Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)





ခံနေလို့ဖြစ်ပါ့မလား

ပြဇတ်ရုံအ၀င်ဝမှာ အမျိုးသမီးကြီးတစ်ဦးက အပေါက်စောင့်ကို ရိုက်လိုက်လို့
- ဘာဖြစ်လို့ သူကို ရိုက်ရတာလဲ။
-မိုက်ရိုင်းလို့ပါ။ ကျွန်မ၀ယ်လာတဲ့ လက်မှတ်ကို တောင်းပြီး ဆွဲဆုတ် ပစ်တယ်လေ။

ဖြစ်နိုင်မယ်ဆိုရင်
-ဘူတာသွားချင်လို့ ကားခ ဘယ်လောက်ပေးရမလဲ။
-သုံးရာပါခင်ဗျာ။ အိပ်အတွက်က မယူပါဘူး။
- ဒါဖြင့် အိတ်ကိုပဲ ဘူတာပို့ပေးပါကွာ ငါလမ်းလျှောက် လိုက်ခံမယ်။

စိုးရိမ်သူ
-ဟာ သူငယ်ချင်း စားသောက်ဆိုင်ကို မင်းနဲ့ အတူမနေ့က လိုက်လာတဲ့ကောင်မလေးက ဘယ်ကလဲ။ တော်တော်ချော်တယ်ကွာ။ မျက်နှာလေးက ချိုနေတာပဲ။ ချစ်စရာလေး။ လှတစ်မျက်နှာယဉ်တစ်ကိုယ်လုံးဆိုတဲ့ ပုံစံမျိုးပဲ။ တကယ် တကယ် ခိုင်သင်းကြည်နဲ့ နန္ဒာလှိုင် ပေါင်းထားတဲ့ အလှမျိုး၊ အသံက ထက်ထက်မိုးဦးလို ပဲ။ မင်းကိုတော့ လေးစားသွားပြီးကွာ။

-လေးစားရင် ဆက်မပြောပါနဲတော့ သူငယ်ချင်းရာ။ မင်းကိုငါ အလေးအနက် တောင်းပန်ချင်တာကခုစကားတွေကို ငါ့မိန်းမရှေ့မှာ မပြောမိပါစေနဲကွာ။ အဲဒါကိုတော့ အလေးအနက် မေတ္တာရပ်ခံပါတယ်။
- ရပါတယ်ကွာ။ နားလည်မှုရှိပါတယ်။ မင်းမိန်းမကိုတော့ မိတ်ဆက်ပေးထားဦးလေ။ သိနေမှ စကားပြော ဆင်ခြင်လို့ရမှာ။
- မနေ့က မင်းတွေ့လိုက်တာ ငါ့မိန်းမပဲလေ။
-“ အင်..”

ပြောလိုက်ပါမယ့်
-ဟဲလို မောင်စိုးလား။
- ဟုတ်ပါတယ် ဘယ်သူပါလိမ့်။
- ငါပါကွ သံချောင်းပါ။ ၁၀-တန်းတုန်းက အတူနေခဲ့တာလေကွာ တစ်ခုံတည်း အတူထိုင်ခဲ့ကြတာ။
- သြော် အေး မှတ်မိပြီး။
- အမှတ်သုံးကျောင်းမှာ နေခဲ့တဲ့ မောင်စိုးနော်။
- ဟုတ်ပါတယ် သံချောင်းရ။
- မင်း မောင်စိုး သေချာပါတယ်နော် အသံက တစ်မျိုးဖြစ်နေလို့။
- အအေးမိပြီး လည်ချောင်းနာ အသံဝင် ဖြစ်နေလို့ပါကွာ။
- မောင်စိုး ဆိုတာ သေချာရင်တော ငါပြောမယ်။
- ပြောပါ မောင်စိုးပါ။
- တခြားမဟုတ်ပါဘူးကွာ။ ငါ ငွေတစ်သောင်းလောက်ချေးချင်လို့ပါ။
- ကောင်းပြီးလေ မောင်စိုး ပြန်လာရင် ငါပြောပြလိုက်ပါ့မယ်။

ငါနှစ်သက်တာက
- မင်းမနှစ်သက်တဲ့ မိန်းကလေးကို ဘာလိုလက်ထပ်ခွင့်တောင်းရတာလဲကွာ။ မင်းပြောတော့ အဲဒီကောင်မလေးမှာ အသိဉာဏ်လည်း မရှိဘူး။ ငွေလည်းမရှိဘူး ။ အပေါင်းအသင်းကောင်း မိတ်ဆွေကောင်းလည်း မရှိဘူး။ ငွေလဲမရှိဘူးဆို။ မင်းရဲ့ စွမ်းရည်ကိုလည်း မသိဘူးဆ
- ငါနှစ်သက်တာက သူ့ မိသားစုကွ။ အဲဒီအရည်အချင်းတွေ အားလုံး သူ့မိသားစုမှာ ရှိနေလို့။

သွားရမယ့် လမ်း
ခရီးသည်က သင်္ဘောကပ္ပတိန်ကို
- ကျွန်တော်တို့ ဘယ်လောက်သွားရင် မြေပြင်ကိုတွေ့နိုင်မလဲ။
- သုံးမိုင်လောက်ပါပဲ။
- ဘယ်လမ်းက သွားရမှာလဲ။
- အောက်တည့်တည့် ဆင်းသွားရမှာ။




တချို့သောသူတို့သည် အတိတ်ဘ၀ ကျိုးပေးနည်းသောကြောင့် စာဖြင့် ဝေးရ၏။ စာအုပ်ကိုမချစ်။ ၀ါသနာမပါ။ အချိန်မရ။ ၀ယ်ဖတ်ရမှာနှမြော၏။ ထမင်းစားဖို့အလုပ်လုပ်ရင်း အသက်ရှင်သည်။ စာပေ၏တန်ဖိုးကို သူမသိ။ ရရှိနိုင်သည့်ကောင်းကျိုးကို သူမမြင်။ ငွေကိုသာ ခုံမင်၍ဆင်ခြင်တုံတရားနည်းစွာဖြင့် ဘ၀ကို ချစ်ခင်ပျော်မွေ့နေတော့၏။

တချို့သောသူတို့သည် စာအုပ်ကို ချစ်ခင်နှစ်သက်၏။ တန်ဖိုးထားလေးစား၏။ စာအုပ်ကြောင့် အသိတရားတိုးပွား၏။ ရင့်ကျက်ပြည့်ဝမှုကို ဖြစ်စေ၏။ စာအုပ်ကို မုဆိုးသားကောင်ဖမ်းသကဲ့သို့ အငမ်းမရရှာဖွေဖတ်ရှုတတ်၏။ လောကဓံကို ခံနိုင်စွမ်းရည်ရရှိ၏။ ငြိမ်းချမ်မှုကို ရှာတွေ့၏။ အမှန်တရားနှင့် အကျွမ်းဝင်၏။

ထိုသူတို့သည်… လူဖြစ်ရကျိုးနပ်၍ လောက၌ မိတ်ဆွေကောင်းရသည် မည်၏။ ဘ၀အဓိပ္ပာယ်နှင့် တန်ဖိုးကိုသိသော လောကအကျိုးဆောင်နိုင်သူများ ၊ လူတို့၏ တန်ဖိုးထား လေးစားခံရသူများ ထိုက်တန်စွာ ဖြစ်ကြကုန်၏။ ထိုကြောင့်… အသက်ရှင်နေသမျှ စာအုပ်ကို မိတ်ဆွေဖွဲ့ရာ၏။

ဦးကောင်းသန့်ရဲ့ စေတနာစကား စာအုပ်မှာ ဖတ်လိုက်ရလို့ မျှဝေတာပါ.... ။ စာအုပ်သည် ကျွန်တော်တို့အတွက် အရိုးသားဆုံးနဲ့ အကောင်းဆုံး ဆရာတစ်ဆူ ဖြစ်ပါတယ်။ သူကို အလေးထား တန်ဖိုးထားပြီး ဖတ်ရှုခြင်းအားဖြင့် မိမိရဲ့ အသိဉာဏ်တွေ ပွင့်လင်း လာနိုင်ပြီး......, ဘ၀ရဲ့ နည်းပေးလမ်းပြ မိတ်ဆွေ တစ်ယောက်သဖွယ် မိမိအနားမှာ ရှိနေပါတယ်....။ စာအုပ်တွေထဲမှာ ဘ၀သင်ခန်းစာတွေရှိတယ်.။ စာအုပ်တွေထဲမှာ အိပ်မက် မျှော်လင့်ချက်တွေရှိတယ်။

စာအုပ်တွေထဲမှာ ရိုးသားပုံ ရိုးသားနည်းတွေ ရှိတယ်။ လောကကြီးကို မြင်စေနိုင်တယ် ။ ကိုယ်နဲ့ မရင်းပဲ အကောင်းဆုံး သင်ခန်းစာတွေ ပေးနိုင်ပါတယ်။ ဘ၀အကြောင်းကို နားလည်မယ်။ သဘာဝတရားကို သိရှိမယ်။ လူတွေအကြောင်းကို ခံစားတတ်လာမယ်။ ဖြစ်ပေါ်လာတဲ့ ဘ၀အတွက် မက်လာမယ့် အိပ်မက်တွေကို အရောင်တွေ တောက်ပစေနိုင်တယ်။

စာအုပ်ဖတ်ခြင်းဖြင့် ကောင်းကျိုးများသာ ရရှိနိုင်ပါတယ်။ စာအုပ်ကိုလဲ ဖတ်တတ် မှတ်တတ်ဖို့လိုပါတယ်။ စာအုပ်တွေ အများကြီးရှိတယ်။ စာအုပ်ဖတ်ခြင်းဖြင့် အများကို မထိခိုက်နိုင်သလို မိမိအတွက်လဲ အဖော်မွန်ကောင်းတစ်ယောက်သဖွယ် မိမိအနားမှာရှိနေပါတယ်။ အနောက်နိုင်ငံတွေ တိုးတတ်ခေတ်မှီကြတယ်။ သူတို့တွေ အများစု ဘာလုပ်ကြတယ် ဆိုရင် အများစု စာအုပ်နဲ့ နေကြတယ်။ ရထားပေါ်ဖတ်တယ်။ ဘက်စ်ကား ပေါ်ဖတ်ကြတယ်။ Metro စီးရင် ဖတ်တယ်။ လေယာဉ်ပျံပေါ်မှာလဲ ဖတ်ကြတယ်။

ကျွန်တော်အနေနဲ့ စာအုပ်ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။ စာအုပ်တွေများများ ဖတ်ပြီး အသိဉာဏ်တွေ များများ တိုးတတ်နိုင်ပါစေ။

ပြက္ခဒိန်ရှိတယ်

Posted by thawzin Sunday, August 16, 2009 1 comments




တစ်ခါက ရွာတစ်ရွာတွင် စကားအလွန် ပေါသော ဒေါ်မယ်မဆိုသူ မိန်းမကြီး တစ်ယောက်ရှိလေတဲ့။ ဒေါ်မယ်မကို စကားပြောလွန်းသောကြောင့် သူ့ယောက်ျား ဦးစံဗျောကပင် ဒဏ်မခံနိုင် ဒေါ်မယ်မ စကားပြောကို လန့်နေရသည်။
ကိုစံဗျော
ဘာလဲ
တော် သိပြီးပြီးလား
မင်းကဘာပြောလို့ ငါက ဘာသိရမှာလဲဟု မေးလျှင် ဒေါ်မယ်မ စကားပြောတော့မယ် ၊ ဤသည်မှာ စကားပြောရန် အတွက် နိဒါန်း ပျိုးခြင်းပင် ၊ဦးစံဗျော သည် ထိုဒဏ်ကို မခံလို၍ -
“ အေး သိပြီးပြီး ”
ကိုစံဗျော အဖြေကြောင့် ဒေါ်မယ်မ မျက်စောင့် ထိုးသည်။
“ ကျုပ်ဖြင့် မပြောရသေးဘဲ တော်က ဘယ်လိုလုပ်သိလိုက်တာတုန်း ”
“မင်းစကားပြောရင် လေကြောရှည်လွန်းလို့ တော်တော်နဲ မပြီးတော့ဘူး၊ ဟိုနေ့က ရွာတောင်ပိုင်းက ကိုသာအေး အကြောင်းပြောမှာကို မြတ်စွာဘုရား ဆဒ္ဒန်ဆင်မင်းဘ၀ကို ရောက်သွားတယ်။”
“ ပြောရမှာပေါ့တော၊ ကိုသာအေး သမီး လင်နောက်လိုက်တုန်းက ရွာဦးဘုရားပွဲမှာ ကိုသာအေး သမီး၊ လင်နောက်လိုက်တုန်းက ရွာဦးဘုရားပွဲမှာ မြို့ကျက်သရေ၀င်းဆောင် ဇတ်က ဆဒ္ဒန်ဆင်မင်း ကနေတဲ့ ည၊ အဲဒီဇတ်ထဲမှာပါတဲ့ ဆရာကို တတ်လူ က ကျုပ်ကို ဖျာလက်မှတ်ပေးတာလေ။ တော်က မုန့်ဖိုး တစ်ဆယ်ပဲ ပေးတာ၊ အဲဒီတစ်ဆယ်ကလဲ ကြက်ဖကြီး ရွှေနီရောင်းလိုက်တာလေ၊ ရောင်းတုန်းကလဲ ကြက်ဖကြီး ရွှေနီနဲ့ အတူမွေးထားတဲ့ ကြောင်လေး ၀ါဝါက ဖျားနေတယ်လေ၊ အဲဒါနဲ ရွာမြောက်ပိုင်းက
ဆရာကြီး ဦးလူထူးကို သွားပြီး ပင့်ရသေးတယ်လေ ၊ အဲဒီတုန်းက သူကမအားလို့ တော်ပဲ ကျုပ်ကို ပြောသေးတယ် ဆေးမှီးတို့ တွေအတွက် .....”
ဒေါမယ်မ စကားပြောလက်စနဲ ရပ်သွားသည်။ သူ့အိမ်ထဲသို့ ဧည့်သည်တစ်ယောက် ၀င်လာသောကြောင့် ဖြစ်သည်။ ဦးစံဗျော ကံကောင်းပြီး ထိုဧည့်သည်က ကံဆိုးတော့မည်မှန်း ဦးစံဗျောသိလိုက်သည်။
“ ဟယ် မဖွားစိန် ပါလား၊ လာလာ ထိုင်အုံး၊ မတွေ့ရတာကို တစ်နှစ်လောက်ရှိရော့မယ်၊ ကျုပ်က ရုတ်တရက် ဆို မမှတ်မိဘူးတော့၊ တော်က မြို့ကြီးသူကို ဖြစ်နေလိုက်တာတော်၊ ဒါနဲ့ မရွှေထူးနဲ့ တွေ့သေးလား ကျုပ်နဲ့ တွေ့တယ်၊ မရွှေထူး ဆိုတာလေ ”
ဒေါ် မယ်မသည် စကားကို အမျှင်မပြတ် ပြောနေသောကြောင့် ၀င်၍ နှုတ်ဆက်လိုက်သော မဖွားစိန်မှာ အထရခက်နေတော့သည်။ ဒေါ်မယ်မကလည်း စကား ပြောမရပ်၊ သို့ ဖြင့် အတော်ကို ကြာသွားသော အခါ မဖွားစိန် မနေသာတော့ဘဲ။
“ စကားကတော့ ပြောလို့ ကောင်းပါရဲ့၊ ဟင်း ဟင်း .. ကျွန်မ သွားလိုက်ပါဦးမယ် ၊ ဟိုဘက်အိမ်တွေ နှုတ်ဆက်လိုက်ချင်သေးလို့ ”
“ သြော် မကြည်မ တို့ဘက်လား၊ သူလဲလေ ဟိုနေ့ က ပြောနေသေးတယ်............”
ဒေါ်ဖွားစိန်က အထင်းထရပ်လိုက်သည် ။ ထိုအခါမှ ဒေါ်မယ်မက
“ ဟုတ်ပါ့တော် ကျုပ်ကလဲ စကားကောင်းနေတာနဲ့ အကြာကြီး ပြောမိသွားတယ်၊ နာရီက မရှိတော့ ဘယ်လောက်ကြာသွားတယ်တောင် မသိတော့ဘူး ”
လို့ ပြောသတဲ့ ၊ အဲဒီတော့ ရွာထဲကပြန်ရောက်လာတဲ့ ဦးစံဗျောသည် သူ့ဇနီးကို အမြင်ကပ်ကပ်နှုင့်
“ မင်း ဘယ်လောက်ကြာတယ်ဆိုတာ နာရီမရှိပေမယ့် ပြက္ခဒိန် ရှိပ်ါတယ်ကွာ ၊ လှမ်းကြည့်လိုက်ရော ပေါ့ ”
လို့ပြောလိုက်သတဲ့။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ