Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

သူမှသူ

Posted by thawzin Tuesday, August 11, 2009



ရွှေအိုရောင်ဆံကေသာထဲမှာ
ပုတုန်းရောင်ကေသာပိုင်ရှင်ကိုမြတ်နိုးတယ်
အပြာရောင်မျက်ဝန်းတွေကြားထဲမှာ
အဖြူရောင်မျက်ဝန်းနက်ကိုနှစ်သက်တယ်
မော်ဒယ်လို့အချိုးစားမကျပေမယ့်
ရိုးရိုးလေးမင်းပုံစံကိုသဘောကျတယ်
မလိုသူတွေလိုတမျိုးပြောချင်ပေမယ့်
မင်းလိုလူငါ့အတွက်တော့
ကမ္ဘာကိုမလွမ်းမိုးပေမယ့်
ငါ့အရင်ဒီနှလုံးသားကမ္ဘာမှာတော့
မြင်နေရာ မင်းအရိပ်ဖြစ်နေတယ်...
တိုးတိုးလေးမင်းစိတ်ကောက်တဲ့အခါ
အမျိုးမျိုးနဲ့ချော့ပြလိုက်ရင်
သဘောကျတတ်တဲ့မင်းရီသံလေးကို ချစ်တယ်
အနမ်းပေးဖို့တောင်းဆိုရင်
မနမ်းတတ်လို့သည်းခံပါတဲ့
အနမ်းပေးမယ်ပြောရင်
အရမ်းရှက်တတ်လို့ငြင်းတယ်
လိုက်လိုက်ရောရောနေတတ်တယ်
အပြောလဲမျိုးမျိုးတတ်တယ်
ဒါကြောင့်လေ
အရာအားလုံးထက်
မင်းကိုချစ်တယ်...........။ ။

မှတ်ချက်။ ။ ဆုံးအောင် ဖတ်လား မသိဘူး :? သူများတွေလိုတော့ ကာရံမကျပါဘူး...။ ခံစားချက်ရှိလို့လဲ မဟုတ်ပါဘူး။ ကဗျာ လေဘယ်မှာ ကဗျာရေးတာနည်းလို့ ရေးကြည့်တာ....။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်နော်....။

6 comments

  1. ဟွန်း...

    အာဘွားပေးဘို့ကြီးပဲ မတောင်းနဲ့လေ ဟဲဟဲ

    ခင်မင်စိတ်နဲ့စတာပါဗျာ...။

    မတွေ့တာကြာပေါ့ အဆင်ပြေတယ်ဟုတ်...။

    အဆင်ပြေရင် မေလ်းလိပ်စာလည်း လိုချင်သေး...။

     
  2. ahphyulay Says:
  3. ကဗျာဖတ်နေရင်းကောင်မလေးဘေးရောက်
    လာသလိုပဲ၊မခို့ တရို့ ရယ်နေသလိုပဲလို့ ...
    ဒီကြားထဲအမောတွေကြီးရေးနေမိလို့  ဒီကဗျာလေး
    လာဖတ်ရင်းပေါ့ သွားတယ်ဗျာ။ မတွေ့ တာလဲကြာ
    လွန်းသွားပြီမှုတ်လားဗျ။ တကယ်လို့ များရင်ထဲမှာ
    သိပ်ပေါ့ နေရင် ဆားတွေလိုလေးတဲ့ ကျွန်တော့ ရဲ့ 
    စိတ်ပျက်ဖွယ်လက်ရာများကို မည်းလှည့် ပါအုံးလို့ ။

     
  4. kiki Says:
  5. အနမ်းပေးဖို့တောင်းဆိုရင်
    မနမ်းတတ်လို့သည်းခံပါတဲ့....... ( ကြိုက်သွား၏ )

    ရေးပါဆိုရင်
    မရေးတတ်ဖူး ဘဲ ပြောပြော ။
    ရေးတတ်သလိုရေးတယ်ဘဲ ပြောပြော သည်းခံပါမည် ။။

    ခင်လို့ စတာ ။။
    ကိုယ်ရေးချင်တာတွေ ရေးချင်သလို ရေးလို့ ရတာဘဲလေ ။
    ရေးပါ ။ ရေးပေါ့ ။ လာအားပေးနေကြဘဲ မဟုတ်လား..
    ကဗျာ ဖြစ်ဖြစ် ၊ စာ ဖြစ်ဖြစ်ပေါ့ ။
    ရင်ကဖြစ်တဲ့ စကားလုံးတွေ အားလုံးဟာ ကိုယ့်ရဲ့ အသက်ဘဲ ဟာ ။ တန်ဘိုးထားပါတယ် ။
    ဆက်ရေး နော် .

    ခင်မင်လျှက်
    အမ ကိ

     
  6. Dream Says:
  7. အမလေး..မရေးတတ်လို့ပဲ တော်တော့တယ်...
    ရေးများရေးရင် ကဗျာဆရာတွေ ထမင်းငတ်ကုန်မယ့်အပေါက်... အဟား...

    အနမ်းပေးဖို့တောင်းဆိုရင်
    မနမ်းတတ်လို့သည်းခံပါ
    အနမ်းပေးပေးမယ်ပြောရင်
    အရမ်းရှက်တတ်တယ်

    အဟား.. ရင်တွင်းဖြစ်တွေ ထွက်ကျကုန်ပြီ..ဆရာ

    အဟီးးး ကဗျာလေး မိုက်တယ်..ရဲံဘော်ဆက်လုပ်...

    :P

     
  8. Dream Says:
  9. အမလေး..မရေးတတ်လို့ပဲ တော်တော့တယ်...
    ရေးများရေးရင် ကဗျာဆရာတွေ ထမင်းငတ်ကုန်မယ့်အပေါက်... အဟား...

    အနမ်းပေးဖို့တောင်းဆိုရင်
    မနမ်းတတ်လို့သည်းခံပါ
    အနမ်းပေးပေးမယ်ပြောရင်
    အရမ်းရှက်တတ်တယ်

    အဟား.. ရင်တွင်းဖြစ်တွေ ထွက်ကျကုန်ပြီ..ဆရာ

    အဟီးးး ကဗျာလေး မိုက်တယ်..ရဲံဘော်ဆက်လုပ်...

    :P

     
  10. Unknown Says:
  11. အားပေးပါတယ် ကိုသော်...
    ကဗျာဟာ..ကဗျာဖြစ်နေဘို့ပဲ အရေးကြီးပါတယ်ဗျာ..

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ