Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

မည်သူမဆို ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ ကိုယ့်အားကိုယ်ကိုး၍ ကိုယ့်ဘ၀ကိုတည်ဆောက်ကြရလိမ့်မည်။ ကိုယ့်ကံကြမ္မာ ကိုယ်သာလျှင် ဖန်တီး၏။ ကောင်းလည်းကိုယ်၊ မကောင်းလည်းကိုယ်၊ ကိုယ်လုပ်သမျှဒဏ် ကိုယ်သာခံရမည်။ ကိုယ်လုပ်သမျှကံ ကိုယ်ခံစားရမည်။ ကိုယ်စိုက်ထားသည့် အရာ ကိုယ်သာ ရိတ်သိမ်းရမည်။ အလုပ်သည် ဘ၀ကို ပြဋ္ဌာန်း၏။ ထိုအလုပ်ကို ကိုယ့်အားကိုယ်ကို၍ အကျိုးရှိအောင် ဆောင်ရွက်ရာသည်။ သူတစ်ပါးအားကိုး၍ အကျိုးမရှိ။ သူများနှာခေါင်းပေါက်နှင့် အသက်ရှူ၍မဖြစ်။ သူတစ်ပါးမှီခို သောကပိုလိမ့်မည်။ သူတစ်ပါးယုံစား မှားတတ်၏။ လူသည် အတ္တနှင့် မွေးဖွားကြီးပြင်း၏။ ကိုယ့်ဘ၀နှင့် ကိုယ် ရှုပ်နေတတ်ကြ၏။ ကိုယ့်ဘ၀နှင့်ကိုယ် ရုန်းကန်နေကြရသည်။ လှုပ်ရှားရုန်းကန်နေကြသူအချင်းချင်း တစ်ခါတစ်ရံ ရိုင်းပင်းကူညီတတ်ကြ၏။ ရံဖန်ရံခါလည်း ကူညီနိုင်သည်။ သို့သော်…အစဉ်အမြဲ တွဲလွဲခို၍မဖြစ်။ သူ့အရိပ်အောက်တွင် ကိုယ်ဘ၀ပျောက်နေ၍မသင့်။ သူ့ကိုမှီခို၍ အလိုမကျနိုင်။ လောင်းရိပ်မိသောပန်းအဘယ်မှာ လန်းဆန်းနိုင်အံ့နည်း။ ထိုကြောင့်…ကိုယ့်လမ်း ကိုယ်ဖောက်ကိုယ့်လမ်းကိုယ်လျှောက်ပါ။ ကိုယ့်ဘ၀အရှင်သခင် ကိုယ်သာလျှင်ဖြစ်တော့၏။
ဦးကောင်းသန့် ၏ “ စေတနာစကားစုများ ” စာအုပ်မှ ကူးဖော်ပြသည်

4 comments

  1. Anonymous Says:
  2.္ဒ“အတ္တာဟိ အတ္ထနော နာထော”
    မိမိကိုယ်သာ ကိုးကွယ်ရာ...တဲ့ ။
    “I myself is the pilot of my life .”
    ကိုယ့်ဘ၀အတွက် ကိုယ်သာလျှင် ပဲ့ကိုင်ရှင်ဖြစ်ရမယ် ။
    မှတ်သားဖူးတဲ့စာသားလေးပါ....ကိုသော်ဇင်
    ဆရာမကြီးလုပ်တာ ဟုတ်ဖူးနော်...ဟိဟိ
    ပျော်ရွှင်ချမ်းမြေ့ပါစေ........

     
  3. အဖိုးတန်တဲ့ စာစုလေးတွေကို ဖော်ပြပေးတဲ့အတွက်ကျေးဇူးပါရှင် .......

     
  4. kiki Says:
  5. ကောင်းလိုက်တာ ..
    ကိုယ့်အား ကိုယ်ကိုး ကြဖို့  သတိပေး စာ လေးတွေ ..

    (ဒါပေမဲ့  ငါ့ မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် ၊
    ငါ့လှေ ငါထိုး ပဲခူးရောက်ရောက် ဆိုတဲ့  တဖက်စွန်းကျတဲ့  ဟို ဒင်း တို့  ကတော့ တလွဲ ဆံပင် ကောင်းနေကြ ဆဲ ပါလား နော် )

    ခင်တဲ့ 
    မကိ

     
  6. မှန်တာပေါ့ကိုသော်ရာ မိမိကိုယ်သာ အားကိုးသင့်ဆုံးပါပဲ
    ဒါပေမယ့် ကိုယ်ကိုတိုင်ကတော့ တတ်နိင်သလောက် အကူအညီလိုတဲ့သူတွေကို ပေးရမယ်လေ...။
    တစ်ဦးကို တစ်ဦးဖေးမပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကို
    တစ်ထောင့်တစ်နေရာက တည်ဆောက်ရမယ်...။

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ