Welcome to My Blog
သော်ဇင်(စိန်ပန်းမြေ)
ပန်းရည်ဘဏ်တိုက်
Posted by thawzin Monday, May 4, 2009
ကျွန်တော်တို့လို ရွာသားများ အတွက်တော့ ဒီသီချင်းလေးက အရမ်းလွမ်းစရာပေါ့ဗျာ, မြန်မာသံစဉ် ကောင်းကောင်းလေးပါ... ရွာမှာ အသံချဲ့စက်ဖွင့်ရင် ဘာရယ်မဟုတ်ဘူး ပျော်တယ် အလှူတွေမှာဖွင့်တယ်လေ ဒီလိုသီချင်းမျိုးက။ သီချင်းနားထောင်ပြီးတော့ ဒါဘာသဘောနဲ့ဖွင့်တယ်ဆိုတာ သိပါတယ်.. ငယ်ငယ်ဆိုတုန်းကဆို ဒီလိုသီချင်းအသံဆိုရင် သေချာတယ် ရွာမှာ အလှူတစ်ခုခုရှိတယ်ဆိုတာ သိနိုင်တယ်
ဒီသီချင်းနားထောင်တော့ ငယ်ငယ်က သူငယ်ချင်းတစ်ယောက် ကိုပြေးသတိရတယ်ဗျာ.., သူနာမည်က နိုင်ဝင်းတဲ့ အဲနောက်တစ်ယောက်ရှိသေးတယ် သူကမိန်းကလေးပေါ့ .. ရွာမှာတော့ ကွင်း( queen )ပေါ့ဗျာ..., အဲဒီကောင်မလေး ဘယ်လောက်ကွင်း လဲဆိုရင်လေ သူနာမည်ကြားရင်ကို အချင်းချင်း ရန်ထဖြစ်ကြတယ်ဗျ, သူနာမည်က မတင်ချုံ တဲ့ ငယ်ငယ်ဆိုတော့ဗျာ.. နှာရည်ရေ တဗျွတ်ဗျွတ်နဲ့ပေါ့ဗျာ။သူကို ကွင်း( queen ) လိုပြောတာ အကောင်းမထင်ပါနဲ့ သူနဲ့ပေးစားရင်ဘယ်ကောင်လေးကမှ မကြိုက်ဘူး ထပြီးရန်ဖြစ်ရလောက်ကို သူကို မြတ်နိုးကြတာဗျ အခုတော့သူလဲ အိမ်ထောင်ကျသွားပါပြီး, ဘယ်သူနဲ့လဲတော့ ကျွန်တော်လဲ ရွာမှာမနေတာ ၉ နှစ်လောက်ရှိပြီးဆိုတော့ မသိတော့ဘူးဗျ။သူငယ်ချင်းနိုင်ဝင်းလဲ အိမ်ထောင်ကျကုန်ပါပြီး
ဒီသီချင်းနဲ့ပတ်သပ်ပြီး သူတို့ကိုဘာလို သတိရသလဲဆိုရင် ဒီသီချင်းမှာပါတယ်လေ “ မြတ်ပန်းရဂုံ မြတ်ပန်းရဂုံ ...” တာပေါ့ , ကျွန်တော်တို့တွေ စနောက်ကျတာက “မြတ်ပန်းရဂုံ နိုင်ဝင်း တင်ချုံ ” ဆိုပြီး သူငယ်ချင်း နိုင်ဝင်းကို တွေ့ရင် အဲဒီလို စနောက်ရင် သူတအားဒေါသထွက်တာ သူကို အဲဒီကောင်မလေးနဲ့ပေးစားရမလား , စရမလားဆိုပြီးတော့စိတ်ဆိုးတာကို ပြန်သတိရမိပါတယ်ဗျာ... ဒီမြန်မာသီချင်းတွေ မြတ်နိုးတယ် တန်ဖိုးထားချင်တယ်ဆိုရင် ဒေါင်းယူလိုက်ကြပါ...
အဆိုတော်က မြန်မာသံစဉ်တွေကို ဆိုတတ်တဲ့ နီနီဝင်းရွှေ
တေးရေးကတော့ ကန်မြဲအေးကျော်,လင်းခေးလုလင်တဲ့
မြန်မာလူမျိုးများ မြန်မာသံစဉ်သီချင်းများကို ချစ်မြတ်နိုးနိုင်ကြပါစေ..
1 Responses to ပန်းရည်ဘဏ်တိုက်
  1. နားပန်းဆံ သီချင်းကို ပိုကြိုက်တယ်ဗျ..
    အဲဒီလိုတကယ်ကို ကျွေးတာဗျ..ရွာသားတွေကလည်း
    ...ခင်မင်သောအားဖြင့်...
Myanmar Date&Month
နှုတ်ဆက်ခဲ့ပါ