Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)




ဆင်ဆိုသည်မှာ

ကုန်သည်ကြီးတစ်ဦးက ဆင်ရောင်းဖို့မြို့ကိုရောက်လာပါတယ်။ ဆင်ကြီးကို ရောင်းမယ်ဆိုတာသိတော့ လူတစ်ယောက်က အချိန်ယူပြီး ပတ်ချာလှည့်ကြည့်ပါတယ်။ ခေါင်းပိုင်းကို ရောက်လာတော့ သေသေချာချာကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းယမ်းပြီး ထိုင်ချလိုက်တယ်။

တခြား ဆင်ဝယ်ချင်တဲ့လူတွေကလည်း ကြည့်နေကြတော့ ကုန်သည်ကြီးက ထိုင်နေတဲ့လူအနား ရောက်လာပြီး-
- ခင်ဗျား မကျေနပ်စရာများ တွေ့ထားလို့လားဗျာ။
-အင်း ခေါင်းပိုင်းမှာဗျ...
-အဲဒါဆို မပြောလိုက်ပါနဲ့ဦးဗျာ အရောင်းအ၀ယ်တည့်ရင် ခင်ဗျားကို ငါးရာခိုင်နှုန်းပေးပါ့မယ်။
အဲသလိုပြောတော့ မကျေမနပ် နဲ့ ဆင်ကိုကြည့်နေတဲ့လူက ခေါင်းငြိမ့်ပြလိုက်ပါတယ်။ ဒီလိုနဲ့ ခဏကြာတော့ အရောင်းအ၀ယ်တည့်သွားရာ ကုန်သည်က ငြိမ်ပြီးထိုင်နေတဲ့ လူဆီ သွားပြီး ပိုက်ဆံပေးရင်း-
- မိတ်ဆွေက ကျုပ်ဆင်ရဲ့ မျက်စီ တစ်ဖတ် မကောင်းတာ ဘယ်လိုလုပ် သိတာလဲဗျ။
-မသိပါဘူး။
-ဒါဖြင့် ဆင်ခေါင်းကို ကြည့်ပြီး ဘာလို့ ခေါင်းယမ်းနေရတာလဲ။
ထိုင်နေတဲ့လူက ကုန်သည်ပေးတဲ့ ပိုက်ဆံကိုအိပ်ထဲယူထည့်ပြီး-
- ဆင်ကိုတစ်ခါမှ မမြင်ဖူးလို့ ကြည့်တာပါဗျာ ။ ပါးစပ် ကိုရှာမတွေ့လို့ စိတ်ပျက်နေတာ။

လူပေါင်းမှားလို့
လူကြီးတစ်ယောက်ဟာ လမ်းလျှောက်လာရင်း အိမ်တစ်အိမ်က လူခေါ်ခေါင်းလောင်းကို မမီ့တမီနဲ့ လှမ်းနှိပ်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လို့-
- ငါ့တူဦးလေး နှိပ်ပေးမယ်။
လူကြီးကနှိပ်ပေးလိုက်တယ်။
အဲဒီ တော့ ကလေးက
- နှိပ်ပြီးရင် ပြေးကြစို့ ဦးလေး
ဆိုပြီး ထွက်ပြေးပါလေရော။


ကြက်နက်အစွမ်း
-ကြက်အနက်တွေက ကြက်အဖြူတွေထက်သာတယ်ကွ။
-ဘာလို့လဲ။
- ကြက်အဖြူတွေက ဥအနက် မဥနိုင်ဘူးလေ။


တာဝန်ကျေသူ
အခန်းအပ်ပြီး ပြန်တော့မယ့် ဧည့်သည်က တံခါးဝရောက်မှ-
- ငါ့အခန်း သွားကြည့်ပေးစမ်းပါဦး၊ အခန်း နံပါတ် ၅၀၅။ စားပွဲပေါ်မှာ ပန်းစက္ကူနဲ့ ထုပ်ထားတဲ့ ပါဆယ် တစ်ထုပ်များ ရှိသလားလို့။
- ဟုတ်ကဲ့
(ငါးမီနစ်ခန့်ကြာသော်)
- တွေ့ခဲ့သလား။
- တွေ့ခဲပါတယ်ခင်ဗျာ။
ယူပေးရမလား။



စိတ်ချ
လေယာဉ်စီး။ ။ ကပ္ပတိန်ရှင့် ရှင့်ရဲ့ ကျွမ်းကျင်မှုဟာ ကျွန်မတို့ကို မြေပြင်ပေါ် ပြန်ရောက်အောင် သယ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကပ္ပတိန်။ ။ ကျွန်တော့်သက်တမ်း နှစ်သုံးဆယ်ကျော်မှာ ဘယ်ခရီးသည်ကိုမှ အာကာသထဲ မထားခဲ့ဖူးဘူး။

4 comments

  1. kiki Says:
  2. ဆင်ကြီး အရောင်းအဝယ်လုပ်တယ်ဆိုလို့ 
    မြန်မာပြည်က ကားပွဲစားတန်းကို အမှတ်ရ မြင်ယောင်မိလိုက်သေးတယ် ။။

်အဲလိုပုံစံမျိုးပါပဲ ..
    ရောင်းသူရယ် ၊ ဝယ်သူရယ်အပြင် ..
    ပွဲစားတွေရော ၊ဘေးက ပရိသတ်တွေကပါ
    တရုံးရုံးနဲ့ လေ .. အလုပ်ဖြစ်သွားကြရင်
    ကြားပွဲစားတွေ ကအများကြီး ..ဘယ်ကပေါ်လာမှန်းမသိ
    ဝေစုတောင်းကြတာ ... ဟားဟား ။။။

     
  3. စာရေးရင်း စိတ်မွန်းကျပ်လို့ ဘယ်အိမ်သွားမလဲ ကြည့် တာ ကံချွန်ရဲ့ဟာသများဆိုလို့ ရောက်လာမိတယ်..။
    တကယ်ပေါ့ပေါ့ပါးပါး ပြုံးသွားမိပါတယ်..။
    ကိုသော်ရေ ကျေးဇူးဗျာ...။

     
  4. Anonymous Says:
  5. အရမ်းကောင်းပါတယ်

     
  6. Anonymous Says:
  7. အရမ်းကောင်းပါတယ်

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ