Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

သြော်...ဒါလဲဒုက္ခ

Posted by thawzin Thursday, November 26, 2009


ကျွန်တော့် အသက်အရွယ်နှင့်မလိုက်အောင် ဒီတာဝန်ကို ဘယ်သူပေးခဲ့လိုက်တာလဲ? ကျောင်းတက်ခေါ်လောင်သံတောင် ကျွန်တော့်နားထဲ မ၀င်ချင်တော့။
ကျွန်တော့်အတွက် ဒီကျောင်းက ဒီနှစ်မှာ စတက်ရတဲ့နေ့။ အရင်ကဆို ရွာကနေ စက်ဘီးနဲ့ ၁နာရီနင်းရင် ကျောင်းရောက်မယ်ဆိုတာ ကျွန်တော် သိခဲ့ပေမယ့် အခုကျွန်တော် အခက်ကြုံရပြီးလေ။ ကျောင်းချိန်နောက်ကျမှာ စိုးတာကလ ကျွန်တော် စိတ်ထဲရှိနေတော့ ကျောင်းနောက်မကျရအောင် ကျောင်းသွားဖို့ပဲ စိတ်ကူးမိခဲ့တယ်။

အခု ဒီပြဿနာကို ကျွန်တော်နေနဲ့ ဖြေရှင်းဖို့ အခက်ကြုံနေရပြီး။ ကျွန်တော့်မှာ အသိသူငယ်ချင်းကို အကူအညီတောင်းဖို့လဲ မရှိ။ ရှိတဲ့သူငယ်ချင်းကလဲ တခြားခန်းမှာ သင်နေရတာလေ။ ပြီးတော့ ကျွန်တော် နေရတဲ့အခန်းက section E ရဲ့ ရှေ့က section D။

section D ဆိုတာ စာညံ့ကြတဲ့ လူတွေနေကြတယ်လို့ မထင်ပါနဲ့ ကျွန်တော့်အနေနဲ့ ကျောင်းအပ်နောက်ကျလို့သာ ကျွန်တော်ဒီအခန်းမှာ စာသင်ရတာ။ ၅ဘာသာ ဂုဏ်ထူးနဲ့ အောင်မယ့် မိန်းကလေးတွေ အများကြီးဖြစ်လာမယ် ဆိုတာ ကြိုသိကြဖို့ကောင်းတယ်။ ကျွန်တော့် စိတ်ဖိစီးမှုနဲ့မို့ အတန်းပိုင်ဆရာမ ဒေါ်မြင့်သန်းဝင်လာတာကိုတောင် ထပြီး နှုတ်ဆက်ဖို့ နောက်ကျနေမိသေး။ “မင်္ဂလာပါ ဆရာ” ဆိုတဲ့ အသံကြားမှ ကျွန်တော့်ပြဿနာ ခဏထား ကမန်းကတမ်း ထနှုတ်ဆက်ဖို့ ကျွန်တော့်မှာ အတော်အတန်အားယူလိုက်ရသည်။ ယောက်ျားလေး အစွန်ဘက်မှာ ထိုင်နေတော့၊ ဘေးက ကိုယ်သင်းရနံလေးရလိုက်တော့ ငဲ့စောင်းကြည့်မိလိုက်သေး။ အဖြူရောင်အင်္ကျီနှင့် အစိမ်းရောင် လုံခြည်လေး ဆံပင်ဂုက်ဝဲနဲ့ ကောင်မလေးရဲ့ အပြုံးကိုတောင် ကျွန်တော်ပြန်ပြုးံပြဖို့ အင်အားမရှိတော့။ သူမအနေနဲ့ ဒီကျောင်းက ကျောင်းသစ်ထင်ပါတယ်။ မြို့မကျောင်းကနေ ပြောင်းလာကြတဲ့သူတွေဆိုတော့ ဒီလိုပဲ အပေါင်းသင်းဆန့်ရမယ် ဆိုတဲ့အသိတော့ သူမမှာလဲ ရှိမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ တခြားမြို့ကနေ ပြောင်းလာတယ်ဆိုတာ သူမ မသိလောက်ဘူး။ သူမကို အကူအညီတောင်းဖို့လဲ အဆင်မပြေနိုင်လောက်ဘူး။

မထူးပါဘူးလေ။ ဒီကိစ္စကို ထမင်းစားကျောင်းဆင်းမှ သွားဖြေရှင်းဖို့ စဉ်းစားလိုက်မိတယ်။ စာသင်ချိန်တွေ တချိန်ပြီး တချိန်ကုန်ဆုံးဖို့က အရမ်းရှည်လာနေသလို ခံစားနေရတယ်။ ခေါင်းထဲမှာ ကျွန်တော့်အနေနဲ့ ဒီကိစ္စဖြေရှင်းဖို့ပဲ စဉ်းစားနေမိတယ်။ မျှော့်လင်လိုက်ရတဲ့ ထမင်းစား တန်းဆင်းချိန်က ကျွန်တော့်အတွက်တော့ နှစ်ပေါင်း တစ်ရာလောက် စောင့်မျှော်ရသလို ပင်ပန်းလိုက်တာ။ လိမ့်ကျလာတဲ့ ချွေးသီးတွေကို အမေလျှော်ပေးလိုက် လက်ကိုင်ပ၀ါလေးနဲ့ သုတ်တင်လိုက်ရပြန်ပြီး။

ရောက်လာပါပြီး မျှော်လင့်ထားတဲ့ ကျောင်းဆင်းခေါင်းလောင်းသံ။ ဆရာမထွက်ခင် ကျွန်တော် အရင်ဆုံး ပြေးထွက်မိလိုက်သည်။ ကျောင်းဝင်ပေါက်မှာက တံခါးမကြီးကို ဆွဲဖွင့်နေတုန်းပင်။ သူ့အနေနဲ့ စောင့်ကြည့်မနေအား။ ဘေးထွက်တံခါးလေးကပဲ အမြန်ဖျတ်ထွက်လာမိသည်။ တစ်ကျောင်းလုံးမှာ သူပထမဆုံး ကျောင်းအပြင်ထွက်လာမိသည်။ စက်ဘီးနဲ့ မဟုတ်တော့ ခြေလျင်လျောက်ရင် ခပ်သုတ်သုတ်နှင်လာမိတော့သည်။ စက်ဘီးတွေ ကျော်တတ်သွားတာ သိလိုက်မှ ဒီခရီးကပိုရှည်နေသလို ခံစားရမိသည်။ ရောက်ပါပြီး........ တံတိုင်းတွေ ခတ်ထားတဲ့ ဘုန်းကြီးကျောင်း။ တံတိုင်းအတွင်းက ပြောင်းဖူးပင်လေးတွေက ကျွန်တော့်ဒုက္ခကို ကြည့်ပြီး လှောင်ရီနေကြသလို၊ လေပြေတွေ အေးမြလိုက်တာလို့ ထင်မိပေမယ့် ကျွန်တော့်ကို တိုက်ခက်မှုက ကျွန်တော်သွားမယ့် ခရီးကို တားဆီး တွန်းကန်သလိုပဲ။ ဘုန်းကြီး ကျောင်းပေါက်ဝက မုခ်ဦးထိ ကျွန်တော်အနေနဲ့ ဆက်သွားဖို့ အင်အားမရှိတော့။ လွယ်ထားတဲ့ လွယ်အိပ်ကို တံတိုင်းကျော်အောင် ချက်ချင်း ပစ်လွှတ်တင်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို ကျွန်တော် သတိမရ မိတော့။ တံတိုင်းကို လွှားကနဲ့ ခုတ်ကျော်မိလိုက်သည်။ တပြိုင်ထဲ အလုပ် နှစ်လုပ်၊ သုံးလုပ်လောက် လေထဲမှာ လုပ်ချမိလိုက်သည်။ ကံကောင်းတာက လွယ်အိပ်နဲ့ ဝေးသော နေရာမှာ မိမိခုန်ချမိသွားသည်။

ပတ်ဝန်းကျင်ကတော့ ပုံမှန်အတိုင်း လေပြေတိုက်ခက်လို့ ပြောင်းဖူးပင်လေးတွေ ယိမ်းနွဲနေသည်က တစ်ပါး အခြားထူးခြားမှုမရှိပေ။
“ဟူး...............”
သက်ပြင်းအရှည်ကြီး အခုမှ ချမိလိုက်ရင်း၊ သြော် မလွယ်တဲ့ ဒုက္ခပါလား လို့ တွေးမိပါသည်။

အ.ထ.က နွားထိုးကြီး ကျောင်းကနေ အ.ထ.က မြစ်သား ကျောင်းကို စတက်သော ကျောင်းတက်ရက်က ကျွန်တော့် အဖြစ်ပျက်လေး ပြန်စဉ်းစားရင်း ချရေးလိုက်တာပါ။ နွားထိုးကြီးမှာ ၈-တန်းထိ ကျောင်းတတ်ခဲ့ပါတယ်။ မြစ်သားက ပေတောပရဟိတ မိဘမဲ့ကျောင်းထိုင်ဆရာတော် ဦးဉာဏိဿရ က တူတော်မကင်း၊ ဆွေးမျိုးမကင်းသော ကျွန်တော့်ကို မြစ်သားကျောင်းကို လာတက်နိုင်တယ် ပြောထားလို့ ကျောင်းပြောင်းပြီး ကျောင်းဆက်တက်ခဲ့ရပါတယ်။ အဲဒီနှစ်တွေက အိမ်မှာ အစ်ကိုတွေရဲ့ ကျောင်းစရိတ်နဲ့ တော်တော်မချောင်လည်သော ကာလပါပဲ။ မိုးကောင်းရေသောက်မြေဖြစ်တဲ့ ကျွန်တော်တို့ဒေသကတော့ မိုးခေါင်ရင် အကြွေးမကင်းကြဘူးလေ။ ဒီလိုအခြေအနေကြောင့် မိဘမဲ့ကျောင်းက တဆင့် ကျောင်းဆက်တက်ဖို့ ဖြစ်လာခဲ့ရပါတယ်။ ကျောင်းက ပြောင်းလာကာစဆိုတော့ အိမ်သာ ဘယ်နားနေမှန်း မသိတော့၊ ၀မ်းသွားလွယ်တဲ့ ကျွန်တော့်အတွက်တော့ တော်တော် ကြီးမားတဲ့ ဒုက္ခပါပဲ။ ဒါကြောင့်

“သြော်...............ဒါလဲဒုက္ခ” လို့ပြန်လည် ညည်းတွားမိပါကြောင်း တင်ပြမိပါသည်။ ဆယ်တန်းဆိုတာကြီးကို ရိုးရိုးသားသားနဲ့ ရိုးရိုးလေးပဲ အောင်ခဲ့ပါတယ်ခင်ဗျာ။ :P

6 comments

  1. kiki Says:
  2. အန္တရာယ် လွယ် မထားနဲ့  လို့  ဆိုရိုးရှိ ခဲ့တာပဲ ကိုသော်ဇင်ရေ ။ ဒါကြီးကို အချိန်အကြာကြီး လွယ်ထားရတာ ၊ သည်းခံခြင်း ပါရမီကြီးလို့  ဖြစ်ရမယ် ။
    အရှက်ကြီးတာလား ။
    အကြောက်ကြီးတာလား။
    ဒါမျိုးက ကြိုက်မရှက် ၊ ငိုက်မရှက် ၊ ငတ် မရှက် ဆိုတာတွေထက် ခက်ပါတယ် ။
    ဆီးချုပ် ဝမ်းချုပ်ဆိုတာ ကျန်းမာရေး အတွက်လည်း မကောင်းဘူး နော် ။

    ခုတော့ တိုးတက်လာပြီပေါ့ ။ဟုတ်တယ် ဟုတ်...

     
  3. ahphyulay Says:
  4. ရေးခဲ့ ပါတယ်ဗျာ။ကျွန်တော်လဲ... သေးပေါက်
    ဖို့ လေ..၊ သူများလို သိမ်သိမ်မွေ့ မွေ့  ထိုင်မပေါက်တတ်တော့  အင်း... ခပ်ကွင်းပြင်နေရာ
ေ၇ွးနေတာနဲ့  ...၊
    မယုံမရှိနဲ့ အခုအချိန်အထိပါပဲ၊ ထိုင်ကြည့် တယ်၊
    မရဲဘူးဗျ။

     
  5. အဟက်.. အီးအကြောင်း အဖော်ရပြီ...း)..

     
  6. မင်္ဂလာပါ ကိုသော်ရေ..

    ကျနော်လဲ အဲဒီလိုအဖြစ်မျိုး ကြုံဖူးသူပါ။ တော်တော်လေးကို ဒုက္ခရောက်ခဲ့ပါတယ်။ အခုနေနေတဲ့ စင်ကာပူမှာ ဖြစ်တာဗျ။ ငယ်ငယ်တုန်းကမဟုတ်ဘူး ။ အခုအရွယ်မှာ ဖြစ်တာဗျာ။

    ခင်မင်စွာဖြင့်
    ကိုမျိုး

     
  7. ဘာတွေများ ဖြစ်တာလဲလို့ စိတ်ဝင်တစားနဲ့ အဆုံးထိ ဖတ်လာတာ နောက်ဆုံးမှ အန္တရာယ် မလွယ်နိင်တဲ့ အကြောင်း ဖြစ်နေတော့တယ်။

    အကိုတို့လည်း ရန်ကုန်မြို့လယ်မှာ ကြုံဖူးသေးတယ်
    ဟိုလူ့မေး ဒီလူ့မေးနဲ့ ကမန်းကတန်း ပြေးရတာ
    အိမ်သာရှေ့ရောက်တော့ အရင်ရောက်နေတဲ့သူကို တောင်းပန်ရသေးတယ် အရင်ပေးဝင်ဖို့လေ။

    ပြန်တွေးမိရင် ရယ်မိသေးတယ်

     
  8. SHWE ZIN U Says:
  9. ဟဲ..ဟဲ ဝေဒနာတွေ ဝေဒနာ တွေ အောင့်မထား နိုင်တော့ ဘူးနော်

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ