Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)
Showing posts with label joke. Show all posts
Showing posts with label joke. Show all posts

အရက်လောကဟာသများ

Posted by thawzin Thursday, December 3, 2009 5 comments



အမြင်


တရားသူကြီးရှေ့မှောက်သို့ အိုင်းရစ်အမျိုးသားတစ်ယောက်ကို ခေါ်ဆောင်လာခဲ့၏။
“မင်းဘာကြောင့် အလွန်အကျွံသောက်တာလဲ”
“ရထားပေါ်မှာ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ တွေ့ခဲ့လိုပါဗျာ၊ သူတို့က အရက်မသောက်ကြတဲ့ လူလေးယောက်ပါ”
“ဟ မင်းတွေ့ခဲ့တာ လူကောင်းတွေပဲလေကွာ”
“ကျွန်တော်တော့ အဲလို မထင်ပါဘူး။ သူတို့မသောက်လို့ ၀ီစကီတစ်လုံးကို ကျွန်တော် တစ်ယောက်တည်း ကုန်အောင် သောက်လိုက်ရတာလေဗျာ”

မင်းကဘယ်လိုလဲ
ပင်လယ်ထဲကျသွားသူ။ ။“ကယ်ကြပါဦး... ကယ်ကြပါဦး၊ ကျုပ် ရေမကူးတတ်ဘူး”
ကုန်းပေါ်က အမူးသမား၊ ။“ဘယ်လိုလဲကွ၊ ငါဆို တယော မထိုးတတ်ပါဘူးကွာ၊ ဒါပေမယ့် မင်းလိုတော့ အော်ဟစ်ပြီး ကြော်ငြာ မောင်းခတ်မနေဘူးဟေ့”


မသောက်သူတွေကြောင့်

ဘားကောင်တာကို မှီပြီး လူနှစ်ယောက် အလေးအနက် ဆွေးနွေးနေကြ၏။
“ယာဉ်တိုက်မှု ၁၀ ရာခိုင်နှုန်းဟာ အရက်သောက်ပြီး မောင်းကြတဲ့ ဒရိုက်ဘာတွေကြောင့် လို့ဆိုတယ်မဟုတ်လား”
သည်တော့ သောက်ဖော်က-
“ဒါဟာ ယာဉ်တိုက်မှု ၉၀ ရာခိုင်နှုန်းဟာ အရက်မသောက်သူတွေကြောင့် ဖြစ်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဗျ” ဟု ကောက်ချတ်ချလိုကတော့ ဟူ၏”

ကျုပ်- နှစ်ယောက်
အရက်မူးနေသူတစ်ယောက်သည် သူ့အိမ်ကို ဒယီးဒယိုင် ပြန်လာခဲ့သည်။ သူ့ကို ဆိုင်မှာ တွေ့သူတစ်ယောက် အိမ်အထိလိုက်ပို့ပေး၏။
အိမ်ပြန်အရောက်မှာ အမူးသမားက ခပ်ကြွားကြွားပြောနေလေသည်။
“ဟောဒါ ကျုပ်အိမ်လေ”
“ဟို မီးပန်းဆိုင်းကြီး၊ မြင်ရဲ့မဟုတ်လားဗျ။ အဲဒါ ကျုပ်ဟာပဲပေါ့”
“ဒါက ကျုပ်စန္ဒယား၊ ဟောဟိုမှာ ဗွီဒီယို၊ ကျုပ်ပိုင်တာပဲ”
“အဲ..ကြည့်လိုက်ဦး၊ အဲဒီကုတင်ပေါ်မျာ ချစ်စရာသိပ်ကောင်းတဲ့ အမျိုးသမီး၊ ဟဲဟဲ.. ကျုပ်မိန်းမလေ၊ အဲ...အဲ... သူနဲ့ အိပ်နေတာ...၊ အို... အဲဒါလဲ ကျုပ်ပဲ၊ ကျုပ်ပဲ” ဟူသတည်း။

နောက်ဆုံးကျမှ
ယောက်ျားဖြစ်သူသည် အိပ်ရာနိုးသည်တွင် ခေါင်းတစ်ခုလုံး အုံနေ၊ ကိုက်ခဲနေသဖြင့် တညည်းညည်းတညူညူ ဖြစ်နေ၏။ ထိုအခါ မိန်းမက “ အဲဒီဒဏ်ကို မခံနိုင်ရင် ဘာကြောင့် အစက မူးအောင်သောက်ရတာလဲ” ဟု အပြစ် တင်လိုက်၏။ သည်အခါ ယောက်ျားက “အစက မမူးဘူးဟေ့၊ နောက်ဆုံးကျမှ မူးတာ” ဟု ပြန်ပက်လေသည်။

အံ့ရောဗျာ
ဘင် နှင့် မစ်ကီ အရက်ဆိုင်ထဲမှာ ထိုင်၍ ၆နာရီ သတင်းကို ကြည့်နေကြသည်။ သတင်းကြေညာနေစဉ် “ဘရုကင်း တံတားကြီး” ပေါ်မှာ ခုန်ချတော့မည် လူတစ်ယောက် တံတားပေါ်မှာ ရပ်နေပုံ ပေါ်လာသည်။
“လောင်းမယ်ဗျာ၊ ဒီမှာ ဘက်၂၀၊ အဲဒီလူ ခုန်မချဘူးဗျာ..” ဟု ဘင်က ပြောလိုက်၏။
“ကောင်းပြီး၊ လောင်းတယ်” ဟု မစ်ကီက လက်ခံလိုက်သည်။
ထိုလူသည် တံတားကြီးပေါ်မှာ စက္ကန့်၂၀လောက် ငြိမ်ရပ်နေရာမှာ ရုတ်တရက် တစ်ချက်ခုန်လိုက်ပြီး တံတားပေါ်မှ ရေထဲသို့ ထိုးစိုက်ချလိုက်၏။
“ခင်ဗျား နိုင်သွားပြီး၊ ရော့ ဘတ်၂၀”
ဘင်ကပြောရင် လောင်းကြေးငွေကို ထိုးပေးလိုက်သည်။ သည်တော မစ်ကီက...
“မင်းငွေကို ငါမယူပါဘူး။ ဒီလူ ခုန်ချမယ်ဆိုတာ ငါသိထားတယ်ကွ၊ စောစောကတည်းက ဒီသတင်းကို ငါကြည့်ခဲ့ရတယ်လေ” အမှန်တိုင်းပြောလေသည်။
သည်အခါ ဘင်က...
“ကျွန်တော်လဲ ဒီသတင်းကို စောစောက ကြည့်ပြီးသားပါပဲဗျာ၊ ဒါပေမယ့် ဒီလူ ဒုတိယအကြိမ် ပြန်ခုန်ချမယ်လို့ လုံးလုံး မထင်မိဘူး”တဲ့။

အရက်နှင့် အလှ
“အရက်သောက်ထားတော့ မောင်က ပိုချောနေသလိုပဲ”
“ဟာ မောင်မသောက်ပါဘူး”
“ကျွန်မသောက်ထားတယ်လေ... မောင်ရဲ့”

ပြုံးစေချင်ပါသည်

Posted by thawzin Sunday, October 18, 2009 7 comments




ခြားနားချက်

“အင်္ဂလိပ်စားသောက်ဆိုင်နဲ့ ရုရှားစားသောက်ဆိုင်ဘာကွာသလဲ။”
“အင်္ဂလိပ်စားသောက်ဆိုင်မှာ လူတွေ စားနေကြတာကို မြင်နေရတယ်။ သူတို့ပြောတာကို
ကြားရတယ်။ ရုရှားစားသောက်ဆိုင်မှာ လူတွေ စကားပြောတာကို မြင်နေရတယ်။ သူတို့
စားတာကို ကြားရတယ်”
ဆရာမပြနည်းမကျ

ဌာနမှူးက ယနေ့မှ အလုပ်ဝင်လာသော လူငယ်ကို ပြောသည်။
“ကိုင်း၊ အစ အနေနဲ့ ကြမ်းတိုက်ပါ”
လူငယ်က ဒေါသကို ထိန်းထားရဟန်ဖြင့် ပြန်ပြောသည်။
“ကျွန်တော်ဘွဲ့ရပါခင်ဗျာ”
“သြော် ဟုတ်လား။ ဒီလိုဆိုရင် ကြမ်းကို ဘယ်လိုတိုက်ရတယ်ဆိုတာ ငါပြမယ်။
သေသေချာချာ ကြည့်ထား”


မတွေ့မိလို့

“ဟေ့ သူငယ်ချင်း။ မင့်နဖူးမှာ 'ဘု'ကြီးနဲ့ပါလား။ ဘာဖြစ်လို့လဲ”
“ဟိုမှာကြည့်စမ်း နံရံမှာ ချိတ်ထားတဲ့ မီးအိမ်ကို တွေ့လား”
“တွေ့တယ်”
“အေး။ ငါ မတွေ့လိုက်ဘူး”


ဝမ်းမသာနိုင်ပေါင်
ယောက်ျားဖြစ်သူ အိမ်သို့ ပြန်လာသည်။ မျက်နှာမှာ အလွန်ညိုးငယ်နေသည်။
အဝတ်အစားချွတ်ပြီး မီးဖိုချောင်ဘက် သွားသည်။ အစာကို အရသာမရှိစွာ စားသည်။
စားနေရင်းလည်း အဓိပ္ပါယ်ကင်းမဲ့စွာ နံရံကို စူးစိုက်ကြည့်သည်။
ယောက်ျားဖြစ်သူ အိပ်ရာဝင်လာသည်အထိ မစောင့်တော့ဘဲ ဝမ်းသာစရာ သတင်းကို
ပြောပြရန် မိန်းမဖြစ်သူ ဆုံးဖြတ်လိုက်သည်။ သို့နှင့် မီးဖိုချောင်ထဲ ပေါ့ပါးစွာ
ပြေးထွက်လာပြီး ပြောသည်။
“မောင်။ ကျွန်မ ကိုယ်ဝန်ရှိနေပြီရှင့်”
ယောက်ျားက စိတ်မသက်မသာဖြင့် ပြန်ပြောသည်။
“သြော်၊ မင်းရောပဲကိုး”

ကျေးဇူးရှင်
အဖေဖြစ်သူ မီးဖိုချောင်တွင် ထိုင်ပြီး အရက်သောက်နေသည်။ သမီးဖြစ်သူ ဝင်လာပြီး
ပြောသည်။
“ဖေဖေ။ ပုလင်းလွတ်တွေ ယူသွားမယ်နော်။ ပုလင်းလွတ်တွေ ရောင်းပြီး ဆန်ဝယ်ချင်လို့”
“ယူသွား ... ယူသွား။ ဟင်း ... ငါသာ မရှိရင် မင်းတို့ ဘာနဲ့ စားကြမလဲ မသိဘူး”


လပေါ်မှာ
လကမ္ဘာမှ ပြန်ရောက်လာကြသော အမေရိကန် အာကာသ ယာဉ်မှူးတို့ကို
သတင်းထောက်များကို ဝိုင်းမေးကြသည်။
“အခုတစ်ခေါက် လပေါ်မှာ ဘာများ အသစ်အဆန်း တွေ့ရှိခဲသလဲ”
“သက်ရှိနှစ်ယေက်ကို တွေ့တယ်။ ကျုပ်တို့လို လူတွေပဲ။ တစ်ခုပဲရှိတယ်။ ခြေအိတ်မပါဘဲ
ဖိနပ်ကို စီးထားတယ်။ အတွင်းခံမပါပဲ ဘောင်းဘီရှည်ကို ဝတ်ထားတယ်။
ပါးသိုင်းမွေးတွေနဲ့။ ပြီးတော့ ကျွန်တော်တို့ဆီက စီးကရက် တောင်းသောက်တယ်။”
“သဘောပေါက်ပြီ။ လပေါ်ကို ရုရှားတွေလည်းရောက်သွားကြတာကိုး”
(အဲဒါကတော့ တကယ်ပဲဗျာ ဆေးလိပ် အင်မတန် တောင်းသောက်ကျတယ် ရုရှားတွေက။ ဆေးလိပ်မပါရင် ဆေးလိပ်ဖိုးက တောင်းသေးတယ်)

တစ်အိမ်လိုနေတယ်
မကြာမီကမှ လက်ထပ်လိုက်သော ဆရာဝန်ထံ ၎င်း၏မိတ်ဆွေများက ပိုကာကစားရန်
ဖိတ်ခေါ်သည်။
'အရေးပေါ် ဆင့်ခေါ်တဲ့ဖုန်းကွ ' ဟု ပြောပြီး ဆရာဝန် တယ်လီဖုန်းကို ချလိုက်သည်။
အဝတ်အစားကို အမြန်ကောက်ဝတ်သည်။
'အခြေအနေ သိပ်စိုးရိမ်စရာများလား မောင်' ဇနီးသည်က မေးသည်။
“ဟုတ်တယ်။ ဆရာဝန်လေးယောက်တောင် ရောက်နေကြပြီ”

ပြုံးနိုင်ပါစေ

Posted by thawzin Saturday, September 26, 2009 4 comments



ထူးခြားတဲ့သား

သားငယ် ဂျော်နီရိရှာ ကလေးထိန်းဋ္ဌာနသို့ ဂျော်နီ၏အမေ ရောက်လာသည်။
ပထမဆုံးအကြိမ် သားငယ်ကို လာကြိုခြင်း ဖြစ်သည်။ ပထမထပ်ကို
ကြည့်လိုက်သောအခါ 'လိမ္မာသောကလေးများ' ဟူသည့်
ဆိုင်းဘုတ်ချိတ်ထားသည်ကို တွေ့ရသည်။ ဂျော်နီကို သူမရှာသည်။ မတွေ့ချေ။
သို့ဖြင့် ဒုတိယထပ်သို့ တက်သည်။ 'သာမန် ကလေးများ' ဆိုင်းဘုတ်ကို
တွေ့ရသည်။ ဤအထပ်တွင်လည်း ဂျော်နီကို မရှိချေ။ တတိယအထပ်သို့
တက်သည်။ 'ကလေးဆိုးများ' ဟု ရေးထားသည်။ ဂျော်နီကို မတွေ့ပြန်ချေ။
စတုတ္တအထပ်တွင် 'အလွန်ဆိုးသော ကလေးများ' ဆိုင်းဘုတ်ကို မြင်ရသည်။
ဤနေရာတွင်လည်း ဂျော်နီကို မတွေ့ရချေ။ နောက်ဆုံးအထပ်သို့ တက်သည်။
လှေကားထိပ်တွင် 'ဂျော်နီ' ဆိုသော ဆိုင်းဘုတ်ကို အထင်းသား မြင်ရလေသည်။


တိုးတိုးပြော
ခြံထဲရှိ သရက်ပင်ပေါ်တက်၍ သရက်သီးများကို ခိုးနေသော အိမ်ဘေးမှ
ချာတိတ်ကို ခြံပိုင်ရှင်က ဖမ်းမိသည။်
“လာ ငါနဲ့ လိုက်ခဲ့။ မင်းရဲ့ အဖေဆီသွားမယ်။ ကလေးကို မဆုးံ မ
ရကောင်းလားလို့ သူ့ကို ငါ သွားချဲမယ်”
“တိုးတိုးပြောပါ ဦးလေးရယ်။ ဖေဖေကြားသွားပါအုံးမယ်။ ဖေဖေက ဟိုဘက်က
သရက်ပင်ပေါ်မှာ။”

သူသိအောင်ယူတာပါ

ဂျောနီက မိမိ၏ မိခင်အတွက် လတ်လတ်ဆတ်ဆတ် နှင်းဆီပန်းပွင့် ဆယ်ပွင့်ကို
ပေးရာ အမေလုပ်သူက မေးသည်။
“ကျေးဇူးပါပဲသားရယ်။ ဒါနဲ့ သားက ဘယ်က ယူလာတာလဲ”
“တစ်ခြံကျော်က အန်ကယ်လ် မက်သရူးဆီက ပါ”
“သားယူလာတာကို သူသိသလား”
“သိတာပေါ့၊ ကျွန်တော့ နောက်ကို သူအတင်းပြေးလိုက်သေးတာပဲ ဥစ္စာ”

ယောက်ျား စောပြန်လာလို့

မျက်လုံးနှစ်ဖက် ယောင်ကိုင်း လျက် ရံုး တက်လာသော မေရီကို
လုပ်ဖော်ကိုင်ဖက်များက မေးသည်။
“မေရီရယ်၊။ ဘယ်လိုဖြစ်လာတာလဲ”
“ယောက်ျားက ထိုးလိုက်လို့”
“ရက်စက်တဲ့ ယောက်ျားပါလား၊ ဒါနဲ့ ယူ့ယောက်ျား နယ်ခရီးထွက်သွားတယ်ဆို”
“ဟုတ်တယ်၊ ဒါပေမယ့် သူတစ်ရက်စောပြီး ပြန်ရောက်လာတယ်”
သဝန်တိုသူ

မိန်းမလုပ်သူသည် ယောက်ျားအပြင်က ပြန်လာတိုင်း ၎င်း၏ အင်္ကျီကို
စစ်ဆေးလေ့ရှိသည်။ အင်္ကျီပေါ်တွင် ဆံပင်တစ်ချောင်းတွေ့သည်နှင့်
အခြားမိန်းမနှင့် ပျော်ပါးခဲ့သည်ဟု စွပ်စွဲကာ ဆူဆူညံညံ လုပ်လေ့ရှိသည်။ တစ်နေ့
ယောက်ျား အပြင်မှ ပြန်လာသည်။ ထုံးစံအတိုင်း ဆံပင်အကြွင်းအကျန်များကို
ရှာသည်။ မတွေ့ချေ။ သို့နှင့် စိတ်ဆိုးမာန်ဆိုးဖြင့်
“ဟင် ရှင် တော်တော် ကမြင်းတယ်၊ ဆံပင် မရှိတဲ့ မိန်းမကိုတောင် မရှောင်ဘူး”
ဟု ပြောလိုက်သည်။


အားနားလို့
တောင်းတစ်လုံးအပြည့် သရက်သီးများဖြင့် သားဖြစ်သူ အိမ်သို့
ပြန်ပြေးလာသည်ကို တွေ့သည်နှင့် အမေဖြစ်သူက မေးသည်။
“ဟဲ့သား ဒီသရက်သီးတွေ ဘယ်ကယူလာတာလဲ”
“ရွာထိပ်က စုပေါင်းလယ်ယာခြံထဲကပါ”
“အစောင့်ကို ခွင့်တောင်းခဲရဲ့လား”
“ဟင့်အင်း၊ သူက သရက်ပင်အောက်မှာ အသေလို အိပ်နေတော့ နှိုးပြောရမှာ
အားနာတာနဲ့ပဲ မပြောခဲ့တော့ဘူး”

သဘောတရားရေးသင်တန်း
“ဟေ့ သူငယ်ချင်း၊ ကာလ်းမာက်(စ) ဆိုတဲ့လူကို သိသလား”
“မသိဘူး”
“အဲဒါ ပြောတာပေါ့၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း လုပ်နေကျ သဘောတရားရေး
သင်တန်းကိုသာ မင်း ငါ့နဲ့အတူ လိုက်တက်ခဲ့ရင် သူ့ကို မင်းသိမှာပေါ့”
“မင်းကရော အီဗန်ကို သိသလား”
“မသိဘူး”
“အဲဒါပြောတာပေါ့၊ အကယ်၍သာ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း
မင်းသင်တန်းသွားမတက်ခဲ့ရင် မင်းမိန်းမဆီလာနေကျ အီဗန်ကို
မင်းသိမှာပေါ့ကွာ”

သတိမှုနိုင်ကြပါစေ

Posted by thawzin Sunday, September 20, 2009 2 comments

အဲဒီလိုလေးလဲ အပျော်မလွန်မိစေပါနဲ့....... လူတွေဟာ ပျော်ရွှင်စရာနဲ့ကြုံလာရင်လဲ ဒုက္ခတွေ့တတ်တယ်ဆိုတာ သတိမှုကြပါစေ



ဒါလေးကလဲ သတိမှုတတ်ကြပါ...... ရယ်စရာဟာသ တစ်ခုဖြစ်လာရင် လူတွေ ခွက်ထိုးခွက်လှန် ရီမောတတ်ကြသလို သတိတရား ကင်းမဲလွန်းကြပါတယ် အဲလိုလဲ မဖြစ်ပါစေနဲ့
More Free Videos Here





ဒီလူကတော့ ဉာဏ်ကြီးရှင်လေးပါ.... နိုင်ငံခြားသွားတဲ့ပုဂ္ဂိုလ်များ အတွက် အတုယူစရာလေးပါဗျာ.... မှတ်သားစရာလေးလဲ ဖြစ်ပါတယ်

BAD Not Best FRIENDS

Posted by thawzin Wednesday, August 26, 2009 3 comments

အဲဒီလိုလေးလဲ မနောက်ကျနဲ့နော် .... ရှက်စရာလဲကောင်း ရီစရာလဲ ကောင်းတဲ့ မူဗွီးလေးပါ.. ရယ်နိုင်ပျော်နိုင်ပြုံးနိုင်ကြပါစေကွယ်.





ခံနေလို့ဖြစ်ပါ့မလား

ပြဇတ်ရုံအ၀င်ဝမှာ အမျိုးသမီးကြီးတစ်ဦးက အပေါက်စောင့်ကို ရိုက်လိုက်လို့
- ဘာဖြစ်လို့ သူကို ရိုက်ရတာလဲ။
-မိုက်ရိုင်းလို့ပါ။ ကျွန်မ၀ယ်လာတဲ့ လက်မှတ်ကို တောင်းပြီး ဆွဲဆုတ် ပစ်တယ်လေ။

ဖြစ်နိုင်မယ်ဆိုရင်
-ဘူတာသွားချင်လို့ ကားခ ဘယ်လောက်ပေးရမလဲ။
-သုံးရာပါခင်ဗျာ။ အိပ်အတွက်က မယူပါဘူး။
- ဒါဖြင့် အိတ်ကိုပဲ ဘူတာပို့ပေးပါကွာ ငါလမ်းလျှောက် လိုက်ခံမယ်။

စိုးရိမ်သူ
-ဟာ သူငယ်ချင်း စားသောက်ဆိုင်ကို မင်းနဲ့ အတူမနေ့က လိုက်လာတဲ့ကောင်မလေးက ဘယ်ကလဲ။ တော်တော်ချော်တယ်ကွာ။ မျက်နှာလေးက ချိုနေတာပဲ။ ချစ်စရာလေး။ လှတစ်မျက်နှာယဉ်တစ်ကိုယ်လုံးဆိုတဲ့ ပုံစံမျိုးပဲ။ တကယ် တကယ် ခိုင်သင်းကြည်နဲ့ နန္ဒာလှိုင် ပေါင်းထားတဲ့ အလှမျိုး၊ အသံက ထက်ထက်မိုးဦးလို ပဲ။ မင်းကိုတော့ လေးစားသွားပြီးကွာ။

-လေးစားရင် ဆက်မပြောပါနဲတော့ သူငယ်ချင်းရာ။ မင်းကိုငါ အလေးအနက် တောင်းပန်ချင်တာကခုစကားတွေကို ငါ့မိန်းမရှေ့မှာ မပြောမိပါစေနဲကွာ။ အဲဒါကိုတော့ အလေးအနက် မေတ္တာရပ်ခံပါတယ်။
- ရပါတယ်ကွာ။ နားလည်မှုရှိပါတယ်။ မင်းမိန်းမကိုတော့ မိတ်ဆက်ပေးထားဦးလေ။ သိနေမှ စကားပြော ဆင်ခြင်လို့ရမှာ။
- မနေ့က မင်းတွေ့လိုက်တာ ငါ့မိန်းမပဲလေ။
-“ အင်..”

ပြောလိုက်ပါမယ့်
-ဟဲလို မောင်စိုးလား။
- ဟုတ်ပါတယ် ဘယ်သူပါလိမ့်။
- ငါပါကွ သံချောင်းပါ။ ၁၀-တန်းတုန်းက အတူနေခဲ့တာလေကွာ တစ်ခုံတည်း အတူထိုင်ခဲ့ကြတာ။
- သြော် အေး မှတ်မိပြီး။
- အမှတ်သုံးကျောင်းမှာ နေခဲ့တဲ့ မောင်စိုးနော်။
- ဟုတ်ပါတယ် သံချောင်းရ။
- မင်း မောင်စိုး သေချာပါတယ်နော် အသံက တစ်မျိုးဖြစ်နေလို့။
- အအေးမိပြီး လည်ချောင်းနာ အသံဝင် ဖြစ်နေလို့ပါကွာ။
- မောင်စိုး ဆိုတာ သေချာရင်တော ငါပြောမယ်။
- ပြောပါ မောင်စိုးပါ။
- တခြားမဟုတ်ပါဘူးကွာ။ ငါ ငွေတစ်သောင်းလောက်ချေးချင်လို့ပါ။
- ကောင်းပြီးလေ မောင်စိုး ပြန်လာရင် ငါပြောပြလိုက်ပါ့မယ်။

ငါနှစ်သက်တာက
- မင်းမနှစ်သက်တဲ့ မိန်းကလေးကို ဘာလိုလက်ထပ်ခွင့်တောင်းရတာလဲကွာ။ မင်းပြောတော့ အဲဒီကောင်မလေးမှာ အသိဉာဏ်လည်း မရှိဘူး။ ငွေလည်းမရှိဘူး ။ အပေါင်းအသင်းကောင်း မိတ်ဆွေကောင်းလည်း မရှိဘူး။ ငွေလဲမရှိဘူးဆို။ မင်းရဲ့ စွမ်းရည်ကိုလည်း မသိဘူးဆ
- ငါနှစ်သက်တာက သူ့ မိသားစုကွ။ အဲဒီအရည်အချင်းတွေ အားလုံး သူ့မိသားစုမှာ ရှိနေလို့။

သွားရမယ့် လမ်း
ခရီးသည်က သင်္ဘောကပ္ပတိန်ကို
- ကျွန်တော်တို့ ဘယ်လောက်သွားရင် မြေပြင်ကိုတွေ့နိုင်မလဲ။
- သုံးမိုင်လောက်ပါပဲ။
- ဘယ်လမ်းက သွားရမှာလဲ။
- အောက်တည့်တည့် ဆင်းသွားရမှာ။

ပြက္ခဒိန်ရှိတယ်

Posted by thawzin Sunday, August 16, 2009 1 comments




တစ်ခါက ရွာတစ်ရွာတွင် စကားအလွန် ပေါသော ဒေါ်မယ်မဆိုသူ မိန်းမကြီး တစ်ယောက်ရှိလေတဲ့။ ဒေါ်မယ်မကို စကားပြောလွန်းသောကြောင့် သူ့ယောက်ျား ဦးစံဗျောကပင် ဒဏ်မခံနိုင် ဒေါ်မယ်မ စကားပြောကို လန့်နေရသည်။
ကိုစံဗျော
ဘာလဲ
တော် သိပြီးပြီးလား
မင်းကဘာပြောလို့ ငါက ဘာသိရမှာလဲဟု မေးလျှင် ဒေါ်မယ်မ စကားပြောတော့မယ် ၊ ဤသည်မှာ စကားပြောရန် အတွက် နိဒါန်း ပျိုးခြင်းပင် ၊ဦးစံဗျော သည် ထိုဒဏ်ကို မခံလို၍ -
“ အေး သိပြီးပြီး ”
ကိုစံဗျော အဖြေကြောင့် ဒေါ်မယ်မ မျက်စောင့် ထိုးသည်။
“ ကျုပ်ဖြင့် မပြောရသေးဘဲ တော်က ဘယ်လိုလုပ်သိလိုက်တာတုန်း ”
“မင်းစကားပြောရင် လေကြောရှည်လွန်းလို့ တော်တော်နဲ မပြီးတော့ဘူး၊ ဟိုနေ့က ရွာတောင်ပိုင်းက ကိုသာအေး အကြောင်းပြောမှာကို မြတ်စွာဘုရား ဆဒ္ဒန်ဆင်မင်းဘ၀ကို ရောက်သွားတယ်။”
“ ပြောရမှာပေါ့တော၊ ကိုသာအေး သမီး လင်နောက်လိုက်တုန်းက ရွာဦးဘုရားပွဲမှာ ကိုသာအေး သမီး၊ လင်နောက်လိုက်တုန်းက ရွာဦးဘုရားပွဲမှာ မြို့ကျက်သရေ၀င်းဆောင် ဇတ်က ဆဒ္ဒန်ဆင်မင်း ကနေတဲ့ ည၊ အဲဒီဇတ်ထဲမှာပါတဲ့ ဆရာကို တတ်လူ က ကျုပ်ကို ဖျာလက်မှတ်ပေးတာလေ။ တော်က မုန့်ဖိုး တစ်ဆယ်ပဲ ပေးတာ၊ အဲဒီတစ်ဆယ်ကလဲ ကြက်ဖကြီး ရွှေနီရောင်းလိုက်တာလေ၊ ရောင်းတုန်းကလဲ ကြက်ဖကြီး ရွှေနီနဲ့ အတူမွေးထားတဲ့ ကြောင်လေး ၀ါဝါက ဖျားနေတယ်လေ၊ အဲဒါနဲ ရွာမြောက်ပိုင်းက
ဆရာကြီး ဦးလူထူးကို သွားပြီး ပင့်ရသေးတယ်လေ ၊ အဲဒီတုန်းက သူကမအားလို့ တော်ပဲ ကျုပ်ကို ပြောသေးတယ် ဆေးမှီးတို့ တွေအတွက် .....”
ဒေါမယ်မ စကားပြောလက်စနဲ ရပ်သွားသည်။ သူ့အိမ်ထဲသို့ ဧည့်သည်တစ်ယောက် ၀င်လာသောကြောင့် ဖြစ်သည်။ ဦးစံဗျော ကံကောင်းပြီး ထိုဧည့်သည်က ကံဆိုးတော့မည်မှန်း ဦးစံဗျောသိလိုက်သည်။
“ ဟယ် မဖွားစိန် ပါလား၊ လာလာ ထိုင်အုံး၊ မတွေ့ရတာကို တစ်နှစ်လောက်ရှိရော့မယ်၊ ကျုပ်က ရုတ်တရက် ဆို မမှတ်မိဘူးတော့၊ တော်က မြို့ကြီးသူကို ဖြစ်နေလိုက်တာတော်၊ ဒါနဲ့ မရွှေထူးနဲ့ တွေ့သေးလား ကျုပ်နဲ့ တွေ့တယ်၊ မရွှေထူး ဆိုတာလေ ”
ဒေါ် မယ်မသည် စကားကို အမျှင်မပြတ် ပြောနေသောကြောင့် ၀င်၍ နှုတ်ဆက်လိုက်သော မဖွားစိန်မှာ အထရခက်နေတော့သည်။ ဒေါ်မယ်မကလည်း စကား ပြောမရပ်၊ သို့ ဖြင့် အတော်ကို ကြာသွားသော အခါ မဖွားစိန် မနေသာတော့ဘဲ။
“ စကားကတော့ ပြောလို့ ကောင်းပါရဲ့၊ ဟင်း ဟင်း .. ကျွန်မ သွားလိုက်ပါဦးမယ် ၊ ဟိုဘက်အိမ်တွေ နှုတ်ဆက်လိုက်ချင်သေးလို့ ”
“ သြော် မကြည်မ တို့ဘက်လား၊ သူလဲလေ ဟိုနေ့ က ပြောနေသေးတယ်............”
ဒေါ်ဖွားစိန်က အထင်းထရပ်လိုက်သည် ။ ထိုအခါမှ ဒေါ်မယ်မက
“ ဟုတ်ပါ့တော် ကျုပ်ကလဲ စကားကောင်းနေတာနဲ့ အကြာကြီး ပြောမိသွားတယ်၊ နာရီက မရှိတော့ ဘယ်လောက်ကြာသွားတယ်တောင် မသိတော့ဘူး ”
လို့ ပြောသတဲ့ ၊ အဲဒီတော့ ရွာထဲကပြန်ရောက်လာတဲ့ ဦးစံဗျောသည် သူ့ဇနီးကို အမြင်ကပ်ကပ်နှုင့်
“ မင်း ဘယ်လောက်ကြာတယ်ဆိုတာ နာရီမရှိပေမယ့် ပြက္ခဒိန် ရှိပ်ါတယ်ကွာ ၊ လှမ်းကြည့်လိုက်ရော ပေါ့ ”
လို့ပြောလိုက်သတဲ့။

တူချက်ကတော့

Posted by thawzin Thursday, July 30, 2009 4 comments



တစ်ခါက ဟိုတယ်တစ်ခု၏ အောက်ထပ် စားသောက်ခန်းတွင် အသက်ငါးဆယ်ခန့် လူကြီးတစ်ယောက်နှင့် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်တို့ စားပွဲတစ်လုံးတည်းမှာ အတူထိုင်၍ အရက်သောက်နေကြသည်။ နှစ်ယောက်လုံးလည်း အတော်မူးနေကြသည်။ အမူးသမားတို့ ထုံးစံအတိုင်း ပြောစရာ စကားမရှိ စကားရှာက တစ်ဦးနှင့် တစ်ဦး မိတ်ဖွဲ့ ကြတော့သည်။
“ ဒါနဲ့ ငါ့တူက ဘယ်ကလဲ၊ ဦးလေး မင်းကို တစ်နေရာရာမှ မြင်ဖူးသလိုလိုပါပဲ ”
“ ကျွန်တော်လဲ ဦးလေးကို တွေ့ဖူးသလိုလိုပါပဲ၊ ကျွန်တော်က မန္တလေးကပါ ”
“ ဟုတ်လား၊ ဒါကြောင့် နေမှာ ဦးလေးလဲ မန္တလေးကပဲ နေတော့ကော ဘယ်အရပ်ထဲမှာလဲ ပြောစမ်းပါဦး ”
“ မြို့သစ်မှာပါ ”
“ ဟာ ငါလဲ မြို့သစ်မှာနေတာပဲ၊ ဒါကြောင့် တွေ့ဖူးသလိုလို ၊ မြင်ဖူးသလိုလို ဖြစ်နေတာကိုး ၊ ဟေး... ဟော .. ရော့သောက်ကွာ ”
“ ဟုတ်ကဲ့ ဒါနဲ ဦးလေးက မြို့သစ် ဘယ်နားမှာလဲ ”
“ အမှတ် (၂) က”
“ ဟာ ကျွန်တော်လဲ အမှတ် (၂) ကပဲ”
“ ဟန်ကျလိုက်တာကွာ တစ်မြို့တည်းသားတစ်လမ်းတည်းသားတွေ လာဆုံရတာ၊ အမြည်းမှာကွာ ငါက အရက်မှာလိုက်မယ် ”
“ ရပါတယ် ဦးရယ်၊ မိတ်ဖြစ်ဆွေဖြစ် နှစ်မျိုးစလုံး ကျွန်တော်ပဲ မှာပါ့မယ်၊ ဟေ့ ကြက်ချဉ်ကျော် နဲ့ ရမ်လေးပတ် ကွာ ၊ ဒါနဲ ဦးလေးနေတော့ ”
“ ခြောက်ဆယ့်တစ် ကျောကပ်လမ်းမှာ ”
“ တူလိုက်တာ ကျွန်တော်လဲ ခြောက်ဆယ့်တစ်ကျောကပ်လမ်းမှာပဲ၊ ကျွန်တော်က အိမ်နံပါတ် - ၄၄ ”
“ ဟေ၊ လေးဆယ့်လေး ”
“ ဟုတ်ပါတယ် ”
“ ဟာ ငါလဲ လေးဆယ့်လေးပဲ၊ အံ့ရောဟေ့၊ တူတာမှ အကုန်တူတာ၊ ဒါနဲ့ ငါတူ ဒီမှာ တည်းတော့ ဘယ်အခန်းမှာ လဲ ”
“ ၀မ်း အိုဝမ်း မှာ ”
“ သြော် ဒါတော့မတူတော့ဘူးကွ၊ ဦးက တစ် သုည တစ် မှာတည်းတာ။
“ သြော် ”
သို့ဖြင့် နှစ်ယောက်သား အမူးလွန်ကာ မှောက်သွားကြသည်။ ထိုအခါ အခြားရက်အ၀ိုင်းမှာ လူတစ်ယောက် ကောင်တာမှာ ထိုင်နေသူအား
“ ဟို နှစ်ယောက် တူလိုက်ပုံက အတော်ဆန်းကြယ်တယ်နော် နေကြတဲ့ မြို့ရော၊ လမ်းရော ၊ အိမ်ရော ”
ထိုအခါ ကောင်တာမှာ ထိုင်နေသူက
“ တူမှာပေါ့ဗျာ၊ သူတို့က သားအဖတော်တယ်၊ အတူလာပြီး အတူတည်းကြတာပဲ။ အမူးလွန်နေလို့ တစ်ယောက်ကို တစ်ယောက် မမှတ်မိတာ ”
ဟု ပြောလိုက်လေသတည်း။




ဆင်ဆိုသည်မှာ

ကုန်သည်ကြီးတစ်ဦးက ဆင်ရောင်းဖို့မြို့ကိုရောက်လာပါတယ်။ ဆင်ကြီးကို ရောင်းမယ်ဆိုတာသိတော့ လူတစ်ယောက်က အချိန်ယူပြီး ပတ်ချာလှည့်ကြည့်ပါတယ်။ ခေါင်းပိုင်းကို ရောက်လာတော့ သေသေချာချာကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းယမ်းပြီး ထိုင်ချလိုက်တယ်။

တခြား ဆင်ဝယ်ချင်တဲ့လူတွေကလည်း ကြည့်နေကြတော့ ကုန်သည်ကြီးက ထိုင်နေတဲ့လူအနား ရောက်လာပြီး-
- ခင်ဗျား မကျေနပ်စရာများ တွေ့ထားလို့လားဗျာ။
-အင်း ခေါင်းပိုင်းမှာဗျ...
-အဲဒါဆို မပြောလိုက်ပါနဲ့ဦးဗျာ အရောင်းအ၀ယ်တည့်ရင် ခင်ဗျားကို ငါးရာခိုင်နှုန်းပေးပါ့မယ်။
အဲသလိုပြောတော့ မကျေမနပ် နဲ့ ဆင်ကိုကြည့်နေတဲ့လူက ခေါင်းငြိမ့်ပြလိုက်ပါတယ်။ ဒီလိုနဲ့ ခဏကြာတော့ အရောင်းအ၀ယ်တည့်သွားရာ ကုန်သည်က ငြိမ်ပြီးထိုင်နေတဲ့ လူဆီ သွားပြီး ပိုက်ဆံပေးရင်း-
- မိတ်ဆွေက ကျုပ်ဆင်ရဲ့ မျက်စီ တစ်ဖတ် မကောင်းတာ ဘယ်လိုလုပ် သိတာလဲဗျ။
-မသိပါဘူး။
-ဒါဖြင့် ဆင်ခေါင်းကို ကြည့်ပြီး ဘာလို့ ခေါင်းယမ်းနေရတာလဲ။
ထိုင်နေတဲ့လူက ကုန်သည်ပေးတဲ့ ပိုက်ဆံကိုအိပ်ထဲယူထည့်ပြီး-
- ဆင်ကိုတစ်ခါမှ မမြင်ဖူးလို့ ကြည့်တာပါဗျာ ။ ပါးစပ် ကိုရှာမတွေ့လို့ စိတ်ပျက်နေတာ။

လူပေါင်းမှားလို့
လူကြီးတစ်ယောက်ဟာ လမ်းလျှောက်လာရင်း အိမ်တစ်အိမ်က လူခေါ်ခေါင်းလောင်းကို မမီ့တမီနဲ့ လှမ်းနှိပ်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လို့-
- ငါ့တူဦးလေး နှိပ်ပေးမယ်။
လူကြီးကနှိပ်ပေးလိုက်တယ်။
အဲဒီ တော့ ကလေးက
- နှိပ်ပြီးရင် ပြေးကြစို့ ဦးလေး
ဆိုပြီး ထွက်ပြေးပါလေရော။


ကြက်နက်အစွမ်း
-ကြက်အနက်တွေက ကြက်အဖြူတွေထက်သာတယ်ကွ။
-ဘာလို့လဲ။
- ကြက်အဖြူတွေက ဥအနက် မဥနိုင်ဘူးလေ။


တာဝန်ကျေသူ
အခန်းအပ်ပြီး ပြန်တော့မယ့် ဧည့်သည်က တံခါးဝရောက်မှ-
- ငါ့အခန်း သွားကြည့်ပေးစမ်းပါဦး၊ အခန်း နံပါတ် ၅၀၅။ စားပွဲပေါ်မှာ ပန်းစက္ကူနဲ့ ထုပ်ထားတဲ့ ပါဆယ် တစ်ထုပ်များ ရှိသလားလို့။
- ဟုတ်ကဲ့
(ငါးမီနစ်ခန့်ကြာသော်)
- တွေ့ခဲ့သလား။
- တွေ့ခဲပါတယ်ခင်ဗျာ။
ယူပေးရမလား။



စိတ်ချ
လေယာဉ်စီး။ ။ ကပ္ပတိန်ရှင့် ရှင့်ရဲ့ ကျွမ်းကျင်မှုဟာ ကျွန်မတို့ကို မြေပြင်ပေါ် ပြန်ရောက်အောင် သယ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကပ္ပတိန်။ ။ ကျွန်တော့်သက်တမ်း နှစ်သုံးဆယ်ကျော်မှာ ဘယ်ခရီးသည်ကိုမှ အာကာသထဲ မထားခဲ့ဖူးဘူး။




ပိုရူးမှာစိုးလို့
စတိုးဆိုင်ထဲမှာ ဈေးဝယ်နေတဲ့ လယ်သမားကြီးကို
- စက်ဘီး တစ်စီးလောက် ၀ယ်ပါ့လား။
-စက်ဘီး ၀ယ်မယ့်အစား နွားပဲ ၀ယ်မှာပေါ့ကွာ။
-ခင်ဗျား နွားစီးပြီး မြို့လာ ဈေးဝယ်ရင် အရူးလို့ အပြောခံရမှာပေါ့။
-မင့်စက်ဘီး ၀ယ်သွားပြီးတာမှ နို့ညစ်နေရင် ပိုပြီးတောင် ရူးတယ်လို့ အပြောခံရမှာပေါ့ကွာ။

ဒါလောက်ကလေးများ
ကား အမြန်မောင်းလာသူကို ယာဉ်ထိန်းရဲကတားပြီး
- ကိုယ့်အပြစ်ကိုယ်သိရဲ့လား။
- ကျွန်တော်မောင်းတာ မြန်နေလို့လား။
-မိုးပေါ်မပျံရုံတစ်မယ်ပဲဗျ။ ဘယ်သွားမှာမို့လို့ အမြန် မောင်းလာရတာလဲ။
- အလုပ်ပါ။
-ဘာလုပ်သလဲ။
-လေယာဉ်ပျံမောင်းပါတယ်။

အဆိုးအကောင်း
ဆရာဝန်နဲ့ ဆရာမများဟာ လူနာရဲ့ဘေးမှာရပ်ပြီး
- ကျွန်တော်တို့ ခင်ဗျားကို သတင်းဆိုးတစ်ခုနဲ့ သတင်းကောင်းတစ်ခုပြောချင်ပါတယ်။ သတင်းဆိုးကတော့ ဓါတ်မှန်မှားသွားလို့ ခင်ဗျားရဲ့ ညာဘက်ခြေထောက်ကို ဖြတ်လိုက်မိတာပါ။ သတင်းကောင်းကတော့ ခင်ဗျားရဲ့ ဘယ်ဘက်ခြေထောက် ရိုက်တဲ့ ဓါတ်မှန်ရပါပြီး။ အားလုံးကောင်းပါတယ်။ လုံးဝဖြတ်ဖို့ မလိုပါဘူးခင်ဗျား။


ဒီနေ့ပို့မယ်နေရာ
လူတစ်ယောက်က ခြင်္သေ့ တစ်ကောင်နဲ့ အတူမြို့ထဲမှာ လမ်းလျှောက်လာတာကို ရဲသားက မြင်တော့
- ဟေး- ခင်ဗျား အဲဒီခြင်္သေ့ကို တိရစ္တာန်ရုံသွားပို့သင့်တယ်။
-ဟုတ်ကဲ့
နောက်ရက်မှာလည်း အဲဒီလူကို ခြင်္သေ့နဲ့ အတူမြို့လယ်မှာ တွေ့ပြန်ရော။ ဒီတော့ ရဲသားက
- ဟေးလူ ခင်ဗျားကို ကျုပ်မနေ့က ပြောတယ်လေ။ အဲဒီခြင်္သေ့ကို တိရစ္ဆာန်ရုံသွားပို့ဖို့..........
-ဟုတ်ကဲ့ ပို့ခဲ့ပါတယ်။ ဒီနေ့တော့ ရုပ်ရှင်ရုံ လိုက်ပို့မယ် စိတ်ကူး မိလို့..........။

စမ်းချင်တယ်ဆိုရင်
-မင်းအလုပ်က ဘေးပေါက်ရှိရဲ့လား။
-ဟင့်အင်း။
- မကျဘူးထင်ရင် မင်းပိုက်ပေါက်နဲ့ ငါးဖမ်းကြည့်ပါ့လား။

သည်းမခံနိုင်သူ

Posted by thawzin Monday, July 6, 2009 3 comments





တစ်ခါက တရားရုံကို အမှုတစ်မှု ရောက်လာသတဲ့၊ အဲဒီအမှုကတော့ ကားစပယ်ယာက ခရီးသည် အမျိုးသမီးကြီးတစ်ဦးကို ကားမောင်းနေတုန်း တွန်းချတဲ့ အမှုဖြစ်တယ်။ တရားသူကြီးက တရားခံကို မေးသတဲ့။
“ မောင်မင်းကို ဒီတရားလို အမျိုးသမီးကြီးက ပြောနေတယ် ၊ သူ့ကို ကားမောင်းနေတုန်း ရပ်မပေးဘဲ တွန်းချတယ်လို့ ၊ ဟုတ်သလား ”
“ ဟုတ်ပါတယ် ”
“ ဘာလို့ တွန်းးချရတာလဲ ”
“ ကျွန်တော်မျိုး ဖြစ်ပျက်ပုံ အစအဆုံး ပြောပြပါရစေ၊ ဒီအမျိုးသမီးကြီးဟာ ကားပေါ်ကို တတ်လာပါတယ်။ သူတတ်လာတော့ လက်ပွေ့အိတ်ကြီး တစ်လုံး ကိုင်တတ်လာပါတယ်။ ကျွန်တော်မျိုး ကာားစီးခ တောင်းမလို့ သူ့အနားကို သွားတော့ လက်ပွေ့အိတ်ကြီးကို ဖွင့်ပါတယ်၊ လက်ပွေ့အိတ်ကြီး ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ ပြီးတော့ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ လက်ကိုင်အိတ်ထဲက ကတ္တီပါ အိတ်ကလေးကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ကို ပိတ်လိုက်ပါတယ်။ ပြီးတော့ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကတ္တီပါအိတ်ကို ဖွင့်ပါတယ်။ အဲသလိုလုပ်နေတုန်း ရှေ့ခုံက ခရီးသည်က ကားခပေးလို့ သွားယူပါတယ်၊ ကျွန်တော် သွားယူနေတုန်း လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ ကတ္တီပါအိတ်ကို ထည့်ပါတယ်။လက်ကိုင်အိတ်လေးကို ပိတ်ပါတယ်။ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကျွန်တော်က ပိုက်ဆံထုတ်ပြီးပြီ မှတ်လို့ သူ့အနားကို လာတော့ မင်းမယူသေးဘူး မှတ်လို့ ဆိုပြီး လက်ပွေ့အိတ်ကြီးကို ဖွင့်ပါတယ်၊ လက်ပွေ့အိတ်ကြီး ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ ပြီးတော့ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ လက်ကိုင်အိတ်ထဲက ကတ္တီပါ အိတ်ကလေးကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ကို ပိတ်လိုက်ပါတယ်။ ပြီးတော့ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကတ္တီပါအိတ်ကို ဖွင့်ပါတယ်။ အဲဒီအချိန်မှာ နောက်တတ်လာတဲ့ ခရီးသည်တစ်ဦးက ကားခအော်ပေးလို့ သွားယူပါတယ်။ အဲဒီအချိန်မှာ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ ကတ္တီပါအိတ်ကို ထည့်ပါတယ်။လက်ကိုင်အိတ်လေးကို ပိတ်ပါတယ်။ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ် ၊ ကျွန်တော်မျိုး သူ့အနားရောက်တော့ မင်းမယူသေးဘူးမှတ်လို့ ဆိုပြီး လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်ကို ဖွင့်ပါတယ် ”
“ တော် တော် တော် တော်လောက်ပြီး ”
တရားသူကြီးက လက်ကာ တားလိုက်ပြီး-
“ အဲသလို ဘယ်နှစ်ခါ လုပ်သလဲ ”
“ လေးခါ လုပ်ပါတယ် ”
“ မင်းမို့ လေးခါထိ သည်းခံနေတာ ငါသာဆို နှစ်ခါလောက် လုပ်ကတည်းက ကန်ချတယ် ”
ဟု ပြောလိုက်သတည်း ။

နောက်တယ်

Posted by thawzin Tuesday, June 23, 2009 2 comments

အကြွေးဆိုင် ထင်လို့ပ

Posted by thawzin Wednesday, June 17, 2009 1 comments



တစ်ခါက စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေး ၀မ်းကျောင်း တဲ့ သပွတ်တော် နယ်လေးမှာ
မိုးအကြီးအကျယ် ခေါင်လို့ စိုက်ပျိုးရေး လုပ်ငန်းတွေ စမရတဲ့ ဖြစ်နေသတဲ့။ မိုးခေါင်လို့
ရေရှားတဲ့ အတွက် သောက်ဖို့ သုံးဖို့ ရေကိုတောင်မှ ငါးမိုင်လောက် ဝေးတဲ့နေ့မှာ
သွားခပ်ရတာဆိုပဲ။ အဲဒီ ငါးမိုင်လောက် ဝေးတဲ့ နေရာမှာတော့ ဇလွန်ဆိုတဲ့
ဆိပ်ကမ်းမြို့လေး ရှိတာကိုး။ သပွတ်တော်က ရွာသူရွာသားတွေဟာ စည်တွေ ပုံးတွေ
အိုးတွေ တင်ပြိး ဇလွန်ကမ်းကို ရေခပ်ဖို့ လှည်းနဲ့သွားလေ့ရှိတယ်။ အဲသလို ရေခပ်ရင်း
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဆေး လူသုံးကုန် ပစ္စည်းတွေကို ဇလွန်ကုန်စုံဆိုင်က ၀ယ်ကြရတယ်၊
မိုးခေါင်ရေရှားနဲ့ အလုပ်မဖြစ်၊ ၀င်ငွေမရှိကြတဲ့ အခါမှာတော့ ဇလွန်ကုန်စုံဆိုင်ကလဲ အကြွေးမရောင်းတော့
သပွတ်တော်က ရွာသားတွေဟာ အခက်တွေ့ကြရတာပေါ့။ အဲဒီအချိန်မှာပဲ ကုန်သည်တစ်ဦးက ဇလွန်မြို့ကို
ရောက်လာပြီး ကုန်စုံဆိုင်ကြီး တစ်ဆိုင်ဖွင့်လိုက်တယ်။ အဲဒီကုန်သည်က
သူ့ဆိုင်မှာ ၀ယ်မယ့် ဖေါက်သည်တွေ လိုချင်တဲ့အတွက် ဆိုင်ရှေ့မှာ “ အကြွေးရောင်းပါသည် ”ဆိုတဲ့
ဆိုင်းဘုတ်ကို ချိတ်ထားလိုက်သတဲ့။ ဒီတော့ ၀င်ငွေမရှိလို့ အခက်အခဲတွေ့နေတဲ့ သပွတ်တော
ရွာသားတွေဟာ နောက်ဖွင့်လိုက်တဲ့ ကုန်စုံဆိုင်ကို ရောက်ကုန်ကြတော့တာပေါ့။ ကုန်သည်ကြီးကတော့
သဘောတွေကျနေတယ်။ အကြွေးပေးပြီး လူစုထားလိုက်တဲ့အတွက် သူတို့ ငွေဝင်လာတဲ့အခါ အကြွေးတွေ
ပြန်ဆပ်မယ်။ ပြီးတော့ အကြွေးရောင်းထားခဲ့တဲ့ ကျေးဇူးကြောင့် သူ့ဆိုင်မှာ ပဲ လက်ငင်းဆက်-ယ်ကြမယ်လို့
တွက်ထားတာကိုး။ ဒီလိုနဲ့ ရက်လတွေ ပြောင်းပြီး ရာသီဥတု ကောင်းလာလို့ စိုက်နိုင် ပျိုးနိုင် ဖြစ်လာတယ်။
သပွတ်တော့ ရွာသူရွာသားတွေဟာလဲ အသီးအနှံတွေ ဖြစ်ထွန်းလို့ ငွေရွှင်လာတယ်။ ကုန်သည်ကြီးက
သူ့ဆိုင်ကို လာပြီး အကြွေးတွေ ဆပ်ကြတော့မှာပဲဆို မျှော်နေတာပေါ့။ အကြွေးတွေ မဆပ်ကြသေးတောင်မှ
ငွေဝင်နေကြပြီးဆိုတော့ လက်ငင်းတော့ လာဝယ်မှာပဲဆိုပြီး၊ ဒါပေမယ့် သပွတ်တော ရွာသားတွေက
တစ်ယောက်မှ ကုန်သည်ကြီးရဲ့ ကုန်စုံဆိုင်ကို ရောက်မလာကြဘူးတဲ့ သူတို့ဟာ ဇလွန်ကုန်စုံဆိုင်ကိုပဲ
သွားနေတော့ ကုန်သည်ကြီးက သပွတ်တော်ကို လိုက်သွားပြီးတော့
“ ခင်ဗျားတို့ကို ကျွန်တော် အကြွေးရောင်းထားတယ် သတိရကြသေးရဲ့လား ”
“ ရတာပေါ့ ဗျာ၊ ကျေးဇူးလဲ ခုထိတင်နေတုန်းပါ ”
“ ကျေးဇူးလဲတင်တယ်၊ သတိလဲရတယ် ဆိုပြီး ကျွန်တော်ဆိုင်ကိုတော့ လမ၀ယ်ကြတော့တာလဲ ခင်ဗျားတို့
အကြွေးတွေ ၀ယ်ထားကြတယ်မဟုတ်လား ”
“ ဟုတ်ပါတယ်၊ ငွေဝင်နေပါပြီ၊ အဲဒါကြောင့် မ၀ယ်တော့တာပါ၊
လူကြီးမင်းဆိုင်က “ အကြွေးရောင်းပါသည် ဆိုင်းဘုတ်ချိတ်ထားတော့ လက်ငင်း မရောင်းဘူးမှတ်နေလို့ပါ ”
ဟု ဖြေသတဲ့။

အလုပ်တွေ လျောက်တဲ့အခါ အသေအချာရချင်ရင်တော့ ဒီလိုလုပ်လိုက်ပါ။ တစ်ခုတော့ ရှိတယ်နော် အပေါင်းအသင်း တွေကောင်းကောင်း ရှိထားရမယ်..... ဘယ်လိုလုပ်ရလဲ ဒါလေးကြည့်လိုက်ပါ

နားငြီးလွန်းလို့

Posted by thawzin Monday, June 1, 2009 2 comments



တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ လမ်းလယ်က ဖြတ်ကူးလို့ အဖမ်းခံရတဲ့ လူတစ်ယောက် တရားရုံးကို ရောက်လာတယ်။ တရားရုံး ရောက်တော့ တရားသူကြီးက တရားခံကို မေးတယ်။
“မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့ မျဉ်းကျားက မကူးရတာလဲ ”
“ ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ ”
“မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က မြောက်ဘက်ကို လိုက်ရှာမိလို့ပါ ”
“ ရှာမတွေ့ ရတာနဲ့ ကူးရောလား ”
“ မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ။ အရက်က နည်းနည်းမူးနေတော့ ရှေ့ကိုယိုင်သွားတဲ့ ဆီမှာ မလဲအောင် လို့ ကျွန်တော်မျိုး ထိန်းရင်း နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ။ ကျွန်တော်မျိုးအမူးလွန်နေတယ် ဆိုတာ အရက်ရောင်းတဲ့ ကိုခွေး သိပါတယ်။ ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ ယောက်ျားပါ၊ မစိန်ကြည်ရဲ့ သင်္မီး မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုး သွားပါသေးတယ်၊ သူတို့က ”
“ ဒီမှာ မေးတာကိုပဲ ဖြေပါ။ မျဉ်းကျား မရှိတဲ့ နေရာက လမ်းဖြတ်ကူးတယ်လို့ မောင်မင်းကို စွဲဆိုထားတယ် မဟုတ်ဘူးလား ဒါပဲ ဖြေပါ ”
“ ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို သက်သေပြနေတာပါ၊ ကိုခွေးဆိုင်မှာ သောက်တုန်းက ကို အုန်းမောင် ပါ ပါတယ်။ ကျွန်တော်မျိုး မူးရင်း ရှေ့ကို လေးငါးလှမ်း ယိုင်တတ်တယ် ဆိုတာ သူသိပါတယ်။ ကျွန်တော်မျိုးနဲ့ ကိုအုန်းမောင်နဲ့ ငါးမျှားတုန်းက အဲသလို ယိုင်ဖူးပါတယ်။ တောင်သမန်သွား ငါးမျှားတာပါ။ အဲဒီနားက ဘုန်းကြီးကျောင်းက ဆရာတော် ဦးပညာကျောင်းမှာတောင် ငှက်ပျောသီး တောင်းစားပါသေးတယ်။ သူ့ ကျောင်းဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ် ”
တရားသူကြီးမှာ စိတ်မရှည်တော့-
“ ဒီမှာမောင်မင်း၊ ၀န်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ ဘယ်လောက်မှ အပြစ်ကြီးတာလဲ မဟုတ်ပါဘူး။ ကြောက်စရာလဲ မလိုပါဘူး ”
“ ကျွန်တော်မျိုး မကြောက်ပါဘူးဘုရား၊ ဆင်ဖြူကန် သင်္ချိုင်းမှာ တောင် တစ်ယောက်တည်း အိပ်လာခဲ့သေးတယ်။ လူရွှင်တောကိုဒီပါ သိပါတယ်။ သူက ကိုရွှေဆီက အမဲအူပြုတ် ယူလာတာကို သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ် ဆိုတာနဲ့ သွားစားတာပါ၊ တော်ရုံတန်ရုံနဲ့ ဆို သွားစားရဲဖို့ မလွယ်ပါဘူး၊ ကျွန်တော်မျိုး သူငယ်ချင်း တတ်တူဆို ညမှောင်တာနဲ့ အိမ်ပြင်တောင် မထွက်ရဲပါဘူး၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ ၊ တတ်တူ တို့ အိမ်နဲ့များ နီမလားလို့...လို့ ...”
တရားသူကြီး က စိတ်ပျက်စွာနဲ့
“ မောင်မင်း စကားတွေ အများကြီး မပြောပါနဲ့ ”
“ အရှင်ဘုရားမေးလို့ ပြောတာပါဘုရား ”
“မေးတာကို မေးတာပဲ ဖြေပါ၊ မောင်မင်း လမ်းဖြတ်ကူးသလား ”
“ ကူးပါဘူးဘုရား ၊ အဲဒီနား လမ်းထိပ်က ရေခဲရေသည် မေးကြည့်ပါဘုရား၊ သူ ကျွန်တော်မျိုးကို ကောင်းကောင်းကြီးသိပ်ါတယ်။ ကျွန်တော်မျိုး နေ့တိုင်းသူဆီက ရေခဲရေ သောက်နေကျပါ။ သူ့ယောက္ခမ ဆိုက်ကားနင်းပါတယ်။ ကလေးသုံးယောက် နဲ့ ၊ သူ့နှမက မိုက်တယ်ဘုရား၊ ထမင်းအိုးကြီးကို ပေါင်စားပစ်တယ်၊ ခုတော့ မြေအိုးနဲ့ ချက်နေရတယ် ”
တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှ ပိုက်ဆံကို နှိုက်ကာ ငွေငါးဆယ်ကို စိုက်၍ ဒဏ်ဆောင်လိုက်သည်။ ပြီးတော့မှ တရားခံကို ထွက်သွားရန် ပြောလိုက်လေတော့သတည်း။



မခိုးပါဘူး

-ဒီကဗျာ ဟိုစာအုပ်ထဲက ခိုးထားတာ မဟုတ်လား။
-အဲဒီ စာအုပ်ထဲသွားကြည့်ပါကွာ။ ဒီကဗျာရှိနေတုန်းပါ။


သဘောချင်းတိုက်ဆိုင်လိုက်တာ

ပန်းသီးအကြီးတစ်လုံး၊ အသေးတစ်လုံးကို ညီအစ်မနှစ်ယောက် တစ်ယောက်တစ်လုံးစီ စားကြဆိုပြီး ပေးလိုက်တော့ အစ်မကြီးက ကြီးတာယူပြီး ညီမကို ငယ်တာပေးတယ်။ဒီတော့ ညီမက
-ငါ့ကိုသာ ဝေပေးဖို့ခိုင်းရင် ငါက ငယ်တာယူပြီးကြီးတာကို နင့်ပေးမှာ။
-အေးလေ ခု ငါဝေတာလည်း နင်ဝေချင်သလိုပဲ မဟုတ်လား။

ဆယ်နှစ်လောက်ငယ်ချင်လို့

-ဒီမဂ္ဂဇင်းထဲမှာ လက်ရှိအသက်ထက် ငါးနှစ်ငယ်အောင် လုပ်နိုင်တဲ့နည်း ပါတယ်တဲ့။
-ဒါဖြင့် နှစ် အုပ်ပေးဗျာ။

မီးပျက်တဲ့ည

-ငါ ဒီကြောင်အိမ် ထဲမှာ မုန့်နှစ်ခုထားတာ။ တစ်ခုပဲရှိတော့တယ်။ မောင်မောင် ပြောစမ်း ဘာလို့ တစ်ခုပဲရှိရတာလဲ။
-ညက မီးပျက်နေတော့ အဲဒီတစ်ခုကို မမြင်လိုက်ရလို့ပါ။

ပဟေဠိ

ယောက်ျားလုပ်သူက ပန်းဆိုင်မှာဝင်ပြီး
- မွေးနေ့လက်ဆောင် ပန်းစီး ကျွန်တော့်မိန်းမဆီ ပို့ချင်လို့ ဒီလိပ်စာအတိုင်း ပို့ပေးပါ။
-လူကြီးမင်းရဲ့နာမည်။
- မလိုပါဘူး သူသိပါတယ်။
(သို့ဖြင့် ပန်းစီးပို့ပြီးနောက်)
-ဟဲလို ပန်းအရောင်းဆိုင်ကပါလား။
-ဟုတ်ပါတယ်။
-ရှင်တို့ဆိုင်ကပို့တဲ့ ပန်းစီးမှာ ပို့သူရဲ့ နာမည် မပါလာဘူး။
-ပန်းစီးပို့တဲ့ လူကြီးမင်းက ဘယ်သူပို့တယ်ဆိုတာအစ်မကြီး သိမှာပါတဲ့။
(ခဏမျှ ငြိမ်သွားပြီး )
- ရပ်ရှည်လား- ပုပုလား။


သူလုပ်ခဲ့တာ

-ဘာလို့ အလုပ်နောက်ကျတာလဲ။
- ကျွန်တော့် ယောက္ခမကြီး ရေချိုးခန်းထဲမှာ ချော်လဲပြီး သတိလစ်နေလို့။
-ဒါနဲ့ဘာလုပ်ခဲ့သလဲ။
-ပထမတော့ ဘာလုပ်ရမှန်း မသိဘူး။
နောက်မှအကြံရလို့ လမ်းထိပ်က ရေတွင်းသွားပြီး ချိုးခဲ့ပါတယ်။

ခါးပတ်မပတ်သောGhost

Posted by thawzin Tuesday, May 19, 2009 4 comments

ဟာသလေးတစ်ခုပါ, ခါးပတ်မပတ်ရင်လေ Ghost လဲမရပါဘူး

Sheep on the Island

Posted by thawzin Monday, May 11, 2009 2 comments





ဒါလေးက ဟာသလေးတစ်ခုပါ , ရီလဲရီရပါတယ်, သင်္ဘော နှစ်စင်း ပင်လယ်ပြင်မှာ တိုက်မိပြီး သင်္ဘောပေါ်က ၀န်တင်လာတဲ့ တိရစ္ဆာထည့်ထားတဲ့ သေတ္တာတစ်လုံးက ကျွန်းတစ်ခုကို မျောလာတယ် , အဲဒီထဲမှာပါတဲ့ သတ္တ၀ါက ဂေါ်ဇီလာလိုလို အကောင်လေးပေါ့ သူ့အနေနဲ့ ပင်လယ်ထဲမှာ မျောလာတာကြာတော့ အရမ်းဆာလောင်နေတာပေါ့ , အဲဒါနဲ့ကျွန်းပေါ်ရောက်တော့ သူအရင် သိုးလေးတစ်ကောင်က အရင်ရောက်နေတာ သူလဲ ဗိုက်ကအရမ်းဆာနေတာပေါ့, အဲဒါနဲ့အခုနက သတ္တာဝါလေး နဲ့ တွေ့ ဆုံကြပါသတဲ့ဗျာ ... အောက်က ဗွီဒီယိုလေးကို ဆက်လက် ရူစားကြပါ... ရယ်နိုင်မောနိုင် ဘ၀အမောတွေ ပြေပျောက်နိုင်ပါစေ..။ ။


တစ်ခါတုန်းက အလုပ်သမား လျှောက်လွှာ မှတ်ပုံတင်တဲ့ ဋ္ဌာနတစ်ခုမှာ မပူတူးဆိုတဲ့ အမျိုးသမီး တစ်ယောက် သုံးနှစ်အရွယ် သမီးနှင့် အတူ အလုပ်လုပ်ရန် မှတ်ပုံတင်ဖို့ ရုံးကို ရောက်လာခဲ့တယ်။ မှတ်ပုံတင် လက်ခံတဲ့ စာရေးလေး စားပွဲမှာ လူများနေတော့ မပူတူးက မလှမ်းမကမ်းမှာ ရှိတဲ့ထိုင်ခုံမှာ သမီးနှင့်အတူ ထိုင်စောင့်နေတယ်။ စာရေးလေး စားပွဲမှာ လူရှင်းတော့ မပူတူးက စာရေးလေး စားပွဲထံ ထလာခဲ့တယ်။ စာရေးလေးက နာမည်ပြောလို့ မေးတော့ မပူတူးက မပူတူးပါလို့ ဖြေလိုက်တယ်။ ပြီးတော့ စာရေးလေးက အမျိုးသားမှတ်ပုံတင်ပါလို့ မေးတော့ မပူတူးက ဟော့တော့ သူက မနေ့တုန်းကမှ ခရီးထွက်သွားတော့ ယူမထားလိုက်ရဘူးလို့ ဖြေပါတယ်။ ဒါနဲ့ စာရေးလေးက ထပ်မေးတယ်။ မပူတူးရဲ့ အမျိုးသား မှတ်ပုံတင်ကို ပေးပါလို့ ပြောတယ်။ မပူတူးကလည်း ဘာပြန်ပြောသလဲဆိုတော့ စောစောက ပြောတဲ့ သူဆိုတာ ကျွန်မ ယောက်ျားပါ၊ တကယ်ခရီး ထွက်သွားလို့ အိမ်စောင့်မရှိလို့ တောင်မှ သူနဲ့ရတဲ့ သမီးလေးကို ခေါ်လာခဲ့ရတယ်၊ ဟိုခုံမှာ ထိုင်နေတဲ့ကလေးမလေးပဲ။ ဒီအချိန်မှာ စာရေးလေးက စိတ်ပျက်သော အမူအယာဖြင့် ကုလားထိုင် နောက်မှီကို မှီပြီး ခေါင်းကုတ်နေမိတယ်။ ခဏနေတော့ ကုလားထိုင် နောက်မှီမှ ခွာပြီး ခါးကို ရှေ့စားပွဲသို့ ကုန်းခါ မပူတူးကို ပြောလိုက်ပုံက -
“ ဒီမှာ မပူတူး ကျွန်တော် တောင်းနေတာက မပူတူး နာမည်ပါတဲ့ မှတ်ပုံတင်ကို ပြောတာ ”
ဒီတော့မှ မပူတူး ဖြေလိုက်ပုံက
“ အော်ဒါလား ” ဆိုပြီး သူမ၏ ပိုက်ဆံအိပ်ထဲမှ သူမ၏ မှတ်ပုံတင်ကို ထုတ်ပေးလိုက်သတဲ့။

Photobucket

ကျန်တာက

-လေးထဲက လေးနှုတ်ရင် ဘယ်လောက်ကျန်မလဲ။
(ဖြေသံမကြားရ)
-ကဲ..မင်းရပ်စမ်း၊ မင်းအိပ်ထဲမှာ လေးကျပ် ပါလာတယ် ဆိုပါတော့။ အိပ်ထောင်အပေါက်ကနေ အဲဒီလေးကျပ် ကျသွားရင် အိပ်ထောင်ထဲမှာ ဘာကျန်မလဲ။
- အပေါက်ကျန်မယ်ဆရာ။

ရှာဖွေတွေ့ရှိသူ
-မောင်မောင် ကမ္ဘာ့မြေပုံထဲ သြစတေးလျကို ရှာပြစမ်း။
- ဒီမှာပါဆရာမ။
-မှန်တယ်။ ကဲ မောင်ဝင်းအောင် ပြောစမ်း သြစတေးလျကို ဘယ်သူရှာဖွေ တွေ့ရှိတာလဲ။
- မောင်မောင်ပါဆရာမ။

အသွားအပြန်
-ကျွန်မရှင်နဲ့ မနေချင်တော့ဘူး။ ကျွန်မမိဘအိမ်သွားမယ်။
-သွားလေ ရော့ ကားခ။
မိန်းမက ငွေကိုရေကြည့်ပြီး)
-အပြန်ကားခ မပါသေးဘူး။

သားသိတာက
ဆရာက အတန်းထဲမှာ စာမရေး စာမဖတ်နဲ့ ပျင်းတဲ့ကလေးကို မိဘကပါ ကူဆုံးမပေးဖို့ မိဘကို အသိပေးတယ်။ ဒါကြောင့် အဖေကသားကို-
-သားတို့ အတန်းထဲမှာ ဘယ်သူအပျင်းဆုံးလဲ။
-မသိဘူးဖေဖေ။
-ကဲဒါဖြင့် မေးမယ်။ ကျောင်းသားတွေအားလုံး စာရေးစာဖတ် ဂဏန်းတွက်နေတဲ့ အချိန်မှာ ဘာမှမလုပ်ဘဲ ဘယ်သူထိုင်နေသလဲ။
-ဆရာပါ။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ