Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

အရက်လောကဟာသများ

Posted by thawzin Thursday, December 3, 2009



အမြင်


တရားသူကြီးရှေ့မှောက်သို့ အိုင်းရစ်အမျိုးသားတစ်ယောက်ကို ခေါ်ဆောင်လာခဲ့၏။
“မင်းဘာကြောင့် အလွန်အကျွံသောက်တာလဲ”
“ရထားပေါ်မှာ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ တွေ့ခဲ့လိုပါဗျာ၊ သူတို့က အရက်မသောက်ကြတဲ့ လူလေးယောက်ပါ”
“ဟ မင်းတွေ့ခဲ့တာ လူကောင်းတွေပဲလေကွာ”
“ကျွန်တော်တော့ အဲလို မထင်ပါဘူး။ သူတို့မသောက်လို့ ၀ီစကီတစ်လုံးကို ကျွန်တော် တစ်ယောက်တည်း ကုန်အောင် သောက်လိုက်ရတာလေဗျာ”

မင်းကဘယ်လိုလဲ
ပင်လယ်ထဲကျသွားသူ။ ။“ကယ်ကြပါဦး... ကယ်ကြပါဦး၊ ကျုပ် ရေမကူးတတ်ဘူး”
ကုန်းပေါ်က အမူးသမား၊ ။“ဘယ်လိုလဲကွ၊ ငါဆို တယော မထိုးတတ်ပါဘူးကွာ၊ ဒါပေမယ့် မင်းလိုတော့ အော်ဟစ်ပြီး ကြော်ငြာ မောင်းခတ်မနေဘူးဟေ့”


မသောက်သူတွေကြောင့်

ဘားကောင်တာကို မှီပြီး လူနှစ်ယောက် အလေးအနက် ဆွေးနွေးနေကြ၏။
“ယာဉ်တိုက်မှု ၁၀ ရာခိုင်နှုန်းဟာ အရက်သောက်ပြီး မောင်းကြတဲ့ ဒရိုက်ဘာတွေကြောင့် လို့ဆိုတယ်မဟုတ်လား”
သည်တော့ သောက်ဖော်က-
“ဒါဟာ ယာဉ်တိုက်မှု ၉၀ ရာခိုင်နှုန်းဟာ အရက်မသောက်သူတွေကြောင့် ဖြစ်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဗျ” ဟု ကောက်ချတ်ချလိုကတော့ ဟူ၏”

ကျုပ်- နှစ်ယောက်
အရက်မူးနေသူတစ်ယောက်သည် သူ့အိမ်ကို ဒယီးဒယိုင် ပြန်လာခဲ့သည်။ သူ့ကို ဆိုင်မှာ တွေ့သူတစ်ယောက် အိမ်အထိလိုက်ပို့ပေး၏။
အိမ်ပြန်အရောက်မှာ အမူးသမားက ခပ်ကြွားကြွားပြောနေလေသည်။
“ဟောဒါ ကျုပ်အိမ်လေ”
“ဟို မီးပန်းဆိုင်းကြီး၊ မြင်ရဲ့မဟုတ်လားဗျ။ အဲဒါ ကျုပ်ဟာပဲပေါ့”
“ဒါက ကျုပ်စန္ဒယား၊ ဟောဟိုမှာ ဗွီဒီယို၊ ကျုပ်ပိုင်တာပဲ”
“အဲ..ကြည့်လိုက်ဦး၊ အဲဒီကုတင်ပေါ်မျာ ချစ်စရာသိပ်ကောင်းတဲ့ အမျိုးသမီး၊ ဟဲဟဲ.. ကျုပ်မိန်းမလေ၊ အဲ...အဲ... သူနဲ့ အိပ်နေတာ...၊ အို... အဲဒါလဲ ကျုပ်ပဲ၊ ကျုပ်ပဲ” ဟူသတည်း။

နောက်ဆုံးကျမှ
ယောက်ျားဖြစ်သူသည် အိပ်ရာနိုးသည်တွင် ခေါင်းတစ်ခုလုံး အုံနေ၊ ကိုက်ခဲနေသဖြင့် တညည်းညည်းတညူညူ ဖြစ်နေ၏။ ထိုအခါ မိန်းမက “ အဲဒီဒဏ်ကို မခံနိုင်ရင် ဘာကြောင့် အစက မူးအောင်သောက်ရတာလဲ” ဟု အပြစ် တင်လိုက်၏။ သည်အခါ ယောက်ျားက “အစက မမူးဘူးဟေ့၊ နောက်ဆုံးကျမှ မူးတာ” ဟု ပြန်ပက်လေသည်။

အံ့ရောဗျာ
ဘင် နှင့် မစ်ကီ အရက်ဆိုင်ထဲမှာ ထိုင်၍ ၆နာရီ သတင်းကို ကြည့်နေကြသည်။ သတင်းကြေညာနေစဉ် “ဘရုကင်း တံတားကြီး” ပေါ်မှာ ခုန်ချတော့မည် လူတစ်ယောက် တံတားပေါ်မှာ ရပ်နေပုံ ပေါ်လာသည်။
“လောင်းမယ်ဗျာ၊ ဒီမှာ ဘက်၂၀၊ အဲဒီလူ ခုန်မချဘူးဗျာ..” ဟု ဘင်က ပြောလိုက်၏။
“ကောင်းပြီး၊ လောင်းတယ်” ဟု မစ်ကီက လက်ခံလိုက်သည်။
ထိုလူသည် တံတားကြီးပေါ်မှာ စက္ကန့်၂၀လောက် ငြိမ်ရပ်နေရာမှာ ရုတ်တရက် တစ်ချက်ခုန်လိုက်ပြီး တံတားပေါ်မှ ရေထဲသို့ ထိုးစိုက်ချလိုက်၏။
“ခင်ဗျား နိုင်သွားပြီး၊ ရော့ ဘတ်၂၀”
ဘင်ကပြောရင် လောင်းကြေးငွေကို ထိုးပေးလိုက်သည်။ သည်တော မစ်ကီက...
“မင်းငွေကို ငါမယူပါဘူး။ ဒီလူ ခုန်ချမယ်ဆိုတာ ငါသိထားတယ်ကွ၊ စောစောကတည်းက ဒီသတင်းကို ငါကြည့်ခဲ့ရတယ်လေ” အမှန်တိုင်းပြောလေသည်။
သည်အခါ ဘင်က...
“ကျွန်တော်လဲ ဒီသတင်းကို စောစောက ကြည့်ပြီးသားပါပဲဗျာ၊ ဒါပေမယ့် ဒီလူ ဒုတိယအကြိမ် ပြန်ခုန်ချမယ်လို့ လုံးလုံး မထင်မိဘူး”တဲ့။

အရက်နှင့် အလှ
“အရက်သောက်ထားတော့ မောင်က ပိုချောနေသလိုပဲ”
“ဟာ မောင်မသောက်ပါဘူး”
“ကျွန်မသောက်ထားတယ်လေ... မောင်ရဲ့”

5 comments

  1. kiki Says:
  2. ဟာသတော့ ဟာသပဲ..
    ဘာလို့  အရက်လောက ဟာသတွေ ပဲ စုပြုံနေတာပါလိမ့် .....

    လိုင်းပြောင်းသွားတာလား လို့  ထင်ယောင် ထင်မှားတောင် ဖြစ်မိသေးတယ် ..

    ဟဲဟဲ ..မူးတော့ မူးမနေပါဘူး ထင်ရဲ့ နော်..
    စ တာပါ ..
    တခါတလေလည်း ပေါ့ပေါ့ပါးပါး လေးတွေပေါ့ ။း)))

     
  3. မင်္ဂလာပါ ကိုသော်ရေ..

    အရက်လောက ဟာသများ ကိုဖတ်ပြီး သတိရတယ်ဗျာ။ ဟ ဟ...

    ခင်မင်စွာဖြင့်
    ကိုမျိုး

     
  4. ကိုသော်ဇင်ရေ...
    အောက်ဆုံးကစာပိုဒ်လေးက..အမိုက်ဆုံးပဲဗျာ...။
    ဟား..ဟား...
    ဖတ်ရတာ..ကျေးဇူး...

    ခင်မင်တတ်တဲ့
    ဏီလင်းညို

     
  5. ahphyulay Says:
  6. ကိုကိုသော်........
    ပြုံးပြီးမှ ရယ်လိုက်မိတယ်။
    ကမောက်ကမ ဟာသလေးများကို အဆင်သင့် ၇ှာပေးတဲ့ 
    အတွက်ပါ။ နောက်လဲ လုပ်ပါအုံး။ဒါမျိုးလေးတွေကို..။

     
  7. ရယ်ရတာလေးတွေ သဘောကျတယ်
    မကြာမကြာ တင်ပေးရင်ကောင်းမယ်

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ