Welcome to My Blog
သော်ဇင်(စိန်ပန်းမြေ)
ပြုံးစေချင်ပါသည်
Posted by thawzin Sunday, October 18, 2009
ခြားနားချက်
“အင်္ဂလိပ်စားသောက်ဆိုင်နဲ့ ရုရှားစားသောက်ဆိုင်ဘာကွာသလဲ။”
“အင်္ဂလိပ်စားသောက်ဆိုင်မှာ လူတွေ စားနေကြတာကို မြင်နေရတယ်။ သူတို့ပြောတာကို
ကြားရတယ်။ ရုရှားစားသောက်ဆိုင်မှာ လူတွေ စကားပြောတာကို မြင်နေရတယ်။ သူတို့
စားတာကို ကြားရတယ်”
ဆရာမပြနည်းမကျ
ဌာနမှူးက ယနေ့မှ အလုပ်ဝင်လာသော လူငယ်ကို ပြောသည်။
“ကိုင်း၊ အစ အနေနဲ့ ကြမ်းတိုက်ပါ”
လူငယ်က ဒေါသကို ထိန်းထားရဟန်ဖြင့် ပြန်ပြောသည်။
“ကျွန်တော်ဘွဲ့ရပါခင်ဗျာ”
“သြော် ဟုတ်လား။ ဒီလိုဆိုရင် ကြမ်းကို ဘယ်လိုတိုက်ရတယ်ဆိုတာ ငါပြမယ်။
သေသေချာချာ ကြည့်ထား”
မတွေ့မိလို့
“ဟေ့ သူငယ်ချင်း။ မင့်နဖူးမှာ 'ဘု'ကြီးနဲ့ပါလား။ ဘာဖြစ်လို့လဲ”
“ဟိုမှာကြည့်စမ်း နံရံမှာ ချိတ်ထားတဲ့ မီးအိမ်ကို တွေ့လား”
“တွေ့တယ်”
“အေး။ ငါ မတွေ့လိုက်ဘူး”
ဝမ်းမသာနိုင်ပေါင်
ယောက်ျားဖြစ်သူ အိမ်သို့ ပြန်လာသည်။ မျက်နှာမှာ အလွန်ညိုးငယ်နေသည်။
အဝတ်အစားချွတ်ပြီး မီးဖိုချောင်ဘက် သွားသည်။ အစာကို အရသာမရှိစွာ စားသည်။
စားနေရင်းလည်း အဓိပ္ပါယ်ကင်းမဲ့စွာ နံရံကို စူးစိုက်ကြည့်သည်။
ယောက်ျားဖြစ်သူ အိပ်ရာဝင်လာသည်အထိ မစောင့်တော့ဘဲ ဝမ်းသာစရာ သတင်းကို
ပြောပြရန် မိန်းမဖြစ်သူ ဆုံးဖြတ်လိုက်သည်။ သို့နှင့် မီးဖိုချောင်ထဲ ပေါ့ပါးစွာ
ပြေးထွက်လာပြီး ပြောသည်။
“မောင်။ ကျွန်မ ကိုယ်ဝန်ရှိနေပြီရှင့်”
ယောက်ျားက စိတ်မသက်မသာဖြင့် ပြန်ပြောသည်။
“သြော်၊ မင်းရောပဲကိုး”
ကျေးဇူးရှင်
အဖေဖြစ်သူ မီးဖိုချောင်တွင် ထိုင်ပြီး အရက်သောက်နေသည်။ သမီးဖြစ်သူ ဝင်လာပြီး
ပြောသည်။
“ဖေဖေ။ ပုလင်းလွတ်တွေ ယူသွားမယ်နော်။ ပုလင်းလွတ်တွေ ရောင်းပြီး ဆန်ဝယ်ချင်လို့”
“ယူသွား ... ယူသွား။ ဟင်း ... ငါသာ မရှိရင် မင်းတို့ ဘာနဲ့ စားကြမလဲ မသိဘူး”
လပေါ်မှာ
လကမ္ဘာမှ ပြန်ရောက်လာကြသော အမေရိကန် အာကာသ ယာဉ်မှူးတို့ကို
သတင်းထောက်များကို ဝိုင်းမေးကြသည်။
“အခုတစ်ခေါက် လပေါ်မှာ ဘာများ အသစ်အဆန်း တွေ့ရှိခဲသလဲ”
“သက်ရှိနှစ်ယေက်ကို တွေ့တယ်။ ကျုပ်တို့လို လူတွေပဲ။ တစ်ခုပဲရှိတယ်။ ခြေအိတ်မပါဘဲ
ဖိနပ်ကို စီးထားတယ်။ အတွင်းခံမပါပဲ ဘောင်းဘီရှည်ကို ဝတ်ထားတယ်။
ပါးသိုင်းမွေးတွေနဲ့။ ပြီးတော့ ကျွန်တော်တို့ဆီက စီးကရက် တောင်းသောက်တယ်။”
“သဘောပေါက်ပြီ။ လပေါ်ကို ရုရှားတွေလည်းရောက်သွားကြတာကိုး”
(အဲဒါကတော့ တကယ်ပဲဗျာ ဆေးလိပ် အင်မတန် တောင်းသောက်ကျတယ် ရုရှားတွေက။ ဆေးလိပ်မပါရင် ဆေးလိပ်ဖိုးက တောင်းသေးတယ်)
တစ်အိမ်လိုနေတယ်
မကြာမီကမှ လက်ထပ်လိုက်သော ဆရာဝန်ထံ ၎င်း၏မိတ်ဆွေများက ပိုကာကစားရန်
ဖိတ်ခေါ်သည်။
'အရေးပေါ် ဆင့်ခေါ်တဲ့ဖုန်းကွ ' ဟု ပြောပြီး ဆရာဝန် တယ်လီဖုန်းကို ချလိုက်သည်။
အဝတ်အစားကို အမြန်ကောက်ဝတ်သည်။
'အခြေအနေ သိပ်စိုးရိမ်စရာများလား မောင်' ဇနီးသည်က မေးသည်။
“ဟုတ်တယ်။ ဆရာဝန်လေးယောက်တောင် ရောက်နေကြပြီ”
7 comments
  1. kiki Says:
  2. ကျေးဇူးကြီးပေ ဒို့ ဖေဖေ ...
    ဪ .. မင်းရောပဲကိုး .. ( ဘယ်နှစ်ယောက်မြောက်ပါလိမ့်နော် )..
    ရုရှတွေက ဆေးလိပ်ဖိုးပဲတောင်းကြတာလား။ လဖက်ရည်ဖိုး မတောင်းတတ်ကြသေးတာ အများကြီး တော်သေးတာပေါ့ ကိုသော်ရ ..ဟားဟား .. သင်ပေးလိုက်ပါလား လို့  ... အားရင် ပိုကာ ကစားနေတယ်ထင်ပါ့ နော် ..
    ပြုံးစေချင်တယ် ဆိုလို့ ပြုံးသွားပါတယ်နော် .. ဟိဟိ ..
  3. Anonymous Says:
  4. တကယ့်ကို ဟာသပဲ တောကလေးဆိုတော့ နောက်ဆုံးပို့စ်ကို သေချာနားမလည်ဘူးဖြစ်လို့ နှစ်ခေါက်ဖတ်မှပဲ ရယ်ရတော့တယ် ဟိ။ ပြုံးရုံမကဘူးနော် သွားအအေးပတ်အောင် ရယ်ပီးမှ ပြန်ပီ သယ်ရင်းရေ
    ခင်မင်လျှက်
    သယ်ရင်း ပါးလုံး
  5. အဲလို ဟာသမျိုးလေးတွေ သဘောကျတယ်ကွ
    ပိုကာ အကြောင်းပြောတော့ တစ်အိမ်လိုတယ် ဆိုတဲ့ စကားလေး သတိရသေးတယ်။
    အကိုတို့တွေ ပိုကာဒေါင်းဘို့ လူလိုနေရင် တအိမ် လိုတယ်လို့ မခေါ်ရဲဘူး...။ကိုယ်က ကစ်ထားဖူးတာကိုး။
    အရင်ကဆို တယောက်က တအိမ်လိုတယ်ဆို အကိုတို့က လိုမှာပေါ့ကွ မင်းကယောကျာင်္းကြီးပဲလေ လို့ ကစ်နေကြလေ။။။။
    ညီတို့ရော တအိမ်လို သေးလား :)
    .....ခင်မင်သောအားဖြင့်.......
  6. ရုရှားတွေကို မြန်မာပြည်က ဘဲဥ တွေနဲ့ ပေးတွေ့လိုက်လေ ဒါဆို အားလုံးတောင်းတတ်သွားမှာ။
  7. ကိုသော်ဇင် က ပြုံးစေချင်သည်တဲ့ ကျမကတော့ ပြုံးယုံတင်မဟုတ်ဘူး အော်ရယ်သွားပါတယ်
    ဟား ဟား x ၁၅
  8. မင်္ဂလာပါ ကိုသော်ရေ..
    လာရောက် ဖတ်ရှုပြီး ပြုံးသွားပါတယ် ခင်ဗျား.. ကျေးဇူးရှင် ဆိုတဲ့ ပို့စ်လေးကတော့ အသံထွက်ပြီး ရယ်မိတဲ့ အထိပါပဲ။
    ကျေးဇူးတင်ပါတယ် ခင်ဗျား
    ခင်မင်စွာဖြင့်
    ကိုမျိုး
  9. maylay Says:
  10. ပြုံးစရာကို လာဖတ်ပြုံးပြီး သွားတွေပေါ်အောင်ကို ရယ်သွားတယ်။နော် ကလေး။
Myanmar Date&Month
နှုတ်ဆက်ခဲ့ပါ