Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

အမေ

Posted by thawzin Tuesday, May 5, 2009



















အမေ
ဘ၀တစ်ခုအစပြုဖို့ အရာအားလုံးကိုစွန်လွတ်ပေးနိုင်တဲ့အမေ
နှလုံးသားမှာအမြဲ သားကိုပဲအမြဲဦးစားပေးသောအမေ
ဘ၀ကံကြမ္မာဆိုးဘယ်လိုပင်ခတ်ခဲဆိုးနေပါစေ သာယာမှုအမြဲပေးနေသောမေ
သားအတွက်ဆို ဘာမဆိုအသက်နဲရင်းပြီးပေးဆပ်တဲ့အမေ
လက်ထိပ်အပ်ဆူး၊ဓါးရာတွေထပ်ထပ်လူးနေလဲသားအတွက်တောအမြဲပြုစုနေတဲ့အမေ
မိမိဘ၀သာနစ်မွန်း သားအတွက်ဆိုနင်းတတ်စေဖို့ ကျောခင်းပေးနိုင်သောအမေ
အဆုံးတရားမှာလဲ ဘယ်တော့မှ အမုန်းပွားဖို့စိတ်ကူးမရှိသောမေ
သားတွေကိုကျွေးမွေး မျှော်လင့်ချက်ကင်းကင်းထားတတ်တဲ့အမေ
ဒုက္ခကိုသုခလုပ် သားအတွက်ဆိုအမြဲပြုံး၍ရင်ဆိုင်တတ်တဲ့Aမေ
အမေ… အမေ…
ဘယ်လိုပင်စာစီကဗျာတွေသီနေလဲ
ဘယ်လိုပင်မှီဖို့မှန်းမရအောင်မေတ္တာတရားကြီးမားပါတယ်
ဗြဟ္မာလိုအကျင့် မျှောင်လင့်ခြင်းကင်းမဲ့တဲမေတ္တာနဲ့
အရာရာကိုဖြတ်သန်းအသက်နဲလဲ ရင်းနှီးနိုင်တဲ့အမေရယ်…
ဆပ်လို့မကျေနိုင်ပေမယ့် တတ်သမျှဒီသီကုံးမှုနဲ့
လေးစားလို့ကြည်ညိုပါရစေအမေ
လက်ဆယ်ဖြာထိပ်မိုး ဒီကမ္ဘာမိုးမြေကိုတိုင်တည်ပါရစေအမေ
ဆပ်မကုန်ဒီကျေးဇူးတွေအတွက် တပ်အကုန်ရွက်လွင့်ကာနဲ့
အသက်ကုန်ဇီဝိန်ချုပ်ပါစေအုံး အမေဂုဏ်ဒီကျေးဇူးတွေကို
သားတော်မောင် ကျေနိုင်သရွေ့ဆပ်နေပါ့မယ်အမေ…။

3 comments

  1. အင်း အမေ့ချစ်သားတွေချည်းပဲ အမေ အကြောင်းဆိုစိတ်ဝင်စားတယ် အမေနဲ့ ပဲကြီးလာတာလေ
    အမေ့ချစ်ပုံထောက်ရင် အမေနားနေတုန်းက ဆိုးခဲ့လို့ လား
    ငမူးတော့အသကုန်ဆိုးခဲ့တာ အဝေးရောက်မှ အမေ ဆိုတဲ့ တန်ဖိုးကိုနားလည်လာတယ်
    အင်းအတူတူချစ်ကြတာပေါ့ အမေ့ကို လေ


    ပေတလူဆိုးပေ အကောင်းစား
    အိုက်ခီလောက်

     
  2. အမေအကြောင်းရေးထားတဲ့ စာစုလေးတွေ မှန်သမျှ ကျွန်တော်နှစ်သက်တယ်...ကျွန်တော်တို့ရေးနိင်တဲ့
    အမေ့ ရဲ့ ဂုဏ်အင်တွေဟာလည်း တကယ်တော့ အမေ့ ခြေဖ၀ါးက ကျခဲ့တဲ့ သဲမှုန်တွေလောက်ပဲ ရှိပါတယ်ဗျာ..
    အမေ့မေတ္တာ က စာဖွဲ့လို့တောင်မကုန်နိင်ပါဘူး...
    ဘာပဲဖြစ်ဖြစ် အမေ့ မေတ္တာကို သတိတရ နဲ့ရေးထားတဲ့
    ကိုသော်ကို လေးစားမိပါတယ်...
    ....ခင်မင်သောအားဖြင့်...

     
  3. Anonymous Says:
  4. ကိုကြီးရေ အမေ့သားဆိုတာ ကောင်းစားတယ်ဗျ။ အဲ့လိုချစ်ခွင့်ရတာ ကိုကြီးကံကောင်းတာပဲ။ မြန်မြန်ပြန်ဆုံနိုင်ပါစေနော်။ ကိုကြီးအမေနဲ့။

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ