
သူအမည်က နှင်းဆီတဲ့
တကယ်ပဲ သူမှာ
အဆိပ်သင့်စေတဲ့
ဆူးတွေရှိတယ်။
ငါလေ.....
ဘာကြောင့်များ
သတိမဲ့စွာ ခူးချင်မိခဲ့ပါလိမ့်?
သူ့ဘ၀က
ရနံ့ထုံသင်းတဲ့
ပန်းရဂုံတွင်းက ပန်းလို
ဓနဂုဏ်သင်းတဲ့
အလှမြုံအတွင်းက သူပါ။
ငါလေ..........
ဘာကြောင့်များ
အသိမဲ့စွာ တမ်းတနေမိပါလိမ့်?
အင်း....
သတိမဲ့စွာ ခူးချင်မိတဲ့ငါ
အသိမဲ့စွာ တမ်းတဖူးတဲ့ငါ
ထပ်ပြီးတော့
ဘာကြောင့်များ
ရူးသွပ်စွာ ချစ်မိနေခဲ့ပါလိမ့်?
Melbourne near me Trusted Removalist
1 year ago



