Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ပြက္ခဒိန်ရှိတယ်

Posted by thawzin Sunday, August 16, 2009




တစ်ခါက ရွာတစ်ရွာတွင် စကားအလွန် ပေါသော ဒေါ်မယ်မဆိုသူ မိန်းမကြီး တစ်ယောက်ရှိလေတဲ့။ ဒေါ်မယ်မကို စကားပြောလွန်းသောကြောင့် သူ့ယောက်ျား ဦးစံဗျောကပင် ဒဏ်မခံနိုင် ဒေါ်မယ်မ စကားပြောကို လန့်နေရသည်။
ကိုစံဗျော
ဘာလဲ
တော် သိပြီးပြီးလား
မင်းကဘာပြောလို့ ငါက ဘာသိရမှာလဲဟု မေးလျှင် ဒေါ်မယ်မ စကားပြောတော့မယ် ၊ ဤသည်မှာ စကားပြောရန် အတွက် နိဒါန်း ပျိုးခြင်းပင် ၊ဦးစံဗျော သည် ထိုဒဏ်ကို မခံလို၍ -
“ အေး သိပြီးပြီး ”
ကိုစံဗျော အဖြေကြောင့် ဒေါ်မယ်မ မျက်စောင့် ထိုးသည်။
“ ကျုပ်ဖြင့် မပြောရသေးဘဲ တော်က ဘယ်လိုလုပ်သိလိုက်တာတုန်း ”
“မင်းစကားပြောရင် လေကြောရှည်လွန်းလို့ တော်တော်နဲ မပြီးတော့ဘူး၊ ဟိုနေ့က ရွာတောင်ပိုင်းက ကိုသာအေး အကြောင်းပြောမှာကို မြတ်စွာဘုရား ဆဒ္ဒန်ဆင်မင်းဘ၀ကို ရောက်သွားတယ်။”
“ ပြောရမှာပေါ့တော၊ ကိုသာအေး သမီး လင်နောက်လိုက်တုန်းက ရွာဦးဘုရားပွဲမှာ ကိုသာအေး သမီး၊ လင်နောက်လိုက်တုန်းက ရွာဦးဘုရားပွဲမှာ မြို့ကျက်သရေ၀င်းဆောင် ဇတ်က ဆဒ္ဒန်ဆင်မင်း ကနေတဲ့ ည၊ အဲဒီဇတ်ထဲမှာပါတဲ့ ဆရာကို တတ်လူ က ကျုပ်ကို ဖျာလက်မှတ်ပေးတာလေ။ တော်က မုန့်ဖိုး တစ်ဆယ်ပဲ ပေးတာ၊ အဲဒီတစ်ဆယ်ကလဲ ကြက်ဖကြီး ရွှေနီရောင်းလိုက်တာလေ၊ ရောင်းတုန်းကလဲ ကြက်ဖကြီး ရွှေနီနဲ့ အတူမွေးထားတဲ့ ကြောင်လေး ၀ါဝါက ဖျားနေတယ်လေ၊ အဲဒါနဲ ရွာမြောက်ပိုင်းက
ဆရာကြီး ဦးလူထူးကို သွားပြီး ပင့်ရသေးတယ်လေ ၊ အဲဒီတုန်းက သူကမအားလို့ တော်ပဲ ကျုပ်ကို ပြောသေးတယ် ဆေးမှီးတို့ တွေအတွက် .....”
ဒေါမယ်မ စကားပြောလက်စနဲ ရပ်သွားသည်။ သူ့အိမ်ထဲသို့ ဧည့်သည်တစ်ယောက် ၀င်လာသောကြောင့် ဖြစ်သည်။ ဦးစံဗျော ကံကောင်းပြီး ထိုဧည့်သည်က ကံဆိုးတော့မည်မှန်း ဦးစံဗျောသိလိုက်သည်။
“ ဟယ် မဖွားစိန် ပါလား၊ လာလာ ထိုင်အုံး၊ မတွေ့ရတာကို တစ်နှစ်လောက်ရှိရော့မယ်၊ ကျုပ်က ရုတ်တရက် ဆို မမှတ်မိဘူးတော့၊ တော်က မြို့ကြီးသူကို ဖြစ်နေလိုက်တာတော်၊ ဒါနဲ့ မရွှေထူးနဲ့ တွေ့သေးလား ကျုပ်နဲ့ တွေ့တယ်၊ မရွှေထူး ဆိုတာလေ ”
ဒေါ် မယ်မသည် စကားကို အမျှင်မပြတ် ပြောနေသောကြောင့် ၀င်၍ နှုတ်ဆက်လိုက်သော မဖွားစိန်မှာ အထရခက်နေတော့သည်။ ဒေါ်မယ်မကလည်း စကား ပြောမရပ်၊ သို့ ဖြင့် အတော်ကို ကြာသွားသော အခါ မဖွားစိန် မနေသာတော့ဘဲ။
“ စကားကတော့ ပြောလို့ ကောင်းပါရဲ့၊ ဟင်း ဟင်း .. ကျွန်မ သွားလိုက်ပါဦးမယ် ၊ ဟိုဘက်အိမ်တွေ နှုတ်ဆက်လိုက်ချင်သေးလို့ ”
“ သြော် မကြည်မ တို့ဘက်လား၊ သူလဲလေ ဟိုနေ့ က ပြောနေသေးတယ်............”
ဒေါ်ဖွားစိန်က အထင်းထရပ်လိုက်သည် ။ ထိုအခါမှ ဒေါ်မယ်မက
“ ဟုတ်ပါ့တော် ကျုပ်ကလဲ စကားကောင်းနေတာနဲ့ အကြာကြီး ပြောမိသွားတယ်၊ နာရီက မရှိတော့ ဘယ်လောက်ကြာသွားတယ်တောင် မသိတော့ဘူး ”
လို့ ပြောသတဲ့ ၊ အဲဒီတော့ ရွာထဲကပြန်ရောက်လာတဲ့ ဦးစံဗျောသည် သူ့ဇနီးကို အမြင်ကပ်ကပ်နှုင့်
“ မင်း ဘယ်လောက်ကြာတယ်ဆိုတာ နာရီမရှိပေမယ့် ပြက္ခဒိန် ရှိပ်ါတယ်ကွာ ၊ လှမ်းကြည့်လိုက်ရော ပေါ့ ”
လို့ပြောလိုက်သတဲ့။

1 Responses to ပြက္ခဒိန်ရှိတယ်

  1. Mogok Thar Says:
  2. အင်းး
    တခါတခါကျ ရှေ့မကြည့် နောက်မကြည့်
    ကိုယ်ပြောချင်ရာ ပြောနေတတ်တဲ့ သူတွေလှဲိတတ်တာ သဘာဝပဲလေ နော။
    တချို့ စကားပြောဖော် မရှိရှာတဲ့ အဖိုး၊ အဖွားတွေကျ သိပ် သနားဖို့ကောင်းတာ။ သူတို့ကို သည့်ခံ နားထောင်ပေးမဲ့သူတွေ လိုအပ်နေတတ်တာလေ။

    စာတွေ ဆက်အားပေးနေပါမယ်

    ကိုမြင်ကျိုးအင်းဆီကတဆင့် ရောက်လာတာပါ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ