Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

Screen ကို record လုပ်ကြမယ်

Posted by thawzin Saturday, September 26, 2009

Camsial record

မိမိ Computer Screen တွင် လှုပ်ရှားခဲ့ မှုများအား ဗီဒီယိုဖိုင်အဖြစ် save ထားချင်တယ်ဆိုရင် အခုပေးထားတဲ့ ဖိုင်လေးကို ဒေါင်းလိုက်ပါ
ဒေါင်းလုပ်တော့ဆွဲပြီးသွားပြီ
Computer Screen တွင် လှုပ်ရှားခဲ့ မှုများအား ဗီဒီယိုဖိုင်အဖြစ် save ထားတာကိုပြန်ကြည့်ချင်ရင် ဘယ်လိုကြည့်ရမလဲ ?
- Camsial record ဖိုင်လေးကို ဒေါင်းပြီးသွားရင်
- install လုပ်ပါ ၊ ပြီးရင်
- desktop ပေါ်က Camsial record icon လေးကိုဖွင့်ပါ၊
- ပြီးရင် File Menu > Record the screen ကို ကလစ်ပါ၊
- New Record wizard box နဲ့  Camtasia Recorder box ကျလာရင် New Record wizard box ကို Cancel လုပ်ပါ ပြီးရင် Camtasia Recorder box ရဲ့ Capture Menu > Region ကို ကလစ်
- Capture Menu အောက်က အနီရောင် ဘောလုံးပုံလေးနဲ့ Record ကို ကလစ်ပါ၊ ဒါဆိုရင် မိမိ၏ mouse pointer လေးက မျှားပုံလေး မဟုတ်တော့ဘဲ လက်ပုံလေးဖြစ်သွားပါပြီး
- မိမိ၏ screen ကို စတင် record လုပ်ရန်အတွက် screen area ကို စတင်သတ်မှတ်ပါ။ ဒါကြောင့် လက်ပုံလေးကို မိမိ screen ရဲ့ ဘယ်ဘက် အပေါ ဒေါင့်မှစ၍ ဖြိပီးဆွဲလာပါ၊ ညာဘက်အောက်ဒေါင့် အရောက်တွင် လက်လွတ်လိုက်ပါ။ ဒါဆိုရင် screen record စတင်လုပ်နေပါပြီ
မိမိ screen တွင် လုပ်ရှားနေသမျှ အားလုံးကို record လုပ်နေပါပြီး
- ရပ်လိုပါက Teskbar ၏ ညာဘက်အောက်နားတွင် Camtasia icon အနီလေးကို ရှာပါ၊ တွေ့ ရင် right click > Stop ကို ကလစ်လိုက်ပါ
- မိမိ screen တွင် လှုပ်ရှားသမျှအားလုံးကို Camtasia အနေဖြင့်စတင် play ပါပြီ
- ပြီးလျှင် Camtasia file type ဖြင့် save ပါ၊
- ထိုဖိုင်အား အခြား computer တွင် ကြည့်နိုင်ရန်အတွက်
- Post save option box ကျလာလျှင် Produce my vedio in a shareable format ကို ရွေး၍ ok ကို ကလစ်ပါ။
- Wizard box ကျလာရင် Next ကို ကလစ်၊
- မိမိစိတ်ကြိုက် Vedio format ကို ရွေး၍ Next ကို ကလစ်၊
- Encoding option box ကျလာမည် Next ကို ကလစ်၊
- Vedio Size ရွေးရန် box ကျလာမည် default ထား Next ကိုကလစ်၊
- Vedio Option ရွေးရန် box ကျလာမည် default ထား Next ကိုကလစ်၊
- Marker Option box ကျလာမည် default ထား Next ကိုကလစ်၊
- မိမိ encode လုပ်ပြီးဖိုင်ကို သိမ်းရန် နေရာရွေး၍ Finish ကိုကလစ်၊
ဒါဆိုရင် မိမိ၏ Vedio ဖိုင်အား မည်သည့် computer တွင်မဆို ပြန်လည် ကြည့်ရှုနိုင်ပါပြီ ။
လုပ်ပုံလုပ်နည်းလေးကို ဤနေရာ လေးမှာ မူဗွီလေးနဲ့ သွားလေ့လာနိုင်ပါတယ်။ ဆော့ဝဲကို ရမ်းပြီးတာနဲ့ တတ်လာတဲ့ homepage မှာပဲ ကြည့်နိုင်ပါတယ်ဗျာ။

နောက်ထပ် အမျိုးတွေလဲ ရှိပါသေးတယ်... အပေါ်ကဟာတွေ အဆင်မပြေတော့ အောက်ကဟာတွေနဲ့ စမ်းကြည့်ပေါ့ဗျာ



AutoScreenRecorder 2.1 Pro


direct link
download
key

နောက်ထပ် တစ်ခုလဲ ရှိပါသေးတယ်.... ကီးဂျမ်းတော့ ပါဘူးဗျ။



Video Capture Master v7.0.1.890




ဒေါင်းမယ်ဆိုရင် ဒေါင်းဗျို့
download


နောက်ထပ်ကျန်သေးတယ် ကီးဂျမ်းတော့ မရှိဘူးဗျို့Trial version လေးပဲ တင်ထားကြလို့ပါ



Easy Screen Recorder Version 1.2.0.19



ဒေါင်းရန်



အဲဒါတွေ အားလုံးက မြန်မာမိသားစု ဖိုရမ်ကပါ ခင်ဗျာ.... :D :P အားလုံးကို စုစည်းပြီး ပိုစ် အဖြစ် တင်လိုက်ရပါကြောင်း..... လိုအင်ဆန္ဒအတိုင်း ပြည့်ဝနိုင်ကြပါစေ

0 comments


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ