Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

မရှိသင့်သော မာန

Posted by thawzin Monday, July 20, 2009

လူတွေကိုယ်စီ မာနဆိုတဲ့ မိမိကိုယ်ကို ဘ၀င်လေဟက်မူတွေ၊ သူတခြားကို အထင်သေးမှု ကိုယ်စီရှိကြပါတယ်။ ထိုထိုသော တရားတို့သည် မိမိအတွက် မကောင်းသော အရာများသာ ဖြစ်စေ၊ ဖြစ်ပေါ်လာရန် အားပေးအားမြှောက်ဖြစ်ပါတော့သည်။ သို့သော် လူတွေ ထိုတရားကို မစွန့်လွှတ်နိုင် ကြခြင်းသည် အဘယ်ကြောင့်နည်း။

အခါတပါးက လှည်းကုန်သည်တို့သည် တောတွင်း တစ်နေရာ ခရီးတစ်ထောက် နားကြ၍ သေရည် သေရက်တို့နှင့် သောက်စားကာ အပန်းဖြေ နားနေကြ ကုန်၏ ။ ထိုကုန်သည်တို့ အရက်မူး၍ အိုးခွက်တို့ကို
သေရည်ခွက်တို့ကို ရိုက်ခွဲ၍ မနက်မိုးလင်း ခရီးဆက် ထွက်သွားကြတော့သည်။ကုန်သည်တို့ မူးယစ်သောက်စားရာ နေရာ၌ နွားချေး၌ ဖြစ်လေ့ဖြစ်ထရှိသော နွားချေးပိုးထိုးကောင်သည် ၎င်းကုန်သည်တို့ ကျန်ရစ်သော ခွက်ကွဲတို့မှ ကျန်ရစ်သည့် သေရည် အနည်းငယ် သောက်သုံးမိ၏ ။ သို့အတွက် သူလဲ မူးယစ်စွာ ရှိနေတော့သည်။

မနက်လင်းကာစ နွားတို့ စွန့်၍ ကျန်ရစ်သည့် နွားချေး ပူပူနွေးနွေး (စွန့်ပြီးပြီးချင်း) တစ်ပုံအနား ရောက်သောအခါ မိမိကိုယ်ကိုယ် ဘ၀င်မြင့်စိတ် ၀င်နေသော နွားချေးကောင်သည် နွားချေးပုံပေါ်သို့ တက်၍ ထိုင်သော အခါ သူ၏ ခြေတောက်များ ကျွံဝင် သွားလေတော့သည်။ ထိုအခါ မူးယစ်နေသော နွားချေးကောင်သည် မိမိ၏ ခနွာကိုယ်၏ အလေးချိန်ကြောင့် ဤ့ကမ္ဘာမြေကြီး ကျွံဝင်သွားပေပြီး ဟု ဟစ်ကြွေးနေ လေတော့သည်။ ထို့နောက် တောတို့သခင် ဆင်မင်းကို သွား၍ စိန်ခေါ်လေတော့သည်။ ဆင်နင်း၍ အသက်ဆုံးရှုံးရသော နွားချေးပိုးထိုးကောင်လေးကို နမူနာယူကြပါ။

လူတို့သည် မိမိ၏ ၀န်းကျင်ရှိ လူအများအပေါ် အထင်သေး အမြင်သေးမှုများ အနည်းအများ ကိုယ်စီရှိတတ်ကြပါသည်။ မိမိမာန အား မကိုးကွယ်မိကြပါစေနှင့် ။ မိမိ ရရှိထားသော ဘ၀လေးကို မင်္ဂလာသုတ်မှာ ပါရှိသော “နိဝါတောစ” ဆိုတဲ့ မိမိကိုယ်ကိုနှိမ့်ချရခြင်း ၊ “ သန္တုဋ္ဌိစ ” ဆိုတဲ့ ရောင့်ရဲ တင်းတိမ်လွယ်ခြင်း ဂုဏ်ပုဒ်လေးတွေ ကိုယ်စီရှိထားသင့်ပါတယ်။ “မဇ္ဇပါနာ”ဆိုတဲ့ အရက်သေစာ သောက်စားခြင်းမှ “သံယမောစ” - ကောင်းစွာရှောင်ကြဉ်ရပါကုန် ။မကောင်းမှုများကိုလဲ “အာရတိစ” ဝေးစွာရှောင်ကြည်ခြင်း ဆိုတဲ့ မင်္ဂလာဂုဏ်ပုဒ်လေးနဲ့ ကိုက်ညီအောင် နေနိုင်ကြပါစေ....

1 Responses to မရှိသင့်သော မာန

  1. Dream Says:
  2. မရှိတဲ့ မာနထောင်လွှားမှု ကြောင့် ပူပင်ဆင်းရဲရတဲ့ ဒုက္ခက အင်မတန်ကြီးပါတယ်....

    မာနဆိုတာ အင်မတန်ပူလောင်ဆင်းရဲလွန်းပါတယ်.......

    မက်မက်ကိုယ်တိုင်ပါပဲ......... :(

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ