Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

လွမ်းပြန်ပြီး

Posted by thawzin Thursday, July 16, 2009


လာလမ်းမှာ
မလာမှန်းသိပေမယ့်
မျှော်နေတတ်တဲ့ ငါ့နှလုံးသားက
နောင်တမရတတ်သေးဘူး..
အနှောင်များနဲ့
ရောင်စုံများကြားက မိန်းကလေးရေ
မျှော်ငေးခြင်းအကြည့်တွေနဲ့
ဖြူစင်စွာ ငါဟာ တောင်းတနေမိခဲ့တာပါ...
ငါ့ရဲ့မျှော်လင်းခြင်းတွေက
ဝေဒနာအသွင်းပြောင်း
ဒီရင်ခွင်ဟောင်းမှာတော့
ထာဝစဉ်သောင်းကျန်းနေတယ်
တကယ်ပါမင်းကြောင့် ငါလွမ်းနေတာ....။ ။

4 comments

  1. လုပ်ချလိုက်ပြန်ပြီ စိန်ပန်းသားတို့ကတော့..ဟဟဟ..ကဗျာလေးလည်း ရေးဖွဲ့တတ်သကိုး...ကောင်းပါပေ၏..:D...

     
  2. ဟ တို့အကို တယ်လည်းလွမ်းတတ်ပါလားနော်။ မထင်ရဘူး။ သက်မွန်မြင့်ကိုလားဟင် အဟိ။
    ခင်မင်လေးစားလျှက်
    ညီမလေး ပါးလုံး

     
  3. ဘူလေးကို လွမ်းနေတာလဲ ဟင်...

     
  4. kiki Says:
  5. လွမ်းလည်း လွမ်းတတ် ပါ​ပေတယ် ..ကို​သော် ရဲ့ 

    ထာဝစဉ်တော့ မ​သောင်းကျန်းနေပါနဲ့  ကွဲ့  ..

    ကူပြီး လွမ်း​ပေးရ ဦးမလား ...း)

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ