Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

အလောင်းကစား

Posted by thawzin Friday, May 22, 2009

မှောင်မိုက်နေတဲ့ ဆောင်းညလေးတစ်ညမှာပေါ့….ဘဏ်သူဋ္ဌေးအိုကြီး တစ်ယောက်ဟာ အခန်းထဲမှာ ခေါက်တုံ့
ခေါက်ပြန် လျှောက်ရင်းလွန်ခဲ့တဲ့(၁၅)နှစ်က သူကျင်းပခဲ့တဲ့ ညနေခင်းပါတီလေးအကြောင်းကို စဉ်းစားနေခဲ့တယ်အဲ့ဒီပွဲလေးမှာ ပညာရှိတွေ တက်ရောက်ခဲ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ စကားတွေကို ပြောဆို ဆွေးနွေးခဲ့ကြတယ် စကားမစပ် သူတို့ဟာ သေဒဏ်ပေးခြင်း အကြောင်းကို ပြောဆိုခဲ့ကြတယ်…. ဧည့်သည်အများစုဟာ ဒီအကြောင်းကိုပဲ ဦးတည်ငြင်းခုံခဲ့ကြတယ်….သူတို့ထဲက အချို့ကတော့ နေရာတိုင်းမှာ သေဒဏ်ပေးတာကို ထောင်ဒဏ်တသက်နဲ့ အစားထိုးလို့သင့်တော်တယ်လို့ထင်မြင်ယူဆကြ တယ်။ ဧည့်သည်တွေ ထဲမှာ အသက်နှစ်ဆယ့်ငါးနှစ်လောက်ရှိတဲ့ ငယ်ရွယ်တဲ့ရှေ့နေလေး တစ်ယောက်ရှိနေခဲ့တယ် ..သူရဲ့ ထင်မြင်ချက်ကို မေးတဲ့အခါမှာတော့ သူက
``သေဒဏ်နဲ့ ထောင်ဒဏ်တသက်ဟာ မကောင်းတာချင်းကတော့ တူတူပါပဲ ... ဒါပေမဲ့ သူကို ဒီနှစ်ခုထဲကရွေးခိုင်းရင်တော့ သူသေချာပေါက် ဒုတိယတစ်ခုကို ရွေးမယ်´´
လို့ပြောခဲ့တယ်။ ဘယ်လို ရှင်သန်နေရတာပဲဖြစ်ဖြစ်
သေတာထက်တော့ ကောင်းပါတယ် ။ အားတက်သရော ငြင်းခုံမှုတွေဟာ ဆက်လက်ရှိနေခဲ့တယ် အဲ့ဒီတုန်းက ငယ်ရွယ်ပြီးတော့ ဒါကို သဘောမတူနိုင်တဲ့ ဘဏ်သူဋ္ဌေးကြီးဟာ ရုတ်တရက်ဒေါသထွက်လာပြီးတော့ စားပွဲကိုလက်သီးနှင့်ထိုးကာ ရှေ့နေလေးကို ဦးတည်ပြီးတော့ အော်ဟစ်ပြောလိုက်ပါတယ်
``မဟုတ်တာ
မင်းမြေအောက်အကျဉ်းတိုက်ထဲမှာ(၅)နှစ်နေမလား.. နှစ်သန်းကြေးလောင်းမယ်လေ ။´´
ဒါတကယ်ဖြစ်မယ်ဆိုရင်၅)နှစ်မဟုတ်ဘူး(၁၅)နှစ်နေမယ်” လို့ရှေ့နေလေးက ပြန်ဖြေလိုက်တယ်။
“(၁၅)နှစ်လား၊ လူကြီးမင်းတို့ရေ ကျွန်တော်ကတော့ ဒီမှာနှစ်သန်းထားလိုက်ပြီ”
လို့ဘဏ်သူဋ္ဌေးကြီးကအော်ဟစ်လိုက်ပါတယ်။
တင်းကျပ်သော စောင့်ကြည့်မှုတွေနဲ့ သူဋ္ဌေးကြီးရဲ့ပန်းခြံထဲမှာ ရှိတဲ့အကျဉ်းတိုက်ထဲက အခန်းမှာရှေ့နေလေးဟာသူကိုယ်တိုင်အကျဉ်းကျခံမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သတ်မှတ်ချက်တွေ ကတော့ဒီ(၁၅)နှစ်အတွင်းမှာ သူဟာ အကျဉ်းခန်းတံခါးဝကို ကျော်လွန်ခြင်း၊သက်ရှိများနှင့်တွေ့ဆုံခြင်း ၊စာနှင့်သတင်းစာများရယူခြင်း စတဲ့
အခွင့်အရေးတွေကို ပိတ်ပင်ခံရမှာဖြစ်တယ်။ စန္ဒယားတီးခြင်း၊ စာအုပ်ဖတ်ခြင်း၊ စာရေးခြင်း၊ ရှန်ပိန်နှင့်
ဆေးတံသောက်ခြင်းတို့ကိုတော့ခွင့်ပြုခဲ့တယ် ။အပိတ်ခံရတဲ့ပထမနှစ်မှာတော့ ရှေ့နေလေးဟာ သတ်မှတ် ခွင့်ပြုထားတဲ့ သူ့စာတိုလေးတွေနဲ့ အထီးကျန်ငြီးငွေ့ခြင်းကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။ ရှန်ပိန်နှင့်ဆေးတံသောက်ခြင်းကိုတော့ သူဟာငြင်းဆန်ခဲ့တယ်။ သူဆီကိုလေးနက်တဲ့အတွေးအမြင်တွေ မပါတဲ့စာအုပ်တွေကို အဓိကပို့ပေးခဲ့ကြတယ်။ နေ့ရောညပါ အကျဉ်းခန်းထဲကနေ စန္ဒယားသံလေးပျံလွင့်နေခဲ့တယ်။ ဒုတိယနှစ်မှာတော့ အကျဉ်းခန်းထဲမှာ တေးဂီတသံတွေ ဆိတ်သုန်းသွားတယ်၊ ရှေ့နေလေးဟာ သူ့စာတိုလေးတွေထဲမှာ စာပေအနုပညာလက်ရာလေးတွေသာ လိုအပ်ခဲ့တယ်။ ငါးနှစ်မြောက်မှာတော့ တေးဂီတသံကိုပြန်ကြားရပြီး အကျဉ်းသားဟာ ရှန်ပိန်ကိုတောင်းခံခဲ့တယ်။ အဲ့ဒီတစ်နှစ်လုံးစားသောက်ခြင်း၊ အိပ်စက်ခြင်းတို့နဲ့သာ ကုန်ဆုံးခဲ့တယ်။
သူ့ကိုယ်သူ စကားတွေပြန်ပြောပြီးစိတ်တိုနေခဲ့တယ် ။ စာလည်းမဖတ်တော့ဘူး ……….။ခြောက်နှစ်မြောက်ရဲ့
ဒုတိယနှစ်ဝက်မှာတော့ အကျဉ်းသားဟာ အတွေးအခေါ် နဲ့ သမိုင်းဘာသာစကား လေ့လာ မှုတွေကိုကြိုးစားပြီးတော့ အစပျိုးခဲ့တယ်….. ။ ထို့နောက်(၁၀)နှစ်အကျော်မှာတော့သူဟာ ရယ်ဘန်ဂဲလီရယ် တခုတည်းကိုသာဖတ်တော့တယ်။ အချုပ်ခံခြင်း ကုန်ဆုံးဖို့ (၂)နှစ်အလိုမှာတော့ အကျဉ်းသားဟာ ဘာမှကိုမရွေးပဲ အကုန်ဖတ်ပါတော့တယ်။သူ့ရဲ့စာဖတ်ခြင်းဟာ ပင်လယ်ထဲက သင်္ဘော အပျက်အဆီးတွေကြားမှာ ကူးနေတဲ့ လူတစ်ယောက် အပျက်အဆီး တစ်ခုပြီးတစ်ခုကို လောဘတကြီးဆုပ်ကိုင်နေသလိုပါပဲ။ လွန်ခဲ့တဲ့(၁၅)နှစ်က ဘဏ်သူဋ္ဌေးကြီးဟာ သူ့ပိုက်ဆံအကောင့်ကို မသိခဲ့ဘူး ၊ အခုတော့ သူ့မှာပိုက်ဆံနဲ့အကြွေး ဘယ်ဟာ ကပိုများမလဲလို့ သူ့ကိုယ်သူပြန်မေးရမှာကိုကြောက်နေခဲ့တယ်။ အဘိုးအိုဟာသူ့ခေါင်းကိုဆုပ်ကိုင်လျက် ဆိုးရွားလှတဲ့ အလောင်းအစား ပါလားလို့ တတွတ်တွတ် ရေရွတ်နေခဲ့တယ်။ အကြွေးတင်ခြင်းနှင့် အရှက်ကိုကယ်ဆယ်ဖို့ တခုတည်းသော နည်းလမ်းကတော့ ဒီလူသေမှပဲဖြစ်တော့မယ် ။
ဘဏ်သူဋ္ဌေးကြီးဟာ တံခါးမှ ချိတ်ပိတ်ထားတာကို ဂရုတစိုက်ဖြိုဖျက်ပြီး သော့ပေါက်ထဲ သော့ထည့်လိုက်တဲ့ အချိန်မှာ တံခါးနောက်မှာတော့ တိတ်ဆိတ်နေခဲ့တယ်။ အခန်းထဲက စားပွဲနောက်မှာတော့ သာမန်လူတွေနဲ့မတူတဲ့ လူတစ်ယောက် မလှုပ်မရှားထိုင်နေခဲ့တယ် ….. အဲ့ဒါဟာရှည်လျားတဲ့ဆံပင်လိပ်ခွေ၊ ထူပျစ်နေတဲ့ မုတ်ဆိတ်တွေနဲ့ အရေပြားဖုံးအုပ်ထားတဲ့ အရိုးစုလိုပါပဲ……။ သူဟာအိပ်ပျော်နေခဲ့တယ်..။ နံစော်စုတ်ပြတ်နေတဲ့ သူ့ခေါင်းရဲ့ အရှေ့စားပွဲပေါ်မှာ စာရွက်လေးတစ်ရွက်ရှိနေခဲ့တယ်…။
```မနက်ဖြန်ငါလွတ်လပ်ခွင့်ရပြီ´´´
လို့အကျဉ်းသား ဟာရေးထားခဲ့တယ်။
“ ကြည်လင်တဲ့အသိစိတ်နဲ့ ဘုရားသခင်ရဲ့ရှေ့မှာ ငါကြော်ငြာမယ်”
`` မင်းတို့စာအုပ်တွေထဲက ကမ္ဘာရဲ့ကောင်းမွန်ပါတယ်ဆိုတဲ့ လွတ်လပ်ရေး၊ ဘ၀ နဲ့ကျန်းမာရေးတွေအားလုံး ကိုငါရွံရှာစပ်ဆုပ်တယ်၊ မင်း အကြောက်လွန်ရူးသွပ်ပြီး ဒီလမ်းအတိုင်း မလျှောက်ပါနဲ့(ဒီလိုမလုပ်ပါနဲ့) ၊ မင်းရဲ့ ပိုက်ဆံနှစ်သန်းကိုလည်း ငါမယူပါဘူး။ အရင်တုန်းကတော့ ဒီအကြောင်းတွေကို ငါစဉ်းစားခဲ့ပါတယ် ၊ ခုတော့ဒါတွေကိုရွံရှာနေပါပြီ ။”
“ငါ့မိန်းမကတော့ နောက်တစ်ယောက်နဲ့ ဖေါတ်ပြန်နေပြီး, ငါ့ပိုင်ဆိုင်တဲ့ အရာတွေအားလုံးလဲ ပျောက်ဆုံး ပျက်စီးကုန်ပြီး ဆိုတာငါသိထားပြီး ”
“ မင်းဒီစာကိုဖတ်ပြီး လိုက်တဲ့အချိန်မှာ ငါ့ကိုသေသေချာချာ ပြန်ကြည့်ပါ, ငါ့မှာ ဘာတွေပြောင်းလဲခဲ့သလဲ ”
ဘဏ်သူဌေးကြီး တွေဝေစွာ စိတ်တွေ ဂရောင်ခြောက်ချားဖြစ်နေခဲ့တယ်..။ ကြောက်ကြောက်လန့်လန့် နဲ့ အကျဉ်းသားကို ပြန်ကြည့်လိုက်ပေမယ့် အကျဉ်းသား ကို မတွေ့ရတော့ပါဘူး။
ဇတ်လမ်းက ဒီမှာ ဆုံးသွားပါတယ် ငယ်ငယ်က ရွာမှာ အသံချဲ့စက်က ဖွင့်တဲ့ နိုင်လင်း ဖန်တီးသော ပြဇတ်တစ်ပုဒ်လေးကို ပြန်သတိရမိပါတယ်,
အခုလဲ နိုင်လင်း မေးသလိုပေါ့ အဲဒီအကျဉ်းသား ဘယ်ရောက်သွားပါသလဲ?
အကျဉ်းက အဲဒီနေရာမှာပဲ ပျောက်ကွယ်သွားသလား?
ဒါမှမဟုတ် ဘဏ်သူဌေးကြီး ဆင်းလာသော လမ်းကပဲ ပြန်တတ်သွား၍လား?
အလောင်းကစား ဆိုတာ တကယ်တော့ ကောင်းကျိုးတစ်ခုမှ မရှိပါဘူး, “အလောင်းကစား” ဒီပုံပြင်ကို ဖတ်ပြီး မိမိအတွက် ယူသင့်သော သင်ခန်းစားများ မှန်မှန်ကန်ကန်ရယူနိုင်ကြပါစေ...


3 comments

  1. တခါတလေ ဘာမှမဟုတ်တာလေးက ဘ၀တစ်ခုလုံး ပြောင်းလဲစေပါတယ်
    ဒါပေမယ့် လတ်တလောမှာတော့ ထိန်းချုပ်ဖို.ခက်နေ ဆဲပါ

     
  2. kiki Says:
  3. အမလေးးး
    လွတ်လပ်တဲ့ ဘဝကြီးတခုလုံး နဲ့ ယှဉ်ပြီး လောင်းကစားရသလား ။ အတော် မိုက်တဲ့ ရှေ့ နေပေါက်စ ပါလားးး

     
  4. အကိရေတဲ့စာလေးကို ဖတ်ရတဲ့အတွက် အရမ်း အကျိုးရှိပါတယ် ၊ ကျေးဇူးအရမ်းတင်ပါတယ်

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ