Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

“ ငါ့ထက်ကြီးသူ ငါ့ထက်လူ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ
ငါနဲ့ တန်းတူ ငါ့အသက်တူ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ
ငါ၏ရန်သူ ငါ့အောက်လူ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ
သတ္တ၀ါအားလုံး ရေမြေဆုံးဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ
ကြီးနိုင်ငယ်ညင်း အချင်းချင်း ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ”
အဘိုးရဲ့ မေတ္တာပို့သံကြားမှာ မိုးယံ တစ်ယောက် ကမန်းကတမ်း အိပ်ယာထရသည်။ ညက အိပ်ယာဝင်ရာမှာ နောက်ကျသည်။ ညကရွာမှာ ပွဲဈေးတန်း ဈေးရောင်းရသည် အလုပ်က ပွဲရှိတုန်း လုပ်သည်မို့ အိပ်ရေး အပျက်ခံရသည်။ အခုလဲ အစောထရအုံးမည်။

မိုးယံရဲ့ အလုပ်က ရွာက ဈေးမှာ ကြက်သွန်အိတ်ကို သယ်ပေးရသော အလုပ်ဖြစ်သည်။ မနက်စောစော ဈေးဝယ်မလာခင် ဆိုင်ခင်းကျင်းကြသည့် အသက်အရွယ်ကြီးသူတို့ ထိုကြက်သွန်ဈေးသည်တွေ သယ်ဆောင်ဖို့က မလွယ်ပေ။ ဒါကြောင့် မိုးယံတစ်ယောက် စီးပွားပေါက်နေရသည်အဖြစ်။

ကျောင်းက ဆရာမရဲ့ အိမ်စာကလဲ အလုပ်လုပ်ရင်း စဉ်းစားရသည်။ သင်္ချာ ဖြစ်လို့ သူ့အနေနဲ့က ကိစ္စမကြီး ဆရာမ ရှင်းပြအချိန်မှာ နားလည်အောင် နားထောင်တဲ့ အရည်အချင်း မိုးယံမှာ အပြည့်အ၀ရှိသည်။ ဒါပေမယ့် စာအုပ်ပေါ်ကိုတော့ ချမရေး ချမတွက်နိုင်။ တွက်ဖို့ အချိန်လဲ မရှိ။ စာအုပ်လဲ အပိုမရှိဖြစ်နေရသည်။ မိုးယံက အိမ်စာ မလုပ်။ သူမှာ စာအုပ်က ၅ အုပ်ပဲရှိသည်။ တစ်နှစ် စာလို့ ပြောရင်မှန်လိမ့်မည်။

“ အိမ်စာတွေ ထပ်ကြမယ် တပည့်တို့”
ဆရာမရဲ့ အသံနဲ့ အတူ ဆရာမ အတန်းတွင်းသို့ ၀င်လာသည်။ မိုးယံတစ်ယောက် ထပြီး မနှုတ်ဆက်မိလိုက်ပေ။ အိမ်စာ ကို ကမန်းကတမ်း ချရေးသည်အဖြစ်။ နောက်ဆုံး ဖြစ်လို့ ဆရာမလဲ သတိမထားမိဖြစ်သွားသည်။

“ အတန်းထဲမှာ အားလုံး စာအုပ်ထက်တယ်၊ မိုးယံ မင်းဘာလို့ စာအုပ်မထပ်တာလဲ”
“စာအုပ် အသစ်မပါလာလို့ပါခင်ဗျ”
“ငါနားလည်ပြီး, ရှေ့ထွက်လာ ကျောက်သင်ပုန်းမှာ ထတွက်”
...........................................................................................
“မိုးယံရယ် ကျေးဇူးတင်လိုက်တာ၊ နင် ကူတွက်ပေးလို့သာပေါ့၊ မဟုတ်ရင် ငါတော့ ဆရာမ အပြစ်ပေးခံထိပြီးဟ၊ ဒါတောင် နင့်လက်ရေးနဲ့ တူတယ်ဆိုပြီး ဆရာမက ကျစ်နေသေးတာ၊ မနေ့ညက ငါလဲ ပွဲထဲမှာလည်တာနဲ့ အိမ်စာလုပ်ဖို့မေ့နေတာ။ ပြော.... နင် ဘာစားချင်လဲ ငါမုန့်ဝယ်ကျွေးမယ်”
“ မုန့်လဲ မစားချင်ဘူး၊ ကျေးဇူးတင်စရာလဲ မလိုပါဘူးဟာ၊ သူငယ်ချင်း အချင်းချင်း ကူညီရမှာပေါ့ဟာ”
“ မရဘူးဟာ၊ နင်က ငါ့ကို သူငယ်ချင်း အဆင့်ပဲလားဟ၊ ငါ့မှာဖြင့် ခင်လိုက်ရတာ၊ အိမ်က တားနေတဲ့ကြားက အားကိုးတကြီး ခင်နေရတာကို နင်အသိအမှတ်မပြုဘူး၊ ငါအရမ်း ၀မ်းနည်းတယ်”
“ အမလေး၊ မငိုလိုက်ပါနဲ့ ကြီးတော်ရယ်........၊ စိတ်ကြီးပဲဟာ.... ကဲ့... ငါ့အတွက် ဗလာစာအုပ် အသစ် တအုပ်ဝယ်ပေးနော်.... မုန့်ဆိုတာ စားလိုက်ရင် ကုန်သွားရော၊ စာအုပ်က စာရေးတိုင်း သတိတရဖြစ်တာပေါ့... အိုကေလား?”
“ အင်း...”
.....................................


ဒီနေ့ ကိုးတန်းမှ ငါးတန်းထိ အောင်စာရင်း ထွက်လာသည်။ အားလုံးပဲ အောင်မြင်ကြလို့ မိဘတိုင်း စိတ်အေးနေရသည်။ ပထမ ရသူ၊ ဒုတိယ ရသူတွေကတော့ အပျော်မဆုံးဖြစ်ကြပြီးပေါ့။ လာမယ့် ကျောင်းသာစုံညီပွဲတော်ကြရင် မိဘတွေ မျက်နှာပန်း ပွင့်ကြသလို့၊ သားသမီးများလဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပေါ့။ မိုးယံဒါတွေ စိတ်ဝင်စားဖို့ အချိန်မရ။ ဈေးထဲသွား အိပ်ထမ်းရအုံးမည်။ ပြီးရင် တောထဲသွား ပေါင်းသင်ရအုံးမည်။ လာမယ့် ၁၀တန်းကြီးအတွက် ကျောင်းတတ်ဖို့ ပြင်ဆင်ရအုံးမည်။

အဘိုးနဲ့ မြေးကလေး မိုးယံတို့ စားဝတ်နေရေးက အဖေရဲ့ မြင်းလှည်းဖို့နဲ့ မဖူလုံနိုင်ဖြစ်ရသည်မို့ မိုးယံလဲ ကျောင်းစာကို အရေးမစိုက်အားပါ။ အခုတလော အဘိုးက မကြာခဏ ကျန်းမာရေးက မကောင်းဖြစ်နေသည်။ ကျောင်းတတ်ဖို့ စရိတ်ကို မိမိဘာသာ ကြိုတင်စုဆောင်းမိလို့.... ကျောင်းတတ်ရဖို့က မပူရတော့။ အဖေလဲ အဘိုးရောဂါနဲ့မို့ ငွေကလဲ သူ့ဘက်မှာ မရှိတာသေချာနေသည်။ အရင်တုန်းကထက် အလုပ်ကို ပိုလုပ်ရအုံးမည်။

“ဟူး......”
မိုးယံတစ်ယောက်တော့ သက်ပြင်းချနေမိသည်။ လက်ထဲမှာက ငွေက ၁၅၀၀ သာကျန်တော့သည်။ ဗလစာအုပ်ဖိုး အတွက်တော့ ပြဿနာ၊ စာရေးကိရိယာတွေလဲ အခုမှ ဈေးပိုကြီးနေသလား အောင့်မေ့ရသည်။ မိမိကိုယ်တိုင် ကျောင်းအပ်ပြီးလို့ အပူတလုံးကျသွားသည်။ ကျောင်းဘေးနားက စာရေးကိရိယာရောင်းတဲ့ ဆိုင်အသစ်လေးတွေ့တော့ မိုးယံဝင်ကြည့်မိသည်။ စာအုပ်တွေကလဲ အညံစားတောင် တစ်ဒါဇင် ၁၃၀၀ ဖြစ်နေပြီး၊ တခြားဟာ ၀ယ်ဖို့က ကျန်သေး။ မိုးယံတစ်ယောက် စာအုပ်တွေကြည့်လိုက် လက်ထဲက ပိုက်ဆံကြည့်လိုက်နဲ့ ငွေမလောက်မှာ စိတ်ပူမိသည်။

“ဘာလိုချင်လို့လဲ”
ဒီအသံကြားဖူးသလိုပဲ၊ သြော်... ဒါ ယွန်းသဇင်ရဲ့ အသံပဲ။ စိတ်ထဲမှာ ထင်တာနဲ့ အမှန်တိုင်းပင်။ မိမိစားဝတ်နေရေးနဲ့မို့ သူ့ကိုတောင် သတိမရချင်ဖြစ်နေရသည်။ တကယ်တော့ ယွန်းသဇင်က မိန်းမချောလေးတစ်ယောက်ပါ။ စိတ်ထားဖြူစင်တယ်။ ဟောဟော ဒိုင်းဒိုင်းနဲ့ မှန်တယ်ထင်ရင် ဇွတ်တရွတ်လုပ်ချင်တဲ့သူ။ မိဘကလဲ ရွာမှာက မျက်နှာကြီးမျိုးတွေလေ။ ဒါကြောင့် မိုးယံနဲ့ မပတ်သက်ဖို့ အိမ်က ကြီးမားတဲ့ တားမြစ်ချက်ကြီးကို အဖေအား လူတွေ့ သတိပေးထားပြီးသားဖြစ်နေသည်။ ယွန်းသဇင် မိုးယံနဲ့ တွေ့ရင် ကလေးအရမ်းဆန်သည်။ ယွန်းသဇင်နဲ့ သူငယ်ချင်းဖြစ်နေကြတဲ့ ယောက်ျားလေးတွေ အများကြီးပင်။ ဒါပေမယ့် ယွန်းသဇင်ရဲ့ အရေးပေးမူကိုတော့ မိုးယံ အပြည့်အ၀ရထားသည်။

“ ဟယ်.... မိုးယံ၊ နင်နော် နေနိုင်လိုက်တာဟာ တနွေလုံး ဘယ်ပျောက်နေတာလဲ၊”
“သြော်... ယွန်းသဇင်၊ ဒါက နင်တို့ဆိုင်လားဟ၊ ဆိုင်က အသစ်ကြီးနော်”
“အမလေး... ဆိုင်ဖွင့်ထားတာ ၂လလောက်ရှိတော့မယ်၊ ဒါပေမယ့် အခုမှ ဆိုင်က ရောင်းအားတတ်မှာဟ၊ အခုမှကျောင်းဖွင့်လို့၊ နင်ဘယ်တွေပျောက်နေတာလဲ... ရွာထဲမှာ နင်နဲ့တွေ့မလာလို့ ငါတောင် ရှာမိသေးတယ်။ နင်ရွာမှာကို မရှိဘူး၊ ဟုတ်တယ်မလား”
“အေးဟ.... ငါဟိုဘက်ရွာက ကြီးကြီးအိမ်မှာ ယာခင်သွားကူလုပ်နေတာ၊ မုန့်ဖိုးပေးမယ်ဆိုတော့လဲ ငါသွားလုပ်ရတာပေါ့ဟာ။ တနွေလုံး အဲဒီမှာပဲဟ၊ အဲဒီမှာ အဲလို လုပ်နေလို့ ငါလဲ ကျောင်းအပ်နိုင်တာဟ၊ မဟုတ်ရင် အိမ်က အဘိုးကျန်းမာရေးနဲ့တော့ ကျောင်းတတ်ရဖို့ မသေချာဘူးလေ”
“ ကျောင်းတော့ မတတ်ပဲ၊ မနေပါနဲ့ဟာ၊ ငါ့မှာ နင်ကို အားကိုးနေရတာ၊ ၁၀ တန်းဆို စာတွေပို ခက်လာပြီး၊ နင့်ကို ပိုပြီး ဒုက္ခပေးဖို့ များမယ်ထင်တယ်နော်”
“နင်ကလဲဟာ ကျူရှင်တွေ ယူပေါ့ဟ၊ ဒါမှမဟုတ် ဆရာတွေ အိမ်ခေါ်ပြခိုင်းပေါ့။ ၁၀တန်းကတော့ အရေးကြီးတယ်နော်၊ သြော်.... ငါ့ကို ဗလာစာအုပ် ၆အုပ်ရယ် ဘောပင်၂ချောင်းနဲ့ ခဲတံ ၁ချောင်းပေးနော်၊ ဘယ်လောက်ကျလဲ ပြောအုံး”
“ ရော့ အားလုံး ၁၅၀၀”
“ဟာ... ယွန်းသဇင်၊ ငါ တဒါဇင်လုံး မယူနိုင်ဘူး၊ ပြီးတော့ အဲဒီစာအုပ်တွေ မဟုတ်ဘူးဟ၊ ဒီဘက်က အစိမ်းလေးတွေလေ”
“ ငါ... သိပါတယ်။ နင်ကလဲ ငါပေးတာလေ၊ ယူနော်.... မယူရင် နင့်ကို မခေါ်တော့ဘူး။ ငါ့စိတ်ကို နင်သိတယ်နော် မိုးယံ”
“ဟာ... နင်ကလဲ အဲဒါ ငါမှ မ၀ယ်နိုင်တာဟ၊ ပြီးတော့ ၁၅၀၀ကျပ် မကဘူးထင်တယ်”
“ မကလဲ ယူဟာ၊ ငါက ၁၅၀၀ကျပ်နဲ့ ပေးတာ၊ နင့်ကို အချစ်ဆုံး သူငယ်ချင်းမို့ အလကားပေးလိုက်မယ် ယူသွား၊ ဟိုမှာ ငါ့အမေ ပြန်လာကပြီး၊ အမြန်ယူပြီး သွားတော့”
“အေး....ဟာ... ငါပြန်ပေးမယ် အဲဒီတန်ဖိုးနဲ့ အညီ၊ ငါသွားတော့မယ် ကျောင်းဖွင့်မှ ဆုံတာပေါ့ တာ.. တာ”
....................................................................


မနက်က မနက်စာ မစားခဲ့ရ၍ မိုးယံ ဗိုက်အရမ်းဆာနေသည်။ အပြေးကလေး လျောက်ရသည် အိမ်ကို။ ဗိုက်ဆာတဲ့နေ့မှာ အိမ်နဲ့ ကျောင်းက ပိုဝေးနေသလိုပင်။ နောက် စက်ဘီး ဒုန်းစိုင်းစီးလာတဲ့ အသံကြားလို့ ဘေးဆင်းပြီး ဆက်လျောက်မိသည်။
“ယွန်း..... ဒီစာလေး ယူပါဟာ... ငါနင့်ကို တကယ် မြတ်မြတ်နိုးနိုး ချစ်မိတာပါဟာ၊ ယူသွားပေးပါဟာ နော်”
တစ်ယောက် အတင်းပေး၊ တစ်ယောက် မယူနဲ့၊ စက်ဘီး အမြန်နင်းနေရသည့် ယွန်းသဇင်က မိုးယံကို မြင်အောင် ကြည့်မိသွားသေးသည်။ မိုးယံလဲ ရပ်ပြီး ကြည့်နေမိသည်။ ဗိုက်ဆာတာတွေ ပျောက်သွားသလိုပင်။ စိတ်ထဲမှာ တန်းဖိုးကြီးကြီး အရာတခု ပျောက်ဆုံးသွားသလိုလို၊ ရင်စို့ကို ဓါး တလက် အဆုံးထည့်သွင်းလိုက်သလိုလို နာကျင်စွာ ခံစားနေမိသည်။ ပါးစပ်အဟောင်းသားနဲ့ သူတို့ နှစ်ယောက် စက်ဘီး အမြန်နင်းပြေးနေတာကိုလဲ မမြင်မိတော့သလို။
................................................


“မိုးယံ.... ”
မျက်ရည် စက်လက်နဲ့ မိုးယံကို ကြည့်နေတဲ့ ယွန်းသဇင်ကို မြင်နေမိသည်။
“ အေး... သူငယ်ချင်း ယွန်းသဇင်၊ ဘာအကူအညီပေးရမလဲ၊ ပြောသူငယ်ချင်း”
စိတ်ထဲမှာ မပါပါပေမယ့် ဟန်ဆောင် အပြုံးနဲ့ မျိုသိပ်ရင် ပြန်မေးလိုက်မိသည်။ နင်မျက်ရည် ၀ိုင်းနေတာ မြင်တော့ ငါတကယ် ခံစားရတယ် သဇင်ရယ်...။ ငါက နင့်ကို အမြဲတမ်း ပျော်နေပြီး ကလေးဆန်ဆန်လေးပဲ မြင်နေချင်တာ။ နင့်ကို ငါမရိုးမသား စိတ်တွေဖြစ်နေပြီးထင်တယ်။

“မိုးယံ.... ငါ့ကို စိုးသူအောင်က ရည်းစား စကား လိုက်ပြောနေတယ်၊ ငါဘာလုပ်ရမှာလဲ၊ ငါသူကို စိတ်ထဲမှာကို မရှိတာ။ ငါဘာလုပ်သင့်လဲ မိုးယံ... ပြောစမ်းပါဟာ။ ငါငိုချင်တယ်ဟာ”
“နင်ကလဲဟာ သူက စိတ်ကစားပြီး ပြောတာနေမှာပါ၊ စိတ်ထဲမထားပါနဲ့၊ တကယ်ဆို ဒီအရွယ်က ရည်းစား မထားသင့်ဘူးလို့ ပြန်ပြောလိုက်ပေါ့ဟာ”
“မဟုတ်ဘူး မိုးယံ၊ သူအိမ်နဲ့ ငါ့အိမ်က တအားရင်းနှီးတာဟ၊ လူကြီးချင်းကလဲ နောက်ပြောင်သလိုနဲ့ အရွယ်ရောက်လာရင် လက်ဆက်ပေးဖို့ ပြောနေကြတယ်။”
မိုးယံ ဘာပြန်ပြောရမည်နည်း။ စိတ်ထဲ အရှိတိုင်း နင့်ကို ငါပြောချင်လိုက်တာဟာ.... ၊ ဒါပေမယ့် ငါ့ဘ၀ ငါ့အခြေအနေနဲ့က ဒီစကားကို ပြောဖို့ အခွင့်အရေးမရှိဘူး သဇင်ရယ်။ ငါ နင့်ကို အရမ်းချစ်တယ် သဇင်ရယ် စိတ်ထဲမှာ ကိုယ့်ဘာသာပြောနေမိသည်။

မှတ်သားစရာမရှိတဲ့ ၀တ္ထုတွေ ရေးမိနေတယ်ဗျာ။ ဆက်ရေးဖို့ အားပေးနော်။ ကျေးဇူးတင်ထားမယ်။ အားလုံးကို။

သီချင်း (၂)ပုဒ်

Posted by thawzin Sunday, October 11, 2009 5 comments

သူလေးကို ဘယ်သူဖန်တီးလဲ မသိဘူး။ ကျန်တဲ့တစ်ပုဒ်ကတော့ ကျွန်တော့် သူငယ်ချင်း ဖန်တီးထားတာပါ နှစ်ပုဒ်လုံး သီချင်းကောင်းလေတွေပါဗျာ




Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ