Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ဒါနပန်းလက်လှန်းစေချင်

Posted by thawzin Thursday, October 22, 2009

ကျွန်တော့်ရဲ့ ဘလော့ မိတ်ဆွေများကို သာဓုအနုမောဒနာ ခေါ်စေလိုချင်သော ဆန္ဒဖြင့်ပါ။ မည်သို့သော လူမျိုးပဲဖြစ်ပါစေ... ထိုသူပြုလုပ်သော ကောင်းမှုကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ယုံဖြင့် မိမိအတွက် ကောင်းကျိုးကိုသာ ရမည် ဟု သင်သိထားသင့်ပါသည်။

ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်မောင်မယ်များအနေဖြင့် ၁၇ကြိမ်မြောက်အဖြစ် ၂၉.၉.၂၀၀၉ ရက်နေ့တွင် သာယာကုန်း၊ ဘုန်းတော်ကြီးသင် မူလတန်းလွန်ပညာရေးကျောင်း၊ မြန်မာ့ရေနံရပ်ကွက်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်း အတွက် ကလေးငယ်များ ပညာသင်စရိတ်ထောက်ပံ့ရန်အတွက် ဆရာတော် ဦးတိက္ခဉာဏသို့ အလှူငွေ ငါးသိန်း (၅၀၀၀၀၀ိ/-)ကျပ်ကို ၂၇.၉.၂၀၀၉ ရက်နေ့ ညနေ(၄)နာရီတွင်လည်းကောင်း၊ ၊ ဘိုကလေးမြို့ရှိ Sunday School (တနင်္ဂနွေကျောင်း) တွဲဘက် ပညာဒါနသင်တန်းများအတွက် သင်ကြားမှုပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန် ဆရာတော်ဦးပဏ္ဍိတ (ပညာရေးတာဝန်ခံဆရာတော်)အား အလှူငွေ လေးသိန်း (၄၀၀၀၀၀ိ/-)ကျပ်ကို ၂၉.၉.၂၀၀၉ ရက်နေ့ ည(၇း၅၀)နာရီတွင်လည်းကောင်း၊ အမှတ်(၁၇)၊ အပိုင်း(၃)၊ မြင်းခြံမြို့အတွင်း ဆောက်လုပ်လျက်ရှိသော မိုးကောင်းဓမ္မာရုံ ဆောက်လုပ်ရန်အလှူငွေ ကိုးသိန်းသုံးသောင်း(၉၃၀၀၀၀ိ/)ကျပ်ကို ဒေါ်လှလှထူး (မှတ်ပုံတင်အမှတ်၉/မခန(နိုင်)၁၁၉၆၇၄)ထံသို့ ၂၈.၉.၂၀၀၉ရက်နေ့တွင် ရိုးမဘဏ်မှတဆင့် ဒေါ်ခင်မေလွင်မှ လွှဲပေးခဲ့၍လည်းကောင်း ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ အားကြိုးမာန်တက် လှူဒါန်းထောက်ပံ့ခဲ့ကြပါသည်။
မိမိတို့လှူဒါန်းမှုအစုစု မှတ်တမ်းဓါတ်ပုံများကို ဤနေရာတွင် ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်စေရန် အလို့ငှာ တင်ပြအပ်ပါသည်။

မိမိတို့လှူဒါန်းခဲ့သော အလှူသည် မစ္ဆရိယဆိုသော အဆိပ်အတောက်၊ ပမာဒဟုဆိုသော မေ့လျော့သောတရားကိုတို့ကို ပယ်ဖျောက်၍ ဒါနပန်းလက်လှန်း၍ ကမ်းနိုင်သမျှ ကမ်းခဲ့ကြသည်၊ စွမ်းနိုင်သမျှ ထမ်းရွက်နေကြသည်ဆိုသည်ကို ဤဆောင်းပါးဖြင့် အနည်းငယ်တင်ပြအပ်ပါသည်။
ထေရ၀ါဒလူငယ်မောင်မယ်များ= ဘယ်နေရာ, ဘယ်ဒေသ, ဘယ်နိုင်ငံ, ဘယ်လူမျိုးပဲဖြစ်ပါစေ မြတ်စွာဘုရား၏ အဆုံးအမ တရားများကို လိုက်နာသည့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်လျှင် ထိုအသင်းကြီးနဲ့ သက်ဆိုင်သည် ဟုယူဆမိပါသည်။

3 comments

  1. မင်္ဂလာပါ ကိုသော်ရေ..

    သာဓု..သာဓု..သာဓု လို့ သုံးကြိမ် ခေါ်ဆိုပါတယ် ဗျာ..

    အဆတိုးလို့ လှုဒါန်းမှု ပြုနိုင်ကြပါစေ ဗျာ..


    ခင်မင်စွာဖြင့်
    ကိုမျိုး

     
  2. ကိုသော်ဇင် ရေ
    သာဓုပါရှင်။ နောက်လည်း အလှူအတမ်း များများလုပ်နိုင်ပါစေတော်။

     
  3. maylay Says:
  4. မောင်လေးကိုသော်ဇင်ရေ။ သာဓု သာဓု သာဓု လို့ နောက်ကျမှ ရောက်လာပေမယ့် ခေါ်သွားပါတယ်။ ကျေးဇူးလည်းတင်ပါတယ် နောက်ထပ်လည်းဆထက်တပိုး ပိုလုပ်နိုင်ပါစေ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ