Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

နားလည်သင့်တာပေါ့

Posted by thawzin Saturday, June 19, 2010 2 comments




-သံသယတဲ့
ဆန္ဒတွေနဲ့ တစ်ထပ်တည်းမကျတာကို
သံသယလို့ ပြောချင်တာလား?
-အနေခြင်းလဲဝေးတယ်
ဘ၀ခြင်းလဲဝေးပါတယ်
မတူညီတဲ့ မျဉ်းနှစ်ခုကို
တူညီတဲ့လယ်ဗယ်(LEVEL)ညှိနေသလိုပဲ
အဓိပ္ပါယ် မရှိလိုက်တာ။
-တူညီတယ်ဆိုတာက
“ချစ်ခဲ့ကြပါတယ်” ဆိုတဲ့
သုညစမျဉ်းလေးတစ်ခုတည်းပါ
ဘာဖြစ်လို့
မရောင်ရဲပဲ ရှောင်လွှဲတဲ့
အထင်စကားတွေပြောနေတော့မှာလဲ။
-ညီညာပြန့်ပျူးပါတယ်ဆိုတဲ့
အနောက်နိုင်ငံက လမ်းမကြီးတွေတောင်
အကွေ့အကောက်ထူပြောတာပဲလေ။
-နားလည်လိုက်ပါတယ်
ဘ၀မှာ အဖော်မွန်ကောင်းနဲ့
မပြီးပြည့်စုံနိုင်တာ။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ