Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)




ပိုရူးမှာစိုးလို့
စတိုးဆိုင်ထဲမှာ ဈေးဝယ်နေတဲ့ လယ်သမားကြီးကို
- စက်ဘီး တစ်စီးလောက် ၀ယ်ပါ့လား။
-စက်ဘီး ၀ယ်မယ့်အစား နွားပဲ ၀ယ်မှာပေါ့ကွာ။
-ခင်ဗျား နွားစီးပြီး မြို့လာ ဈေးဝယ်ရင် အရူးလို့ အပြောခံရမှာပေါ့။
-မင့်စက်ဘီး ၀ယ်သွားပြီးတာမှ နို့ညစ်နေရင် ပိုပြီးတောင် ရူးတယ်လို့ အပြောခံရမှာပေါ့ကွာ။

ဒါလောက်ကလေးများ
ကား အမြန်မောင်းလာသူကို ယာဉ်ထိန်းရဲကတားပြီး
- ကိုယ့်အပြစ်ကိုယ်သိရဲ့လား။
- ကျွန်တော်မောင်းတာ မြန်နေလို့လား။
-မိုးပေါ်မပျံရုံတစ်မယ်ပဲဗျ။ ဘယ်သွားမှာမို့လို့ အမြန် မောင်းလာရတာလဲ။
- အလုပ်ပါ။
-ဘာလုပ်သလဲ။
-လေယာဉ်ပျံမောင်းပါတယ်။

အဆိုးအကောင်း
ဆရာဝန်နဲ့ ဆရာမများဟာ လူနာရဲ့ဘေးမှာရပ်ပြီး
- ကျွန်တော်တို့ ခင်ဗျားကို သတင်းဆိုးတစ်ခုနဲ့ သတင်းကောင်းတစ်ခုပြောချင်ပါတယ်။ သတင်းဆိုးကတော့ ဓါတ်မှန်မှားသွားလို့ ခင်ဗျားရဲ့ ညာဘက်ခြေထောက်ကို ဖြတ်လိုက်မိတာပါ။ သတင်းကောင်းကတော့ ခင်ဗျားရဲ့ ဘယ်ဘက်ခြေထောက် ရိုက်တဲ့ ဓါတ်မှန်ရပါပြီး။ အားလုံးကောင်းပါတယ်။ လုံးဝဖြတ်ဖို့ မလိုပါဘူးခင်ဗျား။


ဒီနေ့ပို့မယ်နေရာ
လူတစ်ယောက်က ခြင်္သေ့ တစ်ကောင်နဲ့ အတူမြို့ထဲမှာ လမ်းလျှောက်လာတာကို ရဲသားက မြင်တော့
- ဟေး- ခင်ဗျား အဲဒီခြင်္သေ့ကို တိရစ္တာန်ရုံသွားပို့သင့်တယ်။
-ဟုတ်ကဲ့
နောက်ရက်မှာလည်း အဲဒီလူကို ခြင်္သေ့နဲ့ အတူမြို့လယ်မှာ တွေ့ပြန်ရော။ ဒီတော့ ရဲသားက
- ဟေးလူ ခင်ဗျားကို ကျုပ်မနေ့က ပြောတယ်လေ။ အဲဒီခြင်္သေ့ကို တိရစ္ဆာန်ရုံသွားပို့ဖို့..........
-ဟုတ်ကဲ့ ပို့ခဲ့ပါတယ်။ ဒီနေ့တော့ ရုပ်ရှင်ရုံ လိုက်ပို့မယ် စိတ်ကူး မိလို့..........။

စမ်းချင်တယ်ဆိုရင်
-မင်းအလုပ်က ဘေးပေါက်ရှိရဲ့လား။
-ဟင့်အင်း။
- မကျဘူးထင်ရင် မင်းပိုက်ပေါက်နဲ့ ငါးဖမ်းကြည့်ပါ့လား။

4 comments

  1. ဒါမဖတ် ဘူးသေးဘူး အသစ် ပဲ ကြိုက်တယ်..း))

     
  2. Dream Says:
  3. စိတ်ညစ်နေတာနဲ့ အတော်ပဲ... ရယ်ရတယ်...
    ရယ်ရတာနဲ့ စိတ်ညစ်နေတာတွေ ပျောက်သွားတယ်...း)

    ကျေးဇူးပါဦးဦးရေ....

     
  4. amusing လေးတွေက ဘ၀အမောပြေစရာလေးတွေပါ..ဆက်လက်အားပေးနေပါတယ် ဗျာ..

     
  5. kiki Says:
  6. ရီစရာ​လေး​တွေ က အ​မော​​ပြေ ​စေတယ် ...

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ