
-သံသယတဲ့
ဆန္ဒတွေနဲ့ တစ်ထပ်တည်းမကျတာကို
သံသယလို့ ပြောချင်တာလား?
-အနေခြင်းလဲဝေးတယ်
ဘ၀ခြင်းလဲဝေးပါတယ်
မတူညီတဲ့ မျဉ်းနှစ်ခုကို
တူညီတဲ့လယ်ဗယ်(LEVEL)ညှိနေသလိုပဲ
အဓိပ္ပါယ် မရှိလိုက်တာ။
-တူညီတယ်ဆိုတာက
“ချစ်ခဲ့ကြပါတယ်” ဆိုတဲ့
သုညစမျဉ်းလေးတစ်ခုတည်းပါ
ဘာဖြစ်လို့
မရောင်ရဲပဲ ရှောင်လွှဲတဲ့
အထင်စကားတွေပြောနေတော့မှာလဲ။
-ညီညာပြန့်ပျူးပါတယ်ဆိုတဲ့
အနောက်နိုင်ငံက လမ်းမကြီးတွေတောင်
အကွေ့အကောက်ထူပြောတာပဲလေ။
-နားလည်လိုက်ပါတယ်
ဘ၀မှာ အဖော်မွန်ကောင်းနဲ့
မပြီးပြည့်စုံနိုင်တာ။
Melbourne near me Trusted Removalist
11 months ago




အင်း.. ဒီလိုနားလည်လိုက်ရင်တော့ စိတ်ထဲမှာ နေသာသွားတာပေါ့ဗျာ... မှန်လိုက်တဲ့စကားတွေ.... ဘ၀မှာ အဖော်မွန်နဲ့မှ မပြီးပြည့်စုံတာ....း))))
ခင်မင်တဲ့
နေ၀သန်
အဆင်မပြေဘူးပေါ့။
အချိန်တခုကို ကျော်လွန်နိင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။
သေသေချာချာ ချည်နှောင်ထားတဲ့ အရာတွေတောင် ပြေ နိင်သေးတာပဲ။ လူနှစ်ယောက်ရဲ့ နှလုံးသား နှစ်ခုလည်း တထပ်ထဲ ဖြစ်ဖို့ မလွယ်ပါဘူး။