ဥပေက္ခာဆိုသည်မှာ လျစ်လျူရှုခြင်းမည်၏။ လောကသည် အကျိုးတရားနှင့် အကြောင်းတရားတို့ အပြန်အလှန်ဆက်စပ်ဖြစ်ပေါ်နေခြင်းအပေါ် လှုပ်ရှားပြောင်းလဲ ဖြစ်ပျက်နေတတ်၏။ လောကထဲတွင်နေသော လူတို့သည် ထိုဖြစ်ပျက်ပြောင်းလဲမှုပေါ်တွင် စီးဝင်နစ်မျောနေကြရသည်။ တချို့သော ဖြစ်ပျက်ပြောင်းလဲမှုကို ကိုယ်တိုင်ဖန်တီးယူနိုင်သော်လည်း တချို့ကိစ္စကို ကိုယ်တိုင်ဖန်တီခွင့်မရ၊ အကျိုးအကြောင်းကြောင့် ဖြစ်ပေါ်လာရသောကံကြမ္မာတရားသူကြီး၏ စီရင်ချက်အတိုင်း နာခံကြရသည်။ တစ်ခါတစ်ရံ ကံကြမ္မာတရားသူကြီး၏ စီရင်ခံချက်များသည် ရက်စက်ပြင်းထန်၏။ ခါးသည်း၏။ မှန်ကန်မှုမရှိ။ နှစ်မြို့ဖွယ်ရာမဟုတ် မခံချင်စရာဖြစ်၏။ သိုသော်လည်း တွန်းလှန်နိုင်အား ငြင်းဆန်နိုင်စွမ်းမရှိ။ မလွဲမသွေကြုံတွေ့ခံစားကြရ၏။ ထိုအခါ ကိုယ်မနှစ်မြို့ မလိုလားသော အကြောင်းအရာ အဖြစ်အပျက်များကို ဥပေက္ခာပြုလျစ်လျူရှုရာ၏။ ဥပေက္ခာတရားကြောင့် စိတ်ကိုသက်သာရာရစေပါလိမ့်မည်။ သင်္ခါတရားကို နှလုံးသွင်း၍ ဥပေက္ခာထားနိုင်ကြပါစေ။
ဦးကောင်းသန့်၏ “စေတနာစကား” စာအုပ်မှ-
ဦးကောင်းသန့်၏ “စေတနာစကား” စာအုပ်မှ-
ဟုတ်တယ်နော် .. တခါတလေမှာ ၊ ကိုယ် မတတ်နိုင် ၊ မရနိုင် ။ လုံးဝ မဖြစ်နိုင်တဲ့ အရာ ကို ဥပေက္ခာ ပြု ထားနိုင်ရင် စိတ် သက်သာ ရာ ရစေတာ အမှန် ပါဘဲ။
ကျေးဇူးပါ ကိုသော်ရေ ။
( တခု ..တောင်းဆို ပါရစေ .ဒီ word verification ကြီးကို ဖြုတ်ထားပေး ပါလား ။ အချိန်ကုန် လူပန်း သက်သာ အောင်ပါ )
ခင်မင်လျှက်။
အမ ကိကီ..
ဥပေက္ခာပြု တတ်နိုင်အောင် လုပ်ပါ့မယ်...