“သုခိနောဝ ခေမိနော ဟောန္တု။ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။”သတ္တ၀ါအားလုံး ကိုယ်ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ၊ စိတ်ချမ်းသာပါစေ…မေတ္တာဆိုတာက အဘိဓမ္မာ တရားကိုယ် အားဖြင့်တော့ မကြမ်းတမ်း၊ မပြစ်မှားတဲ့ အဒေါသ စေတသိက်ပါပဲ။ ဒါပေမယ့် အဒေါသ စေတသိက်တိုင်း မေတ္တာလို့ မမည်ပြန်ဘူး။ သီလ ဆောက်တည်တဲ့အခါမှာရော အဒေါသ စေတသိက် ပါပဲ။ ဒါနပြုတဲ့အခိုက်မှာလဲ အဒေါသ စေတသိက်ပါပဲ။ မိမိရဲ့ စိတ်အာရုံမှာ သတ္တာတွေအပေါ်ကို မှန်းပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ လို့ ပွားနေတဲ့အခိုက်မှာ ဖြစ်တဲ့ အဒေါသ စေတသိက်ကိုသာ မေတ္တာလို့ ခေါ်ပါတယ်။မေတ္တာတရားကို အပ္ပမညာ တရားလို့လဲ ခေါ်ထိုက်ပါတယ်။ အတိုင်းအတာမရှိ...
Melbourne near me Trusted Removalist
3 weeks ago