Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

တိမ်

Posted by thawzin Wednesday, July 8, 2009 2 comments

တိမ်လေးတွေရဲ့ ဒဏ္ဍာရီပုံပြင်လေးပါ , မီတာကဖေးမှ တွေ့၍ တင်လိုက်ခြင်းဖြစ်ပါသည်။


သည်းမခံနိုင်သူ

Posted by thawzin Monday, July 6, 2009 3 comments





တစ်ခါက တရားရုံကို အမှုတစ်မှု ရောက်လာသတဲ့၊ အဲဒီအမှုကတော့ ကားစပယ်ယာက ခရီးသည် အမျိုးသမီးကြီးတစ်ဦးကို ကားမောင်းနေတုန်း တွန်းချတဲ့ အမှုဖြစ်တယ်။ တရားသူကြီးက တရားခံကို မေးသတဲ့။
“ မောင်မင်းကို ဒီတရားလို အမျိုးသမီးကြီးက ပြောနေတယ် ၊ သူ့ကို ကားမောင်းနေတုန်း ရပ်မပေးဘဲ တွန်းချတယ်လို့ ၊ ဟုတ်သလား ”
“ ဟုတ်ပါတယ် ”
“ ဘာလို့ တွန်းးချရတာလဲ ”
“ ကျွန်တော်မျိုး ဖြစ်ပျက်ပုံ အစအဆုံး ပြောပြပါရစေ၊ ဒီအမျိုးသမီးကြီးဟာ ကားပေါ်ကို တတ်လာပါတယ်။ သူတတ်လာတော့ လက်ပွေ့အိတ်ကြီး တစ်လုံး ကိုင်တတ်လာပါတယ်။ ကျွန်တော်မျိုး ကာားစီးခ တောင်းမလို့ သူ့အနားကို သွားတော့ လက်ပွေ့အိတ်ကြီးကို ဖွင့်ပါတယ်၊ လက်ပွေ့အိတ်ကြီး ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ ပြီးတော့ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ လက်ကိုင်အိတ်ထဲက ကတ္တီပါ အိတ်ကလေးကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ကို ပိတ်လိုက်ပါတယ်။ ပြီးတော့ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကတ္တီပါအိတ်ကို ဖွင့်ပါတယ်။ အဲသလိုလုပ်နေတုန်း ရှေ့ခုံက ခရီးသည်က ကားခပေးလို့ သွားယူပါတယ်၊ ကျွန်တော် သွားယူနေတုန်း လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ ကတ္တီပါအိတ်ကို ထည့်ပါတယ်။လက်ကိုင်အိတ်လေးကို ပိတ်ပါတယ်။ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကျွန်တော်က ပိုက်ဆံထုတ်ပြီးပြီ မှတ်လို့ သူ့အနားကို လာတော့ မင်းမယူသေးဘူး မှတ်လို့ ဆိုပြီး လက်ပွေ့အိတ်ကြီးကို ဖွင့်ပါတယ်၊ လက်ပွေ့အိတ်ကြီး ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ ပြီးတော့ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ လက်ကိုင်အိတ်ထဲက ကတ္တီပါ အိတ်ကလေးကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ကို ပိတ်လိုက်ပါတယ်။ ပြီးတော့ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကတ္တီပါအိတ်ကို ဖွင့်ပါတယ်။ အဲဒီအချိန်မှာ နောက်တတ်လာတဲ့ ခရီးသည်တစ်ဦးက ကားခအော်ပေးလို့ သွားယူပါတယ်။ အဲဒီအချိန်မှာ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ ကတ္တီပါအိတ်ကို ထည့်ပါတယ်။လက်ကိုင်အိတ်လေးကို ပိတ်ပါတယ်။ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ် ၊ ကျွန်တော်မျိုး သူ့အနားရောက်တော့ မင်းမယူသေးဘူးမှတ်လို့ ဆိုပြီး လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်ကို ဖွင့်ပါတယ် ”
“ တော် တော် တော် တော်လောက်ပြီး ”
တရားသူကြီးက လက်ကာ တားလိုက်ပြီး-
“ အဲသလို ဘယ်နှစ်ခါ လုပ်သလဲ ”
“ လေးခါ လုပ်ပါတယ် ”
“ မင်းမို့ လေးခါထိ သည်းခံနေတာ ငါသာဆို နှစ်ခါလောက် လုပ်ကတည်းက ကန်ချတယ် ”
ဟု ပြောလိုက်သတည်း ။

နိုင်ငံခြားတိုင်းပြည်များရှိ ထေရ၀ါဒ ဗုဒ္ဓရဟန်းတော်များတွင် ဩစတြေလျလူမျိုး အရှင်ဓမ္မိက (Ven. Shravasti Dhammika) သည် ထင်ရှားသော ရဟန်းတော်တစ်ပါး ဖြစ်ပါသည်။
အရှင်သည် ဗုဒ္ဓတရားတော်ကို လိုက်လှဲစွာ ယုံကြည်မြတ်နိုးသူ ဖြစ်ပါသည်။ ပါရမီအခံရှိသူ ဖြစ်သဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် လောကီစည်းစိမ် ချမ်းသာများကို စွန့်လွှတ်လိုက်ပါသည်။ မြင့်မြတ်သော ရဟန်းဘ၀ကို ခံယူနေထိုင်ပါသည်။
အရှင်သည် ရဟန်းတရားနှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်ရုံမျှမက ဗုဒ္ဓတရားတော် ပြန့်ပွားရေးကိုလည်း အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။ အရှင်ဓမ္မိကသည် ဗုဒ္ဓတရားတော်အကြောင်း စာအုပ်စာတမ်းများလည်း ရေးသားပြုစု ထုတ်ဝေပါသည်။ ယင်းတို့တွင်
Good Questions, Good Answers အမည်ရှိ စာအုပ်မှ မေးခွန်းလေး တစ်ခု၏ အဖြေလေးကို နှစ်သက်မိလို့ ပြန်လည်ရေးသားဖော်ပြချင်ပါသည်။
မေး။ ဗုဒ္ဓဘာသာကိုသာ သိပ်ပြီး အထင်ကြီးနေပုံအရ ဗုဒ္ဓဘာသာသာလျှင် မှန်ကန်ပြီး အခြားဘာသာများမှာ မှားသည်ဟု ဆိုလိုပါသလား ။
ဖြေ။ ဗုဒ္ဓ၏ အဆုံးအမကို မှန်ကန်စွာ နားလည်သဘောပေါက်သော မည်သည့် ဗုဒ္ဓဘာသာဝင်မှ အခြားသော ဘာသာများသည် မှားသည်ဟု မယူဆပါ ၊ မထင်ကြပါ ၊ အခြားဘာသာများကို သေသေချာချာ မှန်မှန်ကန်ကန် နားလည်အောင် သဘောထားအမြင်ကျယ်ကျယ်ဖြင့် လေ့လာခဲ့လျှင် မိမိသက်ဝင်ယုံကြည်သော
ဘာသာသာလျှင် မှန်ပြီး ကျန်ဘာသာများမှာ မှားသည်ဟူသော အတွေးမျိုး ၀င်နိုင်စရာမရှိပါ ။ အခြားသောဘာသာများကို မှန်မှန်ကန်ကန် နားလည်အောင် သဘောထား အမြင်ကျယ်ကျယ်ဖြင့် လေ့လာကြည့်ပါက
ထိုဘာသာများတွင် တူညီချက်များ များစွာရှိသည်ကို ပထမဦးစွာ သတိပြုမိမည် ဖြစ်ပါသည်။ အားလုံးသော ဘာသာများက လက်ရှိလူသား၏ အခြေအနေသည် ကျေနပ်စရာမကောင်းသည်ကို အသိအမှတ် ပြုကြပါသည်။ လူသား၏ လက်ရှိအနေအထားကို ပို၍ကောင်းမွန် လာအောင် ပြုပြင်လိုလျှင် သဘောထားနှင့် အပြုအမူတို့တွင်
ပြောင်းလဲပေးရန်လိုအပ်သည်ကို ဘာသာတိုင်းကပင် ယုံကြည်ကြပါသည်။ လူ့ကျင့်ဝတ်သိက္ခာနှင့် ပတ်သက်၍ မေတ္တာတရား၊ ကရုဏာတရား၊ သည်းခံခွင့်လွှတ်မှု၊ စိတ်ထားမြင့်မြတ်မှု၊ သဘောထားကြီးမှု၊ လူမှုရေးတာဝန်များ သိတတ်ကျေပွန်မှု တို့ကို ဘာသာတိုင်း၏ အဆုံးအမများတွင် တွေ့ရပြီး ဘာသာ တိုင်းတွင် လုံးဝပြည့်စုံမှုသဘော (absolute) ကိုလည်း လက်ခံကြသည်ကို တွေ့ရပါသည်။
သို့သော် ဤအကြောင်းအရာ များကို ဖော်ပြရာတွင် ဘာသာစကားအမျိုးမျိုး၊ အမည်နာမအမျိုးမျိုး၊ သင်္ကေတ အမျိုးမျိုးကို သုံးပြီးဖော်ပြကြသည်။ အမြင်ကျဉ်းကျဉ်း၊ အမြင်တိုတိုဖြင့် မိမိ၏ အမြင်တစ်ခုတည်းကို သာလျှင် တွယ်ကပ်ပြီး မြင်တတ်သည့် အခါမျိုးတွင်သာအခြားဘသာသာအယူအဆများကို သည်းမခံ ခွင့်မလွှတ်ခြင်း၊ မိမိဘာသာ သာလျှင် မှန်ကန်ပြီး အခြားဘာသာတွေအားလုံး
မှားသည် ဟူသော လွဲမှားသည့် မောက်မာမှုမာနများ ပေါ်ထွက်လာတတ်ခြင်း ဖြစ်ပါသည်။ အင်္ဂလိပ်လူမျိုးတစ်ဦး၊ ပြင်သစ်လူမျိုးတစ်ဦး၊ တရုတ်လူမျိုးတစ်ဦး နှင့် အင်ဒိုနီးရှားလူမျိုးတစ်ဦးတို့သည် လက်ဖက်ရည် ထည့်ထားသော ခွက်ကို ကြည့်ရှုနေကြသည် ဆိုပါစို့ ။
အင်္ဂလိပ်လူမျိုးက ခွက်ကို ကပ်(ပ်) (cup) ဟုပြောပါသည်။ ပြင်သစ်ကလည်း ကပ်(ပ်) မဟုတ်ဘူး၊ တေဆဲ (tasse) ၊ ဖြစ်သည်ဟု ပြောပေမည် ။ ထိုအခါ တရုတ်ကလည်း “ ခင်ဗျားတို့ နှစ်ယောက်လုံး မှားပါတယ်၊ အဲဒါ ပိုင် (pei) ၊ လို့ခေါ်ပါတယ် ” ဟု ပြောပေလိမ့်မည်။ ထိုအခါ အင်ဒိုးနီးရှားလူမျိုးက “ ဟားဟား ၊ ခင်ဗျားတို့ အားလုံးမှားတယ်၊ အဲဒါ က၀မ် (cawan) လို့ခေါ်တယ် ” ဟု ပြောပါလိမ့်မည်။
ထိုအခါ အင်္ဂလိပ်လူမျိုးကလည်း အင်္ဂလိပ် အဘိဓါန်ကို လှန်ပြီး ခွက်ကို ကပ်(ပ်) လို့ခေါ်သည်မှာ မှန်ကန်ကြောင်း သက်သေအထောက်အထားပြပါမည်။ ထိုအခါ ပြင်သစ်လူမျိုးက “ ခင်ဗျားတို့ အဘိဓါန်က မှားနေတယ်၊ ကျွန်တော်တို့ အဘိဓါန်ထဲမှာ ခွက်ကို တေဆဲ လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ် ” လို့ ငြင်းချက်ထုတ်ပါလိမ့်မည်။ ထိုအခါ တရုတ်လူမျိုးက “ကျွန်တော်တို့ အဘိဓါန်က ခင်ဗျားတို့
အဘိဓါန်ထက်ပိုပြီး နှစ်ပေါင်းများစွာ ရှေးကျပါတယ်၊ ပြီးတော့ တရုတ်စကားကို ပြောတဲ့ ဦးရေဟာ ဒီကမ္ဘာမှာဆိုရင် အများဆုံးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အဘိဓါန်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ခွက်ကို ပိုင် လို့ ခေါ်ခြင်းက မှန်ပါတယ် ” လို့ ပြောဆိုချေပပါလိမ့်မည်။
ထိုကဲ့သို့ တစ်ဦးနှင့် တစ်ဦး ပြောဆို ငြ်းခုံနေကြသည့်နေရာသို့ ဗုဒ္ဓဘာသ၀င်တစ်ဦး ရောက်လာပြီး ခွက်ကို ကောက်ကိုင်လိုက်ပြီး ခွက်ထဲမှ လက်ဖက်ရည်ကို သောက်ချလိုက်ပါသည်။ သောက်ပြီးနောက် ငြင်းခုံနေကြသူများကိုလည်း “ ခွက်ကို ကပ်(ပ်) လို့ ခေါ်ခေါ်၊ တေဆဲ လို့ခေါ်ခေါ်၊ က၀မ် လို့ခေါ်ခါ်၊ ပိုင် လို့ခေါ်ခေါ်၊ ခေါ်ချင်သလိုသာ ခေါ်ကြပါ။ ခွက်ဆိုတာကတော့ အရည် တစ်ခုခုကို သောက်ရာမှာ အသုံးပြုဖို့သာ ဖြစ်ပါတယ်။ ခင်ဗျားတို့ ငြင်းခုံနေကြတာတွေကို ရပ်ပြီး သောက်ကြပါ။ ငြင်းခုံပြောဆိုနေရ တဲ့အတွက် အာခြောက်နေတာကို ရပ်ပြီး ရေငတ်ပြေအောင် သောက်လိုက်ကြပါဗျာ ” ဟု ပြောသည် ဆိုကြပါစို့ ၊
ဤအမြင်သဘောထားသည် ဗုဒ္ဓဘာသာက အခြားအခြားသော ဘာသာများအပေါ် တွင်ထားသော သဘောထားဖြစ်ပါသည်။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ