Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)





ခံနေလို့ဖြစ်ပါ့မလား

ပြဇတ်ရုံအ၀င်ဝမှာ အမျိုးသမီးကြီးတစ်ဦးက အပေါက်စောင့်ကို ရိုက်လိုက်လို့
- ဘာဖြစ်လို့ သူကို ရိုက်ရတာလဲ။
-မိုက်ရိုင်းလို့ပါ။ ကျွန်မ၀ယ်လာတဲ့ လက်မှတ်ကို တောင်းပြီး ဆွဲဆုတ် ပစ်တယ်လေ။

ဖြစ်နိုင်မယ်ဆိုရင်
-ဘူတာသွားချင်လို့ ကားခ ဘယ်လောက်ပေးရမလဲ။
-သုံးရာပါခင်ဗျာ။ အိပ်အတွက်က မယူပါဘူး။
- ဒါဖြင့် အိတ်ကိုပဲ ဘူတာပို့ပေးပါကွာ ငါလမ်းလျှောက် လိုက်ခံမယ်။

စိုးရိမ်သူ
-ဟာ သူငယ်ချင်း စားသောက်ဆိုင်ကို မင်းနဲ့ အတူမနေ့က လိုက်လာတဲ့ကောင်မလေးက ဘယ်ကလဲ။ တော်တော်ချော်တယ်ကွာ။ မျက်နှာလေးက ချိုနေတာပဲ။ ချစ်စရာလေး။ လှတစ်မျက်နှာယဉ်တစ်ကိုယ်လုံးဆိုတဲ့ ပုံစံမျိုးပဲ။ တကယ် တကယ် ခိုင်သင်းကြည်နဲ့ နန္ဒာလှိုင် ပေါင်းထားတဲ့ အလှမျိုး၊ အသံက ထက်ထက်မိုးဦးလို ပဲ။ မင်းကိုတော့ လေးစားသွားပြီးကွာ။

-လေးစားရင် ဆက်မပြောပါနဲတော့ သူငယ်ချင်းရာ။ မင်းကိုငါ အလေးအနက် တောင်းပန်ချင်တာကခုစကားတွေကို ငါ့မိန်းမရှေ့မှာ မပြောမိပါစေနဲကွာ။ အဲဒါကိုတော့ အလေးအနက် မေတ္တာရပ်ခံပါတယ်။
- ရပါတယ်ကွာ။ နားလည်မှုရှိပါတယ်။ မင်းမိန်းမကိုတော့ မိတ်ဆက်ပေးထားဦးလေ။ သိနေမှ စကားပြော ဆင်ခြင်လို့ရမှာ။
- မနေ့က မင်းတွေ့လိုက်တာ ငါ့မိန်းမပဲလေ။
-“ အင်..”

ပြောလိုက်ပါမယ့်
-ဟဲလို မောင်စိုးလား။
- ဟုတ်ပါတယ် ဘယ်သူပါလိမ့်။
- ငါပါကွ သံချောင်းပါ။ ၁၀-တန်းတုန်းက အတူနေခဲ့တာလေကွာ တစ်ခုံတည်း အတူထိုင်ခဲ့ကြတာ။
- သြော် အေး မှတ်မိပြီး။
- အမှတ်သုံးကျောင်းမှာ နေခဲ့တဲ့ မောင်စိုးနော်။
- ဟုတ်ပါတယ် သံချောင်းရ။
- မင်း မောင်စိုး သေချာပါတယ်နော် အသံက တစ်မျိုးဖြစ်နေလို့။
- အအေးမိပြီး လည်ချောင်းနာ အသံဝင် ဖြစ်နေလို့ပါကွာ။
- မောင်စိုး ဆိုတာ သေချာရင်တော ငါပြောမယ်။
- ပြောပါ မောင်စိုးပါ။
- တခြားမဟုတ်ပါဘူးကွာ။ ငါ ငွေတစ်သောင်းလောက်ချေးချင်လို့ပါ။
- ကောင်းပြီးလေ မောင်စိုး ပြန်လာရင် ငါပြောပြလိုက်ပါ့မယ်။

ငါနှစ်သက်တာက
- မင်းမနှစ်သက်တဲ့ မိန်းကလေးကို ဘာလိုလက်ထပ်ခွင့်တောင်းရတာလဲကွာ။ မင်းပြောတော့ အဲဒီကောင်မလေးမှာ အသိဉာဏ်လည်း မရှိဘူး။ ငွေလည်းမရှိဘူး ။ အပေါင်းအသင်းကောင်း မိတ်ဆွေကောင်းလည်း မရှိဘူး။ ငွေလဲမရှိဘူးဆို။ မင်းရဲ့ စွမ်းရည်ကိုလည်း မသိဘူးဆ
- ငါနှစ်သက်တာက သူ့ မိသားစုကွ။ အဲဒီအရည်အချင်းတွေ အားလုံး သူ့မိသားစုမှာ ရှိနေလို့။

သွားရမယ့် လမ်း
ခရီးသည်က သင်္ဘောကပ္ပတိန်ကို
- ကျွန်တော်တို့ ဘယ်လောက်သွားရင် မြေပြင်ကိုတွေ့နိုင်မလဲ။
- သုံးမိုင်လောက်ပါပဲ။
- ဘယ်လမ်းက သွားရမှာလဲ။
- အောက်တည့်တည့် ဆင်းသွားရမှာ။

1 Responses to မောင်ကံချွန်၏ ဟာသများ (၆) ပါ

  1. သွားရမယ့်လမ်း ဆိုတဲ့ဟာသလေးကို သဘောကျမိတယ်။
    ဟိုတနေ့က ဦးကံချွန် ဆုံး သွားတယ်လို့ ဖတ်လိုက်ရသေးတယ်နဲ့တူတယ်....။
    တိုတိုလေးနဲ့ထိထိရောက်ရောက်ရှိတဲ့ သူ့ဟာသလေးတွေ ဖတ်ပြီးတိုင်း ငါဘာလို့ အဲလိုမရေးနိင်ပါလိမ့်လို့ တွေးမိတာ အခါခါပဲ...။

    နောက်ထပ်ထပ်တင်ပေးအုံးညီလေးသော်ရေ...

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ