Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ဆောင်း ချစ်ပုံပြင်

Posted by thawzin Monday, November 2, 2009 11 comments




ဒီတခါဆောင်းက
နှင်းငွေ့လည်းပျောက်
မိုးပေါက်တို့နှင့်
ဗွက်ပေါက်ခဲ့ပြီး။

ဆောင်းရောက်ရင်ပိုလိုလွမ်း
ဒီအနွမ်းတွေ ဘယ်တော့ပြေမလဲ
သဇင်တွေပွင့်တဲ့ဆောင်း
သဇင်တွေကြွေတဲ့ဆောင်း
အိမ်မက်တွေ မက်ကောင်းတဲ့ဆောင်း
လန့်လန့်ပြီးနိုးတတ်တဲ့ဆောင်း
ဖြစ်လာလဲဆောင်း
ပျက်သွားလဲဆောင်း
ဖြစ်အပြောင်းတွေများလို့
ဆောင်းဆိုရင်
အရမ်းကြောက်မိပြီး။

လွမ်းတယ်သဇင်ရယ်
ရင်နှင့်အမျှ ဘ၀ပါပေါင်းပြီးယုံခဲ့တာ။
အမြင်ကမလှပတော့
တချိန်တုန်းက ဆိုတာတွေလဲ
ဟောင်းသွားခဲ့ပြီးပေါ့။

ပန်းသဇင်က နန်းလယ်မှာ တင့်တယ်တယ်
သဇင်က ငါ့ရင်မှာ မမွေ့လျော်။
ပန်းတို့ရဲ့သဇင်
ငါ့ဘ၀ရဲ့ အရှင်သခင်။
သခင်ဆိုတော့
ကျွန်ဖြစ်တဲ့ကျွန်တော်
အနေကစုတ်စုတ်
အမြင်ကရုတ်နေတော့မှာပေါ့။

အေးစက်တဲ့ဆောင်းလေအေးက
ကွဲအပ်တဲ့ ငါ့ရင်ဘက်ဟောင်းကို
အအေးဓါတ်နဲ့လဲ အချိန်တွေပိုစေခဲ့တယ်။
နွေးဓါတ်တို့လိုနေချိန်မှာ
နှင်းစက်တို့ မရက်စက်ပါနဲ့။
အေးစက်စက်မိုးရေစက်က
သွေးပျက်မတတ်နာကျင်စေခဲ့ပါတယ်။

ဖိုးစော်ကဲတို့ တဲဖျက်ချိန်မှာ
အရေးပေါ်တွဲဖို့ ယာဉ်ဥဩသံပဲကြားနေရတယ်။
ငွေ့ငွေ့လေးကျန်ရင်တောင်
ပြတင်းနဘေးက သဇင်ရနံ့ကို
ငံလင့်လို့ ရှုရိုက်ချင်သေးတယ်။

လွမ်းလိုက်တာသဇင်ရယ်
ခေါ်သံလဲမကြား
လှမ်းဆွဲလို့မသိ
သဇင်ရဲ့ ရှေ့ ရောက်နေတာတောင်
မမြင်သလိုအနေအထား
မသိသလိုမျက်လုံးတွေက
တစိမ်းဆန်လိုက်တာ။

သွားတော့မယ်သဇင်ရယ်
ခေါ်သံတွေကြားနေပေမယ့်
နင့်အသံကို နားစွန့်နေမိတယ်
နင်ပြန်လို့ ထူးနိုင်မလားပေါ့
ကမ်းလက်တို့ပြန်ရုတ်သိမ်းတော့မယ်
နေရစ်ခဲ့တော့သဇင်ရေ။

အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ဂုဏ်ရည်မတူ ခြားနားချက်တွေကြောင့် အချစ်စစ်တို့မှန်နေကြသော်လည်း ကွေကွင်းနေကြတယ်လေ။ ဆုံတွေချင်းနှင့် ကွေကွင်းခြင်းတို့က သဇင်တွေပွင့်တဲ့ ဆောင်း၊ သဇင်တွေကြွေတဲ့ဆောင်းမှာပဲလေ။ ချစ်တဲ့သူ ယောက်ျားလေးကတော့ စွဲလမ်းစိတ်တွေနဲ့ စိတ္တဇတွေဖြစ်၊ မိမိကိုယ်ကို ရူးတယ်လို့ မထင်မိအောင်ပါပဲ။ ဥတုရာသီ တောကို မှီဆိုသလို တောကိုမမှီ ရာသီဥတုကို အလေးမထားမိတော့ ရောဂါဖိစီးပြီး၊ အရေးပေါ်လူနာတင်ယာဉ်အထက် မျော့မျော့လေး ပါသွားရှာခဲ့ရှာပါတယ်။
ဆေးရုံရဲ့ ပြတင်းနဘေးမှာ သဇင်တွေက မြိုင်နေအောင် ပွင့်နေတော့ ချစ်သူသဇင်ကို ပိုသတိရမိနေပြီးပေါ့။ ဇီဝိန်တွေချုပ်နေပေမယ့်လို့ စွဲလမ်းစိတ်တွေက ချစ်သူသဇင်ဆိုတဲ့ ကောင်မလေးနားမှာ ၀ဲရစ်လိုနေပြီးပေါ့။ သူရှိနေမှန်းမသိတဲ့ ချစ်သဇင်ကတော့ ယောင်လိုတောင် ခေါ်မသံကြားရ၊ ပြန်ထူးသံကို နားစွင့်နေမယ့် သွားရမယ့် ဘုံဌာနကလူတွေက ကမ်းလင့်လို့ ခေါ်သံတွေညံနေပါတယ်။ ချစ်သူရဲ့ အပြုံးတစ်ချက်မြင်ရနိုးနဲ့ ကမ်းလင့်နေသော လက်တို့က အလိုလိုရုတ်သိမ်းပြီးတော့ ပျောက်ကွယ်သွားပါသတဲ့ကွယ်။


ကဗျာပါနော်။ အဲဒါကဗျာပါခင်ဗျ။ ကဗျာအဓိပ္ပါယ်မသိမှာ စိုးလို့ အောက်ကနေ ကဗျာ ကောက်ကြောင်းလေ ပြန်ရေးပေးလိုက်ပါတယ်။

မိုက်တယ်နော်။ ဘယ်သူမှ မမိုက်လဲ ကိုယ်ဘာသာကို မိုက်တယ်ဗျာ။
ကျေးဇူးတင်ပါတယ်။

လူမြိုခြင်း

Posted by thawzin Thursday, October 29, 2009 6 comments



လူတိုင်းလူတိုင်း ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုတာ ရှိပါတယ်။ အဲလိုရှိတဲ့အတွက် ကိုယ့်လူမျိုးကို ချစ်ရပါမယ်။ ကိုယ့်ဘာသာကို တန်ဖိုးထားရပါမယ်။ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေ ခိုင်ခိုင်မာမာ ရှိနေပါမယ်။ ဒါဆိုရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာဟာ ဘယ်တော့မှ တိမ်ကောသွားမှာ မဟုတ်ပါဘူး။

ကျန်စစ်မင်းကြီးဟာ သမီးတော် ရွှေအိမ်စည်လေးကို အလွန်ချစ်လွန်းလို့ ဘုံခုနစ်ဆင့်အမြင့်ရှိတဲ့ နန်းပြဿဒ်နဲ့ ထားပါတယ်။ နောက်တော့ ကုလားပြည်က လာတဲ့ ပဋိက္ကရားဆိုတဲ့ လူတစ်ယောက်နဲ့ မေတ္တာမျှသွားကြပါတယ်။ အဲဒီကုလားက သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ ပြဒါးရှင်ရဲ့ အစွမ်းသတ္တိနဲ့ မြေလျှိုး မိုးပျံနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မင်းသမီးလေးနဲ့ ငြိစွန်းခဲ့တာပါ။ မင်းကြီး ကျန်စစ်က သမီးတော်လေးကို ဘာသာခြားဖြစ်တဲ့ ကုလားနဲ့ သဘောမတူခဲပါဘူး။ အဲဒီကုလားကို အထင်ကြီးလို့ သမီးတော်နဲ့ ပေးစားခဲ့ရင်တောင်မှ မြန်မာသမိုင်းရဲ့ စာမျက်နှာပေါ်မှာ ကျန်စစ်သားမင်းဆိုတာ အမဲစက်တစ်ခုနဲ့ စွန်းထင်နေခဲ့မှာ သေချာပါတယ်။ ဒါပေမယ့် ကျန်စစ်သားမင်းကြီးဟာ အမျိုးကို ချစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဇာတိဂုဏ်ကို စောင့်ထိန်းကြောင်း မှတ်တိုင်ထူပြခဲ့ပါတယ်။
ဇာတိသမ္ဗေဒဘယာ သကာဟိ ဘဂိနီဟိ သဒ္ဒိ့သံဝါသံ ကပ္ပေန္တိ “သာကီဝင်မင်းတို့သည် အမျိုးပျက်မှာ ကြောက်ခြင်းကြောင့် မိမိနှမတို့နှင့်အတူတကွ အိမ်ထောင်ပြုကြကုန်” လို့ ဆိုထားပါတယ်။ အမျိုးကို စောင့်ထိန်းတဲ့နေရာမှာ ဘယ်လောက်ထိ ခံယူချက်ပြင်းသလဲဆိုရင် တခြားသွေးသားတွေနဲ့ ရောစပ်မှာ ကြောင့်မို့ မောင်နှမအချင်းချင်းတောင် ပြန်ယူတဲ့အထိပါပဲ။ ဒါကြောင့် အမျိုးအနွယ်ကို စောင့်ရှောက်ဖို့ အရေးကြီးပါတယ်။

ဒိုက်ဦးမြို့နယ်ရဲ့ ရွာတစ်ရွာမှာ မိအေးနဲ့ မိဌေးဆိုတဲ့ ညီအစ်မနှစ်ယောက်ရှိတယ်။ အကြီးမ မိအေးဟာ ပထမ လူမျိုးခြား ဘာသာခြားနဲ့ ညားတယ်။ ကလေးခြောက်ယောက် ရပြီး မိအေး သေဆုံးသွားတယ်။ မိအေးသေလို့ ခုနှစ်ရက်တောင် မပြည့်သေးဘူး၊ ညီမဖြစ်သူ မိဌေးလည်း အဲဒီ မိအေးယောက်ျားနဲ့ပဲ ခိုးရာလိုက်သွားတယ်။ မိဌေးနဲ့လည်း ကလေးငါးယောက် ရတယ်။ လူမျိုးခြား ဘာသာခြား ယောက်ျားတစ်ယောက်က ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး မိန်းကလေးနှစ်ယောက်ကို ယူလိုက်တာ သားသမီး (၁၁)ယောက်တောင်ရတယ်။ အဲဒီကလေးတွေ အားလုံဟာ ဘုရားလည်း ရှိခိုးခိုင်းလို့ မရဘူး။ ဗုဒ္ဓဘာသာ ဆိုတာဘာလဲ မသိတော့ဘူး။ ဘယ်လောက်ရင်နာဖို့ ကောင်းလိုက်ပါသလဲ။ စာအုပ်ကို ဖတ်ရင်း တော်တော်လေး ဒေါသဖြစ်မိတယ်။ ဘာသာခြားတွေ အားလုံးကို သွားသတ်ပစ်ချင်လောက်တဲ့ အထိဖြစ်တယ်ဗျာ။

ငယ်ငယ်ကတည်းက ဗလီတွေမြင်တဲ့အခါ တွေးမိတယ်။ ငါကြီးလာရင် တိုက်လေယာဉ်မောင်းသမား လုပ်မယ်လို့၊ ပြီးရင် အပေါ်ကနေ အဲဒီ ဗလီတွေကို ဒုံးနဲ့ ပစ်ခွဲပြစ်ဖို့ အထိ စိတ်ကူးယဉ်ခဲ့ဖူးတယ်၊ ရည်းမှန်းခဲ့ဖူးတယ်။ ကျန်းမာရေး ဆေးစစ်တော့ လေယာဉ်မောင်းဖို့မပြောနဲ့ လေတပ်မှာတောင် အမှုထမ်းဖို့ အရည်အချင်းမရှိခဲ့ပါဘူး။

ဘာသာခြားနဲ့ အိမ်ထောင်ပြုလိုက်ပြီးဆိုရင် လင်မယားအချင်းချင်းက မိမိနှစ်သက်ရာကို ကိုးကွယ်ကြလို့ ပြဿနာ အတော်အတန်မရှိသေးပါဘူး။ သားသမီးတွေရလာတဲ့အခါမှာတော့ မိမိရဲ့ ဘာသာအမျိုးအတွက် အခက်တွေ့မှာ သေချာပါတယ်။ မွေးလာတဲ့ကလေးက ဘယ်ဘာသာယူမယ်၊ မယူဘူး၊ ဒုက္ခတွေ့နိုင်ပါတယ်။ ဒီဒုက္ခတွေ လွတ်ကင်းဖို့၊ အမျိုးဘာသာကြီး သန့်စင်တည်မြဲဖို့အတွက် လက်ရှိလူငယ်တွေဖြစ်ကြတဲ့ ကျွန်တော့်တို့ဗုဒ္ဓဘာသာ လူမျိုးတွေအနေနဲ့ နှလုံးသားရေးကိစ္စကို ဘာသာရေးကိစ္စလေးနဲ့ အရင်ဆုံးချင့်ချိန်သင့်ပါတယ်။ တကယ်တော့ မိမိရဲ့ နှလုံးသားရေးက မိမိရဲ့ သားသမီးအရေးနဲ့ယှဉ်လိုက်မယ်ဆိုရင် မပြောပလောက်သော အရေးတစ်ခုလို ဆိုချင်ပါတယ်။ ယောက်ျားလေးတွေ အနေနဲ့ဆိုရင် အမျိုးသမီးမရှားပါဘူး။ မိန်းကလေးတွေ အနေနဲ့ မိမိက အားကိုးရမယ့် ယောက်ျားကောင်းတွေလဲ မရှားနိုင်ပါဘူး။

မိမိက လက်ထက်လိုက်တဲ့ လူဟာ ဘာသာခြားဆိုရင်တော့ မိမိရဲ့ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်မှုဟာ အောက်တန်းစားဗုဒ္ဓဘာသာအဆင့်လောက်ပဲ ရှိတယ်ဆိုတာ ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာကို (၅)မျိုးခွဲခြားထားပါတယ်။
၁။ ကုလဗုဒ္ဓဘာသာ
ကုလ= မိရိုးဖလာ ဗုဒ္ဓဘာသာ။ မိမိရဲ့ အသိစိတ်ထဲမှာ အဖေအမေက ဗုဒ္ဓဘာသာမိုလို မိမိလဲ ဗုဒ္ဓဘာသာပဲလို့ သိတဲ့ အသိလောက်ပဲ ရှိပါတယ်။
၂။ လာဘဗုဒ္ဓဘာသာ
လာဘ=လာဘ်လာဘလိုချင်လို့ ကိုးကွယ်ခြင်း။ ဥပမာ- ကိုးန၀င်းပုတီးစိပ်ခြင်းတွေပါ။ မိမိရဲ့ စိတ်မှာ ဒီအဆင့်အောင်ရင် ငါတော့ ဘာဖြစ်မှာပဲလို့ လာဘ်လိုချင်လို့ ပြုမိတဲ့ ကောင်းမှုပါ။ “လိုချင်ရင် အရခက်” ဆိုတာရှိသလို၊ “လိုချင်မှရတယ်” ဆိုတဲ့စကားလဲရှိပါတယ်။ လိုချင်ရင်တော့ ရအောင်လုပ်ရမှာပဲပေါ့။ လိုချင်ပြီး မလုပ်ရင်ဘာမှမရပါဘူး။ ကိုးန၀င်းစိပ်ပြီး အကြွေးမဆပ်ပဲ အကြွေးကျေပါစေလို့ ဆုတောင်းနေရင် ဘယ်ရမလဲ။ အကြွေးရှင်ကတော့ အကြွေးတောင်းနေမှာပါပဲ။ တကယ်လို့ အကြောင်းကြောင်းကြောင့် ပြေလည်သွားမယ်ဆိုရင်တောင် အကြွေးဆိုတာ ဆပ်မှ ကျေလည်ဆိုတဲ့ အမျိုးလို့ သိထားသင့်ပါတယ်။ ဒီလိုမျိုးမသိပဲ “ကိုးန၀င်းကြောင့်တော်” လိုသူများကိုပါ လူမိုက်စရင်းသွင်းဖို့ ပဲ သိနေတဲ့ လူတွေ ကိုးကွယ်ကြပါတယ်။
၃။ ဘယဗုဒ္ဓဘာသာ
ဒါကတော့ ဘေးအန္တရယ်ကို ကြောက်လွန်းသောကြောင့် ကိုးကွယ်ခြင်း။ ကျွန်တော်တို့ဆို အရင်က ရှေးတန်းစစ်ထွက်ဖူးပါတယ်။ ဘာပဲပြောပြော စစ်သားဆိုပေမယ့် မိမိအသက်တော့ သေမှာ ကြောက်ကြလန့်ကြတာပဲလေ။ ဘုရားစာတွေ အဆက်မပျက်ရွတ်ခဲ့ကြတာပဲ။ ဘာလိုရွတ်နေတာလဲ ဆိုတော့ သေမှာကြောက်လို့ မိမိခြေတောက်လေးတွေ မိုးပေါ်မြှောက်တတ်သွားတာကို မကြည့်ခြင်လို့ ဘုရားစာကို ပါးစပ်ကမချဘူးလေ။ ဒီလို ဘေးအန္တရယ်မကြုံဘူးဆိုတဲ့ နယ်ပယ်လဲရောက်တော့ ဘုရားစာဆိုတာ စာအုပ်ထဲမှာ ရှိတယ်လို့ပဲ သိတဲ့အသိရှိတဲ့သူတွေ ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာပါ။ အခုတော့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ်နဲ့ပါ။

အထက်ပါ ဗုဒ္ဓဘာသာသုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာတွေဖြစ်တယ်လို့ ဖတ်ဖူးကြားဖူးထားပါတယ်။ တကယ်လဲ အဲလိုအောက်တန်းစားတွေပါ။ မြန်မာနိုင်ငံမှာ ၈၀% အဲလို အောက်တန်းစားဗုဒ္ဓဘာသာအဆင့်လောက်ပဲရှိမယ်ထင်ပါတယ်။ ကျန်တဲ့ ၁၉% ဘာသာခြားတွေ ဖြစ်နေမှာပါ။ ၁% မရှိတရှိလောက်သာ ထေရ၀ါဒဗုဒ္ဓဘာသာအဆင့်လောက်ရှိမယ်ထင်ပါတယ်။ အဲဒီလိုပြောလိုက်တာ မှန်းချက်တွေပါ အတည်မယူစေချင်ပါဘူး။ ကျွန်တော့် အမြင်ခန့်မှန်းချက်လေးတွေပါ။
၎။ သဒ္ဓါဓိကဗုဒ္ဓဘာသာ
ဒါကတော့ ဘုရား၊ တရား၊ သံဃာ ဆိုတာ တကယ့် ကိုးကွယ်ထိုက်သော ရတနာ မြတ်သုံးပါး။ သူတို့ထက်မြတ်သော တန်ဖိုးရှိသော ကောင်းမွန်မှန်ကန်သော ပြီးပြည့်စုံသော ဘာသာ သာသနာဆိုတာ မရှိဘူး။ ဒီရတနာ သုံးပါးကို အသက်ထက် ယုံကြည်မြတ်နိုး တန်ဖိုးထားပြီး ကိုးကွယ်ဆည်းကပ်သော အဆင့်ရှိသူတွေကို ခေါ်ဆိုနိုင်ပါတယ်။ ဒီဘာသာကိုတော့ အလယ်လတ်တန်းစားဗုဒ္ဓဘာသာလို့ ခေါ်နိုင်ပါတယ်။

၅။ ပညာဓိကဗုဒ္ဓဘာသာ
ဒါကတော ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုတာ ဝေဖန်ပိုင်းခြားနိုင်သော ၀ါဒ (၀ိဘဇ္ဇ၀ါဒ) ၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်။ ထမင်းစားချင်တယ်ဆိုတဲ့ အကြောင်းကြောင့် ထမင်းချက်ရတယ်။ ထမင်းချက်ရခြင်းအကြောင်းကြောင့် ထမင်းစားရတယ်။ တခါတလေ အကြောင်းတွေက အကျိုးတွေဖြစ်နေသလို အကျိုးတွေကြောင့် အကြောင်းတွေဖြစ်လာရတယ်။ အဓိကကတော့ မှန်ကန်သော ဝေဖန်ပိုင်းခြားမှု၊ မဇ္ဈီမပဋိပဋာ လမ်းစဉ်နဲ့ စဉ်းစား ဆင်ခြင် ဝေဖန်ပိုင်းခြားသော ဉာဏ်ဖြင့်ကိုးကွယ်သော သူတို့ရဲ့ ဘာသာဝင်တွေပေါ့ဗျာ။ ဒီဘာသာကို ကျွန်တော့်အနေနဲ့ ဉာဏ်မမှီလို့ ပြောပြဖို့ ခက်ခဲရှိပါတယ်ဗျာ။ အဲဒီဘာသာဝင်တွေက အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလို့ ခေါ်နိုင်ပါတယ်။

အထက်ပါ ဘာသာ(၅)မျိုးမှာ မိမိက ဘယ်ဘာသာဝင်အဆင့်လောက်လဲ ဆိုတာ မိမိကိုယ်တိုင်ပဲ ဝေဖန်ဆန်းစစ်နိုင်ကြပါစေ။ အောက်တန်းစား ဗုဒ္ဓဘာသာဖြစ်နေသမျှတော့ ဘာသာခြားလူတွေနဲ့ အိမ်ထောင်ပြုဖို့၊ အတွက် အကြီးအကျယ်စဉ်းစားမိစေချင်ပါတယ်။ နှလုံးသားအရေးနဲ့သာ စဉ်းစားပြီး ယူလိုက်ကြမယ်ဆိုရင်တော့ အနာဂါတ်ရေး တွေးပူမိကြစေဖို့။ ယခုလက်ရှိလူငယ်တွေ အများစုမှာ နှလုံးသားကို ကိုးကွယ်လွန်းကြတယ် ထင်ပါတယ်။ အထူးသဖြင့် မြန်မာ အမျိုးသမီးလေးတွေပါ။ မိန်းကလေးတွေက ယောက်ျားလေးထက် ပိုပြီး စိတ်စွဲလမ်းကြီးတယ်ထင်ပါတယ်။ မိန်းကလေးဆိုတာ မိမိချစ်ကြတဲ့ အမျိုးသားနဲ့ပဲ လက်ဆက်လိုကြတာ လက်ခံနားလည်နိုင်ပေမယ့်။ ဘာသာခြားအမျိုးသား ဆိုရင်တော့ အနာဂါတ်ရေး စဉ်းစားပေးကြပါအုံးလို့ ဒီပို့စ်လေနဲ့ အကြံပြုပါရစေ။

အမျိုးသားရေး စိတ်ဓါတ်ဆိုတာ တစ်ဖက်နိုင်ငံက လက်နက်တွေနဲ့ ခြိမ်းခြောက်နေတာကို ကာကွယ်ရုံနဲ့ မပြီးသေးပါဘူး။ နိုင်ငံတွင်းမှာ သပွတ်အူလို လှိုက်စားပြီး စိမ့်ဝင်နေတဲ့ အမျိုးသားရေးကိုလည်း သတ္တိရှိရှိနဲ့ ကာကွယ်စောင့်ရှောက်ဖို့ လိုပါတယ်။ မိဘတိုင်းရဲ့ မျိုးရိုးစဉ်ဆက်ကို တခြားသွေးသားတွေနဲ့ မရောဘဲ အရှည်သဖြင့် တည်တံ့အောင် စောင့်ရှောက်ကြဖို့ လိုပါတယ်။ အများအားဖြင့် ဘာသာရေး အခြေခံနည်းပါးပြီး အမျိုးသားရေး စိတ်ဓါတ်ခိုင်ခိုင်မာမာ မရှိတဲ့ မိန်းကလေးတွေ အဖြစ်များတာ တွေ့ရပါတယ်။ ပြောရင် ယုံလွယ်တတ်သလို ယုံရင်လည်း ပုံလိုက်တော့တာပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေး တစ်ခုထဲကို မကြည့်ပါနဲ့ ၊ ဆန္ဒရဲ့ နောက်ကွယ်မှာ စွန့်လွှတ်ရမဲ့ အမျိုးသားစိတ်ဓါတ်၊ ဖျက်ဆီး ခံလိုက်ရမဲ့ ဘာသာရေး စိတ်ဓါတ်တွေဟာ တော်တော်လေး ရင်နင့်စရာ ကောင်းလှပါတယ်။



ဒီစာအုပ်လေးကို ဖတ်ပေးကြပါ။ ဒီစာအုပ်လေးကို ဖတ်ပြီး အမျိုးကို ချစ်တဲ့စိတ်၊ ဘာသာရေးကို ကိုးကွယ်ချင်တဲ့ စိတ်တွေ ပွားများလာမယ်လို့ ယုံကြည်ပါတယ်။ ဒီစာအုပ်ကို သူငယ်ချင်း မောင်ကောင်း ဘလော့လေးကနေ ဒေါင်းပြီး ပြန်လည်မျှဝေပါတယ်။ မြေမျိုလို့ လူမျိုးမပျောက်နိုင်ပါဘူး။ လူမျိုရင် လူမျိုးပျောက်ပြီး ဘာသာပါ ပျောက်သွားမှာ စိုးရိမ်မိပါတယ်။ ပြီးရင် ဖြန့်ဝေပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။



သင်အကြွေးတင်ဖူးပါသလား? မေးမယ်ဆိုရင် လူတိုင်းအကြွေးနဲ့ ကင်းသူရယ်လို မရှိပါဘူး။
အကြွေး (၅)မျိုးရှိပါတယ်။
၁- ဥစ္စာအကြွေး
၂-ရန်ကြွေး
၃-ချစ်ကြွေး
၎-နှုတ်ကြွေး
၅-၀ဋ်ကြွေး ဆိုပြီးတော့ ရှိပါတယ်။
ဘာအကြွေးပဲ တင်တင်ပါ အကြွေးတင်ပြီးဆိုရင်တော့ အကြွေးရှင်ကို ခယပြီးတော့ နေရတယ်။ အောက်ကျို့ပြီးတော့ နေရတယ်။ အကြွေးတင်နေတယ်ဆိုရင် ကိုယ်ရောစိတ်ပါ ဆင်းရဲရတယ်။

အကြွေးတင်နေတဲ့ ပုဂ္ဂိုလ်ဟာ အိပ်လို့တောင်မှ ကောင်းကောင်းမပျော်ဘူး။ “ကြွေးတင်ခေါင်းခဲ” ဆိုတဲ့ စကားပုံလိုပါပဲ။ အကြွေးကင်းတဲ့အချိန်အခါမှာ ဆိုရင် “ကြွေးကင်းမြီးကင်း၊ ထမင်းကို ပဲပုပ်ဟင်းနဲ့စား၊ ခေါင်းပြားအောင် အိပ်”တဲ့။ အဲဒါက ရှမ်းပြည်နယ်ဘက်က စကားပုံလေးပါ။

ကြွေးတင်နေလို့ရှိရင် ကြွေးရှင်ကို ခယရတဲ့ လောကဥပမာလို မိမိရဲ့ စိတ်အစဉ်မှာ ကြွေးတင်နေခဲ့လို့ရှိရင်လည်းပဲ စိတ်မှာ တင်နေတဲ့ ကြွေးရှင်ကို အောက်ကျို့ရတယ်။ ခယရတယ်။ စိတ်မှာတင်တဲ့ ကြွေးဆိုတာက ကာမစ္ဆန္ဒနီဝရဏကို ပြောတာပါ။ နီဝရဏဆိုတာက ပိတ်ပင်တားမြစ်တတ်တဲ့ တရားပါပဲ။ ကုသိုလ်တရားတွေ မဖြစ်အောင်၊ ကုသိုလ်စိတ်တွေ မဖြစ်အောင်၊ ၀ိပဿနာဉာဏ်တွေ မဖြစ်အောင် ပိတ်ပင်တားမြစ်တတ်တဲ့ တရားကို နီဝရဏလို့ ခေါ်ပါတယ်။ ကာမစ္ဆန္ဒဆိုတာက ကာမရယ်၊ ဆန္ဒရယ်။ ကာမဆိုတာက လိုချင်နှစ်သက်ဖွယ်ကောင်းတဲ့ အာရုံတွေကို ဆန္ဒ လိုလားတောင့်တတာ၊ သာယာခင်မင်နေတာ။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့လို့ ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ကာမလို့ ခေါ်တာပါပဲ။

လူတွေဟာ လူလူချင်းအပေါ်မှာ သာမက ဥစ္စာပစ္စည်းအပေါ်မှာပါ စွဲလမ်းတပ်မက်တဲ့ စိတ်၊ ကာမစ္ဆန္ဒဆိုတဲ့ အကြွေးတင်နေကြပါတယ်။
မြတ်စွာဘုရားလက်ထက်က သီလလည်းပြည့်စုံ၊ သတိပဋ္ဌာန် ၀ိပဿနာ တရားတွေလဲ ပွားများနေတဲ့ ရဟန်းတော်လေး တစ်ပါးဟာ တစ်နေ့တော့ အင်မတန် တန်ဖိုးကြီးမာတဲ့ သင်္ကန်းလေးတစ်ထည့်ရလိုက်ပါတယ်။ အဲဒီရဟန်းလေးက အဲဒီသင်္ကန်းလေး အပေါ် နှစ်သက်မြတ်နိုးပြီး၊ စွဲလမ်းတပ်မက်စိတ်ဖြစ်တဲ့ ကာမစ္ဆန္ဒ ဆိုတဲ့ အကြွေးတင်နေမိတာပေါ့။ မနက်ဖြန် ဒီသင်္ကန်းလေး ၀တ်ပြီးတော့ ဆွမ်းခံထွက်မယ်လို့ ဆိုပြီးတော့ သင်္ကန်းလေးကို ပြန့်နေအောင် လက်ကလေးနဲ့ သပ်သပ်ရပ်ရပ် ခေါက်ထားပါသတဲ့။
အဲဒီညမှာပဲ ရုတ်တရက် ရောဂါတစ်ခုကြောင့် ပျံလွန်တော်မှုသွားခဲ့ပါတယ်။ သင်္ကန်းပေါ်မှာ နှစ်သက်တပ်မက်တဲ့ ကြွေးတန်းလန်းနဲ့ သေသွားတဲ့ အတွက် အဲဒီသင်္ကန်းမှာ သန်းသွားဖြစ်ရတယ်။ မနက်ဖြန် ဆွမ်းခံထွက်ရင် ၀တ်မယ်လို့ စိတ်ထဲမှာ ရည်စူးထားတဲ့သင်္ကန်မှာ အ၀တ်သန်းလေး သွားဖြစ်တယ်။ ကာမစ္ဆန္ဒလို့ ခေါ်တဲ့ ကြွေးတင်လို့မို့လို တိရစ္ဆာန်ဘ၀နဲ့ အကြွေးဆပ်ရခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက လူလူချင်း ကာမစ္ဆန္ဒအကြွေးတင်တဲ့ သာဓကလေး ပြောပြချင်ပါတယ်။

ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်က ကိုယ့်ကို မုန်းသွားမှာ စိုးလို့ သူ့အလိုကျ နေရာတကာ အလိုက်သိနေရတယ်။ ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ရဲ့ ကြွေးရှင်ဖြစ်နေပြီးလေ။ ကြွေးရှင်ဆိုတော့ ကိုယ့်အပေါ် ငြိုငြင်သွားမှာ စိုးတော့ အရိပ်တကြည့်ကြည့်နဲ့ ခယနေရတယ်။ အကြင်နာတရားတွေ ရင်မှာ ပွားအောင်ဆိုပြီးတော့ ညင်သာစကားလေးတွေနဲ့ တယုတယ အောက်ကျို့ပြီးတော့ နေလိုက်ရတာ။ ဒါကို သဘောတွေကျပြီးတော့ သီချင်းလေးတွေ ဂစ်တာလေးနဲ့ တီးဆိုပြလိုက်၊ ကဗျာလေးတွေ စပ်လိုက်နဲ့ပေါ့၊ သီချင်းလေး ဆိုပြလိုက်၊ အချစ်ကဗျာလေးတွေ ရေးဖွဲ့လိုက်နဲ့ ဘာလုပ်နေတာလဲဆိုရင် ကိုယ့်ချစ်သူတည်းဟူသော ကြွေးရှင်ကို အောက်ကျို့ခယနေရတာပါ။

အမျိုးသားတစ်ယောက် သူရဲ့ ဇနီးကို အင်မတန်ချစ်ရှာပါတယ်တဲ့။ သူက သိပ်ချစ်ပေမယ့် သူ့ဇနီးက သူ့ရဲ့ ညီကို ပိုပြီးတော့ အချစ်တွေ ပိုသတဲ့။ အဲဒီတော့ လင်တော်မောင်ကို သတ်ဖို့ မတ်တော်တဲ့ ညီကို အစ်ကိုကို ပြန်သတ်ခိုင်းရတာပေါ့။ မတ်တော်လေးက အတန်တန်ငြင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ကာမစ္ဆန္ဒကြွေးတွေက တင်သွားပြီးလေ။ ဒီမိန်းမအပေါ်မှာ အကြွေးတင်နေတော့ အကြွေးရှင်အတွက် ဘာမဆို လုပ်ရဲပြီးပေါ့။ အဲဒီ သေသွားတဲ့ အစ်ကိုကြီးဟာ မိမိရဲ့ ဇနီးအပေါ်မှာ ထားတဲ့ ချစ်ခင်စွဲလမ်းတဲ့ ကာမစ္ဆန္ဒ အကြွေးဆပ်ရပြီးပေါ့။ မြွေလေးနဲ့ တစ်ခါ၊ ခွေးအဖြစ်နဲ့ တစ်ခါ၊ နွားလေးအဖြစ်နဲ့ တစ်ခါ၊ အဲဒီအမျိုးသမီးလဲ သူရဲ့ အရင်ဘ၀က လင်ပဲဆိုပြီး သတ်သတ်ပစ်တယ်တဲ့။ ချစ်ဇနီးအပေါ်မှာ ချစ်ခင်စွဲလမ်းမှု မပျောက်သေးတာကြောင့် အဲဒီအမျိုးသမီးရဲ့ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေ ကိန်းလာပြန်တယ်။ သားယောက်ျားလေး ဖွားမြင်ပြီးတော့ လာပါတယ်။

မွေးမွေးချင်းပဲ ဇာတိဿရဉာဏ်ရတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီအမျိုးသမီးဟာ ငါ့ကို လေးဘ၀တိုင်တိုင် သတ်ခဲ့တဲ့ မိန်းမကြီး၊ ငါ့ရန်သူကြီး ဆိုပြီး ကလေးဘ၀မှာ အမေ လုံးဝ အကိုင်မခံခဲ့ဘူး။ အမေချီလိုက်ရင် ငိုတယ်။ အရင်ဘ၀က ညီတော်တဲ့ ဒီဘ၀အဖေချီတဲ့အခါမှာလဲ ငိုပါတယ်တဲ့။ အဘိုးက ဘာကြောင့် ငိုရသလဲ မေးတော့မှ၊ ဒီလိုပဲ အတိတ်ဘ၀အကြောင်းတွေ ပြောပြပါတယ်။ အဲဒါနဲ့ “ဒီလို ရန်သူမျိုးနဲ့ အတူတူနေရတာ မကောင်းဘူး၊ ရန်သူတွေနဲ့ ဝေးရာ အရပ်ကို တို့သွားကြစို့ ” ဆိုပြီးတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းသွားပြီး၊ မြေးက ကိုရင်ဝတ်၊ အဘိုးက ရဟန်းဝတ်ပြီး မြေးဘိုးနှစ်ယောက် တရား အားထုတ်လိုက်ကြတာ၊ မကြာခင်ပဲ မြေးဘိုးနှစ်ယောက် ရဟန္တာအရှင်မြတ်ကြီးတွေ ဖြစ်သွားပါသတဲ့။

ဒီပို့စ်ကို အရှင်ဆန္ဒဓိကရဲ့ မြင့်မြတ်သူတို့၏စံအိမ် စာအုပ်မှ မြင့်မြတ်သူတို့ စံအိမ်ရဲ့ အင်္ဂါရပ်ထဲက ပထမဆုံးသော အကြွေးကင်းခြင်း စာစုမှ ကူးယူဖော်ပြပါသည်။ ကျွန်တော်လဲ အကြွေးတင်ပါသည်။ ကျွန်တော့် ဘလော့ရဲ့ ခေါင်းစီးပိုင်းက ကိုသော်ဇင်(စိန်ပန်းမြေ) ဆိုတာကြီးမကောင်းဘူးတဲ့။ “ကို” ဆိုတာမပါပဲ သော်ဇင်(စိန်ပန်းမြေ) ပဲ ကောင်းပါတယ်ဆိုလို့ ပြောင်းရဖို့အရေး ကြိုးစားလိုက်ရတာ ၂ရက်လောက် မနေမနားပါပဲဗျာ။ ဒီစာအုပ်ဖတ်ပြီးမှ သတိရမိတယ်။ သြော်.... ငါလဲ အကြွေးတင်နေတာပါလားလို့ တွေးမိပါရဲ့ဗျာ။

ဒီပို့စ်လေ ရှည်နေမှာ စိုးလို့ ချုံ့ရေးမိလိုက်တဲ့အတွက် စာစုတွေက ဆက်စပ်မှုမရှိခဲ့ရင် ဖြည့်စွပ်နားလည်ပေးပါဗျာ။ ဒီစာစုလေးကို ဖတ်ပြီးတော့ အကြွေးကင်းတဲ့ သူတော်ကောင်းများ၊ မြင့်မြတ်သူတို့ရဲ့ စံရာ အိမ်နန်းမှာ စံမြန်းနိုင်ကြသော အရိယာသူတော်ကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ချွေရင်းနဲ့.... ကျေးဇူးတင်ပါတယ်

နိဒါန်းပျိုးခြင်း
ဒီနေ့ည ကျွန်တော်ဘုရားခန်းသွားပြီး စုပေါင်း ဘုရားဝတ်ပြုကြတယ်ဗျာ...။ အားလုံးက သပ်သပ်ရပ်ရပ်နဲ့ အဖြူရောင်အင်္ကျီနဲ့ လုံချည်ပုဆိုး ကိုယ်စီနဲ့ ည ၁၁နာရီ ဘုရားခန်းမှာ စည်ကားလို့ပါပဲ။ ဘုရားခန်းဆိုတာ အခုခေတ်လူငယ်တွေ အနေနဲ့ မသွားရနယ်မြေလိုလို ဖြစ်နေကြတယ်လေ။ ကျွန်တော်လဲ ဘုရားခန်းကို ကျောင်းပိတ်ရက်များမှ ရောက်ဖြစ်တာပဲ။ ဘုရားဝတ်ပြုချိန်ရောက်တာနဲ့ အသီးသီး သင့်တော်တဲ့ နေရာကိုစီရောက်ချိန်မှာ ဘုရားဝတ်ပြုဖို့ ဦးစွာ မြတ်စွာဘုရားနဲ့ ခင်ပွန်းကြီးဆယ်ပါးကို ၀န်ချကန်တော့ လိုက်ကြပြီး၊ ငါးပါးသီလ အသီးသီးယူကြတယ်။ ဓမ္မစက္ကပ၀တ္တဏသုတ်ရွက်, မေတ္တာတွေပို့, ပြုသမျှကုသိုလ် ကောင်းမှုတွေ အမျှဝေပြီးတာနဲ့ တရားတစ်ပုဒ်ဖွင့်ပြီး ငြိမ်သက်စွာ နာယူကြပါတယ်။ တရားခေါင်းစဉ်နဲ့ ဆရာတော်အမည်နာမကို တခြားအတွေးရောက်လို့ မမှတ်လိုက်ရဘူးဖြစ်သွားတယ်။

လိမ်ရဲ့ လိမ်ကြည့်စမ်း
ရွာတစ်ရွာမှာ အင်မတန် လိမ်တတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိပါသတဲ့။ သူလိမ်တာ လူတိုင်းလိုလို ခံနေရရှာတာပေါ့။ တနေ့ ရွာဦးကျောင်းရောက်လာပါသတဲ့။ ရွာဦးဆရာတော်က ပြောလိုက်တယ်။
“ဟေ့ မင်းလူတွေကို လိမ်လည်နေတယ်တဲ့၊ ငါ့ကိုလာလိမ်စမ်းပါ၊ မင်းလိမ်ရဲ့ လိမ်ကြည့်စမ်းပါ” တဲ့။
အဲဒီလူလိမ်လဲ ဆရာတော်ကို ကန်တော့ပြီးတော့ ပြောပါတယ်။
“အရှင်ဘုရား လိမ်တာမလိမ်တာ ပြောမနေပါနဲ့၊ မနက်ဖြန် ကိုဖိုးစံတို့အိမ် ဆွမ်းကပ်ဖို့ လာပင့်တာပါဘုရား”တဲ့။
နောက်နေ့တော့ ဆရာတော်က သင်္ကန်းတွေ ရုံပြီးတော့ ကိုဖိုးစံအိမ်ကို ကြွတော်မူတာပေါ့။ ကိုဖိုးစံအိမ်မှာတော့ ဘာဆွမ်းမှ ပြင်ဆင်မထားဘူးတဲ့လေ။

လူလိမ်ဆိုတာ
ရွာတစ်ရွာမှာ မုဆိုးတစ်ယောက်ဟာ သမင် နှစ်ကောင်နဲ့ ဖြတ်သွားတာမြင်တော့ လူလိမ်က နောက်ကလိုက်ပြီး အကျိုးအကြောင်းမေးကြည့်တယ်။ ဒီသမင်နှစ်ကောင်ကို ရောင်းမလိုဆိုတာ သိတော့ အကြီးကောင်ကိုတော့ ၂ကျပ်တဲ့၊ အငယ်ကောင်ကို ၁ကျပ်ပေါ့လေ။ လူလိမ်က ၁ကျပ်နဲ့ အငယ်ကောင်ယူမယ်ဆိုပြီး ယူသွားတယ်။ ခပ်လှမ်းလှမ်းရောက်တော့ မုဆိုးဆီပြန်လာပြီး အကြီးကောင် ဘယ်လောက်လဲ မေးလိုက်တယ်။
“အကြီးကောင်က ၂ကျပ်နဲ့ ရောင်းတာပါ” တဲ့မုဆိုးက ပြန်ဖြေတယ်။
“ဒါဆိုကျွန်တော့်ကို အကြီးကောင်ပေးပါဗျာ၊ အငယ်ကောင်ပြန်ယူလိုက်ပေါ့ဗျာ၊ ဒါဆို ကျွန်တော် အကြီးကောင်ယူလို့ရပြီးပေါ့” လို့ လူလိမ်ကဆိုတယ်။
“ဒါဆို ၁ကျပ်ထပ်ပေးရမယ်ဗျ”
“မလိုဘူးလေ၊ အခုနက ကျွန်တော် ၁ကျပ်ပေးထားတယ်လေ၊ အခုအငယ်ကောင်က ၁ကျပ်တန်တော့ ၂ကျပ်ပေါ့ဗျာ၊ အဲဒီတော့ ဒီအကောင်ကြီးက ၂ကျပ်ဆိုတော့ ကျုပ်ထပ်ပေးစရာ ဘယ်လိုမလဲဗျာ” လို့ လူလိမ်က ပြောပြီး သမင်အကြီးကို ယူသွားပါတယ်။
မုဆိုးလဲ စဉ်းစားတွေဝေနေပြီး ဟုတ်သလိုလိုနဲ့ ငေးငိုင်ကျန်ခဲ့ရပါတော့တယ်တဲ့။

လောကကြီးရဲ့ လှည့်စားချက်
ဒါကတော့ လူအချင်းချင်း လိမ်လည် လှည့်ဖြားမှုတစ်ခုပါ။ ဒီလှည့်စားမှုက ရိုးရှင်းပါတယ်။ လောကကြီးရဲ့ လှည့်စားမှုကို လူတိုင်းခံစားနေရတာကို လူတွေမသိချင်လောက်အောင် အလိမ်ခံနေရတာပါ။
ရှင်သီဝလိကိုယ်တော် အိမ်မှာ ပူဇော်ရင် လာဘ်ဝင်တယ်၊ လာဘ်လာဘကြီးတယ် ဆိုပြီး လူတွေ အိမ်မှာ ရှင်သီဝလိကိုယ်တော်ကို အိမ်မှာ ပူဇော်ကြတယ်။ လာဘ်လိုချင်လို့ ကိုးကွယ်တာပေါ့ဗျာ။ ကောင်းမှုလုပ်လို့ ကောင်းကျိုးရမှာကို ရှင်သီဝလိကိုးကွယ်လို့ ရတယ်လို့ အလိမ်ခံနေရတာပါပဲ။ လာဘ်လိုတဲ့ သဘောနဲ့ ကိုးကွယ်ခြင်းထက် ရှင်သီဝလိရဲ့ ဂုဏ်တော်ကို ကြည့်ညိုလို့ ကိုးကွယ်တာဆိုရင်တော့ အဆင်ပြေနိုင်ပါသေးတယ်။

(၇)နှစ်တိတိ ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ ရှင်သီဝလိအလောင်းတော်လေးရဲ့ မယ်တော် သုဗ္ဗ၀ါသအမျိုးသမီးကို သိကြမယ်ထင်ပါတယ်။ ရှင်သီဝလိအလောင်းတော်ကို မွေးဖွားဖို့ ဗိုက်နာတဲ့အချိန်က ၇ ရက်ကြာပါသတဲ့။ အဲဒီ ၇ရက်လုံးဟာလဲ ဇောချွေးတွေပျံပြီး သေလုမျောပါးခံစားရလောက်အောင် နာကျင်ခံစားရပါတယ်တဲ့လေ။ ဖွားမြင်ပြီးလို့ နောက်တစ်နေ့ ရှင်သီဝလိအလောင်းလေးနဲ့ အရှင်မဟာမောဂ္ဂလန် ခင်မင်ရင်းနှီးစွာ ပြောဆိုနေတာမြင်တော့ မယ်တော်ကြီး ပြုံးလိုနေပါသတဲ့လေ။ အရှင်မဟာမောဂ္ဂလန်က မယ်တော်ကြီးကို မေးတော်မူတယ်
“ဒီလိုသားမျိုး နောက်ထပ် လိုချင်ပါသေးသလား”
မယ်တော်ကြီးက “ရမယ်ဆိုရင် ၇ယောက်လောက်တောင် လိုချင်ပါသေးသတဲ့” ။
၇ နှစ် တိတိ ကိုယ်ဝန်ဆောင်၊ ၇ ရက်တိတိ ဗိုက်နာခဲ့ရတာတောင် ဒီလိုမျိုး ၇ကြိမ်ထပ်ခံချင်ပါသေးသတဲ့။ စဉ်းစားကြည့်ပါအုံး။ လောကကြီးရဲ့ လှည့်စား လိမ်ညာမှုကြီးက ဘယ်လောက်ကြောက်ဖို့ကောင်းလဲ။ အခုမိဘတွေ ၉လလွယ် ၁၀လ ဖွားရတာတောင် ဒုက္ခတွေ တယ်များတာပဲ။ အဲဒီလိုမျိုး ၇ ဆသာတဲ့ ဒုက္ခနဲ့ ၇ကြိမ်တောင် ထပ်ခံချင်ပါသေးတယ်ဆိုတဲ့။ လိမ်လည်မှုကြီးက တကယ်ကြောက်စရာ ကောင်းလွန်းလှပါတယ်ဗျာ။ လူတွေက ဆင်းရဲကို သုခ ထင်နေကြတာလေ။ အထင်တွေ အမြင်တွေ မှားနေလို့ကတော့ လိမ်လည်လှည့်ဖြားခံနေရအုံးမှာပဲဗျ။

ချစ်ရင် အပြစ်ရှိတယ်
သုဗ္ဗ၀ါသက သားတော် ရှင်သီဝလိလောင်းတော်လေးကို ချစ်ခင်မြတ်နိုးလွန်းတော့ နောက်ထပ်ဒီဒုက္ခဆင်းရဲဆိုတာ ခံနိုင်ပါတယ်ဆိုတာဖြစ်လာရောလေ။ ချစ်လွန်းတော့ အပြစ်ရှိသွားတာပေါ့။ အပြစ်ကတော့ မွေးဖွားရတဲ့ ဒုက္ခကို ဆိုလိုချင်တာပါ။ ဒါကြောင့် လောကမှာ ချစ်ခင်ရတဲ့သူတစ်ယောက်ရှိရင် သူ့အတွက် ဒုက္ခတစ်ခုရှိတယ်လို့ အောင့်မေ့ထားပါ။

အမျှဝေခြင်း
ပြောရရင် ကျွန်တော် တစ်နေကုန် စိတ်ရှုပ်ထွေးနေတာပါ။ ကိုကြီးမြစ်ကျိုးအင်း ပို့စ်ဖတ်လိုက်ရတော့ လူကပိုပြီး စိတ်ဓါတ်ကျသွားတယ်။ သူ့ပိုစ်ဖက်လိုက်မှာ ငါ့မှာ ဘာကိုသွားလွမ်းရမလဲ၊ ၀မ်းနည်းသလိုလိုကြီးခံစားနေရတာပါ။ ဘုရားခန်းသွားပြီး အဲဒီတရားလေး နာလိုက်တော့ စိတ်က တော်တော်လေးကြည်လင်သွားတယ်။ စိတ်ဓါတ်တွေ တော်တော် တက်ကြွသွားတယ်။ အစ်ကိုတစ်ယောက်ဆီ အလည်တောင်သွားလိုက်သေးတယ်။ သူက ၀ပ်ဆိုက်လုပ်နည်းသင်ချင်ရင် လာခဲ့တဲ့။ စိတ်ဓါတ်တွေက ဘယ်လိုတတ်ကြွလာမှန်းမသိဘူး။ ပြန်ရောက်တော့ မအိပ်သေးပဲ နာခဲ့တဲ့ တရားလေးကို ချရေးလိုက်မိတာပဲ။ အိပ်ချင်စိတ်တွေကိုပါ ပျောက်ကင်းသွားစေပါတယ်။

အဓိကပြောချင်တာက ဘယ်လိုသော အဆင်မပြေမှုတွေ ကြုံတွေ့နေပါစေ... မြတ်စွာဘုရားရဲ့ တရားတွေကို စိတ်ပါဝင်စား နာကြားလိုက်မယ်ဆိုရင် ကမ်းခြေတစ်ခုမှာ သွားရောက် အနားယူသည်ထက် ပိုပြီး လန်းဆန်းတတ်ကြွစေတယ် ဆိုတာလေးပါပဲ။ ဒါက လက်ရှိ အကျိုးကျေးဇူးကိုပြောတာပါ။ တရားနာတဲ့အတွက် ဓမ္မသာသနာ ဆိုတဲ့ တရားနာယူခြင်း ကုသိုလ်လဲ ရရှိပါတယ်။ ကျွန်တော်ရဲ့ ဗုဒ္ဓဘာသာ ဘလော်ကာ ကိုကိုမမတို့အားလုံးကို တိုက်တွန်းနိုးဆော်လိုက်ရပါတယ်ဗျာ။
သဗ္ဗေသတ္တာ ကမ္မသကာ


ဒီပို့စ်လေးကို Weekly Eleven News Journal ကနေ ပြန်လည်ကူးယူထားပါသည်။ စာရေးဆရာကတော့ လူထုဦးစိန်ဝင်းပါ။ လူမိုက်နဲ့ လူလိမ္မာ တဲ့။ ပို့စ်လေးက မှတ်သားစရာ ကောင်းလို့ ပြန်လည်မျှဝေခြင်းပါ။ ကျွန်တော်ကတော့ ကော်ပီမန်းတစ်ယောက်ပါ။ ကိုယ်တိုင်မဖေါက်နိုင်သော သာယာဖြောင့်ဖြူးတဲ့လမ်းလေးတွေ ပြချင်တဲ့ လမ်းပြသဘောပါ။

ဒီတစ်ပတ်တော့ “လူလိမ္မာနဲ့ လူမိုက်” အကြောင်းရေးပါမယ်။ မူရင်း အဓိပ္ပါယ်နဲ့ မတူတဲ့ သဘောနဲ့ ပြောလေ့ရှိကြတဲ့ လူလိမ္မာနဲ့ လူမိုက် အကြောင်းပါ။ လှည့်ပတ်ပြောသလိုလို၊ ထေ့ငေါ့ပြောသလိုလိုနဲ့ ပြောတတ်ကြတဲ့အကြောင်းပါ။

မိုက်လိုက်တဲ့မိန်းကလေး
မိန်းကလေးတစ်ယောက်ဟာ အင်္ဂလန်နိုင်ငံတက္ကသိုလ်ကြီးတစ်ခုက အိုင်တီပညာနဲ့ ပထမဘွဲ့ရခဲ့ပါတယ်။ ဆက်ပြီး မဟာဘွဲ့ယူခဲ့ပါတယ်။ နောက်တစ်ခါ စင်ကာပူနိုင်ငံ လီကွမ်ယုကျောင်းတော်ကြီးမှာ ပြည်သူ့ရေးရာမူဝါဒ(Master of Public Policy) ထပ်တက်ပြီး မဟာဘွဲ့ MPP ရခဲ့ပါတယ်။ သူကျေနပ်လောက်အောင် စာတွေသင်ပြီးတဲ့အခါမှာ မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ သူပြန်ရောက်ရောက်ချင်း သူ့သူငယ်ချင်းတွေက “မိုက်လိုက်တာ၊ ဘာဖြစ်လို့ ပြန်လာရတာလဲ။ အင်္ဂလန်မှာ ဆက်နေလိုက်တာမဟုတ်ဘူး” ဆိုပြီး ၀ိုင်းအပြစ်တင်ကြပါတယ်။ ဆွေးမျိုးသားချင်းတွေကလည်း အလားတူအပြစ်တင်ကြတာပါပဲ။ ဒါလောက် အိုင်တီသမားတွေ အတွက် အလုပ်ပေါတဲ့ နိုင်ငံတွေမှာ မလုပ်ဘဲ ဘာကြောင့်များ ပြန်လာရတာလဲလို့ ပြောကြတယ်။

သူလိုငါလိုလူပါပဲ
ဒီမိန်းကလေးဟာ မျိုးချစ်စိတ်တို့၊ နိုင်ငံချစ်စိတ်တို့ သူများတွေထက် ပိုရှိသူမဟုတ်ပါဘူး။ မြန်မာမိဘက မွေးတဲ့ မြန်မာမိန်းကလေး တစ်ယောက်မှာရှိတဲ့ သာမန်မြန်မာဆိုတဲ့ စိတ်လောက်ပါပဲ။ အင်္ဂလန်မှာ ပညာသင်ရင်းနဲ့ ဥရောပကိုလည်း သွားလည်ခဲ့တယ်။ အမေရိကန်ဆိုရင် လေးခေါက်တောင်ရောက်ခဲ့တယ်။

အဲဒီလို ရောက်သွားတော့ ဘယ်နိုင်ငံမှ ကိုယ်နိုင်ငံလောက် မကောင်းဘူးဆိုတာသူသိတယ်။ ဒါကြောင့် ပြန်လာခဲ့တာဖြစ်တယ်။ ဒါကိုပဲ လူတွေက မိုက်လိုက်တာလို့ ပြောကြတယ်။ ကမ္ဘာတစ်ခုလုံးမှာ ပညာတတ်တွေ နိုင်ငံခြားထွက်သွားတဲ့ “ဦးနှောက်ယိုစီးမှု” ပြဿနာအကြောင်း လူစုံတိုင်းပြောနေကြချိန်မှာ ကိုယ့်နိုင်ငံကိုယ်ပြန်လာတာကိုပဲ “လူမိုက်” လို့ ခေါ်သူတွေရှိနေတာ စိတ်မကောင်းစရာပဲ။

လူမိုက် အခေါ်ခံဖူးတယ်
အဲဒီမိန်းကလေးက ဘယ်သူတွေ လူမိုက်ခေါ်ခေါ် အလေးမထားပါဘူး။ သူ့ပိုင်းဖြတ်ချက်နဲ့ သူမြန်မာပြည်မှာပဲ နေပြီး လုပ်သင့်တဲ့ အလုပ်ကို လုပ်နေပါတယ်။ သူ့ကို လူမိုက်လို့ ပြောကြဆိုကြတာ ကြားရတော့ ကိုယ်တိုင်လူမိုက် အခေါ်ခံရတာကို ပြန်အမှတ်ရမိတယ်။ အချိန်တန်လို့ အိမ်ပြန်မရောက်တဲ့ တူဖြစ်သူကို ကရုဏာဒေါသောနဲ့ ဦးကြီးဖြစ်တဲ့ ဆရာကြီးရွှေဥဒေါင်းက ပြောခဲ့တာပါ။ “တော်တော်မိုက်တဲ့ကောင်၊ ဘာကြောင့်များ ဒီလောက်ခေါင်းမာနေရတာလဲ” လို့ကြိမ်းမောင်းခဲ့တာပါ။ တစ်သက်နဲ့ တစ်ကိုယ်တစ်ခါမှ သောက်သောက်စားစား လူရမ်းကား မလုပ်ဖူးပါဘူး။ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုပြီး “တစ်ယောက်ချမ်းသာ ကိုယ်ကျိုးရှာ” အလုပ်မျိုးလည်း ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။
ကိုယ့်ကြောင့် လူတစ်ဖက်သား မျက်ရည်ပေါက် ကြီးငယ်ကျမယ့် ကိစ္စမျိုးဆို အဝေးကြီးက ရှောင်ခဲ့တာပါ။

သိပ်လိမ္မာတဲ့သား
ဒါတောင် လူမိုက်အခေါ်ခံရသေးတော့ လူလိမ္မာလို့ အခေါ်ခံရသူတွေကို လှမ်းကြည့်လိုက်မိတယ်။ မိတ်ဆွေ အမျိုးသမီးတစ်ယောက် အလည်လာတဲ့အခါတိုင်း သူ့သားငယ်က သိပ်လိမ္မာ၊ သိပ်သိတတ်ပြီး သားကြီးကတော့ မလိမ္မာဘူး။ သူ့မိန်းမနဲ့ သူ့ကလေးတွေအတွက်ပဲ သိတတ်ပြီး မိဘအပေါ် မသိတတ်ဘူးလို့ ပြောလေ့ရှိပါတယ်။ သူနေတဲ့ ကွန်ဒိုခန်းက သားဝယ်ပေးတာ၊ ကားလည်း သားဝယ်ပေးတာ၊ လစဉ်အိမ်စရိတ်လည်း သားငယ်ပဲ ပေးတာ။ သားကြီးကဖြင့် ပေးဖို့နေနေသာသာ အမေ့ဆီကတောင် လာလာလက်ဖြန့်သေးတယ် လို့ပြောလေ့ရှိတယ်။ သူက မုဆိုးမ ပင်စင်စား ကထိကဟောင်းပါ။ “သားငယ်က သိပ်လိမ္မာတာ” ဆိုတဲ့ စကားသူ့ပါးစပ်ဖျားက မချတော့ပါဘူး။

မလိမ္မာတဲ့သား
သူ့သားက အရာရှိငယ်လေးတစ်ယောက်ပါ။ မိန်းမရယ် သားနှစ်ယောက်ရယ်နဲ့ ဦးဝိစာရလမ်းမှာ နေပြီး မိန်းမက ရွှေဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ သားကြီးကလည်း ဌာန တစ်ခုက အရာရှိငယ်တစ်ဦးဖြစ်ပြီး မိန်းမက အထက်တန်းပြ ဆရာမ လုပ်ပါတယ်။ ကလေး လေးယောက်နဲ့မို့ ချောင်ချောင်လည်လည် မရှိလှဘူးလို့ ဆိုပါတယ်။ လစဉ်လို အမေအိမ်လာလာနှိုက်နေတာပဲ လို့ပြောပြပါတယ်။ “သားကြီးက မလိမ္မာဘူး။ သားငယ်လို အရှာအဖွေ မတတ်တော့ ဆင်းရဲတာပေါ့” လို့ ကောက်ချက်ချတယ်။ “သားရော ချွေးမရောက မိုက်တယ်။ ရတဲ့လခလေးနဲ့ မလောက်လည်း ဒီတိုင်းနေကြတာ။ ဘာအပူအပင်မှ မရှိကြဘူး။ ဘာအကြံအစည်မှလည်း မလုပ်တတ်ကြဘူး။ တကယ်ကို အကြံတုံးဉာဏ်တုံးတွေ။ မြေးလေးတွေကို သနားတော့ ဒီအမေပဲ ကြည့်နေရတယ်။”

ခေါင်းမှာ ချာချာလည်
သူ့သားနှစ်ယောက်ရဲ့ ရာထူး အဆင့်အတန်းချင်းက အတူတူမို့ လခကွာလှမယ် မဟုတ်ပါဘူး။ သားကြီးက ဆင်းရဲပြီး သားငယ်က ဘာကြောင့် ချမ်းသာနေတာလဲ။ ရှာတတ်ဖွေတတ်သူက သားလိမ္မာဖြစ်ပြီး မရှာတတ်မဖွေတတ်သူက သားမိုက်ဖြစ်ရသလား။ ကတိကလုပ်ခဲ့တဲ့ အမေက သားငယ်ဘယ်လို ရှာဖွေပြီး သူ့ကိုထောက်နေတာလဲဆိုတာ စဉ်းစားမကြည့်ဘူးလား။ ဒီသား နှစ်ယောက်မှာ ဘယ်သူက လိမ္မာပြီး ဘယ်သူက မိုက်မဲတာလဲ။ အမေကို ကောင်းကောင်း လုပ်ကျွေးသမှုပြုနေတဲ့ သားငယ်ကို ချီးကျူးရမှာလား။ အမေဆီက လာလာနှိုက်နေတဲ့သားကြီးကို လူမိုက်ဆိုပြီး အပြစ်တင်ရမှာလား ။ ခေါင်းထဲမှာ ချာချာလည်အောင်စဉ်းစားနေမိပါတော့တယ်။

မိုးခါးရေ အတူသောက်ရမှာလား
လူမိုက်လို့ပြောသလို လူအများကလည်း မိုက်တယ်လို့ ပြောကြမှာ သေချာတယ်။ နိုင်ငံခြားမှာ ပညာသင်ပြီး မြန်မာပြည် ပြန်လာတဲ့ မိန်းကလေးကိုလည်း အများက မိုက်လိုက်တာ လို့ပြောကြတာပဲလေ။ “အများ မိုးခါးရေသောက်နေတာ ကိုယ်တစ်ယောက်တည်းမသောက်ရင် လူမိုက်ပဲပေါ့” ဆိုတဲ့ အသံတွေလည်း ညံနေအောင် ကြားခဲ့ဖူးတယ်။ လူတွေအများစုကြီးမှာ ဒီလိုအတွေးအခေါ်မျိုး၊ ဒီလိုစိတ်ဓါတ်မျိုးဝင်ရောက် အမြစ်တွယ်နေကြပြီးလား။ လူနည်းစုလောက်မှာပဲ ဒီလို ဖြစ်နေတာလား၊ စစ်တမ်းကောက်ယူကြည့်သင့်နေပြီးထင်မိတယ်။

ဒီလူမျိုးကို လူမိုက်ခေါ်ကြရင်လည်း မတုန်မလှုပ် အခေါ်ခံရဲကြစေချင်တယ်။ ဒါကြောင့်လူမိုက်တွေများများ လိုတယ်လို့ကြေငြာမောင်းခတ်ခေါ်လိုက်ချင်ပါတယ်။
ကျွန်တော်လဲ လူမိုက်များကို ကြိုဆိုချင်ပါသည်။

ကျွန်တော့်ရဲ့ ဘလော့ မိတ်ဆွေများကို သာဓုအနုမောဒနာ ခေါ်စေလိုချင်သော ဆန္ဒဖြင့်ပါ။ မည်သို့သော လူမျိုးပဲဖြစ်ပါစေ... ထိုသူပြုလုပ်သော ကောင်းမှုကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ယုံဖြင့် မိမိအတွက် ကောင်းကျိုးကိုသာ ရမည် ဟု သင်သိထားသင့်ပါသည်။

ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်မောင်မယ်များအနေဖြင့် ၁၇ကြိမ်မြောက်အဖြစ် ၂၉.၉.၂၀၀၉ ရက်နေ့တွင် သာယာကုန်း၊ ဘုန်းတော်ကြီးသင် မူလတန်းလွန်ပညာရေးကျောင်း၊ မြန်မာ့ရေနံရပ်ကွက်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်း အတွက် ကလေးငယ်များ ပညာသင်စရိတ်ထောက်ပံ့ရန်အတွက် ဆရာတော် ဦးတိက္ခဉာဏသို့ အလှူငွေ ငါးသိန်း (၅၀၀၀၀၀ိ/-)ကျပ်ကို ၂၇.၉.၂၀၀၉ ရက်နေ့ ညနေ(၄)နာရီတွင်လည်းကောင်း၊ ၊ ဘိုကလေးမြို့ရှိ Sunday School (တနင်္ဂနွေကျောင်း) တွဲဘက် ပညာဒါနသင်တန်းများအတွက် သင်ကြားမှုပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန် ဆရာတော်ဦးပဏ္ဍိတ (ပညာရေးတာဝန်ခံဆရာတော်)အား အလှူငွေ လေးသိန်း (၄၀၀၀၀၀ိ/-)ကျပ်ကို ၂၉.၉.၂၀၀၉ ရက်နေ့ ည(၇း၅၀)နာရီတွင်လည်းကောင်း၊ အမှတ်(၁၇)၊ အပိုင်း(၃)၊ မြင်းခြံမြို့အတွင်း ဆောက်လုပ်လျက်ရှိသော မိုးကောင်းဓမ္မာရုံ ဆောက်လုပ်ရန်အလှူငွေ ကိုးသိန်းသုံးသောင်း(၉၃၀၀၀၀ိ/)ကျပ်ကို ဒေါ်လှလှထူး (မှတ်ပုံတင်အမှတ်၉/မခန(နိုင်)၁၁၉၆၇၄)ထံသို့ ၂၈.၉.၂၀၀၉ရက်နေ့တွင် ရိုးမဘဏ်မှတဆင့် ဒေါ်ခင်မေလွင်မှ လွှဲပေးခဲ့၍လည်းကောင်း ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ အားကြိုးမာန်တက် လှူဒါန်းထောက်ပံ့ခဲ့ကြပါသည်။
မိမိတို့လှူဒါန်းမှုအစုစု မှတ်တမ်းဓါတ်ပုံများကို ဤနေရာတွင် ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်စေရန် အလို့ငှာ တင်ပြအပ်ပါသည်။

မိမိတို့လှူဒါန်းခဲ့သော အလှူသည် မစ္ဆရိယဆိုသော အဆိပ်အတောက်၊ ပမာဒဟုဆိုသော မေ့လျော့သောတရားကိုတို့ကို ပယ်ဖျောက်၍ ဒါနပန်းလက်လှန်း၍ ကမ်းနိုင်သမျှ ကမ်းခဲ့ကြသည်၊ စွမ်းနိုင်သမျှ ထမ်းရွက်နေကြသည်ဆိုသည်ကို ဤဆောင်းပါးဖြင့် အနည်းငယ်တင်ပြအပ်ပါသည်။
ထေရ၀ါဒလူငယ်မောင်မယ်များ= ဘယ်နေရာ, ဘယ်ဒေသ, ဘယ်နိုင်ငံ, ဘယ်လူမျိုးပဲဖြစ်ပါစေ မြတ်စွာဘုရား၏ အဆုံးအမ တရားများကို လိုက်နာသည့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်လျှင် ထိုအသင်းကြီးနဲ့ သက်ဆိုင်သည် ဟုယူဆမိပါသည်။

ဆားချက်သည့် wallpapers များ

Posted by thawzin Tuesday, October 20, 2009 3 comments



wallpapers တွေပါ။ ကျွန်တော်ကတော့ wallpapers လှလှလေးတွေ စုဆောင်းရတဲ့ ၀ါသနာပါတယ်။ ဒါလဲ ဆိုဒ်တစ်ခုက တွေ့လို့ ဒေါင်းယူထားတာပါ။ ကျွန်တော့်ရဲ့ ဘလော့ မိတ်ဆွေကို မျှဝေချင်လို့ပါ။ လိုချင်သူများ ရှိမလားလို့ပေါ့။ ပြီးတော့ wallpapers တွေဖန်တီးရတာလဲ သဘောကျတယ်။ ပြီးတော့ မိမိဖန်တီးထားတဲ့ wallpapers လေးတွေနဲ့ မိမိရဲ့ ကွန်ပျူတာကို အလှဆင်ရတာလဲ နှစ်သက်စရာပါ။ အပေါ်က ပြထားတာကတော့ သူများတွေ ဘယ်လို ပုံယူတယ်မသိဘူး။ ကျွန်တော်ကတော့ print screen နိုပ်ပြီး ယူထားတာပဲ။ လိုချင်သူများအတွက် အောက်မှာ upload လုပ်ပေးထားပါတယ်။ uploadလုပ်ရတာလဲ ကန့်သတ်ချက်တွေရှိတော့ လွယ်ပါဘူးဗျာ။ multiupload တစ်ခုပဲ ကံကောင်းလို့ ရတာ။ ကျန်တဲ့ upload.com တွေ တင်လို့ကို မရဘူး။ wallpapers လေးတွေနဲ့ပဲ ဆားချက်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါင်းလင့်။
cartoon girl.rar
Funny Animal Characters.rar
cartoon wall.rar

ပြုံးစေချင်ပါသည်

Posted by thawzin Sunday, October 18, 2009 7 comments




ခြားနားချက်

“အင်္ဂလိပ်စားသောက်ဆိုင်နဲ့ ရုရှားစားသောက်ဆိုင်ဘာကွာသလဲ။”
“အင်္ဂလိပ်စားသောက်ဆိုင်မှာ လူတွေ စားနေကြတာကို မြင်နေရတယ်။ သူတို့ပြောတာကို
ကြားရတယ်။ ရုရှားစားသောက်ဆိုင်မှာ လူတွေ စကားပြောတာကို မြင်နေရတယ်။ သူတို့
စားတာကို ကြားရတယ်”
ဆရာမပြနည်းမကျ

ဌာနမှူးက ယနေ့မှ အလုပ်ဝင်လာသော လူငယ်ကို ပြောသည်။
“ကိုင်း၊ အစ အနေနဲ့ ကြမ်းတိုက်ပါ”
လူငယ်က ဒေါသကို ထိန်းထားရဟန်ဖြင့် ပြန်ပြောသည်။
“ကျွန်တော်ဘွဲ့ရပါခင်ဗျာ”
“သြော် ဟုတ်လား။ ဒီလိုဆိုရင် ကြမ်းကို ဘယ်လိုတိုက်ရတယ်ဆိုတာ ငါပြမယ်။
သေသေချာချာ ကြည့်ထား”


မတွေ့မိလို့

“ဟေ့ သူငယ်ချင်း။ မင့်နဖူးမှာ 'ဘု'ကြီးနဲ့ပါလား။ ဘာဖြစ်လို့လဲ”
“ဟိုမှာကြည့်စမ်း နံရံမှာ ချိတ်ထားတဲ့ မီးအိမ်ကို တွေ့လား”
“တွေ့တယ်”
“အေး။ ငါ မတွေ့လိုက်ဘူး”


ဝမ်းမသာနိုင်ပေါင်
ယောက်ျားဖြစ်သူ အိမ်သို့ ပြန်လာသည်။ မျက်နှာမှာ အလွန်ညိုးငယ်နေသည်။
အဝတ်အစားချွတ်ပြီး မီးဖိုချောင်ဘက် သွားသည်။ အစာကို အရသာမရှိစွာ စားသည်။
စားနေရင်းလည်း အဓိပ္ပါယ်ကင်းမဲ့စွာ နံရံကို စူးစိုက်ကြည့်သည်။
ယောက်ျားဖြစ်သူ အိပ်ရာဝင်လာသည်အထိ မစောင့်တော့ဘဲ ဝမ်းသာစရာ သတင်းကို
ပြောပြရန် မိန်းမဖြစ်သူ ဆုံးဖြတ်လိုက်သည်။ သို့နှင့် မီးဖိုချောင်ထဲ ပေါ့ပါးစွာ
ပြေးထွက်လာပြီး ပြောသည်။
“မောင်။ ကျွန်မ ကိုယ်ဝန်ရှိနေပြီရှင့်”
ယောက်ျားက စိတ်မသက်မသာဖြင့် ပြန်ပြောသည်။
“သြော်၊ မင်းရောပဲကိုး”

ကျေးဇူးရှင်
အဖေဖြစ်သူ မီးဖိုချောင်တွင် ထိုင်ပြီး အရက်သောက်နေသည်။ သမီးဖြစ်သူ ဝင်လာပြီး
ပြောသည်။
“ဖေဖေ။ ပုလင်းလွတ်တွေ ယူသွားမယ်နော်။ ပုလင်းလွတ်တွေ ရောင်းပြီး ဆန်ဝယ်ချင်လို့”
“ယူသွား ... ယူသွား။ ဟင်း ... ငါသာ မရှိရင် မင်းတို့ ဘာနဲ့ စားကြမလဲ မသိဘူး”


လပေါ်မှာ
လကမ္ဘာမှ ပြန်ရောက်လာကြသော အမေရိကန် အာကာသ ယာဉ်မှူးတို့ကို
သတင်းထောက်များကို ဝိုင်းမေးကြသည်။
“အခုတစ်ခေါက် လပေါ်မှာ ဘာများ အသစ်အဆန်း တွေ့ရှိခဲသလဲ”
“သက်ရှိနှစ်ယေက်ကို တွေ့တယ်။ ကျုပ်တို့လို လူတွေပဲ။ တစ်ခုပဲရှိတယ်။ ခြေအိတ်မပါဘဲ
ဖိနပ်ကို စီးထားတယ်။ အတွင်းခံမပါပဲ ဘောင်းဘီရှည်ကို ဝတ်ထားတယ်။
ပါးသိုင်းမွေးတွေနဲ့။ ပြီးတော့ ကျွန်တော်တို့ဆီက စီးကရက် တောင်းသောက်တယ်။”
“သဘောပေါက်ပြီ။ လပေါ်ကို ရုရှားတွေလည်းရောက်သွားကြတာကိုး”
(အဲဒါကတော့ တကယ်ပဲဗျာ ဆေးလိပ် အင်မတန် တောင်းသောက်ကျတယ် ရုရှားတွေက။ ဆေးလိပ်မပါရင် ဆေးလိပ်ဖိုးက တောင်းသေးတယ်)

တစ်အိမ်လိုနေတယ်
မကြာမီကမှ လက်ထပ်လိုက်သော ဆရာဝန်ထံ ၎င်း၏မိတ်ဆွေများက ပိုကာကစားရန်
ဖိတ်ခေါ်သည်။
'အရေးပေါ် ဆင့်ခေါ်တဲ့ဖုန်းကွ ' ဟု ပြောပြီး ဆရာဝန် တယ်လီဖုန်းကို ချလိုက်သည်။
အဝတ်အစားကို အမြန်ကောက်ဝတ်သည်။
'အခြေအနေ သိပ်စိုးရိမ်စရာများလား မောင်' ဇနီးသည်က မေးသည်။
“ဟုတ်တယ်။ ဆရာဝန်လေးယောက်တောင် ရောက်နေကြပြီ”

“ ငါ့ထက်ကြီးသူ ငါ့ထက်လူ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ
ငါနဲ့ တန်းတူ ငါ့အသက်တူ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ
ငါ၏ရန်သူ ငါ့အောက်လူ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ
သတ္တ၀ါအားလုံး ရေမြေဆုံးဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ
ကြီးနိုင်ငယ်ညင်း အချင်းချင်း ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေ”
အဘိုးရဲ့ မေတ္တာပို့သံကြားမှာ မိုးယံ တစ်ယောက် ကမန်းကတမ်း အိပ်ယာထရသည်။ ညက အိပ်ယာဝင်ရာမှာ နောက်ကျသည်။ ညကရွာမှာ ပွဲဈေးတန်း ဈေးရောင်းရသည် အလုပ်က ပွဲရှိတုန်း လုပ်သည်မို့ အိပ်ရေး အပျက်ခံရသည်။ အခုလဲ အစောထရအုံးမည်။

မိုးယံရဲ့ အလုပ်က ရွာက ဈေးမှာ ကြက်သွန်အိတ်ကို သယ်ပေးရသော အလုပ်ဖြစ်သည်။ မနက်စောစော ဈေးဝယ်မလာခင် ဆိုင်ခင်းကျင်းကြသည့် အသက်အရွယ်ကြီးသူတို့ ထိုကြက်သွန်ဈေးသည်တွေ သယ်ဆောင်ဖို့က မလွယ်ပေ။ ဒါကြောင့် မိုးယံတစ်ယောက် စီးပွားပေါက်နေရသည်အဖြစ်။

ကျောင်းက ဆရာမရဲ့ အိမ်စာကလဲ အလုပ်လုပ်ရင်း စဉ်းစားရသည်။ သင်္ချာ ဖြစ်လို့ သူ့အနေနဲ့က ကိစ္စမကြီး ဆရာမ ရှင်းပြအချိန်မှာ နားလည်အောင် နားထောင်တဲ့ အရည်အချင်း မိုးယံမှာ အပြည့်အ၀ရှိသည်။ ဒါပေမယ့် စာအုပ်ပေါ်ကိုတော့ ချမရေး ချမတွက်နိုင်။ တွက်ဖို့ အချိန်လဲ မရှိ။ စာအုပ်လဲ အပိုမရှိဖြစ်နေရသည်။ မိုးယံက အိမ်စာ မလုပ်။ သူမှာ စာအုပ်က ၅ အုပ်ပဲရှိသည်။ တစ်နှစ် စာလို့ ပြောရင်မှန်လိမ့်မည်။

“ အိမ်စာတွေ ထပ်ကြမယ် တပည့်တို့”
ဆရာမရဲ့ အသံနဲ့ အတူ ဆရာမ အတန်းတွင်းသို့ ၀င်လာသည်။ မိုးယံတစ်ယောက် ထပြီး မနှုတ်ဆက်မိလိုက်ပေ။ အိမ်စာ ကို ကမန်းကတမ်း ချရေးသည်အဖြစ်။ နောက်ဆုံး ဖြစ်လို့ ဆရာမလဲ သတိမထားမိဖြစ်သွားသည်။

“ အတန်းထဲမှာ အားလုံး စာအုပ်ထက်တယ်၊ မိုးယံ မင်းဘာလို့ စာအုပ်မထပ်တာလဲ”
“စာအုပ် အသစ်မပါလာလို့ပါခင်ဗျ”
“ငါနားလည်ပြီး, ရှေ့ထွက်လာ ကျောက်သင်ပုန်းမှာ ထတွက်”
...........................................................................................
“မိုးယံရယ် ကျေးဇူးတင်လိုက်တာ၊ နင် ကူတွက်ပေးလို့သာပေါ့၊ မဟုတ်ရင် ငါတော့ ဆရာမ အပြစ်ပေးခံထိပြီးဟ၊ ဒါတောင် နင့်လက်ရေးနဲ့ တူတယ်ဆိုပြီး ဆရာမက ကျစ်နေသေးတာ၊ မနေ့ညက ငါလဲ ပွဲထဲမှာလည်တာနဲ့ အိမ်စာလုပ်ဖို့မေ့နေတာ။ ပြော.... နင် ဘာစားချင်လဲ ငါမုန့်ဝယ်ကျွေးမယ်”
“ မုန့်လဲ မစားချင်ဘူး၊ ကျေးဇူးတင်စရာလဲ မလိုပါဘူးဟာ၊ သူငယ်ချင်း အချင်းချင်း ကူညီရမှာပေါ့ဟာ”
“ မရဘူးဟာ၊ နင်က ငါ့ကို သူငယ်ချင်း အဆင့်ပဲလားဟ၊ ငါ့မှာဖြင့် ခင်လိုက်ရတာ၊ အိမ်က တားနေတဲ့ကြားက အားကိုးတကြီး ခင်နေရတာကို နင်အသိအမှတ်မပြုဘူး၊ ငါအရမ်း ၀မ်းနည်းတယ်”
“ အမလေး၊ မငိုလိုက်ပါနဲ့ ကြီးတော်ရယ်........၊ စိတ်ကြီးပဲဟာ.... ကဲ့... ငါ့အတွက် ဗလာစာအုပ် အသစ် တအုပ်ဝယ်ပေးနော်.... မုန့်ဆိုတာ စားလိုက်ရင် ကုန်သွားရော၊ စာအုပ်က စာရေးတိုင်း သတိတရဖြစ်တာပေါ့... အိုကေလား?”
“ အင်း...”
.....................................


ဒီနေ့ ကိုးတန်းမှ ငါးတန်းထိ အောင်စာရင်း ထွက်လာသည်။ အားလုံးပဲ အောင်မြင်ကြလို့ မိဘတိုင်း စိတ်အေးနေရသည်။ ပထမ ရသူ၊ ဒုတိယ ရသူတွေကတော့ အပျော်မဆုံးဖြစ်ကြပြီးပေါ့။ လာမယ့် ကျောင်းသာစုံညီပွဲတော်ကြရင် မိဘတွေ မျက်နှာပန်း ပွင့်ကြသလို့၊ သားသမီးများလဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပေါ့။ မိုးယံဒါတွေ စိတ်ဝင်စားဖို့ အချိန်မရ။ ဈေးထဲသွား အိပ်ထမ်းရအုံးမည်။ ပြီးရင် တောထဲသွား ပေါင်းသင်ရအုံးမည်။ လာမယ့် ၁၀တန်းကြီးအတွက် ကျောင်းတတ်ဖို့ ပြင်ဆင်ရအုံးမည်။

အဘိုးနဲ့ မြေးကလေး မိုးယံတို့ စားဝတ်နေရေးက အဖေရဲ့ မြင်းလှည်းဖို့နဲ့ မဖူလုံနိုင်ဖြစ်ရသည်မို့ မိုးယံလဲ ကျောင်းစာကို အရေးမစိုက်အားပါ။ အခုတလော အဘိုးက မကြာခဏ ကျန်းမာရေးက မကောင်းဖြစ်နေသည်။ ကျောင်းတတ်ဖို့ စရိတ်ကို မိမိဘာသာ ကြိုတင်စုဆောင်းမိလို့.... ကျောင်းတတ်ရဖို့က မပူရတော့။ အဖေလဲ အဘိုးရောဂါနဲ့မို့ ငွေကလဲ သူ့ဘက်မှာ မရှိတာသေချာနေသည်။ အရင်တုန်းကထက် အလုပ်ကို ပိုလုပ်ရအုံးမည်။

“ဟူး......”
မိုးယံတစ်ယောက်တော့ သက်ပြင်းချနေမိသည်။ လက်ထဲမှာက ငွေက ၁၅၀၀ သာကျန်တော့သည်။ ဗလစာအုပ်ဖိုး အတွက်တော့ ပြဿနာ၊ စာရေးကိရိယာတွေလဲ အခုမှ ဈေးပိုကြီးနေသလား အောင့်မေ့ရသည်။ မိမိကိုယ်တိုင် ကျောင်းအပ်ပြီးလို့ အပူတလုံးကျသွားသည်။ ကျောင်းဘေးနားက စာရေးကိရိယာရောင်းတဲ့ ဆိုင်အသစ်လေးတွေ့တော့ မိုးယံဝင်ကြည့်မိသည်။ စာအုပ်တွေကလဲ အညံစားတောင် တစ်ဒါဇင် ၁၃၀၀ ဖြစ်နေပြီး၊ တခြားဟာ ၀ယ်ဖို့က ကျန်သေး။ မိုးယံတစ်ယောက် စာအုပ်တွေကြည့်လိုက် လက်ထဲက ပိုက်ဆံကြည့်လိုက်နဲ့ ငွေမလောက်မှာ စိတ်ပူမိသည်။

“ဘာလိုချင်လို့လဲ”
ဒီအသံကြားဖူးသလိုပဲ၊ သြော်... ဒါ ယွန်းသဇင်ရဲ့ အသံပဲ။ စိတ်ထဲမှာ ထင်တာနဲ့ အမှန်တိုင်းပင်။ မိမိစားဝတ်နေရေးနဲ့မို့ သူ့ကိုတောင် သတိမရချင်ဖြစ်နေရသည်။ တကယ်တော့ ယွန်းသဇင်က မိန်းမချောလေးတစ်ယောက်ပါ။ စိတ်ထားဖြူစင်တယ်။ ဟောဟော ဒိုင်းဒိုင်းနဲ့ မှန်တယ်ထင်ရင် ဇွတ်တရွတ်လုပ်ချင်တဲ့သူ။ မိဘကလဲ ရွာမှာက မျက်နှာကြီးမျိုးတွေလေ။ ဒါကြောင့် မိုးယံနဲ့ မပတ်သက်ဖို့ အိမ်က ကြီးမားတဲ့ တားမြစ်ချက်ကြီးကို အဖေအား လူတွေ့ သတိပေးထားပြီးသားဖြစ်နေသည်။ ယွန်းသဇင် မိုးယံနဲ့ တွေ့ရင် ကလေးအရမ်းဆန်သည်။ ယွန်းသဇင်နဲ့ သူငယ်ချင်းဖြစ်နေကြတဲ့ ယောက်ျားလေးတွေ အများကြီးပင်။ ဒါပေမယ့် ယွန်းသဇင်ရဲ့ အရေးပေးမူကိုတော့ မိုးယံ အပြည့်အ၀ရထားသည်။

“ ဟယ်.... မိုးယံ၊ နင်နော် နေနိုင်လိုက်တာဟာ တနွေလုံး ဘယ်ပျောက်နေတာလဲ၊”
“သြော်... ယွန်းသဇင်၊ ဒါက နင်တို့ဆိုင်လားဟ၊ ဆိုင်က အသစ်ကြီးနော်”
“အမလေး... ဆိုင်ဖွင့်ထားတာ ၂လလောက်ရှိတော့မယ်၊ ဒါပေမယ့် အခုမှ ဆိုင်က ရောင်းအားတတ်မှာဟ၊ အခုမှကျောင်းဖွင့်လို့၊ နင်ဘယ်တွေပျောက်နေတာလဲ... ရွာထဲမှာ နင်နဲ့တွေ့မလာလို့ ငါတောင် ရှာမိသေးတယ်။ နင်ရွာမှာကို မရှိဘူး၊ ဟုတ်တယ်မလား”
“အေးဟ.... ငါဟိုဘက်ရွာက ကြီးကြီးအိမ်မှာ ယာခင်သွားကူလုပ်နေတာ၊ မုန့်ဖိုးပေးမယ်ဆိုတော့လဲ ငါသွားလုပ်ရတာပေါ့ဟာ။ တနွေလုံး အဲဒီမှာပဲဟ၊ အဲဒီမှာ အဲလို လုပ်နေလို့ ငါလဲ ကျောင်းအပ်နိုင်တာဟ၊ မဟုတ်ရင် အိမ်က အဘိုးကျန်းမာရေးနဲ့တော့ ကျောင်းတတ်ရဖို့ မသေချာဘူးလေ”
“ ကျောင်းတော့ မတတ်ပဲ၊ မနေပါနဲ့ဟာ၊ ငါ့မှာ နင်ကို အားကိုးနေရတာ၊ ၁၀ တန်းဆို စာတွေပို ခက်လာပြီး၊ နင့်ကို ပိုပြီး ဒုက္ခပေးဖို့ များမယ်ထင်တယ်နော်”
“နင်ကလဲဟာ ကျူရှင်တွေ ယူပေါ့ဟ၊ ဒါမှမဟုတ် ဆရာတွေ အိမ်ခေါ်ပြခိုင်းပေါ့။ ၁၀တန်းကတော့ အရေးကြီးတယ်နော်၊ သြော်.... ငါ့ကို ဗလာစာအုပ် ၆အုပ်ရယ် ဘောပင်၂ချောင်းနဲ့ ခဲတံ ၁ချောင်းပေးနော်၊ ဘယ်လောက်ကျလဲ ပြောအုံး”
“ ရော့ အားလုံး ၁၅၀၀”
“ဟာ... ယွန်းသဇင်၊ ငါ တဒါဇင်လုံး မယူနိုင်ဘူး၊ ပြီးတော့ အဲဒီစာအုပ်တွေ မဟုတ်ဘူးဟ၊ ဒီဘက်က အစိမ်းလေးတွေလေ”
“ ငါ... သိပါတယ်။ နင်ကလဲ ငါပေးတာလေ၊ ယူနော်.... မယူရင် နင့်ကို မခေါ်တော့ဘူး။ ငါ့စိတ်ကို နင်သိတယ်နော် မိုးယံ”
“ဟာ... နင်ကလဲ အဲဒါ ငါမှ မ၀ယ်နိုင်တာဟ၊ ပြီးတော့ ၁၅၀၀ကျပ် မကဘူးထင်တယ်”
“ မကလဲ ယူဟာ၊ ငါက ၁၅၀၀ကျပ်နဲ့ ပေးတာ၊ နင့်ကို အချစ်ဆုံး သူငယ်ချင်းမို့ အလကားပေးလိုက်မယ် ယူသွား၊ ဟိုမှာ ငါ့အမေ ပြန်လာကပြီး၊ အမြန်ယူပြီး သွားတော့”
“အေး....ဟာ... ငါပြန်ပေးမယ် အဲဒီတန်ဖိုးနဲ့ အညီ၊ ငါသွားတော့မယ် ကျောင်းဖွင့်မှ ဆုံတာပေါ့ တာ.. တာ”
....................................................................


မနက်က မနက်စာ မစားခဲ့ရ၍ မိုးယံ ဗိုက်အရမ်းဆာနေသည်။ အပြေးကလေး လျောက်ရသည် အိမ်ကို။ ဗိုက်ဆာတဲ့နေ့မှာ အိမ်နဲ့ ကျောင်းက ပိုဝေးနေသလိုပင်။ နောက် စက်ဘီး ဒုန်းစိုင်းစီးလာတဲ့ အသံကြားလို့ ဘေးဆင်းပြီး ဆက်လျောက်မိသည်။
“ယွန်း..... ဒီစာလေး ယူပါဟာ... ငါနင့်ကို တကယ် မြတ်မြတ်နိုးနိုး ချစ်မိတာပါဟာ၊ ယူသွားပေးပါဟာ နော်”
တစ်ယောက် အတင်းပေး၊ တစ်ယောက် မယူနဲ့၊ စက်ဘီး အမြန်နင်းနေရသည့် ယွန်းသဇင်က မိုးယံကို မြင်အောင် ကြည့်မိသွားသေးသည်။ မိုးယံလဲ ရပ်ပြီး ကြည့်နေမိသည်။ ဗိုက်ဆာတာတွေ ပျောက်သွားသလိုပင်။ စိတ်ထဲမှာ တန်းဖိုးကြီးကြီး အရာတခု ပျောက်ဆုံးသွားသလိုလို၊ ရင်စို့ကို ဓါး တလက် အဆုံးထည့်သွင်းလိုက်သလိုလို နာကျင်စွာ ခံစားနေမိသည်။ ပါးစပ်အဟောင်းသားနဲ့ သူတို့ နှစ်ယောက် စက်ဘီး အမြန်နင်းပြေးနေတာကိုလဲ မမြင်မိတော့သလို။
................................................


“မိုးယံ.... ”
မျက်ရည် စက်လက်နဲ့ မိုးယံကို ကြည့်နေတဲ့ ယွန်းသဇင်ကို မြင်နေမိသည်။
“ အေး... သူငယ်ချင်း ယွန်းသဇင်၊ ဘာအကူအညီပေးရမလဲ၊ ပြောသူငယ်ချင်း”
စိတ်ထဲမှာ မပါပါပေမယ့် ဟန်ဆောင် အပြုံးနဲ့ မျိုသိပ်ရင် ပြန်မေးလိုက်မိသည်။ နင်မျက်ရည် ၀ိုင်းနေတာ မြင်တော့ ငါတကယ် ခံစားရတယ် သဇင်ရယ်...။ ငါက နင့်ကို အမြဲတမ်း ပျော်နေပြီး ကလေးဆန်ဆန်လေးပဲ မြင်နေချင်တာ။ နင့်ကို ငါမရိုးမသား စိတ်တွေဖြစ်နေပြီးထင်တယ်။

“မိုးယံ.... ငါ့ကို စိုးသူအောင်က ရည်းစား စကား လိုက်ပြောနေတယ်၊ ငါဘာလုပ်ရမှာလဲ၊ ငါသူကို စိတ်ထဲမှာကို မရှိတာ။ ငါဘာလုပ်သင့်လဲ မိုးယံ... ပြောစမ်းပါဟာ။ ငါငိုချင်တယ်ဟာ”
“နင်ကလဲဟာ သူက စိတ်ကစားပြီး ပြောတာနေမှာပါ၊ စိတ်ထဲမထားပါနဲ့၊ တကယ်ဆို ဒီအရွယ်က ရည်းစား မထားသင့်ဘူးလို့ ပြန်ပြောလိုက်ပေါ့ဟာ”
“မဟုတ်ဘူး မိုးယံ၊ သူအိမ်နဲ့ ငါ့အိမ်က တအားရင်းနှီးတာဟ၊ လူကြီးချင်းကလဲ နောက်ပြောင်သလိုနဲ့ အရွယ်ရောက်လာရင် လက်ဆက်ပေးဖို့ ပြောနေကြတယ်။”
မိုးယံ ဘာပြန်ပြောရမည်နည်း။ စိတ်ထဲ အရှိတိုင်း နင့်ကို ငါပြောချင်လိုက်တာဟာ.... ၊ ဒါပေမယ့် ငါ့ဘ၀ ငါ့အခြေအနေနဲ့က ဒီစကားကို ပြောဖို့ အခွင့်အရေးမရှိဘူး သဇင်ရယ်။ ငါ နင့်ကို အရမ်းချစ်တယ် သဇင်ရယ် စိတ်ထဲမှာ ကိုယ့်ဘာသာပြောနေမိသည်။

မှတ်သားစရာမရှိတဲ့ ၀တ္ထုတွေ ရေးမိနေတယ်ဗျာ။ ဆက်ရေးဖို့ အားပေးနော်။ ကျေးဇူးတင်ထားမယ်။ အားလုံးကို။

သီချင်း (၂)ပုဒ်

Posted by thawzin Sunday, October 11, 2009 5 comments

သူလေးကို ဘယ်သူဖန်တီးလဲ မသိဘူး။ ကျန်တဲ့တစ်ပုဒ်ကတော့ ကျွန်တော့် သူငယ်ချင်း ဖန်တီးထားတာပါ နှစ်ပုဒ်လုံး သီချင်းကောင်းလေတွေပါဗျာ



T စီးရီး

Posted by thawzin Saturday, October 10, 2009 5 comments


မိမိရဲ့ နာမည် စီးရီးလိုက် အချက် ၂၀ လိုက်ရေးနေကြပါတာ။ ကျွန်တော့်ကို ဘယ်သူမှ တခါမှ မတက်ဂ်ဖူးပါဘူး။ တက်ဂ်တယ်ဆိုတာကလဲ တကယ်တော့ ဘလောချင်းချင်း ခင်မင်ရိုင်းပင်းမှု ဆိုတာ နားလည်ပါတယ်။ ကျွန်တော်လဲ ဘယ်သူကိုမှ မတက်ဂ်ဖူးတော့ ကျွန်တော့်ကို တက်ဂ်မယ့်သူက မရှိဘူးလေ။ အခု သူငယ်ချင်း ခရေညို တက်ဂ်တဲ့ နာမည်စီးရီး ဆိုင်ရာ စီးရီးလိုက် ဖြေကြားပေးရမယ် ဆိုတော့ ... အင်္ဂလိပ်စာနဲ့ လွတ်နေတာ ကြာပြီးလေ။ ဟိုလှန်ဒီလှောနဲ့ ရှာရပါတယ်။ တက်ဂ်ထားတာနဲ့ စည်းမညီရင်လဲ ခွင့်လွတ်ဖို့ တောင်းပန်ပါတယ်။
တက်ဂ်သူရှိတုန်းလေး ကြိုးစား ရေးလိုက်ပါတယ်....။ ဒီဘလော့လေးကို လာရောက် အားပေးကြတဲ့ ကိုကို မမ ညီ ညီမ အားလုံးကို လေးစားခင်မင်လျှက်ပါ။ ကျေးဇူးတင်ပါတယ်။


1. What is your name : thawzin
2. A Four Letter Word : thaw(အရည်ပျော်အောင်လုပ်သည်တဲ့, ကျွန်တော်ရဲ့မာနတွေ, အမုန်းတရားတွေ, မရှိသင့်တဲ့မာကြောခက်ထန်မှုတွေ အရည်ပျော်စေချင်တာပါ)
3. A Boy’s Name : thant(လေးစား ဂုဏ်ယူအားကျမိသော ဦးသန့်ရဲ့နာမည်)
4. A Girl’s Name : thazin(နာမည်နဲ့ အနီးဆုံးစီးရီးဖြစ်နေလို့)
5. An Occupation : teacher(အခုတော့ စစ်သားဖြစ်နေပါသည်, အမေက ဆရာဖြစ်စေချင်သည်)
6. Something you’ll Wear :TRI( ဈေးကြီးလို့)
7. A Color : tawny color (ညိုဝါရောင်ပြေးသော အရောင် တဲ့ မနည်းရှားထားရတာ)
8. A food : Traditional food(အမေ့လက်ရာ)
9. Something found in the bathroom : TOP (ဆပ်ပြာမှုန့်)
10. A place : Taunggyi(တောင်ကြီးမြို့ကို အကြိုက်ဆုံးပါ)
11. A reason for being late: template changing in my blog
12. Something you’d shout : talking stop
13. A Movie Title : Troy
14. Something you drink : tea
15. A Musical Group : The Roots (နယူးရောက်မှာရှိတယ်တဲ့ အင်တာနက်ထဲက မနည်း ရှာထားတာ T စီးရီးကို)
16. An Animal : tetchy testy cat(ကြောင်လေးတွေ ဒေါသထွက်နေတာ ချစ်စရာကောင်းပါတယ်)
17. A Street Name : tawthuma(I gave this name, middle street in my village)
18. A Type Of Car : TOYOTA
19. The title of a song : Tell me why
20. A verb : tomato



နိန္ဒာပသံသာ ဟု ကဲ့ရဲ့ခြင်းနှင့် ချီးမွမ်းခြင်း လောကဓံနှစ်မျိုးတွင် လူတိုင်းက ကဲ့ရဲ့မခံချင်ကြ၊ ချီးမွမ်းတာကိုသာ ခံချင်ကြသည်။ ချီးမွမ်းခံလိုခြင်းသည် အကောင်းမြင်ခံလိုခြင်း ဖြစ်သည်။ အကောင်းမြင်ခံလိုလျှင်ဖြင့် အမြင်ကောင်းဖို့ လိုပေလိမ့်မည်။ အမြင်ကောင်းအောင် လုပ်ပြဖို့လိုပေလိမ့်မည်။ အမြင်ကောင်းအောင် လုပ်ပြနိုင်မှ အကောင်းမြင်နိုင်ကြပေလိမ့်မည်။ အကောင်းမြင်တာ မမြင်တာက မြင်သူအပိုင်း၊ အမြင်ကောင်းအောင် လုပ်နေဖို့က ကိုယ့်အပိုင်းဖြစ်သည်။ ဒါကြောင့် အမြင်ကောင်းဖို့က ပထမ၊ အကောင်းမြင်ဖို့က ဒုတိယ ဖြစ်သည်။

လူတို့ကြားတွင် အကောင်းမြင်သမား၊ အဆိုးမြင်သမား၊ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ ဟူ၍ ရှိသည်။ အကောင်းမြင်သမား တွေလည်း တွေ့ကြုံဖူးသည်။ အဆိုးမြင်သမားတွေလည်း တွေ့ဖူးပါသည်။ ပါဠိတော်မှာတော့ အဆိုးမြင်သမားကို အပေါက်အကြားရှာလေ့ရှိသူ ဟုဆိုပါသည်။ ပုဂ္ဂိုလ်ကြီး တစ်ဦးတွေ့ဖူးသည်။ ရှေ့မီနောက်မီ၊ စာလေးပေလေး အတော်အသင့် တီးမိခေါက်မိရှိသည်။ စာပေလောကတွင် ထင်ရှားသော (ကွယ်လွန်/လက်ကျန်) ဆရာကြီးအများစု သူ့အမြင်အရဆိုလျှင် ကောင်းတာတစ်ယောက်မျှ မရှိတော့။ “ ကောင်းကွက်ကိုရှာမေတ္တာ” ဆိုသည့်သဘောကို ထိုပုဂ္ဂိုလ်ကြီးအား ပြောပြရသည်။

“သူတပါးအပြစ်ကိုသာ ရှုလေ့ရှိသော၊ အမြဲကဲ့ရဲ့လေ့ရှိသော သူအား အကုသိုလ်တရားတွေသာ တိုးပွားကြသည်။ အကုသိုလ်အာသဝေါ တရားတွေ ကုန်ဖို့ဆိုတာက ဝေးပါသေး၏ ”ဟု ဘုရားမိန့်တော်မူသည်။ ရှေးတုန်းက သူတော်စင် ရသေ့နှင့် ပြည့်တန်ဆာမတို့သည် မနီးမဝေး၌ နေကြ၏။ သူတော်စင်လုပ်သူ ရသေ့က ပြည်တန်ဆာမကို ယောက်ျားတစ်ယောက် ၀င်တိုင်း ကျောက်ခဲတစ်လုံးချချပြီး မှတ်ထားလေရာ မကြာခင်မှာပဲ ကျောက်ခဲပုံကြီး ဖြစ်သွားသတဲ့၊ ထိုအခါရသေ့က ပြည်တန်ဆာမခေါ်ပြီး “သင့်မကောင်းမှုတွေဟာ ဒီကျောက်ခဲပုံကြီးလောက် များပြားလေပြီး” ဟု ပြောသတဲ့။

ရသေ့နှင့် ပြည့်တန်ဆာမတို့ ကွယ်လွန်ကြပြီးနောက် ပြည့်တန်ဆာမက နတ်ပြည်ရောက်ကာ ရသေ့က ငရဲကို ရောက်သွားသတဲ့။ ဤကား အဆိုးမြင်သမား၊ အဆိုးမြင်ဝါဒ၏ ဆိုးရွားလှပုံကို ပုံပမာပြုခြင်း ဖြစ်၏။

ပေါ်လီယာနာကို သူ့ဖခင်က မှာခဲ့သော မှာတမ်းလေး တစ်ခုရှိ၏။ “၀မ်းသာစရာအကြောင်းကို ရှာတတ်လျှင် ၀မ်းသာစရာ အကျိုးဖြစ်ပေါ်သည်” ဟူ၍ ဖြစ်၏။ ပေါ်လီယာနာသည် သူ့ဖခင်မှာတမ်းကို တစ်သက်လုံး လိုက်နာကျင့်သုံး၏။ သူ့ဘ၀တစ် လျှောက်လုံး ၀မ်းနည်းစရာတွေ့တိုင်း ၀မ်းသာစရာ ကိုရှာကြံတွေးပြီး ပျော်ပျော် နေလေ့ရှိ၏။ စိတ်ညစ်စရာတွေ့တိုင်း စိတ်ချမ်းသာစရာကို ရှာကြံတွေးပြီးပျော်ပျော်နေလေ့ရှိ၏။

သူ့အတွက်မှမဟုတ်၊ သူများအတွက်လည်း ထိုသို့ပင်နှစ်သိမ့်အား ပေးလေ့ရှိ၏။ တခါက ခြံထဲမှာ မြက်ရှင်းနေသော ခါးကုန်းကုန်း အဖိုးအိုကို “ အဘရယ်... အဘခါးကိုင်းနေတော့ ပေါက်တူးပေါက်ရတာ ခါးကုန်ရ တစ်ဝက် သက်သာသွားတော့ ၀မ်းသာစရာ မဟုတ်လား... အဘရယ်” ဟု ဆိုလေ၏။

တဖန် အိပ်ရာပေါ်မှာ တစ်သက်လုံး နေသွားရတော့မည့် လူမမာ တစ်ယောက်ကိုလည်း “ဒေါ်ဒေါ်ရယ်... သူများတကာ ဒေါ်ဒေါ်လို ဖြစ်မနေတာက ၀မ်းသာစရာပဲပေါ့၊ သူတို့ဘ၀ကို တွေးပြီး သူ့တို့အတွက် ၀မ်းသာပေးလိုက်ပါ” ဟုပြောဆိုနှစ်သိမ့်လေ၏။ အကောင်းဘက် ကလှည့်၍ တွေးရာ မြင်ရာ ကြည့်ရာ မှာတော့ ပေါ်လီယာနာသည် ရှာမှရှားဟု ဆိုရမည်။

တခါက ဆရာတော် တစ်ပါးသည် သူ့ဆွမ်းခံအိမ်က အဖိုးတန် နွားကြီးတစ်ကောင် သေသွားကြောင်း လျှောက်ထားသောအခါ သာဓု သာဓု ပတ္ထနာ ပြုသတဲ့၊ နောက်သားလေး အမြင့်က ပြုတ်ကျပေါင်ကျိုးတော့လည်း သာဓု ခေါ်သတဲ့၊ အဲသလို သာဓုခေါ်တာကို ဒကာက မကျေနပ်လို့ ဆွမ်းခံလမ်းတစ်နေရာကနေ ရိုက်ဖို့ချောင်းနေရာ ဆရာတော်က သူ့ သပိတ်ကြီး ကျကွဲတော့လည်း သာဓုခေါ်သတဲ့။

ထိုအခါ ဒကာကြီးက နားမလည်နိုင်လို့ အကြောင်းစုံကို မေးလျောက်သည့်အခါ “အေး.. အဲဒီတုန်းက နွားမသေရင် လူသေမှာကွ၊ လူသေတာနဲ့ စာရင် နွားသေတာက တော်သေးတာပေါ့၊ ဒါကြောင့် သာဓုခေါ်တာ၊ ဒကာ့သားငယ် ခြေကျိုးတုန်းကလည်း ကလေးမကျိုးရင် လူကြီးကျိုးမှာ၊ ဒါကြောင့် သာဓုခေါ်တာ။ အခုလည်း သပိတ်မကွဲရင် ငါ့ခေါင်းကွဲမှာကွ၊ ဒါကြောင့် သာဓု ခေါ်တာ ” လို့ ရှင်းပြသတဲ့။ အရာရာတိုင်း၌ အဆိုးထဲမှာ အကောင်းရှိတတ်သလို ထိုအဆိုး၏ အခြား တစ်ဖက်၌လည်း အကောင်းရှိနေ တတ်ပါသည်။ ထိုအကောင်းကို ထွင်းဖေါက်မြင်တတ်လျှင် အကောင်းမြင်ဖြစ်သည်။

ဘုရားရှင်လက်ထက်က အရှင်ပုဏ္ဏသည် သုနာပရန္တတိုင်းကို သွားဖို့လျှောက်တော့ ဘုရားက သုနာပရန္တာတိုင်း သားတွေက ရိုင်းစိုင်းမိုက်မဲကြကြောင်း သင့်ကိုဆဲရေးလျှင် ဘယ်လို လုပ်မလဲဟု မိန့်သောအခါ ကိုယ်ထိလက်ရောက် မစော်ကားလျှင်တော်ပါပြီးဘုရား ဟု လျောက်ထားသည်။ ကိုယ်ထိလက်ရောက် စော်ကားလျှင် ဘယ်လိုလုပ်မလဲ ဟုမေးတော့ ခဲနှင့် မပေါက်လျှင် တော်ပါပြီးဘုရား ဟုလျှောက်သည်၊ ခဲနှင့် ပေါက်လျှင်ကော မေးတော့ တုတ်နှင့်မရိုက်လျှင်တော်ပါပြီးဘုရား၊ တုတ်နှင့်ရိုက်လျှင်ရော မေးတော့ ဓါးနဲ့ မခုတ်လျှင်တော်ပါပြီဘုရား ဟုလျှောက်သည်။ ဓါးနှင့်ခုတ်လျှင်ကော၊ အသက်မသေရင် တော်ပါပြီး။ အသေသတ်လျှင်ကော ဆိုတော့ တချို့သူတွေမှာ ဘ၀ကို ငြီးငွေ့ပြီး မိမိကိုယ်ကို အဆုံးစီရင်ကြပါသည်။ အခုကိုယ်တိုင်စီရင်ဖို့ မလိုဘဲ သူတို့အဆုံး စီရင်ပေးတာကိုပဲ ကျေးဇူးတင်နေပါမည်ဘုရား ဟုလျှောက်ထားလေသည်။

အရှင်ပုဏ္ဏ၏ အကောင်းမြင်သဘောတရားကို ဘုရားက သာဓု သုံးကြီး ခေါ်တော်မူ၏။ အကောင်းမြင်ဝါဒ ဟူသည် သဘောထားကြီးနိုင်မှ ဖြစ်မည်။ အကောင်းမြင်လေ့ရှိသူတိုင်း စိတ်ထားသဘောထားကြီးကြသည်။
အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရသည် တူသယောင်ယောင် ရှိသော်လည်း လုံးဝချွတ်စွပ်တူသည်တော့ မဟုတ်၊ အကောင်းမြင်ဝါဒမှာ အားနည်းချက်တွေ ရှိသလို၊ အမှားတွေလည်း ရှိနိုင်သည်။ ယောနိသော မနသိကာရ မှာတော့ အားနည်းချက်လည်း မရှိ၊ အမှားလည်း မရှိ၊ မိဘအများစုသည် ကိုယ်သားသမီး ဘယ်လောက်ဆိုးဆိုး သူစိမ်းနှင် ယှဉ်က အကောင်းမြင်ကြသည်သာ၊ ထိုအမြင်သည် ယောနိသော မနသိကာရ မဖြစ်နိုင်၊ အတ္တစွဲနှင့် ဘက်လိုက်မှုရှိနေသည်။ ယောနိသော မနသိကာရကို တိပိဋကပါဠိမြန်မာ အဘိဓါန်က “သင့်လျော်မှန်ကန်သော အကြောင်းနည်းလမ်းအားဖြင့် ဖြစ်သော နှလုံးသွင်းခြင်း ရှိသော ပညာ” ဟု ဖွင့်ဆိုသည်။

မြတ်စွာဘုရားသည် သူ၏ တပည့်ရဟန်းများကို အမြင်ကောင်းအောင် ညွှန့်ကြားသည်။ ယထာဘူတဒဿန ဉာဏ်ရရှိရေးကိုလည်း အထူးအလေးပေးမြွက်ကြားပြန်သည်။

ယထာ ဘူတဒဿန ကို တိပိဋကပါဠိမြန်မာ အဘိဓါန်က
(၁) မဖေါက်မပြန် ဟုတ်မှန်သည့် အတိုင်း မှန်မှန်ကန်ကန် သိမြင်ခြင်း၊
(၂) မဖေါက်မပြန် ဟုတ်မှန်သည့် အတိုင်း မှန်မှန်ကန်ကန် သိမြင်တတ်သော ဉာဏ် ဟုဖွင့်သည်။
ကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေ အရှိကို အရှိအတိုင်းသာ သိမြင်တတ်သော သဘောကို ယထာဘူတဒဿန ဟုခေါ်သည်။

ဥပမာ။ ။ ရေတစ်ဝက်ရှိသော ပုလင်းကို ရှုမြင်ရာ၌ အဆိုးမြင်သမားက “ဟင် ရေက တ၀က်ပဲရှိတော့တယ်”၊ အကောင်းမြင်သမားက “ ဟာ ရေတွေ တစ်ဝက်ကြီးများတောင် ရှိသေးတယ်”၊ ယထာဘူတဒဿနသမားက “ ရေတစ်ဝက်ရှိတယ်”ဟု အရှိကို အရှိအတိုင်းမြင်သည်။

မိမိတစ်ဦးတည်း ပုဂ္ဂလိက အတွက်ဆိုလျှင်တော့ အကောင်းမြင်ဝါဒရှိတာက ကောင်းပါသည်။ သို့သော အများအတွက်ဆိုလျှင်တော့ အရှိကို အရှိအတိုင်းမြင်သော ယထာဘူတဒဿနက ပို၍ အသုံးတည့်သည် ပို၍ အကျိုးရှိသည်။

“ရွာ၏ အဆင်းဘုရားဝင်း၊
ကျောင်း၏အဆင်း ကျောင်းတလင်း၊
ဘုန်းကြီးအဆင်း ခေါင်းဝင်းဝင်း” ဟု ဆိုရာ၌ အမြင်ကောင်းဖို့ ညွှန်းဆိုခြင်း ဖြစ်သည်။ မည်သို့ဆိုစေ အမြင်ကောင်းဖို့လိုသလို အကောင်းမြင်ဖို့လည်း လိုပါသည်။ အန္ဓသုတ္တန်ဒေသနာနှင် ညှိ၍ သေချာကြည့်လျှင် ဒွိစက္ခု- နှစ်ဖက်အမြင်ပုဂ္ဂိုလ်၏ အမြင်ဖြစ်သော ပစ္စုပ္ပန်သံသရာ မျှ၍ မြင်ခြင်း၊ သူ့ဖို့ကိုယ့်ဖို့ မျှ၍ မြင်ခြင်း ဟူသောအမြင်နှင် လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အမြင်လည်းကောင်း၊ အကောင်းလဲမြင်ပါလိမ့်မည်။ “အမြင်လည်း ကောင်းကြပါစေ၊ အကောင်းလည်း မြင်ကြပါစေ။”

မှတ်ချက်။ ။ ဤဆောင်းပါသည် အောက်တိုဘာ ၇ရက်နေ့ထုတ်ဝေသော weekly Eleven ဂျာနယ်မှ ဆရာတော် အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ရေးသားသော “အမြင်လည်း ကောင်းစေ၊ အကောင်းလည်းမြင်စေ” ကို ဖတ်ပြီး မှတ်သားစရာ ကောင်းလို့ ထပ်ဆင့်မျှဝေလိုက်ရပါသည်။ အပြည့်အစုံဖတ်ချင်ရင် သွားရောက်ဖတ်ရှုကြပါ။ အမြင်တွေ မတူလို့ ဖဆပလကြီး နှစ်ခြမ်းကွဲရတယ်၊ အမြင်မတူလို့ ဗုဒ္ဓဘာသာကြီး နှစ်ခြမ်းကွဲခဲ့ပြီး၊ အမြင်မတူလို့ မိသားစုတွေ ပြိုကွဲရတယ်။ အမြင်တူပြီး စုစည်းနိုင်ကြပါစေ လို့ ဆုမွန်ချွေလိုက်မိပါကြောင်း....။

တတ်ရောင်ဝါး

Posted by thawzin Thursday, October 8, 2009 4 comments








ဒါလေးက ကျွန်တော် မတောက်တခေါက်တတ်တဲ့ ပိုတိုရှော ပညာလေးနဲ့ wallpaper လေးတွေ ဖန်တီးထားတာ ၅ခုတည်းပါ။ လိုချင်ရင် ယူသွားနော်။ အောက်မှာ တင်ပေးထားတဲ့ လင့်လေးရှိပါတယ်။ မလိုချင်ရင် သဘောပါ။ သူများလို ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ပညာတွေ မတတ်ကျွမ်းတော့လဲ မိမိစိတ်ဝင်စားတဲ့ဟာလေးတွေ လျောက်လုပ်ကြည့်ရတာပေါ့ဗျာ။ အနုပညာမျက်စိကတော့ မရှိဘူးဗျ။ မျက်လုံးက ကာလာဗလိုင်း ဆိုတော့ ပိုဆိုးမယ်ထင်တယ်။ အရောင်မခွဲခြားတတ်ဘူး။ ကျွန်တော့် မျက်လုံးထဲမှာ လိုက်ပြီး အရောင်စပ်လိုက်တယ်။ ကြိုက်ရင် အိုကေပေးလိုက်တာပဲလေ။ ဘာကာလာလဲတော့မခွဲခြားတတ်ဘူး။ အ၀ါအပြာ အစိမ်းအနီ အမည်းတော့ ခွဲတတ်တာပေါ့ဗျာ။ ဗိုလ်လောင်း ဆေးစစ်ကတည်းက ရေတပ်နဲ့ လေတပ်သွားဖို့ အဆင့်မမှီတဲ့အကြောင်း မှတ်ချက်က ပါပြီးသားလေ။

ဘလော်ကာတွေအများကြီးပါ အားလုံးဟာ သူဟာနဲ့သူ ကျွန်တော့်ထက် မြင့်မားတဲ့ ဘလော်ကာတွေများပါတယ်။ ဒီနေ့စပြီး ဘလော်ကာဖန်တီးသူထက်တော့ သာကောင်းပါရဲ့။ အမှန်တိုင်းပြောရရင် ဘလော့ ရေးတာ ဘယ်လောက်ကြာပြီလဲ ဆိုရင် ၂နှစ်နီးပါးလောက်ရှိပြီးဗျ။ ဟိုဟာလေး လုပ်လိုက်ဒါလေးလုပ်လိုက်နဲ့ မယ်မယ်ရရ မလုပ်ဘူး။ ပါလေရာ ငပိချက်လေ။ အကုန်ပါတယ်။ ဖလက်စ် သင်တန်း သွားသင်လိုက်တာပဲ။ ပိုတိုရှောလုပ်နည်းလေး သင်လိုက်တာပဲ။ ၀ပ်ဆိုက် လုပ်နည်း လိုက်သင်တာပဲ။ ကွန်ပျူတာအကြောင်း သင်ကြားခြင်းလဲ သွားတတ်လိုက်တာပဲ။ အဘိဓမ္မာသင်တန်းလေးလဲ သင်လိုက်တာပဲ။ တရားဆွေးနွေးပွဲလေးလဲ သွားပြီး နာလိုက်တာပဲ။ အွန်လိုင်းမှာလဲ ချက်ကာမဟုတ်ပေမယ့် ချက်တဲ့အထဲမှာလဲ ပါသေးတာပဲ။ “ဘလော့ရေးသူတွေများ”လို့ စာရင်းထုတ်ရင်လဲ ပါနေအုံးမှာပဲ။

အဲဒီလို သင်တန်းတွေကလဲ ဒီက အစ်ကိုတွေ လက်ဆင့်ကမ်းသင်ပေးကြတာလေ။ နွေရာသီဆို ကျွန်တော်တို့တွေ သွားစရာ ဆိုလို့ မြန်မာကျောင်းသားတွေ ရှိတဲ့ မြို့လေးတွေသွားလည်လို့ပဲရတယ်လေ။ အားလပ်ရပ်ကျောင်းပိတ်ချိန်မှာ အစ်ကိုကြီးတွေက အားကစားပွဲတွေ လုပ်ပေးတယ်။ ကာရာအိုကေတွေ ဟဲခိုင်းတယ်။ ဘောလုံးပွဲတွေလဲ လုပ်ပေးပါတယ်။ ပြီးတော့ ဒီလို အကျိုးရှိမယ် သင်တန်းတွေလဲ သူတို့ ဆည်းပူးထားသမျှ အိပ်သွန်ဖာမှောက်သင်ပေးပါတယ်။ သင်ပေးကြတဲ့သူတွေကတော့ တကယ်တော်ကြပါတယ်။ စေ့စေ့စပ်စပ် စောက်ချလုပ်ရမယ့် အလုပ်လို့ ကျွန်တော့်မှာ မရှိတော့ ရောင်ဝါးဝါးပါပဲဗျာ။
တတ်ရောင်ဝါး လိုလို ကိုယ့်ကိုယ်ကို ၀န်ခံပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ စာဖတ်သူ စိတ်ဝင်စားလောက်တဲ့ အရေးသား စွမ်းရည်ကျပြန်တော့ ကျွန်တော်မှာ မရှိပြန်ဘူးဗျာ။ ပို့စ်တွေ တင်တဲ့အခါလဲ မိမိပို့စ်ကို ဖတ်ပြီး စာဖတ်သူကို စိတ်ညစ်သွားမှာ စိုးတယ်။

ငါရေးလိုက်တဲ့စာက သူတို့အတွက် အဆိပ်များ ဖြစ်နေမလားလို့ တွေးပြီး ရေးချင်စိတ်ကုန်သွားတယ်။ ဘာသာရေး ကျပြန်တော့လဲ အရေးကြီးဆုံးပဲဗျ။ သူက ဘ၀တစ်ခုလုံးမကဘူး သံသရာ တစ်လျောက်လုံးနဲ့ ဆိုင်သွားတဲ့အတွက် သူကပိုပြီး အရေးကြီးပြီး အမှားမခံဘူး။ ဒါကြောင့် ရေးရင် ကိုးကားလေးနဲ့ ရေးတတ်အောင် ရေးပါတယ်။ အရင်ဆုံး မိမိကိုးကားတဲ့ စာအုပ် ပုဂ္ဂိုလ်ရဲ့ ဆိုလိုရင်းလေး ရေးတယ်။ ပြီးတော့ မိမိရဲ့ ဒီအသိလေးအပေါ်မှာ မိမိအမြင်လေး ဖြည့်စွက်ရေးကြည့်တယ်။ သေချာတာက ကျွန်တော်ရေးလိုက်တဲ့ဟာကျရင် ပေါ့ပေါ့သွားတယ်။ ဒါကြောင့် ဘလော့မှာ ဆေးဆိုပေမယ့် မတည့်တဲ့အခါ အဆိပ်ဖြစ်မှာ စိုးလို့ မိမိရဲ့ အယူအဆ တယူသန်ဆန်တာတွေ မရေးချင်ပါဘူး။ တခါတလေတော့ ကောမန့်ပေးတဲ့ မနှစ်သက်နိုင်စရာတွေဖြစ်သွားတယ်ဗျာ ။ မိမိ အမြဲဖတ်နိုင်မယ့် ဘလော့ အနည်းအကျင်းလောက်လေး ဖွဲ့ထားပြီး သူတို့ ရေးသမျှ လိုက်လံအားပေး ဝေဖန်လေကန်ခြင်းက ဘလော်ရေးခြင်းဆိုတဲ့ အဓိပ္ပါယ်ပြည့်စုံနိုင်မဲ့ ဘလောကာ ကျွန်တော်ဘ၀ပါဗျာ။ လေကန်တာ များသွားပါဟ တော်မှ- ယူလိုက ယူပါ လင့်လေးပေးထားပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါင်းရန်။ ။Mediafire

လူတို့သည် ငယ်ရွယ်စဉ်က ရိုးသားဖြောင့်မတ်ကြသော်လည်း ကြီးပြင်းလာ ကြသောအခါ မိမိကိုယ်ကျိုးကို ထိခိုက်နစ်နာမှာစိုး၍ မရိုးမသားပြုမူပြောဆို လာကြတော့သည်။ သိတတ်သည့် အရွယ်မှစ၍ မိမိလိုချင်တာမရမှာ စိုးလို့၊ အဆူခံရမှာရမှာစိုးလို့၊ အရိုက်ခံရမှာစိုးလို့၊ မိဘ/ဆရာသမားများ၏ သွန်သင်ဆုံးမမူကြောင့်လည်းကောင်း၊ မိမိ၏ ပင်ကိုအကျင့်စရိုက်ကြောင့်လည်းကောင်း၊ ဘ၀အတွေ့အကြုံနှင့် ဖတ်ရှုရသော စာအုပ်များက ပေးသည့် အသိတရားကြောင့်လည်းကောင်း၊ ရိုးသားဖြောင့်မတ်ခြင်း၏ တန်ဖိုးကို သိသူက သိလာကြသည်။

ရိုးသားဖြောင့်မတ်ခြင်းသည် ယခုအချိန်ကာလတွင် ရှားပါးပစ္စည်း ဖြစ်သည်။ အလွယ်တကူ ရှာမရနိုင်။ ထိုကြောင့် အဖိုးတန်၏။ လူတိုင်းရိုးသားဖြောင့်မတ်ခြင်းကိုနှစ်သက်သည်။ ရိုးသားဖြောင့်မတ်သူကို အလိုရှိကြသည်။ မည်သည့်အလုပ်မဆို ရိုးသားဖြောင့်မတ်သူကို အလိုရှိကြသည်၊ နေရာပေးကြသည်၊ အလုပ်ရှင်တိုင်းလိုလို ရိုးသား ဖြောင့်မတ်သူကို အင်တာဗျူးလုပ်၍ အသေအချာရွေးသည်။ အသင်းအဖွဲ့အစည်းအတော်များများတွင်လည်း ခေါင်းဆောင်နေရာကို ရွေးချယ်ကြသည်။

ရိုးသားဖြောင့်မတ်ခြင်းသည် တွေ့ကြုံဆက်ဆံရသူတို့ကို လုံခြုံစိတ်ချရမူပေးသည်။ အရေးကြီးသော နေရာများတွင် နေရာပေးသည်။ အားကိုးသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အလုပ်တစ်ခုတွင် ဖြစ်စေ၊ ကုမ္ပဏီတစ်ခုတွင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတွင်ဖြစ်စေ မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သည်။ လူတို့သည် ကိုယ်အလုပ်ကိုယ် လုပ်နေကြသော်လည်း တစ်ဦးနှင့်တစ်ဦး မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း အကဲဖြတ်နေကြသည်။ အမှန်တကယ် ရိုးသားဖြောင့်မတ်လျှင်၊ လူတိုင်းလိုလိုသိနိုင်၏။

ရိုးသားသည်ဆိုရာ၌ မိမိရပိုင်ခွင့်မရှိသောငွေ၊ ပစ္စည်း၊ အခွင့်အရေးကို ပိုင်ရှင်/ တခြားလူမသိဘဲ နည်းမျိုးစုံဖြင့် မရယူခြင်း ဖြစ်သည်။ သူတစ်ပါးအပေါ် မိမိကိုယ်ကျိုးစီးပွားအတွက် မမှန်ကန်သောနည်းလမ်းဖြင့် မပြုမှုခြင်း၊ မပြောဆိုခြင်း၊ မပြုလုပ်ခြင်းသည်ရိုးသားခြင်းပင် ဖြစ်သည်။

ရိုးသားဖြောင့်မတ်မှုနှင့် ရိုးအမှုသည် လုံးဝကွာခြားသည်။ ဘာမျှမသိ၊ ဘာမျှမတတ်၊ ဘာမျှမလုပ်တတ်သော ရိုးအမှုကို လူတို့ မနှစ်သက်။ တတ်သိနားလည်ပြီး ရိုးသားဖြောင့်မတ်သူတို့ကိုသာ တန်ဖိုးထားကြ၏။ ထိုကြောင့် လောကတွင် ရိုးသားဖြောင့်မတ်မှုသည် ဘယ်သောအခါမျှ တန်ဖိုးယုတ်လျော့သွားမည်မဟုတ်။ တွေ့ကြုံဆက်ဆံရသူတိုင်း အလိုရှိတောင့်တအပ်သော ရိုးသားဖြောင့်မတ်မှုသည် မိမိ ကိုယ်၌ အမြဲတည်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

Without honesty there is no real growth.
ရိုးသားမှု မရှိရင် စစ်မှန်သော ကြီးပွားမှု တိုးတတ်မှု မရှိဘူး။
Without honesty there is no freedom.
ရိုးသားမှု မရှိရင် လွတ်လပ်မှု မရှိဘူး။
Without honesty there is no hope.
ရိုးသားမှု မရှိရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။
Without honesty nothing is real.
ရိုးသားမှု မရှိရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး။
Without honesty nothing is.
ရိုးသားမှု မရှိရင် ဘာမှ မရှိဘူး။

ဆရာတော်ဦးဇောတိက(တစိမ့်စိမ့်တွေးမယ်)

အမြင်ကိုယ်စီနဲ့ မြင်နိုင်ကြပါစေ။ ရိုးသားမှုကို သင်လဲ မြတ်နိုးသည်။ ကျွန်ုပ်လဲ မြတ်နိုးသည်။ အားလုံးမြတ်နိုးကြတဲ့ အဲဒီရိုးသားမှုကို သင်ရော ထာဝစဉ် ဘာလို့ မဆောင်ထားနိုင်သလဲ။ မရိုးသားမှုတွေကြားမှာ ရိုးသားနေမှုက အသစ်ဆန်းလို့ ဖြစ်နေကြတဲ့ခေတ်ကြီး မရိုးသားမှုကိုပဲ လူတွေကျင့်သုံးနေကြတယ်။ သင်ရိုးသားမှာ ကျွန်ုပ်ရိုးသားပါရစေ ဆိုတဲ့ စကားဟာ ရိုးသားဖို့ စိတ်ထား မရှိသောသူပဲဖြစ်မည်။ ရိုးသားနေသော ပုဂ္ဂိုလ်ကို ရှာနေမယ့်အစား သင်ကိုယ်တိုင် ရိုးသားအောင် ပြုမှုနေထိုင်လိုက်ခြင်းဖြင့် ရိုးသားသူတွေ ရှိလာကြမှာပါ။

သင့်ရဲ့ စည်းစိမ်ဥစ္စာတွေ ပျောက်ဆုံးသွားတဲ့ သင့်ဘ၀မှာ သင်ဟာ မရှုံးနိပ်သေးဘူး။

သင်ရဲ့ ကျန်းမာရေး ချို့တဲ့လာပြီးဆိုရင် သင်တစ်စုံတစ်ခု ဆုံးရှုံးနေရပြီး။

သင်ရဲ့ ကိုယ်ကျင့်သိက္ခာကြီး မြောင်းထဲ ရောက်လောက်အောင် စုတ်ပြတ်ရင်တော့ သင့်ဘ၀အပြည့်အ၀ရှုံးနေပြီး။

ရိုးသားမှုကို မြတ်နိုးရင် ရိုးသားစွာ နေတတ်ပါစေ။ ရိုးသားမှုကို တန်ဖိုးထားတတ်ရင် သင် ရိုးသားနိုင်ပါပြီး။ ရိုးရိုးကျင့်ပြီး မြင့်မြင့်ကြံဆ နိုင်ကြပါစေ။ မှန်ကန်သော နည်းလမ်းများနဲ့ အသက်ရှင်နိုင်ကြပါစေ။

မှတ်ချက်။ ။ ကောင်းသန့်၏ စေတနာ စကား စာအုပ်မှ ကူးယူပါသည်။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ