Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ဆရာ

Posted by thawzin Thursday, August 13, 2009 3 comments


ဆရာမြတ်သို့

သံသရာကြော မြုပ်ပေါ်မျော၍
ဘယ်သောမဆုံး၊ ထပ်ခါရှုံးသည်
မဂ်သုဉ်းမရပ် ဘ၀ထပ်။
ဘုရားရှောင်ပြေး၊ ဆရာဝေး၍
ဝဋ်ကြွေးစွန်းထင်း၊ ရှုံးချက်ပြင်းသည်
ကျွံနင်းပါယ်တွင်း၊ ခါခါဆင်း။
ယခုသော်ကား
ဘုရားလည်းရှိ၊ တရားရှိ၏
ရှိသည့်တရား၊ ဟောကာကြားမည့်
ကိုယ်စားဆရာ၊ ဒို့တွေရှာသည့်
သစ္စာလည်းရ၊ မဂ်လမ်းမ,မှာ
ဒဿနဉာဏ်၊ ကျိုးကြောင်းမှန်နှင့်
နိဗ္ဗာန်ရွှေပြည်နီးလေပြီး။
အို....မြတ်သောဆရာ
ပါယ်တွင်းနက်မှ ကယ်တင်မ,သည်
မြတ်လှဆရာ ဂုဏ်မဟာကို
ဆယ်ဖြာတင်လျှက်၊ လက်ဆုံယှက်၍
ရင်ထက်အေးချမ်း၊ ကန်တော့ပန်းဖြင့်
ရွှင်လန်းညွှတ်ကျိုး၊ ပီတိတိုးကာ
ရှိခိုးဦးတင်၊ ဆရာသခင်
ကျေးဇူးရှင်။ ။

သရဏဂုံဦးယှက်လျှက်
တပည့်ကိုဝင်းဇော်မှ ရေးဖွဲ့ပူဇော်ပါသည်။
ဆရာနှင့်တပည့်

ရေစုန် ရေဆန်
ပြန်လှန်ရန်
ရေဆန်ထုံးမရှိ။
စီးသည့် ရေစုန်
ဆရာ့ဂုဏ်
အဟုန် ကြီးမားဘိ။
ရေဆန် ပြန်လှန်
မိုက်မဲကံ
သွားရန် အပါယ်ရှိ။
အမှား အမှန်
ပိုင်းခြားရန်
ဝေဖန် ဉာဏ်နှင့်သိ။
ရွှေနှင့် ရွှံ့ဟန်
ရောနှောရန်
ရေဆန် သူတို့ညှိ။
ရွှေကား ရွှေစံ
မြင့်မြတ်မှန်
ရွှံ့ဟန် ကပ်မထိ။
ဆရာအမှန်
ဦးထိပ်ပန်
မမှန်(တပည့်) နောက်ဆုတ်ဘိ။

ဆရာဂုဏ်ကို ဦးခိုက်လျှက် တပည့် ကိုဝင်းဇော်မှ ရေးဖွဲ့ပူဇော်ပါသည်။

ဦးကောသလ္လ၏ မွေးရပ်မြေသို့ ကျေးဇူးဆပ် တရားတော်က ကိုဝင်းဇော် ပူဇော်ထားတဲ့ ကဗျာလေးတွေ တင်လိုက်တာပါ ......... အဓိပ္ပါယ်တွေ ပြည့်ဝနေပါတယ်ဗျာ......... ဆရာအရွေးမမှားမိကြပါစေနဲ့ မိတ်ဆွေ... အဇာတသတ် ဆရာအရွေးမှားလို့ အဖေသတ်တဲ့ အမူကြီး ကျူးလွန်သွားခဲ့ရတယ်..... မြင်ဆရာ, ကြားဆရာ, သင်ဆရာ..... ဆရာတွေအများကြီး မိမိပတ်ဝန်းကျင်မှာ ရှိကြပါတယ်..... ယူသင်တဲ့ သင်ခန်းစာကို ရအောင် ယူတတ်ပါစေ.... လုပ်သင့်တယ်ထင်တဲ့ အလုပ်ကို လုပ်နိုင်အောင် ကြိုးစားရမယ်......... မိမိလုပ်လိုက်တဲ့ လုပ်ရက်ဟာ သူတစ်ပါးအတွက် ကောင်းကျိုးတွေ ရနိုင်ပါစေ... သူများကိုကြည့်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကို မမြင်တတ်ကြတာ သဘာဝပါ........ ဆက်လေရှည်မနေချင်တော့ပါဘူး.... မှတ်သားစရာ စကားလေးနဲ့ ဒီပို့စ်လေး အဆုံးသတ်ပါရစေ......
“ ကိုယ့်အကျိုးမထိခိုက်တဲ့ သူတစ်ပါးအကျိုး သယ်ပိုးရမယ် ” ဆိုတာက အကုသိုလ် အလုပ်တွေ မလုပ်မိဖို့ နဲ့
“ သူတစ်ပါး အကျိုး မထိခိုက်ဘဲ ကိုယ့်အကျိုး သယ်ပိုးရမယ် ” ဆိုတာက ကုသိုလ်အ လုပ်တွေ လုပ်ကြဖို့ပါ။ အဓိကကတော့ အကုသိုလ်တွေ အတတ်နိုင်ဆုံး နည်းအောင် ကြိုးစားပြီး, ကုသိုလ်တွေ များအောင်လုပ် ကြဖို့... မနာလိုဝန်တို စိတ်တွေလျော့ကြဖို့ ကျွန်တော်ရဲ့ ဘလော်ကာ ကိုကို မမတို့နဲ့ ညီ ညီငယ်လေးတွေကို အမှာပါချင်တာပါ.......... ပျော်ရွှင်နိုင်ကြပါစေ

သူမှသူ

Posted by thawzin Tuesday, August 11, 2009 6 comments



ရွှေအိုရောင်ဆံကေသာထဲမှာ
ပုတုန်းရောင်ကေသာပိုင်ရှင်ကိုမြတ်နိုးတယ်
အပြာရောင်မျက်ဝန်းတွေကြားထဲမှာ
အဖြူရောင်မျက်ဝန်းနက်ကိုနှစ်သက်တယ်
မော်ဒယ်လို့အချိုးစားမကျပေမယ့်
ရိုးရိုးလေးမင်းပုံစံကိုသဘောကျတယ်
မလိုသူတွေလိုတမျိုးပြောချင်ပေမယ့်
မင်းလိုလူငါ့အတွက်တော့
ကမ္ဘာကိုမလွမ်းမိုးပေမယ့်
ငါ့အရင်ဒီနှလုံးသားကမ္ဘာမှာတော့
မြင်နေရာ မင်းအရိပ်ဖြစ်နေတယ်...
တိုးတိုးလေးမင်းစိတ်ကောက်တဲ့အခါ
အမျိုးမျိုးနဲ့ချော့ပြလိုက်ရင်
သဘောကျတတ်တဲ့မင်းရီသံလေးကို ချစ်တယ်
အနမ်းပေးဖို့တောင်းဆိုရင်
မနမ်းတတ်လို့သည်းခံပါတဲ့
အနမ်းပေးမယ်ပြောရင်
အရမ်းရှက်တတ်လို့ငြင်းတယ်
လိုက်လိုက်ရောရောနေတတ်တယ်
အပြောလဲမျိုးမျိုးတတ်တယ်
ဒါကြောင့်လေ
အရာအားလုံးထက်
မင်းကိုချစ်တယ်...........။ ။

မှတ်ချက်။ ။ ဆုံးအောင် ဖတ်လား မသိဘူး :? သူများတွေလိုတော့ ကာရံမကျပါဘူး...။ ခံစားချက်ရှိလို့လဲ မဟုတ်ပါဘူး။ ကဗျာ လေဘယ်မှာ ကဗျာရေးတာနည်းလို့ ရေးကြည့်တာ....။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်နော်....။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ