Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

တတ်ရောင်ဝါး

Posted by thawzin Thursday, October 8, 2009








ဒါလေးက ကျွန်တော် မတောက်တခေါက်တတ်တဲ့ ပိုတိုရှော ပညာလေးနဲ့ wallpaper လေးတွေ ဖန်တီးထားတာ ၅ခုတည်းပါ။ လိုချင်ရင် ယူသွားနော်။ အောက်မှာ တင်ပေးထားတဲ့ လင့်လေးရှိပါတယ်။ မလိုချင်ရင် သဘောပါ။ သူများလို ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ပညာတွေ မတတ်ကျွမ်းတော့လဲ မိမိစိတ်ဝင်စားတဲ့ဟာလေးတွေ လျောက်လုပ်ကြည့်ရတာပေါ့ဗျာ။ အနုပညာမျက်စိကတော့ မရှိဘူးဗျ။ မျက်လုံးက ကာလာဗလိုင်း ဆိုတော့ ပိုဆိုးမယ်ထင်တယ်။ အရောင်မခွဲခြားတတ်ဘူး။ ကျွန်တော့် မျက်လုံးထဲမှာ လိုက်ပြီး အရောင်စပ်လိုက်တယ်။ ကြိုက်ရင် အိုကေပေးလိုက်တာပဲလေ။ ဘာကာလာလဲတော့မခွဲခြားတတ်ဘူး။ အ၀ါအပြာ အစိမ်းအနီ အမည်းတော့ ခွဲတတ်တာပေါ့ဗျာ။ ဗိုလ်လောင်း ဆေးစစ်ကတည်းက ရေတပ်နဲ့ လေတပ်သွားဖို့ အဆင့်မမှီတဲ့အကြောင်း မှတ်ချက်က ပါပြီးသားလေ။

ဘလော်ကာတွေအများကြီးပါ အားလုံးဟာ သူဟာနဲ့သူ ကျွန်တော့်ထက် မြင့်မားတဲ့ ဘလော်ကာတွေများပါတယ်။ ဒီနေ့စပြီး ဘလော်ကာဖန်တီးသူထက်တော့ သာကောင်းပါရဲ့။ အမှန်တိုင်းပြောရရင် ဘလော့ ရေးတာ ဘယ်လောက်ကြာပြီလဲ ဆိုရင် ၂နှစ်နီးပါးလောက်ရှိပြီးဗျ။ ဟိုဟာလေး လုပ်လိုက်ဒါလေးလုပ်လိုက်နဲ့ မယ်မယ်ရရ မလုပ်ဘူး။ ပါလေရာ ငပိချက်လေ။ အကုန်ပါတယ်။ ဖလက်စ် သင်တန်း သွားသင်လိုက်တာပဲ။ ပိုတိုရှောလုပ်နည်းလေး သင်လိုက်တာပဲ။ ၀ပ်ဆိုက် လုပ်နည်း လိုက်သင်တာပဲ။ ကွန်ပျူတာအကြောင်း သင်ကြားခြင်းလဲ သွားတတ်လိုက်တာပဲ။ အဘိဓမ္မာသင်တန်းလေးလဲ သင်လိုက်တာပဲ။ တရားဆွေးနွေးပွဲလေးလဲ သွားပြီး နာလိုက်တာပဲ။ အွန်လိုင်းမှာလဲ ချက်ကာမဟုတ်ပေမယ့် ချက်တဲ့အထဲမှာလဲ ပါသေးတာပဲ။ “ဘလော့ရေးသူတွေများ”လို့ စာရင်းထုတ်ရင်လဲ ပါနေအုံးမှာပဲ။

အဲဒီလို သင်တန်းတွေကလဲ ဒီက အစ်ကိုတွေ လက်ဆင့်ကမ်းသင်ပေးကြတာလေ။ နွေရာသီဆို ကျွန်တော်တို့တွေ သွားစရာ ဆိုလို့ မြန်မာကျောင်းသားတွေ ရှိတဲ့ မြို့လေးတွေသွားလည်လို့ပဲရတယ်လေ။ အားလပ်ရပ်ကျောင်းပိတ်ချိန်မှာ အစ်ကိုကြီးတွေက အားကစားပွဲတွေ လုပ်ပေးတယ်။ ကာရာအိုကေတွေ ဟဲခိုင်းတယ်။ ဘောလုံးပွဲတွေလဲ လုပ်ပေးပါတယ်။ ပြီးတော့ ဒီလို အကျိုးရှိမယ် သင်တန်းတွေလဲ သူတို့ ဆည်းပူးထားသမျှ အိပ်သွန်ဖာမှောက်သင်ပေးပါတယ်။ သင်ပေးကြတဲ့သူတွေကတော့ တကယ်တော်ကြပါတယ်။ စေ့စေ့စပ်စပ် စောက်ချလုပ်ရမယ့် အလုပ်လို့ ကျွန်တော့်မှာ မရှိတော့ ရောင်ဝါးဝါးပါပဲဗျာ။
တတ်ရောင်ဝါး လိုလို ကိုယ့်ကိုယ်ကို ၀န်ခံပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ စာဖတ်သူ စိတ်ဝင်စားလောက်တဲ့ အရေးသား စွမ်းရည်ကျပြန်တော့ ကျွန်တော်မှာ မရှိပြန်ဘူးဗျာ။ ပို့စ်တွေ တင်တဲ့အခါလဲ မိမိပို့စ်ကို ဖတ်ပြီး စာဖတ်သူကို စိတ်ညစ်သွားမှာ စိုးတယ်။

ငါရေးလိုက်တဲ့စာက သူတို့အတွက် အဆိပ်များ ဖြစ်နေမလားလို့ တွေးပြီး ရေးချင်စိတ်ကုန်သွားတယ်။ ဘာသာရေး ကျပြန်တော့လဲ အရေးကြီးဆုံးပဲဗျ။ သူက ဘ၀တစ်ခုလုံးမကဘူး သံသရာ တစ်လျောက်လုံးနဲ့ ဆိုင်သွားတဲ့အတွက် သူကပိုပြီး အရေးကြီးပြီး အမှားမခံဘူး။ ဒါကြောင့် ရေးရင် ကိုးကားလေးနဲ့ ရေးတတ်အောင် ရေးပါတယ်။ အရင်ဆုံး မိမိကိုးကားတဲ့ စာအုပ် ပုဂ္ဂိုလ်ရဲ့ ဆိုလိုရင်းလေး ရေးတယ်။ ပြီးတော့ မိမိရဲ့ ဒီအသိလေးအပေါ်မှာ မိမိအမြင်လေး ဖြည့်စွက်ရေးကြည့်တယ်။ သေချာတာက ကျွန်တော်ရေးလိုက်တဲ့ဟာကျရင် ပေါ့ပေါ့သွားတယ်။ ဒါကြောင့် ဘလော့မှာ ဆေးဆိုပေမယ့် မတည့်တဲ့အခါ အဆိပ်ဖြစ်မှာ စိုးလို့ မိမိရဲ့ အယူအဆ တယူသန်ဆန်တာတွေ မရေးချင်ပါဘူး။ တခါတလေတော့ ကောမန့်ပေးတဲ့ မနှစ်သက်နိုင်စရာတွေဖြစ်သွားတယ်ဗျာ ။ မိမိ အမြဲဖတ်နိုင်မယ့် ဘလော့ အနည်းအကျင်းလောက်လေး ဖွဲ့ထားပြီး သူတို့ ရေးသမျှ လိုက်လံအားပေး ဝေဖန်လေကန်ခြင်းက ဘလော်ရေးခြင်းဆိုတဲ့ အဓိပ္ပါယ်ပြည့်စုံနိုင်မဲ့ ဘလောကာ ကျွန်တော်ဘ၀ပါဗျာ။ လေကန်တာ များသွားပါဟ တော်မှ- ယူလိုက ယူပါ လင့်လေးပေးထားပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါင်းရန်။ ။Mediafire

4 comments

  1. ahphyulay Says:
  2. အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်လဲ ဒီအတိုင်း
    ပါပဲ။တတ်ရောင်ကား လေ။ ဖန်ခွက်ထဲမှာဘာမှ
    မရှိမှ ရေဖြည့် လို့ ရသလို၊ ဟိုလိုလို၊ဒီလိုလိုနဲ့ 
    လိုလိုလေးတွေရှိနေတာ့ စာတွေကို စာဖတ်သူ
    နားလည်အောင် ဘယ်တော့ မှရေးတတ်အောင်
    မကြိုးစားပဲ ကိုယ်ရေးချင်သလို ရေး ရေး နေ
    တတ်တာ။ အများတန်းစာတွေချောအောင်ရေး
    ပြောနေတတ်တဲ့ ကိုမြစ်ကျိုးကိုတောင်ဂရုမစိုက်
    မိသလိုဖြစ်ဖြစ်နေတတ်ပါတယ်။

     
  3. ကိုသော်ဇင် ဖန်တီးမှူ့လေးတွေကအရမ်းကောင်းပါတယ်

     
  4. kiki Says:
  5. -ဖိုတိုရှော့ပ် လေးတွေ လုပ်ထားတာ ကောင်းပါတယ် ။အမ ဆို ဒါမျိုးတွေ ၊ ကွန်ပြူတာ နဲ့ ပတ်သက်တာတွေ ၊ဒီလောက်တောင် မတတ်ဘူး ။( ကာလာ စပ်တာ စာလုံး အပြောင်တွေ နဲ့ ဆိုတော့ ဖတ်ရတာ နဲနဲတော့ ခက်တယ်)..ဒါပေမဲ့ အမ ကော်ပီလုပ်ယူလိုက်တယ်နော် ။ကျေးဇူးပါ ။

    - တတ်ယောင်ဝါး လို့  ကိုယ့်ဟာကိုယ် ဆို ထားတာ ကဘာလို့ လဲ .... လူဆိုတာ ဘယ်အရာမဆို သိထား တတ်ထား ရမယ် မဟုတ်လား ။ မကောင်းတာ ကိုလဲ မကောင်းဘူး လို့ သိမှ ရှောင်နိုင်မယ် မဟုတ်လား ။ ဒီတော့ အားလုံးကို ကြား ၊ သိ ၊ နားလည် ၊တတ် ထားတာ အပြစ်လို့  မယူဆပါဘူး ။

    -မပြည့် တဲ့  အိုး ဘောင်ဘင်ခတ် .. လို့ အဆိုရှိသား ။
    ကိုယ့်ကိုယ်ကို နှိမ့်ချပြီး တည်ငြိမ်တတ်တဲ့ သူတွေက ဘောင်ဘင်မခတ် တတ်ဖူးလေ။ ကိုသော်ဇင် လည်း ကိုယ့်ကိုယ်ကို နှိမ့်ချ ပြီး ပြောထား ရေးထား တာတွေ လို့
ူယူဆ ပါတယ် ..

    ခင်မင်လျှက်..
    အမ ကိကီ

     
  6. maylay Says:
  7. တတ်ရောင်ဝါး မဟုတ်ပါဘူး မောင်လေးက။ တော်ပါတယ်။ မေလေးဆို ဘာမှကို မတတ်တာ။ ဒိလိုဖိုတိုရှော့မျိုးဆို အဝေးကြီးပါ။ ဒီလိုပဲ ကိုယ်ရေးချင်တာကို ချရေးလိုက်တာပါပဲ။ ဘလော့ကာလို့ရယ် ကိုယ့်ကိုယ်ကို မသတ်မှတ်ဖြစ်ဘူး။ မောင်လေးက သိထားသမျှ ပြန်ချပြတယ်။ တတ်ယောင်ဝါး မဟုတ်ပါဘူး။ ကိုယ်သိထားတော့လည်း မမကိပြောသလို ရှောင်လို့ရတာပေါ့။ မကောင်းတာကို မကောင်းမှန်းသိမှ ကောင်းတာကိုလည်း သိနေမှ ဆောင်ဖြစ်မှာလေ။ ကလေးလေးက ပြည့်နေတဲ့ အိုးကလေးပါ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ