Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

Screen ကို record လုပ်ကြမယ်

Posted by thawzin Saturday, September 26, 2009 0 comments

Camsial record

မိမိ Computer Screen တွင် လှုပ်ရှားခဲ့ မှုများအား ဗီဒီယိုဖိုင်အဖြစ် save ထားချင်တယ်ဆိုရင် အခုပေးထားတဲ့ ဖိုင်လေးကို ဒေါင်းလိုက်ပါ
ဒေါင်းလုပ်တော့ဆွဲပြီးသွားပြီ
Computer Screen တွင် လှုပ်ရှားခဲ့ မှုများအား ဗီဒီယိုဖိုင်အဖြစ် save ထားတာကိုပြန်ကြည့်ချင်ရင် ဘယ်လိုကြည့်ရမလဲ ?
- Camsial record ဖိုင်လေးကို ဒေါင်းပြီးသွားရင်
- install လုပ်ပါ ၊ ပြီးရင်
- desktop ပေါ်က Camsial record icon လေးကိုဖွင့်ပါ၊
- ပြီးရင် File Menu > Record the screen ကို ကလစ်ပါ၊
- New Record wizard box နဲ့  Camtasia Recorder box ကျလာရင် New Record wizard box ကို Cancel လုပ်ပါ ပြီးရင် Camtasia Recorder box ရဲ့ Capture Menu > Region ကို ကလစ်
- Capture Menu အောက်က အနီရောင် ဘောလုံးပုံလေးနဲ့ Record ကို ကလစ်ပါ၊ ဒါဆိုရင် မိမိ၏ mouse pointer လေးက မျှားပုံလေး မဟုတ်တော့ဘဲ လက်ပုံလေးဖြစ်သွားပါပြီး
- မိမိ၏ screen ကို စတင် record လုပ်ရန်အတွက် screen area ကို စတင်သတ်မှတ်ပါ။ ဒါကြောင့် လက်ပုံလေးကို မိမိ screen ရဲ့ ဘယ်ဘက် အပေါ ဒေါင့်မှစ၍ ဖြိပီးဆွဲလာပါ၊ ညာဘက်အောက်ဒေါင့် အရောက်တွင် လက်လွတ်လိုက်ပါ။ ဒါဆိုရင် screen record စတင်လုပ်နေပါပြီ
မိမိ screen တွင် လုပ်ရှားနေသမျှ အားလုံးကို record လုပ်နေပါပြီး
- ရပ်လိုပါက Teskbar ၏ ညာဘက်အောက်နားတွင် Camtasia icon အနီလေးကို ရှာပါ၊ တွေ့ ရင် right click > Stop ကို ကလစ်လိုက်ပါ
- မိမိ screen တွင် လှုပ်ရှားသမျှအားလုံးကို Camtasia အနေဖြင့်စတင် play ပါပြီ
- ပြီးလျှင် Camtasia file type ဖြင့် save ပါ၊
- ထိုဖိုင်အား အခြား computer တွင် ကြည့်နိုင်ရန်အတွက်
- Post save option box ကျလာလျှင် Produce my vedio in a shareable format ကို ရွေး၍ ok ကို ကလစ်ပါ။
- Wizard box ကျလာရင် Next ကို ကလစ်၊
- မိမိစိတ်ကြိုက် Vedio format ကို ရွေး၍ Next ကို ကလစ်၊
- Encoding option box ကျလာမည် Next ကို ကလစ်၊
- Vedio Size ရွေးရန် box ကျလာမည် default ထား Next ကိုကလစ်၊
- Vedio Option ရွေးရန် box ကျလာမည် default ထား Next ကိုကလစ်၊
- Marker Option box ကျလာမည် default ထား Next ကိုကလစ်၊
- မိမိ encode လုပ်ပြီးဖိုင်ကို သိမ်းရန် နေရာရွေး၍ Finish ကိုကလစ်၊
ဒါဆိုရင် မိမိ၏ Vedio ဖိုင်အား မည်သည့် computer တွင်မဆို ပြန်လည် ကြည့်ရှုနိုင်ပါပြီ ။
လုပ်ပုံလုပ်နည်းလေးကို ဤနေရာ လေးမှာ မူဗွီလေးနဲ့ သွားလေ့လာနိုင်ပါတယ်။ ဆော့ဝဲကို ရမ်းပြီးတာနဲ့ တတ်လာတဲ့ homepage မှာပဲ ကြည့်နိုင်ပါတယ်ဗျာ။

နောက်ထပ် အမျိုးတွေလဲ ရှိပါသေးတယ်... အပေါ်ကဟာတွေ အဆင်မပြေတော့ အောက်ကဟာတွေနဲ့ စမ်းကြည့်ပေါ့ဗျာ



AutoScreenRecorder 2.1 Pro


direct link
download
key

နောက်ထပ် တစ်ခုလဲ ရှိပါသေးတယ်.... ကီးဂျမ်းတော့ ပါဘူးဗျ။



Video Capture Master v7.0.1.890




ဒေါင်းမယ်ဆိုရင် ဒေါင်းဗျို့
download


နောက်ထပ်ကျန်သေးတယ် ကီးဂျမ်းတော့ မရှိဘူးဗျို့Trial version လေးပဲ တင်ထားကြလို့ပါ



Easy Screen Recorder Version 1.2.0.19



ဒေါင်းရန်



အဲဒါတွေ အားလုံးက မြန်မာမိသားစု ဖိုရမ်ကပါ ခင်ဗျာ.... :D :P အားလုံးကို စုစည်းပြီး ပိုစ် အဖြစ် တင်လိုက်ရပါကြောင်း..... လိုအင်ဆန္ဒအတိုင်း ပြည့်ဝနိုင်ကြပါစေ



ထူးခြားတဲ့သား

သားငယ် ဂျော်နီရိရှာ ကလေးထိန်းဋ္ဌာနသို့ ဂျော်နီ၏အမေ ရောက်လာသည်။
ပထမဆုံးအကြိမ် သားငယ်ကို လာကြိုခြင်း ဖြစ်သည်။ ပထမထပ်ကို
ကြည့်လိုက်သောအခါ 'လိမ္မာသောကလေးများ' ဟူသည့်
ဆိုင်းဘုတ်ချိတ်ထားသည်ကို တွေ့ရသည်။ ဂျော်နီကို သူမရှာသည်။ မတွေ့ချေ။
သို့ဖြင့် ဒုတိယထပ်သို့ တက်သည်။ 'သာမန် ကလေးများ' ဆိုင်းဘုတ်ကို
တွေ့ရသည်။ ဤအထပ်တွင်လည်း ဂျော်နီကို မရှိချေ။ တတိယအထပ်သို့
တက်သည်။ 'ကလေးဆိုးများ' ဟု ရေးထားသည်။ ဂျော်နီကို မတွေ့ပြန်ချေ။
စတုတ္တအထပ်တွင် 'အလွန်ဆိုးသော ကလေးများ' ဆိုင်းဘုတ်ကို မြင်ရသည်။
ဤနေရာတွင်လည်း ဂျော်နီကို မတွေ့ရချေ။ နောက်ဆုံးအထပ်သို့ တက်သည်။
လှေကားထိပ်တွင် 'ဂျော်နီ' ဆိုသော ဆိုင်းဘုတ်ကို အထင်းသား မြင်ရလေသည်။


တိုးတိုးပြော
ခြံထဲရှိ သရက်ပင်ပေါ်တက်၍ သရက်သီးများကို ခိုးနေသော အိမ်ဘေးမှ
ချာတိတ်ကို ခြံပိုင်ရှင်က ဖမ်းမိသည။်
“လာ ငါနဲ့ လိုက်ခဲ့။ မင်းရဲ့ အဖေဆီသွားမယ်။ ကလေးကို မဆုးံ မ
ရကောင်းလားလို့ သူ့ကို ငါ သွားချဲမယ်”
“တိုးတိုးပြောပါ ဦးလေးရယ်။ ဖေဖေကြားသွားပါအုံးမယ်။ ဖေဖေက ဟိုဘက်က
သရက်ပင်ပေါ်မှာ။”

သူသိအောင်ယူတာပါ

ဂျောနီက မိမိ၏ မိခင်အတွက် လတ်လတ်ဆတ်ဆတ် နှင်းဆီပန်းပွင့် ဆယ်ပွင့်ကို
ပေးရာ အမေလုပ်သူက မေးသည်။
“ကျေးဇူးပါပဲသားရယ်။ ဒါနဲ့ သားက ဘယ်က ယူလာတာလဲ”
“တစ်ခြံကျော်က အန်ကယ်လ် မက်သရူးဆီက ပါ”
“သားယူလာတာကို သူသိသလား”
“သိတာပေါ့၊ ကျွန်တော့ နောက်ကို သူအတင်းပြေးလိုက်သေးတာပဲ ဥစ္စာ”

ယောက်ျား စောပြန်လာလို့

မျက်လုံးနှစ်ဖက် ယောင်ကိုင်း လျက် ရံုး တက်လာသော မေရီကို
လုပ်ဖော်ကိုင်ဖက်များက မေးသည်။
“မေရီရယ်၊။ ဘယ်လိုဖြစ်လာတာလဲ”
“ယောက်ျားက ထိုးလိုက်လို့”
“ရက်စက်တဲ့ ယောက်ျားပါလား၊ ဒါနဲ့ ယူ့ယောက်ျား နယ်ခရီးထွက်သွားတယ်ဆို”
“ဟုတ်တယ်၊ ဒါပေမယ့် သူတစ်ရက်စောပြီး ပြန်ရောက်လာတယ်”
သဝန်တိုသူ

မိန်းမလုပ်သူသည် ယောက်ျားအပြင်က ပြန်လာတိုင်း ၎င်း၏ အင်္ကျီကို
စစ်ဆေးလေ့ရှိသည်။ အင်္ကျီပေါ်တွင် ဆံပင်တစ်ချောင်းတွေ့သည်နှင့်
အခြားမိန်းမနှင့် ပျော်ပါးခဲ့သည်ဟု စွပ်စွဲကာ ဆူဆူညံညံ လုပ်လေ့ရှိသည်။ တစ်နေ့
ယောက်ျား အပြင်မှ ပြန်လာသည်။ ထုံးစံအတိုင်း ဆံပင်အကြွင်းအကျန်များကို
ရှာသည်။ မတွေ့ချေ။ သို့နှင့် စိတ်ဆိုးမာန်ဆိုးဖြင့်
“ဟင် ရှင် တော်တော် ကမြင်းတယ်၊ ဆံပင် မရှိတဲ့ မိန်းမကိုတောင် မရှောင်ဘူး”
ဟု ပြောလိုက်သည်။


အားနားလို့
တောင်းတစ်လုံးအပြည့် သရက်သီးများဖြင့် သားဖြစ်သူ အိမ်သို့
ပြန်ပြေးလာသည်ကို တွေ့သည်နှင့် အမေဖြစ်သူက မေးသည်။
“ဟဲ့သား ဒီသရက်သီးတွေ ဘယ်ကယူလာတာလဲ”
“ရွာထိပ်က စုပေါင်းလယ်ယာခြံထဲကပါ”
“အစောင့်ကို ခွင့်တောင်းခဲရဲ့လား”
“ဟင့်အင်း၊ သူက သရက်ပင်အောက်မှာ အသေလို အိပ်နေတော့ နှိုးပြောရမှာ
အားနာတာနဲ့ပဲ မပြောခဲ့တော့ဘူး”

သဘောတရားရေးသင်တန်း
“ဟေ့ သူငယ်ချင်း၊ ကာလ်းမာက်(စ) ဆိုတဲ့လူကို သိသလား”
“မသိဘူး”
“အဲဒါ ပြောတာပေါ့၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း လုပ်နေကျ သဘောတရားရေး
သင်တန်းကိုသာ မင်း ငါ့နဲ့အတူ လိုက်တက်ခဲ့ရင် သူ့ကို မင်းသိမှာပေါ့”
“မင်းကရော အီဗန်ကို သိသလား”
“မသိဘူး”
“အဲဒါပြောတာပေါ့၊ အကယ်၍သာ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း
မင်းသင်တန်းသွားမတက်ခဲ့ရင် မင်းမိန်းမဆီလာနေကျ အီဗန်ကို
မင်းသိမှာပေါ့ကွာ”

လက်ခုပ်သံ

Posted by thawzin Wednesday, September 23, 2009 4 comments

တချိန်တခါက မျက်မမြင် အဘိုးအို တယောက်ဟာ တခုသောညချမ်းမှာ လမ်းလျောက်နေမိသတဲ့။ ဒီလိုဆိုတော့ ဘေးက လူတယောက်က အဘိုးကိုကြည့်ပြီး သနားစိတ် ၀င်သွားတာကြောင့် အဲဒီအဘိုးကို အကူအညီပေးဖို့ ပြောတာပေါ့

“ အဘရယ် ညအမှောင်ကြီးဘာလို့ လျောက်သွားနေရတာလဲ ”
“ အဘက မျက်စိမှ မမြင်တာ ကမ္ဘာကြီး နေ့နဲ့ည ဖြစ်နေတာ သိပ်ပြီး မထူးဆန်းပါဘူး ”
“ မဟုတ်ဘူးလေ အဘရဲ့, အမှောင်ဆိုတော့ အဘကို မျက်စိမြင်တဲ့ သူတွေက ၀င်တိုက်မိမှာပေါ့ ဒါကြောင့် မီးခွက်လေး ယူသွား ကျွန်တော် ပေးလိုက်မယ် ”
ဆိုပြီး မီးခွက်ကလေး ပေးလိုက်သတဲ့ဗျာ...။ အဘိုးကလဲ ဘာမှမပြောတော့ပဲ မီးခွက်ကိုင်ပြီး ဆက်သွားတာပေါ့။ တနေရာ အရောက်တော့ အဘိုးကြီးကို လူတယောက် ၀င်တိုက်မိသတဲ့။
“ ဟေ့ ဟေ့ မင်းမမြင်ဘူးလားကွာ ”
“မမြင်လို့ပေါ့ဗျာ”
“မင်းတို့မြင်နိုင်အောင် ငါမီးခွက်ကိုင် လမ်းလျောက်လာတာ”

“ အဘက မီးခွက် မီးမရှိတာရော သိရဲ့လား ” တဲ့ အဲဒီလို ပြန်မေးလိုက်ပါတော့တယ်ကွယ် ဒါလေးက ဒီမှာ ဆုံးသွားပါပြီး ။

ဒီလိုပဲ သူများကိုပြောတော့မယ် ဝေဖန်တော့မယ်ဆိုရင် မိမိမှာရော ပြည့်စုံမှုရှိရဲ့လား? မိမိရဲ့ မီးခွက်မှာ မီးရှိသေးရဲ့လား ဆိုတာ ကြိုတွေးမိကြပါစေဗျာ။ လက်ဝါးလို့ မိမိဘက် မြင်နေပေမယ့် တစ်ဖက်မှာက လက်ဖမိုး မြင်နေမှာပဲလို့ တွေးမိစေချင်တယ်။ အမှန်တရား နှစ်ခုကြားမှာ ဖြေရှင်းပေးသူက အမှားတဲ့ “ခုံတော်မောင်ကျပန်း” ဇတ်ကားလေးကနေ မှတ်သားမိတာပါ။ ဒါကြောင့် လက်ဖမိုးနဲ့ လက်ဖ၀ါးပေါင်းမှ လက်ဆိုတဲ့ အင်္ဂါနဲ့ ညီမှာပေါ့ဗျာ။ တစ်ဖက်သတ်အမြင်တွေနဲ့ အကုသိုလ် မပွားမိကြပါစေနဲ့...။

တခါက ဥပုသ်လေး တစ်ရက်စောင့်ပြီး အကုသိုလ်တွေများနဲ့ ပင်လယ်ကူး အလုပ်ကို လုပ်တဲ့ ကုန်သည်သူဌေးသားလေးဟာ မိဘ စကားနားမထောင်ပဲ ပင်လယ်ကူးခဲ့မိပါတယ်။ ပင်လယ်မှာ လှိုင်းရိုက်လို့ တကွဲတပြားနဲ့ သူဌေးသားလေး တစ်ယောက်ထဲ ပင်လယ်ထဲမျှောနေရှာပါတယ်။ ဥပုသ်လေး စောင့် ခဲ့တဲ့အကျိုးကြောင့် တစ်ကျွန်းရောက်ပြန် နေစံညခံတဲ့ အသူရကယ်ဘုံသူလေးတွေနဲ့ ဆုံဆည်းတာပေါ့။ နောက်တစ်ကျွန်းရောက်ပြန်တော့လဲ အရင်ကျွန်းထက် ၂ဆသာတဲ့ အသူရကယ်ဘုံသူလေးနဲ့ ပျော်ပါးမိပါသတဲ့။ လူလောဘဆိုတာ အတောမသတ်နိုင်တော့ပါဘူး။ နောက်တစ်ကျွန်းရောက်ရင် ဒီထက်သာမှာပဲ ဆိုတဲ့ အတွေးနဲ့ ကျွန်းတစ်ကျွန်းကို ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကျွန်းကိုရောက်တော့ အလွန်လှပတဲ့ ပုဒုံမာ ကြားပန်းကြီး ပန်ဆင်ထားတဲ့ လူတစ်ယောက်ကို တွေ့ပါသတဲ့။ သူဌေးလေးမျက်လုံးထဲမှာ အဲဒီလိုမြင်ပေမယ့် တကယ်အပြင်မှာတော့ အဲဒီ လူမှာ ငရဲခံနေရတာပါ။ ဦးခေါင်းမှာ ပန်ဆင်ထားတဲ့ ပဒုံမာ ကြားပန်း အထင်က တကယ်တော့ ဓါးသွားစက်ကြီးတစ်ခုဖြစ်ပါတယ်။ သူဌေးသားလေးကတော့ အဲဒီ ပဒုံမာ ပန်းကြီး ကျွန်တော့်ကို ပေးပါလို့ သွားတောင်းမိတဲ့အတွက် ငရဲသားကလဲ သူ့အနေနဲ့ ဒီငရဲက လွတ်မြောက်ဖို့ အချိန်တန်ပြီးဆိုပြီး လွှဲပြောင်းပေးလိုက်ပါတယ်။

အဲဒီလိုပါပဲ သူတစ်ပါး အကုသိုလ်ကို ကိုယ့်အကုသိုလ်ဖြစ်အောင် မလွှဲပြောင်း မယူချင်စမ်းပါနဲ့ မိတ်ဆွေ။ သူများဒုက္ခကို ကိုယ့်ဒုက္ခအဖြစ်မခံပါစေနဲ့။ သူများအကုသိုလ်ကြောင့် မိမိ အကုသိုလ်ဖြစ်ရတာလောက် ရင်နာစရာမရှိပါဘူးဗျာ။ သူများ မကောင်းတာပြောနေမယ့်အစား ကိုယ်ကောင်းအောင် နေတတ်နိုင်ပါစေ..။ ကိုယ်ကောင်းရင်လဲ စံရမှာပါ , ကိုယ်မကောင်းရင်လဲ ကိုယ်ခံရမယ်ဆိုတာကို သိနိုင်မြင်နိုင်ကြပါစေ။

ဒါကြောင့် အကုသိုလ် အကျိုးပေးမှုကို ဂုဏ်မယူချင်စမ်းပါနဲ့။ ဇတ်ကတဲ့ မင်းသမီးမှာ ပရိတ်သတ်ရဲ့ လက်ခုတ်သံဟာ အားဖြစ်စေပေမယ့်, အားပေးတဲ့လက်ခုပ်သံလား ချောက်တွန်းတဲ့ လက်ခုပ်သံလားဆိုတာ ခွဲခြားတတ်ပါစေ။ အသေကခိုင်းတဲ့ ပရိတ်သတ်ဆို အသေကဖို့ လက်ခုပ်သံပါ။ “ လက်ခုပ်သံကြားမှာ နစ်မွန်းလို့မှားမှဖြင့် ထိန်းမနိုင်သိမ်းမနိုင် ကယိမ်ကရိုင်းမလားကွယ် မောင်မတွေးချီ့ပါပြီး” ဆိုတဲ့ သီချင်းလို့ပေါ့ဗျာ။
အားပေးတဲ့ လက်ခုပ်သံဖြစ်ပါစေ။ ချောက်တွန်းတဲ့ လက်ခုပ်သံမဖြစ်ပါစေနဲ့။

မှတ်ချက်။ ။ ဥပမာ ဇတ်ကြောင်းလေးတွေ နဲ့ သီချင်းစားသားလေး လွဲနိုင်ပါသည် , အမှန်မြင်အောင် ဖြည့်စွက်နားလည်နိုင်ကြပါရန်

သတိမှုနိုင်ကြပါစေ

Posted by thawzin Sunday, September 20, 2009 2 comments

အဲဒီလိုလေးလဲ အပျော်မလွန်မိစေပါနဲ့....... လူတွေဟာ ပျော်ရွှင်စရာနဲ့ကြုံလာရင်လဲ ဒုက္ခတွေ့တတ်တယ်ဆိုတာ သတိမှုကြပါစေ



ဒါလေးကလဲ သတိမှုတတ်ကြပါ...... ရယ်စရာဟာသ တစ်ခုဖြစ်လာရင် လူတွေ ခွက်ထိုးခွက်လှန် ရီမောတတ်ကြသလို သတိတရား ကင်းမဲလွန်းကြပါတယ် အဲလိုလဲ မဖြစ်ပါစေနဲ့
More Free Videos Here





ဒီလူကတော့ ဉာဏ်ကြီးရှင်လေးပါ.... နိုင်ငံခြားသွားတဲ့ပုဂ္ဂိုလ်များ အတွက် အတုယူစရာလေးပါဗျာ.... မှတ်သားစရာလေးလဲ ဖြစ်ပါတယ်


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ