Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

Photobucket

ကျန်တာက

-လေးထဲက လေးနှုတ်ရင် ဘယ်လောက်ကျန်မလဲ။
(ဖြေသံမကြားရ)
-ကဲ..မင်းရပ်စမ်း၊ မင်းအိပ်ထဲမှာ လေးကျပ် ပါလာတယ် ဆိုပါတော့။ အိပ်ထောင်အပေါက်ကနေ အဲဒီလေးကျပ် ကျသွားရင် အိပ်ထောင်ထဲမှာ ဘာကျန်မလဲ။
- အပေါက်ကျန်မယ်ဆရာ။

ရှာဖွေတွေ့ရှိသူ
-မောင်မောင် ကမ္ဘာ့မြေပုံထဲ သြစတေးလျကို ရှာပြစမ်း။
- ဒီမှာပါဆရာမ။
-မှန်တယ်။ ကဲ မောင်ဝင်းအောင် ပြောစမ်း သြစတေးလျကို ဘယ်သူရှာဖွေ တွေ့ရှိတာလဲ။
- မောင်မောင်ပါဆရာမ။

အသွားအပြန်
-ကျွန်မရှင်နဲ့ မနေချင်တော့ဘူး။ ကျွန်မမိဘအိမ်သွားမယ်။
-သွားလေ ရော့ ကားခ။
မိန်းမက ငွေကိုရေကြည့်ပြီး)
-အပြန်ကားခ မပါသေးဘူး။

သားသိတာက
ဆရာက အတန်းထဲမှာ စာမရေး စာမဖတ်နဲ့ ပျင်းတဲ့ကလေးကို မိဘကပါ ကူဆုံးမပေးဖို့ မိဘကို အသိပေးတယ်။ ဒါကြောင့် အဖေကသားကို-
-သားတို့ အတန်းထဲမှာ ဘယ်သူအပျင်းဆုံးလဲ။
-မသိဘူးဖေဖေ။
-ကဲဒါဖြင့် မေးမယ်။ ကျောင်းသားတွေအားလုံး စာရေးစာဖတ် ဂဏန်းတွက်နေတဲ့ အချိန်မှာ ဘာမှမလုပ်ဘဲ ဘယ်သူထိုင်နေသလဲ။
-ဆရာပါ။

1 Responses to မောင်ကံချွန်၏ ဟာသများ(၂)

  1. thawzin Says:
  2. အားလုံးကို ရယ်မောပျော်ရွှင်သွားအောင်မလုပ်နိုင်ပေမယ့် ပြုံးချင်ချင်ဖြစ်သွားရင်

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ