ်တစ်ခုမှာ (ကုသိုလ်နဲ့ အကုသိုလ်) အဲဒီနှစ်ခုပဲ ပြောင်းလဲဖြစ်ပေါ်နေတယ်လို့ မှတ်သားဖူးပါတယ်။ အဲလိုလဲသိလိုက်ရော အကုသိုလ်က သက်တမ်းနဲ့ဆိုရင် ၂၃နှစ်နဲ့ ၁၁-လ၊၂၉-ရက်၊၂၃-နာရီ နီးပါးလောက် ရှိနေပြီး၊ ကုသိုလ်ဆိုတာက နာရီပိုင်းမျှလောက်ပဲရှိဖူးမယ်ထင်ပါတယ်။ ရိုးရိုးငါးစိမ်းသည်မလို ချိန်ခွင်ပေါ်တင်ကြည့်လိုက်စမ်းပါ၊ “ဘယ်ဟာသာမလဲပေါ့” ၊ အဲဒီရလက်ဒ်နဲ့အတူ မိမိရဲ့ ဘ၀ကံကြမ္မာဆိုတာကြီးက ဖြစ်လာမှာဆိုတော့၊ တော်တော်လေး စိတ်ညစ်မိတယ်။

စနေနေ့တိုင်း ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ အထင်ကရပုဂ္ဂိုလ်တစ်ယောက်မှ မပါပါဘူး။ ဒါပေမယ့် ဆွေးနွေးတဲ့သူက တစ်ယောက်တည်းလိုပဲဖြစ်နေတတ်တယ်။ ကျွန်တော်ကတော့ ဆွေးနွေးနိုင်တဲ့ အဆင့်မရှိပါဘူး။ စီနိယာ အစ်ကိုတွေပဲ အများစု ဆွေးနွေးကြတယ်။ သူတို့ကျတော့ တစ်နေ့တစ်နေ့ ဘာလုပ်လဲဆိုရင် ကျောင်းစာနဲ့ စာအုပ်ဖတ်တဲ့အလုပ်ပဲ လုပ်တယ်။ ပြီးရင် application (photoshop,Flash, website,...) တွေလုပ်နေတာ။ ၀ပ်ဆိုက်ကတော့ စီးပွားရေး ဆိုက်တွေဆို မလုပ်ပေးပါဘူး။ သာသာရေးဆိုက်တွေ၊ ဆရာတော်ကြီးများအတွက် ၀ပ်ဆိုက်တွေကို Joomla နဲပဲ လုပ်တာပါ။ ကိုယ်တိုင်တော့ ဖန်တီးနိုင်လောက်တဲ့ အဆင့်တော့ တတ်ကြဘူး။

ဒါပဲလုပ်နေတော့ သူတို့မှာ ကျွန်တော်တို့အထက် ဘာသာရေး ဗဟုသုတအများကြီးရှိတယ်။ ဒါကြောင့် သူတို့ဆွေးနွေးကြတဲ့ ဘာသာရေးဆိုင်ရာလေးတွေ မှတ်သား နာယူနေမြဲပါပဲ။ အဲလို နာယူမှတ်သားခဲ့တဲ့ အထဲက အခု ကျွန်တော် နှစ်သက်တာလေးတွေ ချရေးချင်တာ၊ မျှဝေပေးချင်တာပါဗျာ။

-“ဖြစ်သလိုပြောတက်တဲ့ ပါးစပ်နဲ့ ဖြစ်သလို မစားတက်တဲ့ ပါးစပ်” အဲဒီ ပါးစပ်(၂)ခုကို တည့်အောင် သုံးပြုတတ်မယ်ဆိုရင် တရားရနိုင်တယ်။“ ဖြစ်သလိုမပြောဘဲနဲ့ ဖြစ်သလိုစားတက်မယ်ဆိုရင်
-“ကိုယ့်အကျိုး မထိခိုက်တဲ့ သူတစ်ပါး အကျိုးသယ်ပိုးရမယ်” ဆိုတာ အကုသိုလ် အလုပ်တွေ မလုပ်မိဖို့။
-“သူတစ်ပါးအကျိုး မထိခိုက်တဲ့ ကိုယ့်အကျိုးသယ်ပိုးရမယ်” ဆိုတာက ကုသိုလ်အလုပ်တွေ လုပ်နေဖို့ပါ။
-“ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ်လိုပြည့်စုံနေမှာ ၀န်တိုတဲ့စိတ်တွေ လွှမ်းမိုးနေတဲ့သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်း ကောင်ပါပဲ”။
-“အကုသိုလ်တွေ လုပ်တိုင်းဖြစ်နေတာ ကံဆိုးနေတာပါ” (အရှင်ဇ၀န)၊ အကုသိုလ် အကျိုးပေး မသန်ပါစေနဲ့၊ ကုသိုလ် အကျိုးပေးပဲ သန်ပါစေ၊ အကုသိုလ်ရှိရာ အကုသိုလ်လာ( မစင်ရှိရာ ယင်ကောင်လာ)။
-“သူတစ်ပါး မှားတာကို သည်းမခံနိုင်ရင် မိမိအမှား ဖြစ်သွားတတ်တယ်၊ သည်းခံလိုက်ခြင်းဖြင့် တစ်ပါးသူရဲ့ အမှားကို ပြင်ဆင်နိုင်ပါတယ်
-“မသိသေးတာကို သိတာက ဉာဏ်၊ သိပြီးသားကို ထပ်သိပေးနေတာက သတိ၊ ဉာဏ်နဲ့ သတိ ဖြစ်အောင် လုပ်နေတာက ၀ီရိယ”။
-“အမြင့်ရောက်လို့ အမြင်ကျယ်တာထက်၊ အမြင်ကျယ်လို့ အမြင့်ရောက်အောင် လုပ်ပါ”(အရှင်ဆေကိန္ဒ)
-“အလိုမပြည့်တဲ့လောဘကို
အလိုပြည့်အောင် စွမ်းဆောင်နိုင်တာက
တင်းတိမ်ရောင့်ရဲခြင်းပါပဲ၊
ကိုယ်ရသင့်တာထက်ပိုလိုချင်တဲ့စိတ်မရှိဘဲ
ကိုယ်ရသင့်သလောက်ရတာနဲ့ပဲ ကျေနပ်ရင်
လောဘဟာ အလိုပြည့်သွားပါတယ်” (အရှင်ဆန္ဒာဓိက)
-ဒီလိုမျိုးလေးတွေ လုပ်နေတာမြင်တော့ တခြား အရပ်သားတွေက ပြောကြတယ်၊ “မင်းတို့ အသက်အရွယ်နဲ့ ဒါမျိုးတွေ လုပ်နေတာ မင်းတို့တွေ တော်ပါတယ်ကွာ”၊ ကျွန်တော်တို့တွေ တော်တယ်ဆိုတော့ တခြားလူတွေက မတော်ဘူးလို့ ဆိုလိုချင်တဲ့ သဘောလဲ ရောက်ပါတယ်။ တကယ်တော့ လူတိုင်းက မဆိုးကြပါဘူး။ လူတိုင်းက အကောင်းတွေပါ၊ ဒါပေမယ့် သူတို့မှာ အရွဲ့တိုက်ချင်တဲ့ အကျင့်လေးတော့ ရှိတယ်

မနေ့ညကတော့ အစ်ကိုတစ်ယောက်က မေးလိုက်တယ်၊ “ကုသိုလ်ဘာကြောင့်လုပ်တာလဲ၊ ပရဟိတတွေ ဘာကြောင့် လုပ်တာလဲ” ဆိုပြိးတော့ ဆွေးနွေးပွဲစလိုက်ပါတယ်။ ကျွန်တော်တို့တွေ ထပြီးဖြေကြတာပေါ့၊ ထင်ရာမြင်ရာတွေပဲပေါ့။
စာဖတ်သူရော ဘယ်လိုဖြေမလဲ သိချင်လိုက်တာနော်၊ ဒီအမေးလေးနဲ့ ဒီပို့စ်လေးကို ခဏနားပါရစေခင်ဗျာ၊
ကြားဖူးနားဝပဲဖြစ်ဖြစ်၊ ထင်ရာမြင်ရာပဲဖြစ်ဖြစ်၊ ဖြေပေးခဲ့ကြပါလို့ တောင်းဆိုရင်း၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

သူမရှိဘူး

Posted by thawzin Tuesday, December 8, 2009 5 comments



သူနဲ့ တွေ့ဆုံခဲ့တာက တကယ်ဆိုရင် ကျွန်တော့်အသက် အနှစ်နှစ်ဆယ်ကျော်မှပါ။ အများလူတွေပြောကြပေမယ့် သူနဲ့ မဆုံခဲ့တော့ သူကို အထင်မကြီးခဲ့မိဘူး။ သူကို ပထမဆုံး ဆုံခဲ့ဖူးတာက အမိကျောင်းတော်ကြီးမှာ။ လက်တွေ့ခန်းမှာ သူနဲ့ ဆုံခဲ့မိဖူးတယ်။ ဒါပေမယ့် စိတ်ထဲမှာ မထားမိပါဘူး။ သာမန် အသိလောက်ပဲ သူကို သိခဲ့မိတာပါ။

အခုတော့သူဟာ ကျွန်တော်ရဲ့ ဘ၀ကို ပိုင်စိုးနိုင်လုနီးပါးဖြစ်ခဲ့ရတယ်။ အခု သူနဲ့ အဆက်အသွယ်ပျက်ခဲ့တော့ ကျွန်တော် မနေနိုင်မထိုင်နိုင်အောင်ပဲ။ လောကကြီးကို အဆက်အသွယ်ဖျတ်ထားတဲ့လူတစ်ယောက်အလား။ အသိဉာဏ်တွေ ကင်းမဲ့သွားသလို ခံစားရတယ်။ သူမရှိတော့ အသက်ရှုနေရတာတောင် အဓိပ္ပါယ်မဲ့သွားသလိုပါပဲဗျာ။ တကယ်တော့ သူဟာ အားလုံးကို အပြုံးလေးနဲ့ ပျော်ရွှင်စွာ ဆီးကြိုတတ်သူပါ။ ဒါကြောင့်လဲ ကျွန်တော် ဒုတိယအကြိမ် ဆုံဖူးကြတဲ့အချိန်က အစအခုလက်ရှိအချိန်ထိ သူဟာ စိုးမိုးနေခဲ့ပါပြီး။

နာရီနဲ့ အချိန်နဲ့မျှ သူအဆက်အသွယ်ရအောင် ကျွန်တော် ကြိုးစားခဲ့တယ်။ သူမရှိတော့ အားလုံးလဲ စိတ်သောက ရောက်ခဲ့ရတယ်။ ကျွန်တော်တင်မကပါဘူး။ ကျွန်တော့်သူငယ်ချင်း အားလုံးကပါ သူ့အကြောင်းအမြဲပြောနေကြတယ်။ “သူနဲ့ အဆက်အသွယ်ရရဲ့လား” နှုတ်ဆိတ်တဲ့ စကားလုံးတွေနဲ့ ကျွန်တော်ဟာ ခေါင်းယမ်းပြနေမိခဲ့တယ်။ ကျွန်တော်လိုပဲ ကျွန်တော့်ရဲ့သူငယ်ချင်း၊ သူနဲ့ ပတ်သက်နေတဲ့သူတွေ အားလုံးက သူလာမယ့်အချိန်ကို စောင့်မျှော်နေရတယ်။ “အမြန်ပြန်လည် ကောင်းလာပါတော့လား” ကျွန်တော် အော်ညည်းမိတယ်ဗျာ။

ကျွန်တော်ပြောနေတဲ့ သူဆိုတာ ခင်ဗျားတို့လဲ သိကြမယ်ထင်ပါတယ်။ သူမရှိတော့ အားလုံးနဲ့ အဆက်အသွယ်မလုပ်မိတော့ဘူး။ ဒါကြောင့် အခုတလော ဘလော့ လောကကနေ ငြိမ်သက်နေရတယ်။ အားလုံးရဲ့ အိမ်တွေမှာ ပို့စ်အကြွေးတွေ တင်နေတာ သူ့ကြောင့်ပေါ့ဗျာ။ သူမရှိတော့ ကျွန်တော်လဲ လာလည်လို့အဆင်မပြေတော့ဘူး။

အခု ရက်ပိုင်းဖြစ်ဖြစ်၊ လပိုင်းဖြစ်ဖြစ် အင်တာနက် ကွန်ယက် ပျက်နေမှာတဲ့ဗျာ။ ဒါကြောင့် ကျွန်တော်ရဲ့ ဘလော့ကိုကို မမများဆီသို့ အလည်မရောက်ကြောင်း ဒီပို့စ်လေးနဲ့ တောင်းပန်အပ်ပါတယ်ခင်ဗျာ။

အရက်လောကဟာသများ

Posted by thawzin Thursday, December 3, 2009 5 comments



အမြင်


တရားသူကြီးရှေ့မှောက်သို့ အိုင်းရစ်အမျိုးသားတစ်ယောက်ကို ခေါ်ဆောင်လာခဲ့၏။
“မင်းဘာကြောင့် အလွန်အကျွံသောက်တာလဲ”
“ရထားပေါ်မှာ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ တွေ့ခဲ့လိုပါဗျာ၊ သူတို့က အရက်မသောက်ကြတဲ့ လူလေးယောက်ပါ”
“ဟ မင်းတွေ့ခဲ့တာ လူကောင်းတွေပဲလေကွာ”
“ကျွန်တော်တော့ အဲလို မထင်ပါဘူး။ သူတို့မသောက်လို့ ၀ီစကီတစ်လုံးကို ကျွန်တော် တစ်ယောက်တည်း ကုန်အောင် သောက်လိုက်ရတာလေဗျာ”

မင်းကဘယ်လိုလဲ
ပင်လယ်ထဲကျသွားသူ။ ။“ကယ်ကြပါဦး... ကယ်ကြပါဦး၊ ကျုပ် ရေမကူးတတ်ဘူး”
ကုန်းပေါ်က အမူးသမား၊ ။“ဘယ်လိုလဲကွ၊ ငါဆို တယော မထိုးတတ်ပါဘူးကွာ၊ ဒါပေမယ့် မင်းလိုတော့ အော်ဟစ်ပြီး ကြော်ငြာ မောင်းခတ်မနေဘူးဟေ့”


မသောက်သူတွေကြောင့်

ဘားကောင်တာကို မှီပြီး လူနှစ်ယောက် အလေးအနက် ဆွေးနွေးနေကြ၏။
“ယာဉ်တိုက်မှု ၁၀ ရာခိုင်နှုန်းဟာ အရက်သောက်ပြီး မောင်းကြတဲ့ ဒရိုက်ဘာတွေကြောင့် လို့ဆိုတယ်မဟုတ်လား”
သည်တော့ သောက်ဖော်က-
“ဒါဟာ ယာဉ်တိုက်မှု ၉၀ ရာခိုင်နှုန်းဟာ အရက်မသောက်သူတွေကြောင့် ဖြစ်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဗျ” ဟု ကောက်ချတ်ချလိုကတော့ ဟူ၏”

ကျုပ်- နှစ်ယောက်
အရက်မူးနေသူတစ်ယောက်သည် သူ့အိမ်ကို ဒယီးဒယိုင် ပြန်လာခဲ့သည်။ သူ့ကို ဆိုင်မှာ တွေ့သူတစ်ယောက် အိမ်အထိလိုက်ပို့ပေး၏။
အိမ်ပြန်အရောက်မှာ အမူးသမားက ခပ်ကြွားကြွားပြောနေလေသည်။
“ဟောဒါ ကျုပ်အိမ်လေ”
“ဟို မီးပန်းဆိုင်းကြီး၊ မြင်ရဲ့မဟုတ်လားဗျ။ အဲဒါ ကျုပ်ဟာပဲပေါ့”
“ဒါက ကျုပ်စန္ဒယား၊ ဟောဟိုမှာ ဗွီဒီယို၊ ကျုပ်ပိုင်တာပဲ”
“အဲ..ကြည့်လိုက်ဦး၊ အဲဒီကုတင်ပေါ်မျာ ချစ်စရာသိပ်ကောင်းတဲ့ အမျိုးသမီး၊ ဟဲဟဲ.. ကျုပ်မိန်းမလေ၊ အဲ...အဲ... သူနဲ့ အိပ်နေတာ...၊ အို... အဲဒါလဲ ကျုပ်ပဲ၊ ကျုပ်ပဲ” ဟူသတည်း။

နောက်ဆုံးကျမှ
ယောက်ျားဖြစ်သူသည် အိပ်ရာနိုးသည်တွင် ခေါင်းတစ်ခုလုံး အုံနေ၊ ကိုက်ခဲနေသဖြင့် တညည်းညည်းတညူညူ ဖြစ်နေ၏။ ထိုအခါ မိန်းမက “ အဲဒီဒဏ်ကို မခံနိုင်ရင် ဘာကြောင့် အစက မူးအောင်သောက်ရတာလဲ” ဟု အပြစ် တင်လိုက်၏။ သည်အခါ ယောက်ျားက “အစက မမူးဘူးဟေ့၊ နောက်ဆုံးကျမှ မူးတာ” ဟု ပြန်ပက်လေသည်။

အံ့ရောဗျာ
ဘင် နှင့် မစ်ကီ အရက်ဆိုင်ထဲမှာ ထိုင်၍ ၆နာရီ သတင်းကို ကြည့်နေကြသည်။ သတင်းကြေညာနေစဉ် “ဘရုကင်း တံတားကြီး” ပေါ်မှာ ခုန်ချတော့မည် လူတစ်ယောက် တံတားပေါ်မှာ ရပ်နေပုံ ပေါ်လာသည်။
“လောင်းမယ်ဗျာ၊ ဒီမှာ ဘက်၂၀၊ အဲဒီလူ ခုန်မချဘူးဗျာ..” ဟု ဘင်က ပြောလိုက်၏။
“ကောင်းပြီး၊ လောင်းတယ်” ဟု မစ်ကီက လက်ခံလိုက်သည်။
ထိုလူသည် တံတားကြီးပေါ်မှာ စက္ကန့်၂၀လောက် ငြိမ်ရပ်နေရာမှာ ရုတ်တရက် တစ်ချက်ခုန်လိုက်ပြီး တံတားပေါ်မှ ရေထဲသို့ ထိုးစိုက်ချလိုက်၏။
“ခင်ဗျား နိုင်သွားပြီး၊ ရော့ ဘတ်၂၀”
ဘင်ကပြောရင် လောင်းကြေးငွေကို ထိုးပေးလိုက်သည်။ သည်တော မစ်ကီက...
“မင်းငွေကို ငါမယူပါဘူး။ ဒီလူ ခုန်ချမယ်ဆိုတာ ငါသိထားတယ်ကွ၊ စောစောကတည်းက ဒီသတင်းကို ငါကြည့်ခဲ့ရတယ်လေ” အမှန်တိုင်းပြောလေသည်။
သည်အခါ ဘင်က...
“ကျွန်တော်လဲ ဒီသတင်းကို စောစောက ကြည့်ပြီးသားပါပဲဗျာ၊ ဒါပေမယ့် ဒီလူ ဒုတိယအကြိမ် ပြန်ခုန်ချမယ်လို့ လုံးလုံး မထင်မိဘူး”တဲ့။

အရက်နှင့် အလှ
“အရက်သောက်ထားတော့ မောင်က ပိုချောနေသလိုပဲ”
“ဟာ မောင်မသောက်ပါဘူး”
“ကျွန်မသောက်ထားတယ်လေ... မောင်ရဲ့”



အိပ်မက်လိုလိုနဲ့ လန့်နိုးခဲ့ရသော ညပေါင်းလဲများခဲ့ပါပြီး။ တိတ်ဆိတ်လှတဲ့ ညတွေလဲ ရှည်လျားသလိုဖြစ်ခဲ့ရပြီး။ အထိတ်တလန့် လန့်နိုးတတ်တဲ့ ညတွေမှာဆိုရင် ပြတင်းပေါက်ဝက ၀ါးပင်ရဲ့ လေယူရာ ယိမ်းနွဲ့နေပုံက ငါ့ကို ကြောက်မက်ဖွယ် လက်ယက်ခေါ်သလိုပဲ။ အဲလိုညတွေဆို မင်းဓါတ်ပုံလေးကို ခိုးခိုးနမ်းနေရင်းနဲ့ ရင်ထဲက ထိန်လန့်စိတ်ကို ပြေစေခဲ့တယ်။

နွမ်းလွန်းလှတဲ့ စာအိပ်ဟောင်းထဲမှာ မဟောင်းနွမ်းခဲ့တဲ့ သံယောဇဉ်တွေ ရှင်သန်နေဆဲပါ။ မိုင်ထောင်ချီပြေးနေရတဲ့ အပြေးသမားလို ကြိုဆိုတဲ့ ပန်းတိုင်းရှိရင် ကောင်းသားနော်။ အချိန်နဲ့မျှ သတိရမှုတွေက တိုတောင်းလွန်းတဲ့ မျှော်လင့်ချက်ကို မက်မက်မောမော တမ်းတနေတုန်း။ ကုစားသွားမယ့် အချိန်ကာလဆိုတာလဲ ကမ်းရောက်လာခဲ့တဲ့ လှိုင်းလုံးတွေကို မြုပ်ချီပျောက်ကွယ်သွားခဲ့တယ်ထင်တယ်။

ငါ့ဘ၀က ၀တ်ရည်မဲ့လွန်းတဲ့ပန်းတစ်ပွင့်ကို အငမ်းမရ စုပ်ယူနေမိတဲ့ ပျားပုတုန်းလေးလို အသက်မဲ့လုနီးပါပဲ။ မငိုပါနဲ့ မိန်းကလေးရယ်။ ဘ၀မခြားသေးသမျှတော့ ဆုံတွေ့မှုဆိုတာကို ပျောက်ကွယ်မသွားနိုင်ပါဘူး။ ငါရဲ့ယုံကြည်မှုတွေက ကောင်ကင်ပြာလို တည်ကြည်တယ်, မိုးတိမ်တွေလို သက်ဝင်နေမှာပဲ။ အရောင်တွေပြောင်းတတ်တဲ့ တိမ်တွေလို၊ ကွေ့ကောက်လွန်းလှတဲ့ ပေတရာ လမ်းမကြီးတွေလို့ သံသယဆိုတာတွေက ဘယ်တော့မှ ရှိနေမှာ မဟုတ်ပါဘူး။

မြူတွေရှင်းတဲ့ လပြည့်ညမှာ သာနေသောလမင်းလို မင်းအတွက်တော့ ကြည်လင်စိတ်ထား, ဖော်ရွေစွာ ပြုံးပြနှုတ်ဆက်နေအုံးမှာ။ စီးဆင်းမြဲတောင်ကျ ချောင်းရေလေးဟာ အမြဲတမ်းပဲ အေးမြသန့်စင်နေသလိုပဲ၊ ကိုယ်တို့နှစ်ယောက်ရဲ့ ထားရှိကြတဲ့ ချစ်ခြင်းတွေကလဲ နားလည်မှုနဲ့အတူ ထာဝစဉ် ရှင်းသန့်နေအုံးမှာပါကွာ။

နှင်းစက်တို့ ကျတတ်တဲ့ မနက်ခင်းတိုင်း ကိုယ်စောစော အိပ်ယာထတတ်တယ်။ ဒီနှင်းစက်လေးတွေလို ကြည်လင်အေးချမ်းတဲ့ မင်းမျက်နှာကို မြင်ရောင်ရင်းနဲ့ပေါ့။ နေရောင်ခြည်တတ်လာတဲ့အခိုက် နှင်းစက်လေးတွေ ပျော်ဝင်သွားသလိုပဲ မင်းရဲ့ ကြင်နာသော နွေးထွေးတဲ့ စကားလုံးတွေကြားမှာ ကိုယ့်ရဲ့ နာကျင်မှု ဝေဒနာအလွမ်းတွေ ပျော်ဝင်ပျောက်ကွယ်သွားကြတာပါပဲကလေးရေ...။

မိုးတွေသည်းထန်စွာ ရွာသွန်းတတ်တဲ့ ရာသီဥတုမှာ ထီးတစ်လက်တည်း အတူဆောင်းခဲ့ရတဲ့ ကျောင်းဆင်းချိန်လေးကို သတိရမိတယ်။ အခန်းရဲ့ စားပွဲတစ်လုံးလေးပေါ်မှာ မင်းသုံးတတ်တဲ့ ရေမွှေးလေးက မင်းရဲ့ ကိုယ်သင်းရနံကို ဆောင်ကြဉ်းပေးနေတော့ တစ်ကိုယ်ခန်း အခန်းကျဉ်းမှာလဲ ကိုယ်တစ်ယောက်တည်း အထီးကျန်နေမှာ မဟုတ်ဘူး။

မိုးဖွဲလေးတွေ တခါတရံကျတတ်တဲ့ ဆောင်းက တခါတရံ အရောင်စုံတဲ့ သက်တံလေးတွေကို ၀ိုင်းစက်တဲ့ ၀န်းပိုင်းတစ်ခုကို ရေးဆွဲပေးတတ်တယ်။ အဲဒီလိုသက်တံလေးတွေ ကြည့်ပြီး အရောင်တွေခွဲရင်း အငြင်းပွားခဲ့တာလေးက အခုဆို ပြန်တွေးကြည့်ရင်း အပြုံးလေးတွေ ပေးတတ်အောင် သင်ပေးခဲ့တဲ့ ကိုယ်တို့ရဲ့ အတိတ်လေးကို ချစ်တယ်။ ကြာခဲ့ပါပြီးဆိုတဲ့ အတိတ်က ခြေရာတွေက ပြန်တွေးမိလိုက်တဲ့အခါတိုင်း အခေါက်ခေါက် လျောက်ခဲ့ရသလို အသစ်သစ်တွေ ထပ်နေတုန်းပဲကွာ။

့ပြီးတော့လေ... မင်းကိုလွမ်းရင် တရားတော်တွေကို နာယူနေတက်တယ်။ ထာဝဇဉ်မေ့ပျောက်ဖို့ ကြိုးစားနေတာ မဟုတ်တော့ နာယူနေတဲ့အခိုက်မှာ အရာရာအားလုံးက မြေပြန့်မှာ သည်းထန်စွာရွာတဲ့နေတဲ့မိုး စဲသွားပြီးရင် မြင့်ရာနိုမ့်ရာစီးလာတဲ့ မိုးရေလေးတွေကို ငြိမ်သက်စွာ စီးဆင်းရင်းနေရသလို ခံစားမိတယ်။ “အရာရာဟာ မင်းရှိနေရင် ပြည့်စုံနေမှာပဲနော်” လို့ တွေးမိတိုင်း ကြည်နူးမိတယ်ကွာ။

“ဟား...ဟား....... ဘာကြီးလဲ? ဘာတွေရေးထားတာလဲ” ဆိုပြီးတော့ နောက်နဲ့နော်။ တခါတရံမှာ ခံစားချက်လေးတွေလိုလို ဒဿနလိုလို တွေးမိတော့ စာစီမိတာပါ။ ဒီလိုရေးမိသွားရင် ပေါ့ပါးသလိုလို၊ ဟာသွားသလိုလိုရှိတယ် ဆိုတာ သိမှာပါ။

ဇတ်ကားလေး တစ်ကားကြည့်ရင် စာစီမိပါတယ်။ အခုတလော ပေါက်ကရတွေ ရေးဖြစ်နေတယ်ဗျာ။ လာလည်ကြတဲ့ စာဖတ်သူတွေကို ခင်မင်လေးစားပါတယ်။ လာလည်သူ နည်းပေမယ်၊ လာလည်ကြတဲ့ ကျွန်တော့် ဘလော့ သူငယ်ချင်းတွေကို ကျေးဇူးအထူးတင်မိပါတယ်။ ကျေးဇူးများစွာဖြင့်ပါ။

သြော်...ဒါလဲဒုက္ခ

Posted by thawzin Thursday, November 26, 2009 6 comments


ကျွန်တော့် အသက်အရွယ်နှင့်မလိုက်အောင် ဒီတာဝန်ကို ဘယ်သူပေးခဲ့လိုက်တာလဲ? ကျောင်းတက်ခေါ်လောင်သံတောင် ကျွန်တော့်နားထဲ မ၀င်ချင်တော့။
ကျွန်တော့်အတွက် ဒီကျောင်းက ဒီနှစ်မှာ စတက်ရတဲ့နေ့။ အရင်ကဆို ရွာကနေ စက်ဘီးနဲ့ ၁နာရီနင်းရင် ကျောင်းရောက်မယ်ဆိုတာ ကျွန်တော် သိခဲ့ပေမယ့် အခုကျွန်တော် အခက်ကြုံရပြီးလေ။ ကျောင်းချိန်နောက်ကျမှာ စိုးတာကလ ကျွန်တော် စိတ်ထဲရှိနေတော့ ကျောင်းနောက်မကျရအောင် ကျောင်းသွားဖို့ပဲ စိတ်ကူးမိခဲ့တယ်။

အခု ဒီပြဿနာကို ကျွန်တော်နေနဲ့ ဖြေရှင်းဖို့ အခက်ကြုံနေရပြီး။ ကျွန်တော့်မှာ အသိသူငယ်ချင်းကို အကူအညီတောင်းဖို့လဲ မရှိ။ ရှိတဲ့သူငယ်ချင်းကလဲ တခြားခန်းမှာ သင်နေရတာလေ။ ပြီးတော့ ကျွန်တော် နေရတဲ့အခန်းက section E ရဲ့ ရှေ့က section D။

section D ဆိုတာ စာညံ့ကြတဲ့ လူတွေနေကြတယ်လို့ မထင်ပါနဲ့ ကျွန်တော့်အနေနဲ့ ကျောင်းအပ်နောက်ကျလို့သာ ကျွန်တော်ဒီအခန်းမှာ စာသင်ရတာ။ ၅ဘာသာ ဂုဏ်ထူးနဲ့ အောင်မယ့် မိန်းကလေးတွေ အများကြီးဖြစ်လာမယ် ဆိုတာ ကြိုသိကြဖို့ကောင်းတယ်။ ကျွန်တော့် စိတ်ဖိစီးမှုနဲ့မို့ အတန်းပိုင်ဆရာမ ဒေါ်မြင့်သန်းဝင်လာတာကိုတောင် ထပြီး နှုတ်ဆက်ဖို့ နောက်ကျနေမိသေး။ “မင်္ဂလာပါ ဆရာ” ဆိုတဲ့ အသံကြားမှ ကျွန်တော့်ပြဿနာ ခဏထား ကမန်းကတမ်း ထနှုတ်ဆက်ဖို့ ကျွန်တော့်မှာ အတော်အတန်အားယူလိုက်ရသည်။ ယောက်ျားလေး အစွန်ဘက်မှာ ထိုင်နေတော့၊ ဘေးက ကိုယ်သင်းရနံလေးရလိုက်တော့ ငဲ့စောင်းကြည့်မိလိုက်သေး။ အဖြူရောင်အင်္ကျီနှင့် အစိမ်းရောင် လုံခြည်လေး ဆံပင်ဂုက်ဝဲနဲ့ ကောင်မလေးရဲ့ အပြုံးကိုတောင် ကျွန်တော်ပြန်ပြုးံပြဖို့ အင်အားမရှိတော့။ သူမအနေနဲ့ ဒီကျောင်းက ကျောင်းသစ်ထင်ပါတယ်။ မြို့မကျောင်းကနေ ပြောင်းလာကြတဲ့သူတွေဆိုတော့ ဒီလိုပဲ အပေါင်းသင်းဆန့်ရမယ် ဆိုတဲ့အသိတော့ သူမမှာလဲ ရှိမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ တခြားမြို့ကနေ ပြောင်းလာတယ်ဆိုတာ သူမ မသိလောက်ဘူး။ သူမကို အကူအညီတောင်းဖို့လဲ အဆင်မပြေနိုင်လောက်ဘူး။

မထူးပါဘူးလေ။ ဒီကိစ္စကို ထမင်းစားကျောင်းဆင်းမှ သွားဖြေရှင်းဖို့ စဉ်းစားလိုက်မိတယ်။ စာသင်ချိန်တွေ တချိန်ပြီး တချိန်ကုန်ဆုံးဖို့က အရမ်းရှည်လာနေသလို ခံစားနေရတယ်။ ခေါင်းထဲမှာ ကျွန်တော့်အနေနဲ့ ဒီကိစ္စဖြေရှင်းဖို့ပဲ စဉ်းစားနေမိတယ်။ မျှော့်လင်လိုက်ရတဲ့ ထမင်းစား တန်းဆင်းချိန်က ကျွန်တော့်အတွက်တော့ နှစ်ပေါင်း တစ်ရာလောက် စောင့်မျှော်ရသလို ပင်ပန်းလိုက်တာ။ လိမ့်ကျလာတဲ့ ချွေးသီးတွေကို အမေလျှော်ပေးလိုက် လက်ကိုင်ပ၀ါလေးနဲ့ သုတ်တင်လိုက်ရပြန်ပြီး။

ရောက်လာပါပြီး မျှော်လင့်ထားတဲ့ ကျောင်းဆင်းခေါင်းလောင်းသံ။ ဆရာမထွက်ခင် ကျွန်တော် အရင်ဆုံး ပြေးထွက်မိလိုက်သည်။ ကျောင်းဝင်ပေါက်မှာက တံခါးမကြီးကို ဆွဲဖွင့်နေတုန်းပင်။ သူ့အနေနဲ့ စောင့်ကြည့်မနေအား။ ဘေးထွက်တံခါးလေးကပဲ အမြန်ဖျတ်ထွက်လာမိသည်။ တစ်ကျောင်းလုံးမှာ သူပထမဆုံး ကျောင်းအပြင်ထွက်လာမိသည်။ စက်ဘီးနဲ့ မဟုတ်တော့ ခြေလျင်လျောက်ရင် ခပ်သုတ်သုတ်နှင်လာမိတော့သည်။ စက်ဘီးတွေ ကျော်တတ်သွားတာ သိလိုက်မှ ဒီခရီးကပိုရှည်နေသလို ခံစားရမိသည်။ ရောက်ပါပြီး........ တံတိုင်းတွေ ခတ်ထားတဲ့ ဘုန်းကြီးကျောင်း။ တံတိုင်းအတွင်းက ပြောင်းဖူးပင်လေးတွေက ကျွန်တော့်ဒုက္ခကို ကြည့်ပြီး လှောင်ရီနေကြသလို၊ လေပြေတွေ အေးမြလိုက်တာလို့ ထင်မိပေမယ့် ကျွန်တော့်ကို တိုက်ခက်မှုက ကျွန်တော်သွားမယ့် ခရီးကို တားဆီး တွန်းကန်သလိုပဲ။ ဘုန်းကြီး ကျောင်းပေါက်ဝက မုခ်ဦးထိ ကျွန်တော်အနေနဲ့ ဆက်သွားဖို့ အင်အားမရှိတော့။ လွယ်ထားတဲ့ လွယ်အိပ်ကို တံတိုင်းကျော်အောင် ချက်ချင်း ပစ်လွှတ်တင်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို ကျွန်တော် သတိမရ မိတော့။ တံတိုင်းကို လွှားကနဲ့ ခုတ်ကျော်မိလိုက်သည်။ တပြိုင်ထဲ အလုပ် နှစ်လုပ်၊ သုံးလုပ်လောက် လေထဲမှာ လုပ်ချမိလိုက်သည်။ ကံကောင်းတာက လွယ်အိပ်နဲ့ ဝေးသော နေရာမှာ မိမိခုန်ချမိသွားသည်။

ပတ်ဝန်းကျင်ကတော့ ပုံမှန်အတိုင်း လေပြေတိုက်ခက်လို့ ပြောင်းဖူးပင်လေးတွေ ယိမ်းနွဲနေသည်က တစ်ပါး အခြားထူးခြားမှုမရှိပေ။
“ဟူး...............”
သက်ပြင်းအရှည်ကြီး အခုမှ ချမိလိုက်ရင်း၊ သြော် မလွယ်တဲ့ ဒုက္ခပါလား လို့ တွေးမိပါသည်။

အ.ထ.က နွားထိုးကြီး ကျောင်းကနေ အ.ထ.က မြစ်သား ကျောင်းကို စတက်သော ကျောင်းတက်ရက်က ကျွန်တော့် အဖြစ်ပျက်လေး ပြန်စဉ်းစားရင်း ချရေးလိုက်တာပါ။ နွားထိုးကြီးမှာ ၈-တန်းထိ ကျောင်းတတ်ခဲ့ပါတယ်။ မြစ်သားက ပေတောပရဟိတ မိဘမဲ့ကျောင်းထိုင်ဆရာတော် ဦးဉာဏိဿရ က တူတော်မကင်း၊ ဆွေးမျိုးမကင်းသော ကျွန်တော့်ကို မြစ်သားကျောင်းကို လာတက်နိုင်တယ် ပြောထားလို့ ကျောင်းပြောင်းပြီး ကျောင်းဆက်တက်ခဲ့ရပါတယ်။ အဲဒီနှစ်တွေက အိမ်မှာ အစ်ကိုတွေရဲ့ ကျောင်းစရိတ်နဲ့ တော်တော်မချောင်လည်သော ကာလပါပဲ။ မိုးကောင်းရေသောက်မြေဖြစ်တဲ့ ကျွန်တော်တို့ဒေသကတော့ မိုးခေါင်ရင် အကြွေးမကင်းကြဘူးလေ။ ဒီလိုအခြေအနေကြောင့် မိဘမဲ့ကျောင်းက တဆင့် ကျောင်းဆက်တက်ဖို့ ဖြစ်လာခဲ့ရပါတယ်။ ကျောင်းက ပြောင်းလာကာစဆိုတော့ အိမ်သာ ဘယ်နားနေမှန်း မသိတော့၊ ၀မ်းသွားလွယ်တဲ့ ကျွန်တော့်အတွက်တော့ တော်တော် ကြီးမားတဲ့ ဒုက္ခပါပဲ။ ဒါကြောင့်

“သြော်...............ဒါလဲဒုက္ခ” လို့ပြန်လည် ညည်းတွားမိပါကြောင်း တင်ပြမိပါသည်။ ဆယ်တန်းဆိုတာကြီးကို ရိုးရိုးသားသားနဲ့ ရိုးရိုးလေးပဲ အောင်ခဲ့ပါတယ်ခင်ဗျာ။ :P

လေးစားအပ်ပါသော ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းနှင့် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်မောင်မယ်အပေါင်းတို့ခင်ဗျာ...
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်း အနေဖြင့် (၁၈)ကြိမ်မြောက်အဖြစ် အောက်တိုဘာလတွင် လှူဒါန်းမည့်နေရာများကို အဆင့်ဆင့်ငွေပို့ဆောင်မှုတွင် ရက်ကြန့်ကြာခဲ့သောကြောင့် မှတ်တမ်းနှင့်တကွသော ဖော်ပြနိုင်ခြင်း မရှိခဲ့သည့်အတွက် အနူးညွတ်တောင်းပန်အပ်ပါ သည်။ ထိုအလှူအတွက် လှူဒါန်းမှုများ ယခုအချိန်တွင် စတင်လှူဒါန်းနေပြီ ဖြစ်ပါသည်။ မကြာမီ ရက်အနည်းငယ်တွင် မပျက်မကွက် ဆက်လက်ဖော်ပြမည် ဖြစ်ပါသည်ခင်ဗျာ။
အောက်တိုဘာလတွင် ကျောင်းများအလိုက် ကောက်ခံရရှိသော အလှူငွေများမှာ-
No.
Name Amount
1. SMTU 16700 Rubles
2. MEPhI 12483
3. MAI 11690
4. KSTU 9600
5. BMSTU 7490
6. MIET 5233
7. MATI 3300
8. MISA 3200
9. MUCTR 2950
10. MSMU 2700
11. MSTU 1850
12. MIPT 1730
13. MPEI 1140


TOTAL AMOUN 80066 Rubles

ကျောင်းများမှ လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ(၂၅၈၇)ခန့် ရရှိခဲ့ပါသည်။ ထိုငွေများထဲ ဒေါ်လာ၉၀၀ ပေးပို့၍ (၃.၁၀.၂၀၀၉)ရက်၊ သီတင်းကျွတ်လပြည့်နေ့တွင် တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ မြစိမ်းတောင် တောရကျောင်း၌ သက်ကြီးရွယ်အို ပူဇော်ပွဲ ပြုလုပ်ခဲ့ပါသည်။ အနီးနားရွာများမှ သက်ကြီးရွယ်အို (၈၄)ဦး၊ ဆရာတော်နှင့် ယောဂီများအတွက် လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခဲ့ကြပါသည်။
ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

ထို့အပြင် တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များကို အခမဲ့ပညာသင်ကြားပေးလျက်ရှိသော ပျဉ်းမပင် အာယုဒီဃ ပရဟိတပျိုးဥယျာဉ်စာသင်တိုက်၊ မင်္ဂလာ ဒုံမြို့နယ်၊ ရန်ကုန်သို့ (၁၇.၁၀.၂၀၀၉)ရက်နေ့တွင် သွားရောက်၍ ကလေးငယ် (၁၁၀)ဦးအတွက် ကျောင်းစိမ်းဝတ်စုံ (၁)စုံ၊ ခဲတံ(၁) ချောင်း၊ ခဲတံချွန်ဓား(၁)ချောင်း၊ ခဲဖျက်(၁)ခုနှင့် ဗလာ စာအုပ်(၁)အုပ်စီ ထောက်ပံ့လှူဒါန်းခဲ့ပြီး ကိုရင်ငယ် (၃၇)ပါးအတွက် သင်္ကန်း(၁)စုံ၊ ဗလာစာအုပ် (၁)အုပ်နှင့် ဖောင်တိန်(၁)ချောင်းစီ လှူဒါန်းခဲ့ကြပါသည်။ ပိုရှိသော ကျောင်းသုံးပစ္စည်း- ခဲဖျက်၊ ဗလာစာအုပ်၊ ဖောင်တိန် တို့ကို ပညာသင်ကြားရေး တာဝန်ခံဆရာမအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ အပိုဝတ္ထုငွေ နှစ်သောင်းသုံးရာ ငါးဆယ်ကျပ် (၂၀၃၅၀ိ/- ကျပ်)ကို ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဦးအရိယ၀ံသအား ကလေးငယ်များအတွက် လိုအပ်ရာ အသုံးပြု နိုင်ရန် ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဤနေရာတွေ ကြည့်ရှုနိုင်ပါသည်။

အောက်တိုဘာလအတွင်း လစဉ်အလှူတော် အဖြစ်လှူဒါန်းရန် ရည်ရွယ်ခဲ့သော နေရာများကိုလည်း ယခုအချိန်တွင် အလှူငွေများ ပေးပို့ထားပြီး ဖြစ်ပါသည်။ ထိုနေရာများမှာ-

(၁) မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မကြီးချိုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရန် အတွက် အလှူငွေ ၇၀၀၀၀၀ (၇ သိန်း)ကျပ် လှူဒါန်းပါမည်။

(၂) မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မြင်သာထေရ၀ါဒပရိယတ္တိစာသင်တိုက်နှင့် ဘုန်တော်ကြီးသင်ပညာရေးကျောင်း၊ အတွက် အလှူငွေက ၄၀၀၀၀၀ (၄သိန်း)ကျပ် လှူဒါန်းပါမည်။

(၃) ကနီမြို့တွင် ဆောက်လုပ်လျက်ရှိသော ဘုရားကျောင်းဆောင်အတွက် အလှူငွေ ၃၀၀၀၀၀ (၃သိန်း)ကျပ် လှူဒါန်းပါ မည်။

(၄) ဧရာဝတီတိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မန်တလိတ်ကျေးရွာ အတွက် အလှူငွေ ၄၀၀၀၀၀ (၄သိန်း)ကျပ် လှူဒါန်းပါမည်။

(၅) ကျေးလက်ဒေသများသို့ လိုအပ်သော ဆေးစစ်မှုနှင့် ဆေးဝါးများ လှူဒါန်းမှု ပြုလုပ်နိုင်ရန်အတွက် တပ်မတော်ဆေး တက္ကသိုလ်မှ ဗိုလ်ကြီးဇော်ဇော်အောင်ထံသို့ အလှူငွေ ၂၆၀၀၀၀ (၂သိန်း၊ ခြောက်သောင်း)ကျပ် လှူဒါန်းခဲ့ပါသည်။

-------------------------------------------------------------------------------------------------

ယခု (၁၉)ကြိမ်မြောက်အဖြစ် နိုဝင်ဘာလအတွက်လည်း လှူဒါန်းမှုနေရာများ သတ်မှတ်ပြီး အသီးသီးဆက်လက်၍ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းရန် သတ်မှတ်ထားသော နေရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ပရဟိတကျောင်း၊ မျောက်ချောကုန်းကျေးရွာ၊ မြန်အောင်မြို့နယ်။ ဧရာဝတီတိုင်း။

ထိုကျောင်းတွင် လိုအပ်လျက်ရှိသော ရေအိမ်သာအသစ် ဆောက်လုပ်ပေးရန်နှင့် စာသင်နေကြသော ကလေးငယ်များ အတွက် အ၀တ်အထည်နှင့် စာရေးကိရိယာများ လှူဒါန်းပါမည်။

၂။ အာစိဏ္ဏရာမကျောင်းတိုက်၊ မြို့သစ်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်း။

ထိုကျောင်းတိုက် အနီးအနားရွာများမှ လူနာများကို ဆရာတော်မှ ဆရာဝန်များခေါ်၍ ဆေးကုသပေးလျက်ရှိပါသည်။ ထိုအတွက် လိုအပ်သော ဆေးဝါးဝယ်ယူရန် လှူဒါန်းပါမည်။

၃။ တောင်ဖီလာ၊ အမှတ်(၂၁)၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ရွှေမင်းဝံရပ်ကွက်၊ ရွှေတောင်ဦးကျောင်း အနီး၊ စစ်ကိုင်းမြို့။

ထိုကျောင်တွင် ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများအတွက် သောက်သုံးရေ လိုအပ်လျက်ရှိရာ ရေတွင်းတူးရန်အတွက် လိုအပ်သော န၀ကမ္မငွေကို လှူဒါန်းပါမည်။

၎။ ဘုရားကြီးတောရကျောင်း၊ ပန်းခင်းရပ်ကွက်၊ နေပြည်တော်။

ထိုကျောင်းတွင် လိုအပ်လျက်ရှိသော အင်ဂျင်စက်နှင့် လေမှုတ်စက် လှူဒါန်းပါမည်။

အထက်ပါ သတ်မှတ်ထားသော လှူဒါန်းရန်အတွက် နိုဝင်ဘာလတွင် ကျောင်းများအလိုက် ကောက်ခံရရှိသော အလှူငွေများမှာ-

No. Name. Amount.
1. KSTU 11250 Rubles
2. MEPhI 11200
3.
MAI 10970
4. BMSTU 5350
5. MIET 4840
6. BMSTU(kaluga) 4500
7. MUCTR 2878
8. MIPT 2700
9. MATI 2500
10. MISA 2500
11. MPEI 1680
12. MSMU 1600

TOTAL AMOUNT
61968 Rubles

၁။ သန့်စင် = ၁၀၀ ဒေါ်လာ ( MEPhI)

၁။ စိုးစံသူ = ၁၀၀ ဒေါ်လာ (MEPhI)

၂။ ကျော်စွာဝင်း = ၁၀၀ ဒေါ်လာ (MEPhI)

၃။ ရန်နိုင်စိုး = ၁၀၀ ဒေါ်လာ (MIET)

၎။ မနန်းအဲအဲစံ = ၁၀၀၀ ရူဗယ် (ခေတ္တ စင်္ကာပူ)

ကျောင်းများမှ ကောက်ခံရရှိငွေများနှင့် တဦးချင်း ပါဝင်လှူဒါန်းသူများမှ စုစုပေါင်းအလှူငွေ ဒေါ်လာ ၃၀၀၀ိ/ ကို (၁၉)ကြိမ်မြောက် အလှူတော်အဖြစ် ပေးပို့လှူဒါန်းမှာ ဖြစ်ပါသည်။ သို့သော် ထိုငွေများကို ယခုအချိန်ထိ ပေးပို့နိုင်ခြင်း မရှိသေးပါ။ ပေးပို့၍ လှူဒါန်းပြီးလျှင် မှတ်တမ်းဓာတ်ပုံများနှင့်တကွ ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် ဖော်ပြသွား ပါမည်။

ကုသိုလ်ကောင်းမှုတို့တွင် အတူတကွ လက်တွဲ လုပ်ဆောင်ခွင့်ရခြင်းသည်ပင်လျှင် လောကမှာ ချမ်းသာခြင်းတစ်ပါးပါ။

ထို့ကြောင့် တွဲလက်ညီစေ တို့တတွေ ဆက်လို့ လှူကြမယ်လေဆိုသည့်အတိုင်း မွန်မြတ်သောပရဟိတစိတ်ဓာတ်ဖြင့် မျှဝေကူညီနိုင်ကြ၍ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…

မှတ်ချက်။ ။ အလှူဒါန်းရေးမို့ ဟိုဒီမတွေးမိစေချင်ပါ။ ဘာအတွက်နဲ့ လှူလှူ၊ ကုသိုလ်ဟာ ကုသိုလ်ပဲမို့ ၀မ်းမြောက် ၀မ်းသာ သာဓုခေါ်စေချင်လိုသော ဆန္ဒမွန်ဖြင့်ပါ ကျွန်တော့်ရဲ့ ဘလော့ မိတ်ဆွေများတို့ရေ....

ထေရ၀ါဒလူငယ်များအသင်း




DAT file type တွေပါနော်။ မြန်မာကျူးပစ်ကနေ တွေ့လို့ ပြန်လည်မျှဝေပါတယ်။ ကျွန်တော်ကတော ဘိုဖြူသီချင်း အရမ်းကြိုက်ပါတယ်။ ကာရာအိုကေ ဆိုမယ်ဆိုရင် ဘိုဖြူဆိုရင် အများစုက လိုက်ဆိုနိုင်ပါတယ်။ နားထောင်လို့ လဲကောင်းပါတယ် ဘိုဖြူအသံက။ အောက်မှာ ဒေါင်းလုပ်လင့်လေးတွေပါ ကူးပေးထည့်လိုက်တယ်။ ကျွန်တော်တို့ ကျောင်းက အပ်ပလုပ်အဆင်မပြေတော့ ကူးချရတာပေါ့ဗျာ။ ဘိုဖြူပရိတ်သက်များ ရှိရင်တော့ ဒေါင်းဗျို့။ MP3 ပဲလိုချင်တယ်ဆိုရင်တော့ ဒီလင့်လေးကနေ ဒေါင်းတော်မူ။ အခုတလော ဖေ့ဘုတ်ထဲ ရောက်နေပါသဖြင့် ဘလော့ပဲ လည်ပါတော့တယ်။ ရေးစရာကတော့ အများကြီးရှိပါတယ်။ အခုဖတ်နေတဲ့ အဆိပ်နှင့် ကမ္ဘာတစ်သိန်း ဆိုတဲ့ စာအုပ်ထဲမှာ ဒေ၀ဒတ်ရဲ့ ဇတ်ကောင် အဖြစ်ရေးထားလေးတွေ ပြန်လညမျှဝေချင်ပါတယ်။ သို့သော် စာစီရမှာ ပျင်းနေလို့ မရေးနိုင်သေးပါဘူး။ ကျေးဇူးတင်ပါတယ်... လာလည်ကျတော့ ကျွန်တော့်ရဲ့ ချစ်စွာသော ဘလော့ကာမိတ်ဆွေ အပေါင်းကိုပေါ့။ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။ နေတတ်ရင် ကျေနပ်စရာပါ







http://www.multiupload.com/RB3UYUN13K

http://www.multiupload.com/E57RA5WWL8

http://www.multiupload.com/R3F7WY7JBO
http://www.multiupload.com/I89BLRFWNI

http://www.multiupload.com/I066SMQGEG


http://www.multiupload.com/CQ993W155S

http://www.multiupload.com/5AMYLAT9XT

http://www.multiupload.com/2PEY3RGF3N

http://www.multiupload.com/GL2YL8NOQM

http://www.multiupload.com/RIMFXNA1LH

http://www.multiupload.com/RHRKBA0FF4

http://www.multiupload.com/LZA611D2XU
http://www.multiupload.com/PRZD9B1DMJ

ဆောင်း ချစ်ပုံပြင်

Posted by thawzin Monday, November 2, 2009 11 comments




ဒီတခါဆောင်းက
နှင်းငွေ့လည်းပျောက်
မိုးပေါက်တို့နှင့်
ဗွက်ပေါက်ခဲ့ပြီး။

ဆောင်းရောက်ရင်ပိုလိုလွမ်း
ဒီအနွမ်းတွေ ဘယ်တော့ပြေမလဲ
သဇင်တွေပွင့်တဲ့ဆောင်း
သဇင်တွေကြွေတဲ့ဆောင်း
အိမ်မက်တွေ မက်ကောင်းတဲ့ဆောင်း
လန့်လန့်ပြီးနိုးတတ်တဲ့ဆောင်း
ဖြစ်လာလဲဆောင်း
ပျက်သွားလဲဆောင်း
ဖြစ်အပြောင်းတွေများလို့
ဆောင်းဆိုရင်
အရမ်းကြောက်မိပြီး။

လွမ်းတယ်သဇင်ရယ်
ရင်နှင့်အမျှ ဘ၀ပါပေါင်းပြီးယုံခဲ့တာ။
အမြင်ကမလှပတော့
တချိန်တုန်းက ဆိုတာတွေလဲ
ဟောင်းသွားခဲ့ပြီးပေါ့။

ပန်းသဇင်က နန်းလယ်မှာ တင့်တယ်တယ်
သဇင်က ငါ့ရင်မှာ မမွေ့လျော်။
ပန်းတို့ရဲ့သဇင်
ငါ့ဘ၀ရဲ့ အရှင်သခင်။
သခင်ဆိုတော့
ကျွန်ဖြစ်တဲ့ကျွန်တော်
အနေကစုတ်စုတ်
အမြင်ကရုတ်နေတော့မှာပေါ့။

အေးစက်တဲ့ဆောင်းလေအေးက
ကွဲအပ်တဲ့ ငါ့ရင်ဘက်ဟောင်းကို
အအေးဓါတ်နဲ့လဲ အချိန်တွေပိုစေခဲ့တယ်။
နွေးဓါတ်တို့လိုနေချိန်မှာ
နှင်းစက်တို့ မရက်စက်ပါနဲ့။
အေးစက်စက်မိုးရေစက်က
သွေးပျက်မတတ်နာကျင်စေခဲ့ပါတယ်။

ဖိုးစော်ကဲတို့ တဲဖျက်ချိန်မှာ
အရေးပေါ်တွဲဖို့ ယာဉ်ဥဩသံပဲကြားနေရတယ်။
ငွေ့ငွေ့လေးကျန်ရင်တောင်
ပြတင်းနဘေးက သဇင်ရနံ့ကို
ငံလင့်လို့ ရှုရိုက်ချင်သေးတယ်။

လွမ်းလိုက်တာသဇင်ရယ်
ခေါ်သံလဲမကြား
လှမ်းဆွဲလို့မသိ
သဇင်ရဲ့ ရှေ့ ရောက်နေတာတောင်
မမြင်သလိုအနေအထား
မသိသလိုမျက်လုံးတွေက
တစိမ်းဆန်လိုက်တာ။

သွားတော့မယ်သဇင်ရယ်
ခေါ်သံတွေကြားနေပေမယ့်
နင့်အသံကို နားစွန့်နေမိတယ်
နင်ပြန်လို့ ထူးနိုင်မလားပေါ့
ကမ်းလက်တို့ပြန်ရုတ်သိမ်းတော့မယ်
နေရစ်ခဲ့တော့သဇင်ရေ။

အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ဂုဏ်ရည်မတူ ခြားနားချက်တွေကြောင့် အချစ်စစ်တို့မှန်နေကြသော်လည်း ကွေကွင်းနေကြတယ်လေ။ ဆုံတွေချင်းနှင့် ကွေကွင်းခြင်းတို့က သဇင်တွေပွင့်တဲ့ ဆောင်း၊ သဇင်တွေကြွေတဲ့ဆောင်းမှာပဲလေ။ ချစ်တဲ့သူ ယောက်ျားလေးကတော့ စွဲလမ်းစိတ်တွေနဲ့ စိတ္တဇတွေဖြစ်၊ မိမိကိုယ်ကို ရူးတယ်လို့ မထင်မိအောင်ပါပဲ။ ဥတုရာသီ တောကို မှီဆိုသလို တောကိုမမှီ ရာသီဥတုကို အလေးမထားမိတော့ ရောဂါဖိစီးပြီး၊ အရေးပေါ်လူနာတင်ယာဉ်အထက် မျော့မျော့လေး ပါသွားရှာခဲ့ရှာပါတယ်။
ဆေးရုံရဲ့ ပြတင်းနဘေးမှာ သဇင်တွေက မြိုင်နေအောင် ပွင့်နေတော့ ချစ်သူသဇင်ကို ပိုသတိရမိနေပြီးပေါ့။ ဇီဝိန်တွေချုပ်နေပေမယ့်လို့ စွဲလမ်းစိတ်တွေက ချစ်သူသဇင်ဆိုတဲ့ ကောင်မလေးနားမှာ ၀ဲရစ်လိုနေပြီးပေါ့။ သူရှိနေမှန်းမသိတဲ့ ချစ်သဇင်ကတော့ ယောင်လိုတောင် ခေါ်မသံကြားရ၊ ပြန်ထူးသံကို နားစွင့်နေမယ့် သွားရမယ့် ဘုံဌာနကလူတွေက ကမ်းလင့်လို့ ခေါ်သံတွေညံနေပါတယ်။ ချစ်သူရဲ့ အပြုံးတစ်ချက်မြင်ရနိုးနဲ့ ကမ်းလင့်နေသော လက်တို့က အလိုလိုရုတ်သိမ်းပြီးတော့ ပျောက်ကွယ်သွားပါသတဲ့ကွယ်။


ကဗျာပါနော်။ အဲဒါကဗျာပါခင်ဗျ။ ကဗျာအဓိပ္ပါယ်မသိမှာ စိုးလို့ အောက်ကနေ ကဗျာ ကောက်ကြောင်းလေ ပြန်ရေးပေးလိုက်ပါတယ်။

မိုက်တယ်နော်။ ဘယ်သူမှ မမိုက်လဲ ကိုယ်ဘာသာကို မိုက်တယ်ဗျာ။
ကျေးဇူးတင်ပါတယ်။

လူမြိုခြင်း

Posted by thawzin Thursday, October 29, 2009 6 comments



လူတိုင်းလူတိုင်း ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုတာ ရှိပါတယ်။ အဲလိုရှိတဲ့အတွက် ကိုယ့်လူမျိုးကို ချစ်ရပါမယ်။ ကိုယ့်ဘာသာကို တန်ဖိုးထားရပါမယ်။ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေ ခိုင်ခိုင်မာမာ ရှိနေပါမယ်။ ဒါဆိုရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာဟာ ဘယ်တော့မှ တိမ်ကောသွားမှာ မဟုတ်ပါဘူး။

ကျန်စစ်မင်းကြီးဟာ သမီးတော် ရွှေအိမ်စည်လေးကို အလွန်ချစ်လွန်းလို့ ဘုံခုနစ်ဆင့်အမြင့်ရှိတဲ့ နန်းပြဿဒ်နဲ့ ထားပါတယ်။ နောက်တော့ ကုလားပြည်က လာတဲ့ ပဋိက္ကရားဆိုတဲ့ လူတစ်ယောက်နဲ့ မေတ္တာမျှသွားကြပါတယ်။ အဲဒီကုလားက သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ ပြဒါးရှင်ရဲ့ အစွမ်းသတ္တိနဲ့ မြေလျှိုး မိုးပျံနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မင်းသမီးလေးနဲ့ ငြိစွန်းခဲ့တာပါ။ မင်းကြီး ကျန်စစ်က သမီးတော်လေးကို ဘာသာခြားဖြစ်တဲ့ ကုလားနဲ့ သဘောမတူခဲပါဘူး။ အဲဒီကုလားကို အထင်ကြီးလို့ သမီးတော်နဲ့ ပေးစားခဲ့ရင်တောင်မှ မြန်မာသမိုင်းရဲ့ စာမျက်နှာပေါ်မှာ ကျန်စစ်သားမင်းဆိုတာ အမဲစက်တစ်ခုနဲ့ စွန်းထင်နေခဲ့မှာ သေချာပါတယ်။ ဒါပေမယ့် ကျန်စစ်သားမင်းကြီးဟာ အမျိုးကို ချစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဇာတိဂုဏ်ကို စောင့်ထိန်းကြောင်း မှတ်တိုင်ထူပြခဲ့ပါတယ်။
ဇာတိသမ္ဗေဒဘယာ သကာဟိ ဘဂိနီဟိ သဒ္ဒိ့သံဝါသံ ကပ္ပေန္တိ “သာကီဝင်မင်းတို့သည် အမျိုးပျက်မှာ ကြောက်ခြင်းကြောင့် မိမိနှမတို့နှင့်အတူတကွ အိမ်ထောင်ပြုကြကုန်” လို့ ဆိုထားပါတယ်။ အမျိုးကို စောင့်ထိန်းတဲ့နေရာမှာ ဘယ်လောက်ထိ ခံယူချက်ပြင်းသလဲဆိုရင် တခြားသွေးသားတွေနဲ့ ရောစပ်မှာ ကြောင့်မို့ မောင်နှမအချင်းချင်းတောင် ပြန်ယူတဲ့အထိပါပဲ။ ဒါကြောင့် အမျိုးအနွယ်ကို စောင့်ရှောက်ဖို့ အရေးကြီးပါတယ်။

ဒိုက်ဦးမြို့နယ်ရဲ့ ရွာတစ်ရွာမှာ မိအေးနဲ့ မိဌေးဆိုတဲ့ ညီအစ်မနှစ်ယောက်ရှိတယ်။ အကြီးမ မိအေးဟာ ပထမ လူမျိုးခြား ဘာသာခြားနဲ့ ညားတယ်။ ကလေးခြောက်ယောက် ရပြီး မိအေး သေဆုံးသွားတယ်။ မိအေးသေလို့ ခုနှစ်ရက်တောင် မပြည့်သေးဘူး၊ ညီမဖြစ်သူ မိဌေးလည်း အဲဒီ မိအေးယောက်ျားနဲ့ပဲ ခိုးရာလိုက်သွားတယ်။ မိဌေးနဲ့လည်း ကလေးငါးယောက် ရတယ်။ လူမျိုးခြား ဘာသာခြား ယောက်ျားတစ်ယောက်က ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး မိန်းကလေးနှစ်ယောက်ကို ယူလိုက်တာ သားသမီး (၁၁)ယောက်တောင်ရတယ်။ အဲဒီကလေးတွေ အားလုံဟာ ဘုရားလည်း ရှိခိုးခိုင်းလို့ မရဘူး။ ဗုဒ္ဓဘာသာ ဆိုတာဘာလဲ မသိတော့ဘူး။ ဘယ်လောက်ရင်နာဖို့ ကောင်းလိုက်ပါသလဲ။ စာအုပ်ကို ဖတ်ရင်း တော်တော်လေး ဒေါသဖြစ်မိတယ်။ ဘာသာခြားတွေ အားလုံးကို သွားသတ်ပစ်ချင်လောက်တဲ့ အထိဖြစ်တယ်ဗျာ။

ငယ်ငယ်ကတည်းက ဗလီတွေမြင်တဲ့အခါ တွေးမိတယ်။ ငါကြီးလာရင် တိုက်လေယာဉ်မောင်းသမား လုပ်မယ်လို့၊ ပြီးရင် အပေါ်ကနေ အဲဒီ ဗလီတွေကို ဒုံးနဲ့ ပစ်ခွဲပြစ်ဖို့ အထိ စိတ်ကူးယဉ်ခဲ့ဖူးတယ်၊ ရည်းမှန်းခဲ့ဖူးတယ်။ ကျန်းမာရေး ဆေးစစ်တော့ လေယာဉ်မောင်းဖို့မပြောနဲ့ လေတပ်မှာတောင် အမှုထမ်းဖို့ အရည်အချင်းမရှိခဲ့ပါဘူး။

ဘာသာခြားနဲ့ အိမ်ထောင်ပြုလိုက်ပြီးဆိုရင် လင်မယားအချင်းချင်းက မိမိနှစ်သက်ရာကို ကိုးကွယ်ကြလို့ ပြဿနာ အတော်အတန်မရှိသေးပါဘူး။ သားသမီးတွေရလာတဲ့အခါမှာတော့ မိမိရဲ့ ဘာသာအမျိုးအတွက် အခက်တွေ့မှာ သေချာပါတယ်။ မွေးလာတဲ့ကလေးက ဘယ်ဘာသာယူမယ်၊ မယူဘူး၊ ဒုက္ခတွေ့နိုင်ပါတယ်။ ဒီဒုက္ခတွေ လွတ်ကင်းဖို့၊ အမျိုးဘာသာကြီး သန့်စင်တည်မြဲဖို့အတွက် လက်ရှိလူငယ်တွေဖြစ်ကြတဲ့ ကျွန်တော့်တို့ဗုဒ္ဓဘာသာ လူမျိုးတွေအနေနဲ့ နှလုံးသားရေးကိစ္စကို ဘာသာရေးကိစ္စလေးနဲ့ အရင်ဆုံးချင့်ချိန်သင့်ပါတယ်။ တကယ်တော့ မိမိရဲ့ နှလုံးသားရေးက မိမိရဲ့ သားသမီးအရေးနဲ့ယှဉ်လိုက်မယ်ဆိုရင် မပြောပလောက်သော အရေးတစ်ခုလို ဆိုချင်ပါတယ်။ ယောက်ျားလေးတွေ အနေနဲ့ဆိုရင် အမျိုးသမီးမရှားပါဘူး။ မိန်းကလေးတွေ အနေနဲ့ မိမိက အားကိုးရမယ့် ယောက်ျားကောင်းတွေလဲ မရှားနိုင်ပါဘူး။

မိမိက လက်ထက်လိုက်တဲ့ လူဟာ ဘာသာခြားဆိုရင်တော့ မိမိရဲ့ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်မှုဟာ အောက်တန်းစားဗုဒ္ဓဘာသာအဆင့်လောက်ပဲ ရှိတယ်ဆိုတာ ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာကို (၅)မျိုးခွဲခြားထားပါတယ်။
၁။ ကုလဗုဒ္ဓဘာသာ
ကုလ= မိရိုးဖလာ ဗုဒ္ဓဘာသာ။ မိမိရဲ့ အသိစိတ်ထဲမှာ အဖေအမေက ဗုဒ္ဓဘာသာမိုလို မိမိလဲ ဗုဒ္ဓဘာသာပဲလို့ သိတဲ့ အသိလောက်ပဲ ရှိပါတယ်။
၂။ လာဘဗုဒ္ဓဘာသာ
လာဘ=လာဘ်လာဘလိုချင်လို့ ကိုးကွယ်ခြင်း။ ဥပမာ- ကိုးန၀င်းပုတီးစိပ်ခြင်းတွေပါ။ မိမိရဲ့ စိတ်မှာ ဒီအဆင့်အောင်ရင် ငါတော့ ဘာဖြစ်မှာပဲလို့ လာဘ်လိုချင်လို့ ပြုမိတဲ့ ကောင်းမှုပါ။ “လိုချင်ရင် အရခက်” ဆိုတာရှိသလို၊ “လိုချင်မှရတယ်” ဆိုတဲ့စကားလဲရှိပါတယ်။ လိုချင်ရင်တော့ ရအောင်လုပ်ရမှာပဲပေါ့။ လိုချင်ပြီး မလုပ်ရင်ဘာမှမရပါဘူး။ ကိုးန၀င်းစိပ်ပြီး အကြွေးမဆပ်ပဲ အကြွေးကျေပါစေလို့ ဆုတောင်းနေရင် ဘယ်ရမလဲ။ အကြွေးရှင်ကတော့ အကြွေးတောင်းနေမှာပါပဲ။ တကယ်လို့ အကြောင်းကြောင်းကြောင့် ပြေလည်သွားမယ်ဆိုရင်တောင် အကြွေးဆိုတာ ဆပ်မှ ကျေလည်ဆိုတဲ့ အမျိုးလို့ သိထားသင့်ပါတယ်။ ဒီလိုမျိုးမသိပဲ “ကိုးန၀င်းကြောင့်တော်” လိုသူများကိုပါ လူမိုက်စရင်းသွင်းဖို့ ပဲ သိနေတဲ့ လူတွေ ကိုးကွယ်ကြပါတယ်။
၃။ ဘယဗုဒ္ဓဘာသာ
ဒါကတော့ ဘေးအန္တရယ်ကို ကြောက်လွန်းသောကြောင့် ကိုးကွယ်ခြင်း။ ကျွန်တော်တို့ဆို အရင်က ရှေးတန်းစစ်ထွက်ဖူးပါတယ်။ ဘာပဲပြောပြော စစ်သားဆိုပေမယ့် မိမိအသက်တော့ သေမှာ ကြောက်ကြလန့်ကြတာပဲလေ။ ဘုရားစာတွေ အဆက်မပျက်ရွတ်ခဲ့ကြတာပဲ။ ဘာလိုရွတ်နေတာလဲ ဆိုတော့ သေမှာကြောက်လို့ မိမိခြေတောက်လေးတွေ မိုးပေါ်မြှောက်တတ်သွားတာကို မကြည့်ခြင်လို့ ဘုရားစာကို ပါးစပ်ကမချဘူးလေ။ ဒီလို ဘေးအန္တရယ်မကြုံဘူးဆိုတဲ့ နယ်ပယ်လဲရောက်တော့ ဘုရားစာဆိုတာ စာအုပ်ထဲမှာ ရှိတယ်လို့ပဲ သိတဲ့အသိရှိတဲ့သူတွေ ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာပါ။ အခုတော့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ်နဲ့ပါ။

အထက်ပါ ဗုဒ္ဓဘာသာသုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာတွေဖြစ်တယ်လို့ ဖတ်ဖူးကြားဖူးထားပါတယ်။ တကယ်လဲ အဲလိုအောက်တန်းစားတွေပါ။ မြန်မာနိုင်ငံမှာ ၈၀% အဲလို အောက်တန်းစားဗုဒ္ဓဘာသာအဆင့်လောက်ပဲရှိမယ်ထင်ပါတယ်။ ကျန်တဲ့ ၁၉% ဘာသာခြားတွေ ဖြစ်နေမှာပါ။ ၁% မရှိတရှိလောက်သာ ထေရ၀ါဒဗုဒ္ဓဘာသာအဆင့်လောက်ရှိမယ်ထင်ပါတယ်။ အဲဒီလိုပြောလိုက်တာ မှန်းချက်တွေပါ အတည်မယူစေချင်ပါဘူး။ ကျွန်တော့် အမြင်ခန့်မှန်းချက်လေးတွေပါ။
၎။ သဒ္ဓါဓိကဗုဒ္ဓဘာသာ
ဒါကတော့ ဘုရား၊ တရား၊ သံဃာ ဆိုတာ တကယ့် ကိုးကွယ်ထိုက်သော ရတနာ မြတ်သုံးပါး။ သူတို့ထက်မြတ်သော တန်ဖိုးရှိသော ကောင်းမွန်မှန်ကန်သော ပြီးပြည့်စုံသော ဘာသာ သာသနာဆိုတာ မရှိဘူး။ ဒီရတနာ သုံးပါးကို အသက်ထက် ယုံကြည်မြတ်နိုး တန်ဖိုးထားပြီး ကိုးကွယ်ဆည်းကပ်သော အဆင့်ရှိသူတွေကို ခေါ်ဆိုနိုင်ပါတယ်။ ဒီဘာသာကိုတော့ အလယ်လတ်တန်းစားဗုဒ္ဓဘာသာလို့ ခေါ်နိုင်ပါတယ်။

၅။ ပညာဓိကဗုဒ္ဓဘာသာ
ဒါကတော ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုတာ ဝေဖန်ပိုင်းခြားနိုင်သော ၀ါဒ (၀ိဘဇ္ဇ၀ါဒ) ၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်။ ထမင်းစားချင်တယ်ဆိုတဲ့ အကြောင်းကြောင့် ထမင်းချက်ရတယ်။ ထမင်းချက်ရခြင်းအကြောင်းကြောင့် ထမင်းစားရတယ်။ တခါတလေ အကြောင်းတွေက အကျိုးတွေဖြစ်နေသလို အကျိုးတွေကြောင့် အကြောင်းတွေဖြစ်လာရတယ်။ အဓိကကတော့ မှန်ကန်သော ဝေဖန်ပိုင်းခြားမှု၊ မဇ္ဈီမပဋိပဋာ လမ်းစဉ်နဲ့ စဉ်းစား ဆင်ခြင် ဝေဖန်ပိုင်းခြားသော ဉာဏ်ဖြင့်ကိုးကွယ်သော သူတို့ရဲ့ ဘာသာဝင်တွေပေါ့ဗျာ။ ဒီဘာသာကို ကျွန်တော့်အနေနဲ့ ဉာဏ်မမှီလို့ ပြောပြဖို့ ခက်ခဲရှိပါတယ်ဗျာ။ အဲဒီဘာသာဝင်တွေက အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလို့ ခေါ်နိုင်ပါတယ်။

အထက်ပါ ဘာသာ(၅)မျိုးမှာ မိမိက ဘယ်ဘာသာဝင်အဆင့်လောက်လဲ ဆိုတာ မိမိကိုယ်တိုင်ပဲ ဝေဖန်ဆန်းစစ်နိုင်ကြပါစေ။ အောက်တန်းစား ဗုဒ္ဓဘာသာဖြစ်နေသမျှတော့ ဘာသာခြားလူတွေနဲ့ အိမ်ထောင်ပြုဖို့၊ အတွက် အကြီးအကျယ်စဉ်းစားမိစေချင်ပါတယ်။ နှလုံးသားအရေးနဲ့သာ စဉ်းစားပြီး ယူလိုက်ကြမယ်ဆိုရင်တော့ အနာဂါတ်ရေး တွေးပူမိကြစေဖို့။ ယခုလက်ရှိလူငယ်တွေ အများစုမှာ နှလုံးသားကို ကိုးကွယ်လွန်းကြတယ် ထင်ပါတယ်။ အထူးသဖြင့် မြန်မာ အမျိုးသမီးလေးတွေပါ။ မိန်းကလေးတွေက ယောက်ျားလေးထက် ပိုပြီး စိတ်စွဲလမ်းကြီးတယ်ထင်ပါတယ်။ မိန်းကလေးဆိုတာ မိမိချစ်ကြတဲ့ အမျိုးသားနဲ့ပဲ လက်ဆက်လိုကြတာ လက်ခံနားလည်နိုင်ပေမယ့်။ ဘာသာခြားအမျိုးသား ဆိုရင်တော့ အနာဂါတ်ရေး စဉ်းစားပေးကြပါအုံးလို့ ဒီပို့စ်လေနဲ့ အကြံပြုပါရစေ။

အမျိုးသားရေး စိတ်ဓါတ်ဆိုတာ တစ်ဖက်နိုင်ငံက လက်နက်တွေနဲ့ ခြိမ်းခြောက်နေတာကို ကာကွယ်ရုံနဲ့ မပြီးသေးပါဘူး။ နိုင်ငံတွင်းမှာ သပွတ်အူလို လှိုက်စားပြီး စိမ့်ဝင်နေတဲ့ အမျိုးသားရေးကိုလည်း သတ္တိရှိရှိနဲ့ ကာကွယ်စောင့်ရှောက်ဖို့ လိုပါတယ်။ မိဘတိုင်းရဲ့ မျိုးရိုးစဉ်ဆက်ကို တခြားသွေးသားတွေနဲ့ မရောဘဲ အရှည်သဖြင့် တည်တံ့အောင် စောင့်ရှောက်ကြဖို့ လိုပါတယ်။ အများအားဖြင့် ဘာသာရေး အခြေခံနည်းပါးပြီး အမျိုးသားရေး စိတ်ဓါတ်ခိုင်ခိုင်မာမာ မရှိတဲ့ မိန်းကလေးတွေ အဖြစ်များတာ တွေ့ရပါတယ်။ ပြောရင် ယုံလွယ်တတ်သလို ယုံရင်လည်း ပုံလိုက်တော့တာပါပဲကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေး တစ်ခုထဲကို မကြည့်ပါနဲ့ ၊ ဆန္ဒရဲ့ နောက်ကွယ်မှာ စွန့်လွှတ်ရမဲ့ အမျိုးသားစိတ်ဓါတ်၊ ဖျက်ဆီး ခံလိုက်ရမဲ့ ဘာသာရေး စိတ်ဓါတ်တွေဟာ တော်တော်လေး ရင်နင့်စရာ ကောင်းလှပါတယ်။



ဒီစာအုပ်လေးကို ဖတ်ပေးကြပါ။ ဒီစာအုပ်လေးကို ဖတ်ပြီး အမျိုးကို ချစ်တဲ့စိတ်၊ ဘာသာရေးကို ကိုးကွယ်ချင်တဲ့ စိတ်တွေ ပွားများလာမယ်လို့ ယုံကြည်ပါတယ်။ ဒီစာအုပ်ကို သူငယ်ချင်း မောင်ကောင်း ဘလော့လေးကနေ ဒေါင်းပြီး ပြန်လည်မျှဝေပါတယ်။ မြေမျိုလို့ လူမျိုးမပျောက်နိုင်ပါဘူး။ လူမျိုရင် လူမျိုးပျောက်ပြီး ဘာသာပါ ပျောက်သွားမှာ စိုးရိမ်မိပါတယ်။ ပြီးရင် ဖြန့်ဝေပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ