Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

လက်ခုပ်သံ

Posted by thawzin Wednesday, September 23, 2009

တချိန်တခါက မျက်မမြင် အဘိုးအို တယောက်ဟာ တခုသောညချမ်းမှာ လမ်းလျောက်နေမိသတဲ့။ ဒီလိုဆိုတော့ ဘေးက လူတယောက်က အဘိုးကိုကြည့်ပြီး သနားစိတ် ၀င်သွားတာကြောင့် အဲဒီအဘိုးကို အကူအညီပေးဖို့ ပြောတာပေါ့

“ အဘရယ် ညအမှောင်ကြီးဘာလို့ လျောက်သွားနေရတာလဲ ”
“ အဘက မျက်စိမှ မမြင်တာ ကမ္ဘာကြီး နေ့နဲ့ည ဖြစ်နေတာ သိပ်ပြီး မထူးဆန်းပါဘူး ”
“ မဟုတ်ဘူးလေ အဘရဲ့, အမှောင်ဆိုတော့ အဘကို မျက်စိမြင်တဲ့ သူတွေက ၀င်တိုက်မိမှာပေါ့ ဒါကြောင့် မီးခွက်လေး ယူသွား ကျွန်တော် ပေးလိုက်မယ် ”
ဆိုပြီး မီးခွက်ကလေး ပေးလိုက်သတဲ့ဗျာ...။ အဘိုးကလဲ ဘာမှမပြောတော့ပဲ မီးခွက်ကိုင်ပြီး ဆက်သွားတာပေါ့။ တနေရာ အရောက်တော့ အဘိုးကြီးကို လူတယောက် ၀င်တိုက်မိသတဲ့။
“ ဟေ့ ဟေ့ မင်းမမြင်ဘူးလားကွာ ”
“မမြင်လို့ပေါ့ဗျာ”
“မင်းတို့မြင်နိုင်အောင် ငါမီးခွက်ကိုင် လမ်းလျောက်လာတာ”

“ အဘက မီးခွက် မီးမရှိတာရော သိရဲ့လား ” တဲ့ အဲဒီလို ပြန်မေးလိုက်ပါတော့တယ်ကွယ် ဒါလေးက ဒီမှာ ဆုံးသွားပါပြီး ။

ဒီလိုပဲ သူများကိုပြောတော့မယ် ဝေဖန်တော့မယ်ဆိုရင် မိမိမှာရော ပြည့်စုံမှုရှိရဲ့လား? မိမိရဲ့ မီးခွက်မှာ မီးရှိသေးရဲ့လား ဆိုတာ ကြိုတွေးမိကြပါစေဗျာ။ လက်ဝါးလို့ မိမိဘက် မြင်နေပေမယ့် တစ်ဖက်မှာက လက်ဖမိုး မြင်နေမှာပဲလို့ တွေးမိစေချင်တယ်။ အမှန်တရား နှစ်ခုကြားမှာ ဖြေရှင်းပေးသူက အမှားတဲ့ “ခုံတော်မောင်ကျပန်း” ဇတ်ကားလေးကနေ မှတ်သားမိတာပါ။ ဒါကြောင့် လက်ဖမိုးနဲ့ လက်ဖ၀ါးပေါင်းမှ လက်ဆိုတဲ့ အင်္ဂါနဲ့ ညီမှာပေါ့ဗျာ။ တစ်ဖက်သတ်အမြင်တွေနဲ့ အကုသိုလ် မပွားမိကြပါစေနဲ့...။

တခါက ဥပုသ်လေး တစ်ရက်စောင့်ပြီး အကုသိုလ်တွေများနဲ့ ပင်လယ်ကူး အလုပ်ကို လုပ်တဲ့ ကုန်သည်သူဌေးသားလေးဟာ မိဘ စကားနားမထောင်ပဲ ပင်လယ်ကူးခဲ့မိပါတယ်။ ပင်လယ်မှာ လှိုင်းရိုက်လို့ တကွဲတပြားနဲ့ သူဌေးသားလေး တစ်ယောက်ထဲ ပင်လယ်ထဲမျှောနေရှာပါတယ်။ ဥပုသ်လေး စောင့် ခဲ့တဲ့အကျိုးကြောင့် တစ်ကျွန်းရောက်ပြန် နေစံညခံတဲ့ အသူရကယ်ဘုံသူလေးတွေနဲ့ ဆုံဆည်းတာပေါ့။ နောက်တစ်ကျွန်းရောက်ပြန်တော့လဲ အရင်ကျွန်းထက် ၂ဆသာတဲ့ အသူရကယ်ဘုံသူလေးနဲ့ ပျော်ပါးမိပါသတဲ့။ လူလောဘဆိုတာ အတောမသတ်နိုင်တော့ပါဘူး။ နောက်တစ်ကျွန်းရောက်ရင် ဒီထက်သာမှာပဲ ဆိုတဲ့ အတွေးနဲ့ ကျွန်းတစ်ကျွန်းကို ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကျွန်းကိုရောက်တော့ အလွန်လှပတဲ့ ပုဒုံမာ ကြားပန်းကြီး ပန်ဆင်ထားတဲ့ လူတစ်ယောက်ကို တွေ့ပါသတဲ့။ သူဌေးလေးမျက်လုံးထဲမှာ အဲဒီလိုမြင်ပေမယ့် တကယ်အပြင်မှာတော့ အဲဒီ လူမှာ ငရဲခံနေရတာပါ။ ဦးခေါင်းမှာ ပန်ဆင်ထားတဲ့ ပဒုံမာ ကြားပန်း အထင်က တကယ်တော့ ဓါးသွားစက်ကြီးတစ်ခုဖြစ်ပါတယ်။ သူဌေးသားလေးကတော့ အဲဒီ ပဒုံမာ ပန်းကြီး ကျွန်တော့်ကို ပေးပါလို့ သွားတောင်းမိတဲ့အတွက် ငရဲသားကလဲ သူ့အနေနဲ့ ဒီငရဲက လွတ်မြောက်ဖို့ အချိန်တန်ပြီးဆိုပြီး လွှဲပြောင်းပေးလိုက်ပါတယ်။

အဲဒီလိုပါပဲ သူတစ်ပါး အကုသိုလ်ကို ကိုယ့်အကုသိုလ်ဖြစ်အောင် မလွှဲပြောင်း မယူချင်စမ်းပါနဲ့ မိတ်ဆွေ။ သူများဒုက္ခကို ကိုယ့်ဒုက္ခအဖြစ်မခံပါစေနဲ့။ သူများအကုသိုလ်ကြောင့် မိမိ အကုသိုလ်ဖြစ်ရတာလောက် ရင်နာစရာမရှိပါဘူးဗျာ။ သူများ မကောင်းတာပြောနေမယ့်အစား ကိုယ်ကောင်းအောင် နေတတ်နိုင်ပါစေ..။ ကိုယ်ကောင်းရင်လဲ စံရမှာပါ , ကိုယ်မကောင်းရင်လဲ ကိုယ်ခံရမယ်ဆိုတာကို သိနိုင်မြင်နိုင်ကြပါစေ။

ဒါကြောင့် အကုသိုလ် အကျိုးပေးမှုကို ဂုဏ်မယူချင်စမ်းပါနဲ့။ ဇတ်ကတဲ့ မင်းသမီးမှာ ပရိတ်သတ်ရဲ့ လက်ခုတ်သံဟာ အားဖြစ်စေပေမယ့်, အားပေးတဲ့လက်ခုပ်သံလား ချောက်တွန်းတဲ့ လက်ခုပ်သံလားဆိုတာ ခွဲခြားတတ်ပါစေ။ အသေကခိုင်းတဲ့ ပရိတ်သတ်ဆို အသေကဖို့ လက်ခုပ်သံပါ။ “ လက်ခုပ်သံကြားမှာ နစ်မွန်းလို့မှားမှဖြင့် ထိန်းမနိုင်သိမ်းမနိုင် ကယိမ်ကရိုင်းမလားကွယ် မောင်မတွေးချီ့ပါပြီး” ဆိုတဲ့ သီချင်းလို့ပေါ့ဗျာ။
အားပေးတဲ့ လက်ခုပ်သံဖြစ်ပါစေ။ ချောက်တွန်းတဲ့ လက်ခုပ်သံမဖြစ်ပါစေနဲ့။

မှတ်ချက်။ ။ ဥပမာ ဇတ်ကြောင်းလေးတွေ နဲ့ သီချင်းစားသားလေး လွဲနိုင်ပါသည် , အမှန်မြင်အောင် ဖြည့်စွက်နားလည်နိုင်ကြပါရန်

4 comments

  1. kiki Says:
  2. လူတိုင်း လူတိုင်း တဖက်သတ်အမြင် နဲ့ မဟုတ်ပဲ
    သူ့ ဖက်ကိုယ့်ဖက် မျှမျှတတ မြင်တတ်ကြရင်ဖြင့်
    ဒီကမ္ဘာမြေကြီးဟာ ဘယ်လောက်များငြိမ်းချမ်း သာယာလှပနေလိမ့်မလည်း လို့ တွေးမိတယ် ကိုသော်ရေ ။။
    လက်ခုပ်ဆိုတာ တစ်ဖက်တည်း တီးလို့ အသံမထွက်ဘုး မို့ လား ..
    ခေါင်းဖြတ်စက်နဲ့ လဲယူတဲ့ အမြင်မှားတွေဘယ်သူ့ မှာမှ မရှိစေချင်ပါဘူး လေ..
    မှတ်သားသွားပါတယ် ....

     
  3. ကိုစိန်ပန်းရေ မှတ်သားစရာလေးပါပဲ။ မှတ်သားထားပါ့မယ်။

     
  4. ဒီပုံဝတ္တုလေးတွေ ဖတ်ဘူးပါတယ်
    အကိုရေးထားတာလည်း အရမ်းကောင်းပါတယ်
    မှတ်သားသွားပါတယ်နော် ..း)

     
  5. အင်း မန်ချက်က လန်ထွက်နေတယ် ကိုစိန်ပန်းကန်ရေ တွေးစရာလေးလည်း ရသွားတယ်။ အဘိုးကြီးပုံပြင်ကိုလည်း သဘောကျမိတယ်။
    ခင်မင်လျှက်
    ညီမလေးပါးလုံး

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ