Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)
Posted by thawzin Saturday, April 4, 2009 1 comments








မျှော်လင့်လိုက်ရတာပန်းကလေးရယ်
ပြန်ဆုံကြမယ်လို့...........
ထိန်းသိမ်းခဲ့ရတဲ့သိက္ခာတွေ
မင်းနဲ့ကျမှသိပ်ငယ်ခဲ့ရတယ်လို့...........
မင်းပြောသမျှအတည်ယူ
အရာရာကိုအယုံလွယ်ခဲ့တာက
ငါ့အတွက်တော့
ပြင်လို့မရတော့တဲ့အမှား.............
ပြန်နုတ်လို့မရတော့တဲ့ဆူးချက်တွေနဲ့
ရင်နင့်အောင်ခံစားခဲ့ရတယ်
ငိုကြွေးလဲမပြေနိုင်တာမို့
အကိုတွေးရင်နဲ့
ရင်နာမိတယ် ကလေးရယ်
ပတ်ဝန်းကျင့်စောင်းမြောင်းစကား
တကယ်ပဲမှန်ခဲ့သလား
မလိုသူတွေအမုန်းစကား
စွန့်စားပြီးမယုံလိုက်ပါနဲတဲ့.........
အကိုယုံကြည်ခဲ့တာကတော့
ယုံကြည်လို့ချစ်ခဲ့တာမဟုတ်တော့ဘူး
ချစ်လွန်းလို့ယုံကြည်မိသွားတာ.........
ပဲ့တင်သံကင်းမဲ့နေတဲ့
လေဟာနယ်မှာ
ငါဟာမင်းနာမည်အော်ခေါ်မိသလိုပဲ
ပြန်ထူးသံမကြားနိုင်ပေမယ်
ငါအော်ခေါ်မိတာက
ငါယုံကြည်ခဲ့တာက
ငါမျှော်လင့်ခဲ့တာက
နောက်ဆုံးတော့လဲ..........။ ။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ