Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

တူချက်ကတော့

Posted by thawzin Thursday, July 30, 2009



တစ်ခါက ဟိုတယ်တစ်ခု၏ အောက်ထပ် စားသောက်ခန်းတွင် အသက်ငါးဆယ်ခန့် လူကြီးတစ်ယောက်နှင့် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်တို့ စားပွဲတစ်လုံးတည်းမှာ အတူထိုင်၍ အရက်သောက်နေကြသည်။ နှစ်ယောက်လုံးလည်း အတော်မူးနေကြသည်။ အမူးသမားတို့ ထုံးစံအတိုင်း ပြောစရာ စကားမရှိ စကားရှာက တစ်ဦးနှင့် တစ်ဦး မိတ်ဖွဲ့ ကြတော့သည်။
“ ဒါနဲ့ ငါ့တူက ဘယ်ကလဲ၊ ဦးလေး မင်းကို တစ်နေရာရာမှ မြင်ဖူးသလိုလိုပါပဲ ”
“ ကျွန်တော်လဲ ဦးလေးကို တွေ့ဖူးသလိုလိုပါပဲ၊ ကျွန်တော်က မန္တလေးကပါ ”
“ ဟုတ်လား၊ ဒါကြောင့် နေမှာ ဦးလေးလဲ မန္တလေးကပဲ နေတော့ကော ဘယ်အရပ်ထဲမှာလဲ ပြောစမ်းပါဦး ”
“ မြို့သစ်မှာပါ ”
“ ဟာ ငါလဲ မြို့သစ်မှာနေတာပဲ၊ ဒါကြောင့် တွေ့ဖူးသလိုလို ၊ မြင်ဖူးသလိုလို ဖြစ်နေတာကိုး ၊ ဟေး... ဟော .. ရော့သောက်ကွာ ”
“ ဟုတ်ကဲ့ ဒါနဲ ဦးလေးက မြို့သစ် ဘယ်နားမှာလဲ ”
“ အမှတ် (၂) က”
“ ဟာ ကျွန်တော်လဲ အမှတ် (၂) ကပဲ”
“ ဟန်ကျလိုက်တာကွာ တစ်မြို့တည်းသားတစ်လမ်းတည်းသားတွေ လာဆုံရတာ၊ အမြည်းမှာကွာ ငါက အရက်မှာလိုက်မယ် ”
“ ရပါတယ် ဦးရယ်၊ မိတ်ဖြစ်ဆွေဖြစ် နှစ်မျိုးစလုံး ကျွန်တော်ပဲ မှာပါ့မယ်၊ ဟေ့ ကြက်ချဉ်ကျော် နဲ့ ရမ်လေးပတ် ကွာ ၊ ဒါနဲ ဦးလေးနေတော့ ”
“ ခြောက်ဆယ့်တစ် ကျောကပ်လမ်းမှာ ”
“ တူလိုက်တာ ကျွန်တော်လဲ ခြောက်ဆယ့်တစ်ကျောကပ်လမ်းမှာပဲ၊ ကျွန်တော်က အိမ်နံပါတ် - ၄၄ ”
“ ဟေ၊ လေးဆယ့်လေး ”
“ ဟုတ်ပါတယ် ”
“ ဟာ ငါလဲ လေးဆယ့်လေးပဲ၊ အံ့ရောဟေ့၊ တူတာမှ အကုန်တူတာ၊ ဒါနဲ့ ငါတူ ဒီမှာ တည်းတော့ ဘယ်အခန်းမှာ လဲ ”
“ ၀မ်း အိုဝမ်း မှာ ”
“ သြော် ဒါတော့မတူတော့ဘူးကွ၊ ဦးက တစ် သုည တစ် မှာတည်းတာ။
“ သြော် ”
သို့ဖြင့် နှစ်ယောက်သား အမူးလွန်ကာ မှောက်သွားကြသည်။ ထိုအခါ အခြားရက်အ၀ိုင်းမှာ လူတစ်ယောက် ကောင်တာမှာ ထိုင်နေသူအား
“ ဟို နှစ်ယောက် တူလိုက်ပုံက အတော်ဆန်းကြယ်တယ်နော် နေကြတဲ့ မြို့ရော၊ လမ်းရော ၊ အိမ်ရော ”
ထိုအခါ ကောင်တာမှာ ထိုင်နေသူက
“ တူမှာပေါ့ဗျာ၊ သူတို့က သားအဖတော်တယ်၊ အတူလာပြီး အတူတည်းကြတာပဲ။ အမူးလွန်နေလို့ တစ်ယောက်ကို တစ်ယောက် မမှတ်မိတာ ”
ဟု ပြောလိုက်လေသတည်း။

4 comments

  1. kiki Says:
  2. ကိုသော်ဇင်ရော ။
    ဒီလိုတူချက်တွေ ရှိနေပြီလား ။ ။

    စကားမစပ် .
    ခုလို လာပြီး သတိပေး တာ ကျေးဇူးပါ .
    အမက ခုတလော ဒေါသထွက်လွယ် နေတယ် ။
    ကိုယ့်ကိုယ်ကို ထွက်တဲ့ဒေါသ က ပိုများနေတာလေ..
    မကျေနပ်တာတွေ ပေါက်ကွဲ ပစ်လိုက်ချင်တာတွေပေါ့ ။

    တရားတွေလည်း အလျဉ်းသင့် သလို နားထောင်ပါတယ်။
    နားထောင်တုံးခဏပါဘဲလေ ။ ပြီးတော့လည်း ဒေါသကုမ္မာရ ပြန် ဖြစ် နေရတာ ။
    ကြိုးစားပါမယ် ။

     
  3. Dream Says:
  4. အင်း..ဖြစ်ပုံ...ဖြစ်ပုံ....
    တူချက်က... ဟားဟား...အဲလိုပဲ ရယ်သွားပြီ... :P

     
  5. ဟားဟား 101 တဲ့လား။ 101 ခွေးရုပ်လေးတွေတော့ သဘောကျတယ်။
    အဆင်ပြေပျော်ရွှင်ပါစေ။

     
  6. အရက်ကြောင့် အမှားတထောင်ထဲမှာ ဒါကိုပါ ထည့်ထားရမယ်ထင်တယ်...။

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ