မလာမှန်းသိပေမယ့်
မျှော်နေတတ်တဲ့ ငါ့နှလုံးသားက
နောင်တမရတတ်သေးဘူး..
အနှောင်များနဲ့
ရောင်စုံများကြားက မိန်းကလေးရေ
မျှော်ငေးခြင်းအကြည့်တွေနဲ့
ဖြူစင်စွာ ငါဟာ တောင်းတနေမိခဲ့တာပါ...
ငါ့ရဲ့မျှော်လင်းခြင်းတွေက
ဝေဒနာအသွင်းပြောင်း
ဒီရင်ခွင်ဟောင်းမှာတော့
ထာဝစဉ်သောင်းကျန်းနေတယ်
တကယ်ပါမင်းကြောင့် ငါလွမ်းနေတာ....။ ။
လုပ်ချလိုက်ပြန်ပြီ စိန်ပန်းသားတို့ကတော့..ဟဟဟ..ကဗျာလေးလည်း ရေးဖွဲ့တတ်သကိုး...ကောင်းပါပေ၏..:D...
ဟ တို့အကို တယ်လည်းလွမ်းတတ်ပါလားနော်။ မထင်ရဘူး။ သက်မွန်မြင့်ကိုလားဟင် အဟိ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ဘူလေးကို လွမ်းနေတာလဲ ဟင်...
လွမ်းလည်း လွမ်းတတ် ပါပေတယ် ..ကိုသော် ရဲ့ 
ထာဝစဉ်တော့ မသောင်းကျန်းနေပါနဲ့  ကွဲ့  ..
ကူပြီး လွမ်းပေးရ ဦးမလား ...း)