Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ဒီခရီးနီးသလား?

Posted by thawzin Monday, December 21, 2009




မန္တလေး-ရန်ကုန် အစုန်ရထားကြီး စထွက်တော့မှာ ဖြစ်သဖြင့် ဥဩဆွဲသံနဲ့ အတူ ခရီင်္းသည်များနေရာယူနေကြပါသည် ။ မောင်ဖြူစင်တစ်ယောက် ၀ရုန်းသုံးကား ဆိုက်ကားပေါ်က ဆင်းရင်းအပြေးကလေး အသောနှင်းခဲ့ရတော့၏ ။ စိတ်မှာတော့ ရထားမမှီလိုက်မှာ စိုးရ၏။ ရထားလက်မှတ်ကကြိုဝယ်ထားပြီးသား ဆိုတော့ သူ့အနေနဲ့ ကျန်ရစ်ခဲ့လျှင် ငွေအလကား ဖြုန်းရာ ရောက်လိမ့်မည်။ မန္တလေး- ရန်ကုန်သည် မိုင်ပေါင်း ၄၅၀ လောက်ရှည်လျားသော ခရီးဖြစ်ပါသည်။ ရထားထွက် အချိန် ကွက်တိထွက်လာသောကြောင့် ယခုလို ဖြစ်ရသည်။

ပြီးတော့ မောင်ဖြူစင် upper တန်း ထိုင်ခုံ မစီးဖူး၍ ဒီတခါ မရမကစုထားသော မုန့်ဖိုးဖြင့် လက်မှတ်ဝယ်ထားရသည်။ upper တန်း ဆိုတော့ ခရီးသွားရ သက်တောင့်သက်သာ ရှိမှာပင်။ မောင်ဖြူစင် အတွဲစောင့်ကို လက်မှတ်ပြပြီး အတွဲတွင်းရှိ မိမိထိုင်ခုံ လိုက်ရှာမိတော့သည်။ သူ့အတွက် နေရာလက်မရှိဖြစ်နေသည်။

“ ဟေ့ လူ..... ဟေ့လူ... ဒါကျွန်တော့်ဖြတ်ထားတဲ့ ထိုင်ခုံ ”

“ သြော် ဟုတ်ကဲ့ပါ ”

အောင်မျိုး တစ်ယောက် ယောင်လည်လည် ဖြစ်ရပြန်သည် ။ မိမိမှာလဲ ထိုင်ခုံကို တခြားသူအား ပေးထိုင်လိုက်ရသည်။ ဒါကြောင့် အောင်မျိုး မတ်တပ်ရတော့သည်။ သို့သော် သူ့အနေနဲ့ စိတ်မညစ်ပါ ။ ဒီနေ့သူ လူတစ်ယောက်ကို အကူအညီပေး လိုက်ရသည်လေ ။ ကိုယ်ဝန်ဆောင် အစ်မကြီး တစ်ယောက်ကို သူ့ ခုံဖြင့် ပေးထိုင်းခိုင်းပြီး ကုသိုလ် ပြုလိုက်ရသည် မဟုတ်လား ။ အမျိုးသမီးများ အများစုသည်… မီးဖွားဖို့ အတွက် မိဘ ထံတွင်သာ မီးဖွားလိုကြသည် မဟုတ်လား ။ ယောက်ျားက ရှိနေသော်လည်း မိဘလောက် အားကိုးရမည် မထင်။

ဒါကြောင့် အစ်မကြီး ကြိုတင် ပြင်ဆင်မှု မရှိတဲ့ ဒီခရီးအတွက် ဒုက္ခရောက်သော်လည်း အောင်မျိုးလို့ အသိစိတ်ဓါတ် ကောင်းရှိသူနင့် ကြုံတော့ အဆင်ပြေသွားပြန်သည်။ အောင်မျိုးကို ထိုင်ခုံဖိုး ပေးသော်လည်း လက်မခံခဲ့ပါ။ သူ ဒါနပြုကြောင်း ပြော၍ အားလုံး အဆင်ပြေသွားခဲ့သည်။

ဒါတွေအားလုံးကို သိနေသူကတော့ အတွဲစောင့် ဦးမောင်လေး ။ အစကတော့ အောင်မျိုးကို ကြည့်နေသည်။ ထိုင်ခုံမပါပဲ တတ်စီးသည့် အထင်ဖြင့်….။ သို့သော် အောင်မျိုး၏ စိတ်ဓါတ်လေး သဘောကျသဖြင့် ပဲခူးမှ ကြားဖြတ်စီးမည့် ခရီးသည် ထိုင်ခုံများကို အောင်မျိုး အား ထိုင်ခွင့်ပြုလိုက်၍ အောင်မျိုး အဆင်ပြေသွားသည်။

အဆင်မပြေဖြစ်နေတာက မောင်ဖြူစင်…….. တစ်ယောက်တည်း ပတ်လည်ရိုက်နေသည်။ ရန်ကုန်မှာ တည်းရမည့် အိမ်လိပ်စာကဒ် မေ့နေခြင်းပင်။ ဒါကြောင့် သူမှာ ပါလာတဲ့ အထုတ်တွေ အကုန်ဖွင့်ရှာနေလေ တော့သည်။ သူမှာ ပါလာသည်က ထိုင်ခုံလက်မှတ်နှင့် အလွယ်ထည့်လာသည် ပိုက်ဆံလေး အနည်းငယ်သာ…။

ဇတ်ကြောင်းလေးက ဒီလောက်ပါပဲဗျာ…. ။ ဘာကို အဓိကပြာချင်သလဲ လို့ ဆိုရင်..။ အားလုံးသော လူသား တွေက ခရီးသွားနေကြတယ် ဆိုရင် မမှားပါဘူးနော်..။ ခရီးတစ်ခု သွားဖို့ ကြိုတင်ပြင်ဆင်သူတွေ ရှိသလို အရေးတကြီး ကိစ္စမျိုးစုံနဲ့ လူတွေ လှုပ်ရှား သွားလာနေကြရတာပါ။ ပြင်ဆင်သူတွေ အတွက် ပြင်ဆင်မှု အကျိုးသက်ရောက်မှု ရှိကြပါတယ်။

သံသရာခရီးသွားတစ်ယောက်အတွက် ကိုပိုင်ဆိုင်သောနေရာ၊ ဥစ္စာပစ္စည်းတို့နှင့် သွားရလာရ ခရီးဆက်ရမည်သာ။ ပစ္စည်းအစုံအလင်ပါသူအတွက် သူများအတွက် လိုအပ်တာကူညီနိုင်သလို၊ မိမိလဲ စိတ်ချမ်းသာစွာ ခရီးဆက်ရမည်သာ။ မန္တလေး-ရန်ကုန်ခရီးစဉ်တစ်ခုမှာ ခရီးသည်တိုင်းကိုယ်စီ ကိုယ်ပိုင်ထိုင်ခုံအသီးသီး ပိုင်ဆိုင်နိုင်ကြပါတယ်။ စတင်ထွက်လာသည် ရထားကြီးနဲ့အတူ ပိုင်ဆိုင်တဲ့ နေရာ၊ ထိုင်ခုံသည်လဲ အချိန်နှင့်အမျှ ကုန်ဆုံးသွားကြသည်။

မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ကျောက်ဆည်ဆိုက်သော ရထားပေါ်မှ ခရီးသည်များသည် မိမိပိုင်ဆိုင်ထားတဲ့ ထိုင်ခုံဟာ မိုင် ၅၀ ပိုင်ဆိုင်မှု ကုန်ဆုံးသွားသည်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားသလို ရယူလိုက်ခြင်း၊ ထပ်မံပိုင်ဆိုင်လိုက်ရခြင်းတွေ အသီးသီးရရှိကြပါတယ်။ ကောင်းမှုများ ရှိသလို၊ မကောင်းမှုတွေလဲ ရှိကြမှာပါပဲ။ ကောင်းမှုများ အမှန်တကယ် အလိုရှိလျှင် ကောင်းသော ပေးစွန့်ခြင်း(ပရဟိတ) ရှိရမည်။

“ပေးကမ်းခြင်း” ဟူသည် မိမိက သူတစ်ပါးအား ပေးလိုက်ရခြင်းဖြစ်သည်။ မိမိကပေးမှာ ဖြစ်တဲ့အတွက် မိမိမှာ ဦးစွာ အရင်ရှိရမည်။ အတ္တဟိတသည် မိမိအကျိုးဖြစ်သည်။ မိမိအရင်ရှိမှ သူများကို ပေးလိုရမည်။ သူများကို ပေးခြင်လျင် မိမိအရင်ရအောင် ယူရမည်။ မြတ်စွာဘုရားသည် သတ္တ၀ါတွေကို ကယ်တင်လမ်းညွှန်ပေးချင်သည့် ကြီးမားသော မဟာဂရုဏာကြီးမားစွာ ဖြစ်မိသည်။ သတ္တ၀ါတွေ ကယ်တင်နိုင်ရန် သဗ္ဗေညုတဉာဏ်တော် ပိုင်ဆိုင်နိုင်မှ ဖြစ်မည် ဆိုတဲ့ အသိကို ဒိပင်္ကာရာ မြတ်စွာဘုရားကို ဖူးတွေ့ချိန်မှာ သိရှိခဲ့သည်။

သတ္တ၀ါကယ်တင်ချင်သော ပရဟိတစိတ်ကြောင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီ(၁၀)ပါး ပင်ပန်းဆင်းရဲစွာ ကျင့်ကြံဖြည့်ဆည်းခဲ့သည်။ တကယ်ဆိုလျှင် သုမေဓါ အရှင်ရသေ့ဘ၀၌မှာပင် မြတ်နိဗ္ဗာန် စံမြန်းနိုင်သော ပါရမီရှိခဲ့ပါသည်။ သို့သော် တစ်ယောက်တည်း မသွားလို, သတ္တ၀ါတွေကို ကယ်တင်လိုသော ကြီးမားသော မေတ္တာစိတ်ကြောင့် ကမ္ဘာပေါင်းများစွာ ဖြည့်ကျင့်ခဲ့သည်မှာ အလွန်ပင် ကြည်ညိုလေးစား မြတ်နိုးစရာ ကောင်းလွန်းလှပါသည်။ မြတ်စွာဘုရားရဲ့ သတ္တ၀ါတွေအပေါ်ထားရှိသော မေတ္တာတရားသည် ချီးကျူးဖော်ပြ မဆုံးနိုင်အောင် ကြီးမားလွန်းလှပါသည်။

ကျွန်တော်တို့ သံသရာခရီးမှာဖြင့် မန္တလေး-ရန်ကုန် ရထားခရီးစဉ်လို ပြင်ဆင်မှုမရှိလဲ လိုရာခရီးရောက်ဖို့ရန် မလွယ်ကူပါ။ ကြိုတင်ပြင်ဆင်မှု မရှိသော သံသရာခရီးမှာ ဘယ်လောက်ဆင်းရဲပင်ပန်းလိုက်မည်နည်း။ ဖြတ်သန်းသွားလာနေချိန်မှာလဲ ပူပင်ကြောင်းကြရသည်။ စစ်မှန်သော ပန်းတိုင်ရောက်ရန်လဲ လိုအပ်သည်။ ကြိုတင်ပြင်ဆင်မှု မရှိသော ခရီးသည်အတွက် ခရီးရောက်ဖို့ ခဲယဉ်းသလို လွဲမှားတဲ့ ပန်းတိုင်းခရီးလဲ ရောက်နိုင်ပါသည်။ ကြိုတင်ပြင်ဆင်နိုင်သော ခရီးတစ်ခုဖြစ်ရန်မှာ မိမိကိုယ်တိုင်သာဖြစ်သည်။ ဒါကြောင့် မြတ်စွာဘုရားက “အတ္တာဟိ၊ အတ္တနော နာထော” မိမိသည်သာ အားကိုးရာတည်း။ဒါကြောင့် မိမိတို့ ခရီးစဉ်တစ်လျောက်မှာ ပရဟိတ၎င်း၊ အတ္တဟိတသည်၎င်း ပြည့်စုံနိုင်ကြပါစေ။ ဒါကြောင့် မေးလိုက်ချင်ပါသည် “သင်သွားသော ခရီးနီးပါသလား၊ သင်ခရီးက စစ်မှန်ပါရဲ့လား၊ ပြီးပြည့်စုံအောင် ပြင်ဆင်ပြီးကြပြီးလား?” ။

အများအကျိုးဆောင်လို့ ကိုယ့်အကျိုးလည်း အောင်နိုင်ကြပါစေ။

တစ်ကျပ်ပေးလှူချင်က မိမိမှာ အနည်းဆုံး တစ်ကျပ်ရှိရမည်။ မေတ္တာပေးလိုပါက မိမိမှာ ပေးနိုင်သော မေတ္တာတရားရှိရမည်။ မရှိသော ဥစ္စာဖြင့် မဖြစ်နိုင်သော ပရဟိတဟူသည် ရေပေါ်အရုပ်ရေးနေကြသော လုပ်ရပ်ဖြစ်မည်။ ရည်ရွယ်ချက်လောက်နဲ့ မတင်းတိမ်းကြပါနဲ့၊ ရည်မှန်းချက်များနဲ့ ပြီးပြည့်စုံနိုင်ကြပါစေ။

ရည်မှန်းချက်။ ။ ငါဒီပန်းတိုင်းကို ရောက်ကိုရောက်ရမည်။

ရည်ရွယ်ချက်။ ။ ငါဒီပန်းတိုင်ကို ရောက်ရန်။

မှတ်ချက်။ ။ သီတဂူဆရာတော်ဘုရားကြီး၏ တရားတစ်ပုဒ်မှ ဟောကြားလိုက်သော ဥပမာလေး တစ်ခုကို ၀တ္ထုအဖြစ် ရေးသားဖော်ပြမိပါသည်။

5 comments

  1. မင်္ဂလာပါ ကိုသော်ရေ..

    တကယ့်ကို မှတ်သားစရာ အတွေးအခေါ်လေးတွေရယ်.. သံသရာခရီးအတွက် ပြင်ဆင်စရာလေးတွေရယ်.. ဥပမာ လေးနှင့်တကွ တင်ပြပေးထားတာ စာရေးသူရဲ့ စေတနာကို ဖတ်ရင်းနဲ့ အတိုင်းသား မြင်တွေ့ ခံစားရမိတယ် ကိုသော်ရေ..

    ပေးကမ်းခြင်း ဆိုတဲ့ သဘောကို ဘုရာဟောလေးနဲ့ တင်ပြထားတာ တကယ့်ကို မှတ်သားစရာပါ။

    ခင်မင်လေးစားစွာဖြင့်
    ကိုမျိုး

     
  2. ahphyulay Says:
  3. ရှယ်တကာ့ ရှယ် ပါပဲဗျား...။
    မောင်သော်ဇင် လေးကို ရွှေတောင်ချ ထားချင်လာပြီ၊
    ကောင်းလွန်လွန်းလို့ ပါဗျာ.
    မိမိ ပိုင်တဲ့  ပစ္စည်းကို တစ်ပါးသူ ကို ပေးပြီး ပျော်နိုင်
    တဲ့  သတ္တိ နဲ့  စွမ်း အားကို လူတကာတို့ 
    ထားနိုင်ခဲ လှ ပါတယ်လို့ ။ ကိုယ်ကပေးလိုက်ရလို့  မရှိပဲ
    ကုန်သွားပေမဲ့  ကိုယ်ရလိုက်တာက အစားထိုး မရတဲ့ 
    ပီတိဗျ။

     
  4. ပို့စ်တိုင်းမှာ မှတ်သားစရာလေးတွေကြည့်ပါပဲ ...အမြဲမပြတ် ရေးနိုင်ပါစေဗျာ...

     
  5. ပို့စ်တိုင်းမှာ မှတ်သားစရာလေးတွေကြည့်ပါပဲ ...အမြဲမပြတ် ရေးနိုင်ပါစေဗျာ...

     
  6. ခရီးသည်တွေအကြောင်းနဲ့ ဘ၀သံသရာကို ချိတ်ဆက်ပြသွားတာ ကောင်းပါ့ဗျာ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ