Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

တူချက်ကတော့

Posted by thawzin Thursday, July 30, 2009 4 comments



တစ်ခါက ဟိုတယ်တစ်ခု၏ အောက်ထပ် စားသောက်ခန်းတွင် အသက်ငါးဆယ်ခန့် လူကြီးတစ်ယောက်နှင့် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်တို့ စားပွဲတစ်လုံးတည်းမှာ အတူထိုင်၍ အရက်သောက်နေကြသည်။ နှစ်ယောက်လုံးလည်း အတော်မူးနေကြသည်။ အမူးသမားတို့ ထုံးစံအတိုင်း ပြောစရာ စကားမရှိ စကားရှာက တစ်ဦးနှင့် တစ်ဦး မိတ်ဖွဲ့ ကြတော့သည်။
“ ဒါနဲ့ ငါ့တူက ဘယ်ကလဲ၊ ဦးလေး မင်းကို တစ်နေရာရာမှ မြင်ဖူးသလိုလိုပါပဲ ”
“ ကျွန်တော်လဲ ဦးလေးကို တွေ့ဖူးသလိုလိုပါပဲ၊ ကျွန်တော်က မန္တလေးကပါ ”
“ ဟုတ်လား၊ ဒါကြောင့် နေမှာ ဦးလေးလဲ မန္တလေးကပဲ နေတော့ကော ဘယ်အရပ်ထဲမှာလဲ ပြောစမ်းပါဦး ”
“ မြို့သစ်မှာပါ ”
“ ဟာ ငါလဲ မြို့သစ်မှာနေတာပဲ၊ ဒါကြောင့် တွေ့ဖူးသလိုလို ၊ မြင်ဖူးသလိုလို ဖြစ်နေတာကိုး ၊ ဟေး... ဟော .. ရော့သောက်ကွာ ”
“ ဟုတ်ကဲ့ ဒါနဲ ဦးလေးက မြို့သစ် ဘယ်နားမှာလဲ ”
“ အမှတ် (၂) က”
“ ဟာ ကျွန်တော်လဲ အမှတ် (၂) ကပဲ”
“ ဟန်ကျလိုက်တာကွာ တစ်မြို့တည်းသားတစ်လမ်းတည်းသားတွေ လာဆုံရတာ၊ အမြည်းမှာကွာ ငါက အရက်မှာလိုက်မယ် ”
“ ရပါတယ် ဦးရယ်၊ မိတ်ဖြစ်ဆွေဖြစ် နှစ်မျိုးစလုံး ကျွန်တော်ပဲ မှာပါ့မယ်၊ ဟေ့ ကြက်ချဉ်ကျော် နဲ့ ရမ်လေးပတ် ကွာ ၊ ဒါနဲ ဦးလေးနေတော့ ”
“ ခြောက်ဆယ့်တစ် ကျောကပ်လမ်းမှာ ”
“ တူလိုက်တာ ကျွန်တော်လဲ ခြောက်ဆယ့်တစ်ကျောကပ်လမ်းမှာပဲ၊ ကျွန်တော်က အိမ်နံပါတ် - ၄၄ ”
“ ဟေ၊ လေးဆယ့်လေး ”
“ ဟုတ်ပါတယ် ”
“ ဟာ ငါလဲ လေးဆယ့်လေးပဲ၊ အံ့ရောဟေ့၊ တူတာမှ အကုန်တူတာ၊ ဒါနဲ့ ငါတူ ဒီမှာ တည်းတော့ ဘယ်အခန်းမှာ လဲ ”
“ ၀မ်း အိုဝမ်း မှာ ”
“ သြော် ဒါတော့မတူတော့ဘူးကွ၊ ဦးက တစ် သုည တစ် မှာတည်းတာ။
“ သြော် ”
သို့ဖြင့် နှစ်ယောက်သား အမူးလွန်ကာ မှောက်သွားကြသည်။ ထိုအခါ အခြားရက်အ၀ိုင်းမှာ လူတစ်ယောက် ကောင်တာမှာ ထိုင်နေသူအား
“ ဟို နှစ်ယောက် တူလိုက်ပုံက အတော်ဆန်းကြယ်တယ်နော် နေကြတဲ့ မြို့ရော၊ လမ်းရော ၊ အိမ်ရော ”
ထိုအခါ ကောင်တာမှာ ထိုင်နေသူက
“ တူမှာပေါ့ဗျာ၊ သူတို့က သားအဖတော်တယ်၊ အတူလာပြီး အတူတည်းကြတာပဲ။ အမူးလွန်နေလို့ တစ်ယောက်ကို တစ်ယောက် မမှတ်မိတာ ”
ဟု ပြောလိုက်လေသတည်း။




ဆင်ဆိုသည်မှာ

ကုန်သည်ကြီးတစ်ဦးက ဆင်ရောင်းဖို့မြို့ကိုရောက်လာပါတယ်။ ဆင်ကြီးကို ရောင်းမယ်ဆိုတာသိတော့ လူတစ်ယောက်က အချိန်ယူပြီး ပတ်ချာလှည့်ကြည့်ပါတယ်။ ခေါင်းပိုင်းကို ရောက်လာတော့ သေသေချာချာကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းယမ်းပြီး ထိုင်ချလိုက်တယ်။

တခြား ဆင်ဝယ်ချင်တဲ့လူတွေကလည်း ကြည့်နေကြတော့ ကုန်သည်ကြီးက ထိုင်နေတဲ့လူအနား ရောက်လာပြီး-
- ခင်ဗျား မကျေနပ်စရာများ တွေ့ထားလို့လားဗျာ။
-အင်း ခေါင်းပိုင်းမှာဗျ...
-အဲဒါဆို မပြောလိုက်ပါနဲ့ဦးဗျာ အရောင်းအ၀ယ်တည့်ရင် ခင်ဗျားကို ငါးရာခိုင်နှုန်းပေးပါ့မယ်။
အဲသလိုပြောတော့ မကျေမနပ် နဲ့ ဆင်ကိုကြည့်နေတဲ့လူက ခေါင်းငြိမ့်ပြလိုက်ပါတယ်။ ဒီလိုနဲ့ ခဏကြာတော့ အရောင်းအ၀ယ်တည့်သွားရာ ကုန်သည်က ငြိမ်ပြီးထိုင်နေတဲ့ လူဆီ သွားပြီး ပိုက်ဆံပေးရင်း-
- မိတ်ဆွေက ကျုပ်ဆင်ရဲ့ မျက်စီ တစ်ဖတ် မကောင်းတာ ဘယ်လိုလုပ် သိတာလဲဗျ။
-မသိပါဘူး။
-ဒါဖြင့် ဆင်ခေါင်းကို ကြည့်ပြီး ဘာလို့ ခေါင်းယမ်းနေရတာလဲ။
ထိုင်နေတဲ့လူက ကုန်သည်ပေးတဲ့ ပိုက်ဆံကိုအိပ်ထဲယူထည့်ပြီး-
- ဆင်ကိုတစ်ခါမှ မမြင်ဖူးလို့ ကြည့်တာပါဗျာ ။ ပါးစပ် ကိုရှာမတွေ့လို့ စိတ်ပျက်နေတာ။

လူပေါင်းမှားလို့
လူကြီးတစ်ယောက်ဟာ လမ်းလျှောက်လာရင်း အိမ်တစ်အိမ်က လူခေါ်ခေါင်းလောင်းကို မမီ့တမီနဲ့ လှမ်းနှိပ်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လို့-
- ငါ့တူဦးလေး နှိပ်ပေးမယ်။
လူကြီးကနှိပ်ပေးလိုက်တယ်။
အဲဒီ တော့ ကလေးက
- နှိပ်ပြီးရင် ပြေးကြစို့ ဦးလေး
ဆိုပြီး ထွက်ပြေးပါလေရော။


ကြက်နက်အစွမ်း
-ကြက်အနက်တွေက ကြက်အဖြူတွေထက်သာတယ်ကွ။
-ဘာလို့လဲ။
- ကြက်အဖြူတွေက ဥအနက် မဥနိုင်ဘူးလေ။


တာဝန်ကျေသူ
အခန်းအပ်ပြီး ပြန်တော့မယ့် ဧည့်သည်က တံခါးဝရောက်မှ-
- ငါ့အခန်း သွားကြည့်ပေးစမ်းပါဦး၊ အခန်း နံပါတ် ၅၀၅။ စားပွဲပေါ်မှာ ပန်းစက္ကူနဲ့ ထုပ်ထားတဲ့ ပါဆယ် တစ်ထုပ်များ ရှိသလားလို့။
- ဟုတ်ကဲ့
(ငါးမီနစ်ခန့်ကြာသော်)
- တွေ့ခဲ့သလား။
- တွေ့ခဲပါတယ်ခင်ဗျာ။
ယူပေးရမလား။



စိတ်ချ
လေယာဉ်စီး။ ။ ကပ္ပတိန်ရှင့် ရှင့်ရဲ့ ကျွမ်းကျင်မှုဟာ ကျွန်မတို့ကို မြေပြင်ပေါ် ပြန်ရောက်အောင် သယ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကပ္ပတိန်။ ။ ကျွန်တော့်သက်တမ်း နှစ်သုံးဆယ်ကျော်မှာ ဘယ်ခရီးသည်ကိုမှ အာကာသထဲ မထားခဲ့ဖူးဘူး။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ