Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)


တစ်ခါတုန်းက အလုပ်သမား လျှောက်လွှာ မှတ်ပုံတင်တဲ့ ဋ္ဌာနတစ်ခုမှာ မပူတူးဆိုတဲ့ အမျိုးသမီး တစ်ယောက် သုံးနှစ်အရွယ် သမီးနှင့် အတူ အလုပ်လုပ်ရန် မှတ်ပုံတင်ဖို့ ရုံးကို ရောက်လာခဲ့တယ်။ မှတ်ပုံတင် လက်ခံတဲ့ စာရေးလေး စားပွဲမှာ လူများနေတော့ မပူတူးက မလှမ်းမကမ်းမှာ ရှိတဲ့ထိုင်ခုံမှာ သမီးနှင့်အတူ ထိုင်စောင့်နေတယ်။ စာရေးလေး စားပွဲမှာ လူရှင်းတော့ မပူတူးက စာရေးလေး စားပွဲထံ ထလာခဲ့တယ်။ စာရေးလေးက နာမည်ပြောလို့ မေးတော့ မပူတူးက မပူတူးပါလို့ ဖြေလိုက်တယ်။ ပြီးတော့ စာရေးလေးက အမျိုးသားမှတ်ပုံတင်ပါလို့ မေးတော့ မပူတူးက ဟော့တော့ သူက မနေ့တုန်းကမှ ခရီးထွက်သွားတော့ ယူမထားလိုက်ရဘူးလို့ ဖြေပါတယ်။ ဒါနဲ့ စာရေးလေးက ထပ်မေးတယ်။ မပူတူးရဲ့ အမျိုးသား မှတ်ပုံတင်ကို ပေးပါလို့ ပြောတယ်။ မပူတူးကလည်း ဘာပြန်ပြောသလဲဆိုတော့ စောစောက ပြောတဲ့ သူဆိုတာ ကျွန်မ ယောက်ျားပါ၊ တကယ်ခရီး ထွက်သွားလို့ အိမ်စောင့်မရှိလို့ တောင်မှ သူနဲ့ရတဲ့ သမီးလေးကို ခေါ်လာခဲ့ရတယ်၊ ဟိုခုံမှာ ထိုင်နေတဲ့ကလေးမလေးပဲ။ ဒီအချိန်မှာ စာရေးလေးက စိတ်ပျက်သော အမူအယာဖြင့် ကုလားထိုင် နောက်မှီကို မှီပြီး ခေါင်းကုတ်နေမိတယ်။ ခဏနေတော့ ကုလားထိုင် နောက်မှီမှ ခွာပြီး ခါးကို ရှေ့စားပွဲသို့ ကုန်းခါ မပူတူးကို ပြောလိုက်ပုံက -
“ ဒီမှာ မပူတူး ကျွန်တော် တောင်းနေတာက မပူတူး နာမည်ပါတဲ့ မှတ်ပုံတင်ကို ပြောတာ ”
ဒီတော့မှ မပူတူး ဖြေလိုက်ပုံက
“ အော်ဒါလား ” ဆိုပြီး သူမ၏ ပိုက်ဆံအိပ်ထဲမှ သူမ၏ မှတ်ပုံတင်ကို ထုတ်ပေးလိုက်သတဲ့။

ဘုရားရှင် ဇေတ၀န်ကျောင်း၌ သတင်းသုံးနေချိန်ကာလ ဖြစ်ပါသည်။ ကောသလတိုင်း, တစ်ခုသော ဇနပုဒ်အနီး၌ တောအုပ် တစ်ခုရှိသည်။ တစ်နေ့တွင် ထိုတောအုပ်ထဲ၌ ဓါးပြသုံးဦးသည် တောအုပ်ကို ဖြတ်၍ သွားသော ခရီသွားတို့ကို လုယက်တိုက်ခိုက်ပြီး ထွက်ပြေးကြသည်။ ထိုကြောင်းကို သိ၍ မင်းချင်းတို့က ခိုးသူကို လိုက်လံဖတ်ဆီးရာ ခိုးသူအစ်တို့ကို မမိကြချေ။ မင်းချင်းတို့သည် ဆက်လက် လိုက်လံရှာဖွေကြရာ တောအုပ်အနီး လယ်ထွန်ရာအရပ်သို့ ရောက်လာကြသည်။ လယ်ကွက်တွင်လည်း ဖခင်, သားနှင့် မောင် သုံးယောက်တို့သည် လယ်ထွန်ယက်နေကြသည်။ မင်းချင်းတို့သည် ထို သုံးယောက်ထံ သွားကာ....
“ သင်တို့သည် တောအုပ်ထဲ၌ လုယက်ကြပြီး ယခုမှ လယ်ထွန် ချင်ယောင်ဆောင် နေကြသည်။ ”
ဟု ဆိုကာ ဖမ်းဆီးချုပ်နှောင်ပြီး ကောသလမင်းကြီးထံ ပို့ကြလေသည်။ လင်၊ သား၊ မောင် တို့အား ဖမ်းဆီးခေါ်ဆောင်သွားသော သတင်းကို ကြားရသော မိဘများမရှိတော့သော မယား သည် မင်းကြီး၏ နန်းတော်ပတ်ဝန်းကျင်သို့ အရောက်လာပြီး-
“ အ၀တ်ကို ပေးတော်မူပါကုန်လော။ အကျွန်ုပ်အား အ၀တ်ကို ပေးတော်မူပါကုန်လော။ ”
ဟု ငိုယိုကာ အဖန်ဖန်တလဲလဲ နန်းတွင်းရှိ မင်းကြီးနားတော်ပေါက်အောင် အော်နေလေတော့သည်။


ထိုမိန်းမငိုသံကို ကြားသော ကောသလမင်းကြီးသည် မင်းချင်းတို့ကို ခေါ်ကာ ထိုမိန်းမအား အ၀တ်တို့ကို ပေးပါလော့ ဟု စေခိုင်းလေသည်။ မင်းချင်းတို့သည် မင်းကြီးစေခိုင်းသည့်အတိုင်း အ၀တ်များကို ယူပြီး ထိုမိန်းမထံ သွားပေးကြလေသည်။ ထိုအခါ ထိုအမျိုးသမီးက ..
“ အကျွန်ုပ်သည် ဤအ၀တ်ကို မတောင်း၊ လင်ဟူသော အ၀တ်ကိုသာ တောင်းပါသည်။ ”
ဟုဆိုလေသည်။ မင်းချင်းတို့သည် မင်းကြီးထံ သွားကာ အကျိုးအကြောင်း လျှောက်ထားကြလေသည်။ ထိုအခါ ကောသလမင်းကြီးက ထိုမိန်းမကို မိမိရှေ့တော်မှောက်သို့ ခေါ်ခိုင်းလေသည်။ ရောက်လာသောအခါ မင်းကြီးက........
“ သင်သည် လင်ဟူသော အ၀တ်ကို တောင်းသလော။ ” ဟုမေးသည်။
“ အရှင်မင်းကြီး၊ တောင်းသည်မှန်ပါသည်။ လင်သည် မိန်းမတို့၏ အ၀တ်မည်ပါသည်။ လင်မရှိသည်ရှိသော အဖိုးတစ်ထောင် ထိုက်သော အ၀တ်ကို ၀တ်နေငြားသော်လည်း လင်မှကင်းသော မိန်းမသည် အချည်းအနှီးသာ ဖြစ်ပါသည်။ အရှင်မင်းကြီး , ရေမရှိသော မြစ်သည် အချည်းအနှီးသာ ဖြစ်ပါသည်။ မင်းမရှိသော တိုင်းနိုင်ငံသည် အချည်းအနှီးသာ ဖြစ်ပါသည်။ အကြင်မိန်းမအား မောင်တစ်ကျိပ်ပင် ရှိလင့်ကစာ လင်မရှိက အချည်းအနှီးသာပင် ဖြစ်ပါသည်။ ”
ကောသလမင်းကြီးသည် ထိုမိန်းမ၏စကားကို ကြည်ညိုနှစ်သက်လှသည်ဖြစ်၍
“ အမျိုးသမီး၊ ဤသုံးယောက်သော သူတို့သည် သင်နှင့် အဘယ်သို့ တော်ကုန်သနည်း။ ”
ဟု မေးတော်မူလေသည်။
“ အရှင်မင်းကြီး တစ်ယောက်ကလင်၊ တစ်ယောက်က မောင်၊ တစ်ယောက်က သားဖြစ်ပါသည်။ ”
ဟုလျှောက်ထား၏။
“ ငါသည် သင့်အား နှစ်သက်၏။ ဤသုံးယောက်တွင် တစ်ယောက်ကို လွှတ်ပေးမည်။ အဘယ်သူကို အလိုရှိပါသနည်း။ ”
ကဲ့... ယခုစာဖတ်နေသော အကြင်ပုဂ္ဂိုလ်ရော မည်သူကို ရွေးမည်နည်း။ အဲဒီအမျိုးသမီးဖြေပုံလေးကတော့
“ အရှင်မင်းကြီး၊ အကျွန်ုပ်အသက်ရှင်သည်ရှိသော် လင်အသစ်ကိုရပါသည်။ သားကိုလည်း ရနိုင်ပါသည်။ ကျွန်ုပ်၏ မိဘတို့သည် သေကုန်ပြီးဖြစ်၍ မောင်ကို သာခဲပါသည်။ သို့အတွက် အကျွန်ုပ်အား တစ်ယောက်ပေးမည်ဆိုက မောင်ကိုသာ ပေးတော်မူပါ အရှင်မင်းကြီး။ ”
ကောသလမင်းကြီးသည် ထိုမိန်းမ၏ လျှောက်ထားဖြေကြားချက်ကို နှစ်သက်ကြည်ညိုသဖြင့် မှန်သောစကားကို ဆိုပေသည် ဟုဆိုကာ လင်၊ မောင်၊ သား သုံးယောက်စလုံးကို လွှတ်ပေးလိုက်လေသည်။

(ဣတ္ထိဝင်္ဂဇဂ်- ဥစ္ဆာတက)
ဤ၀တ္ထုမှာပါသော အမျိုးသမီးသည် အကျိုးအကြောင်းညီညွတ်စွာ ပြောဆိုတတ်၏ ။ ရဲရင့်သော သတ္တိသည်လည်းရှိ၏ ။ မိန်းမမြတ်, မယားမြတ်မည်ပါသည်။ ဘုရားအလောင်းတော် မဟောသဓါဘ၀ဖြစ်စဉ်၌လဲ တော်လေး၀၀င် အမရာဒေ၀ီသည် ဤနည်းကဲ့သို့ပင် သေနကအမတ်တို့၏ လုပ်ကြံမှုကို ၀ိဒေဟရာဇ်မင်းကြီးက မိမိလင်ယောက်ျားအား အထင်းမှား အမြတ်မှားနေသော အမှုကို အမှန်တရားဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ အကို၊ အစ်မ၊ ညီမ၊ ညီငယ် လေးတို့လဲ မိမိဘ၀ မိမိအားကူညီပေးနိုင်သော ဘ၀၏ ကူဖော်လောင်ဘက် , အဆိုးတူအကောင်းတူ ရင်ဆိုင်နိုင်သော အမျိုးသားကောင်း၊ အမျိုးသမီးကောင်းတွေကို ရွေးချယ်နိုင်ပါစေ, ပြီးတော့ အစားထိုးမရသော အရာနှင့် အစားထိုးနိုင်သောအရာ ဟူ၍ မှန်မှန်ကန်ကန်ခွဲခြားနိုင်ပါစေ.., အချစ်ကိုဦးစားပေး၍ နှလုံးသားကို မစိုးမိုးနိုင်ကြပါစေနှင့်လို့ စေတနာမွန်ဖြင့်

အမေ

Posted by thawzin Tuesday, May 5, 2009 3 comments



















အမေ
ဘ၀တစ်ခုအစပြုဖို့ အရာအားလုံးကိုစွန်လွတ်ပေးနိုင်တဲ့အမေ
နှလုံးသားမှာအမြဲ သားကိုပဲအမြဲဦးစားပေးသောအမေ
ဘ၀ကံကြမ္မာဆိုးဘယ်လိုပင်ခတ်ခဲဆိုးနေပါစေ သာယာမှုအမြဲပေးနေသောမေ
သားအတွက်ဆို ဘာမဆိုအသက်နဲရင်းပြီးပေးဆပ်တဲ့အမေ
လက်ထိပ်အပ်ဆူး၊ဓါးရာတွေထပ်ထပ်လူးနေလဲသားအတွက်တောအမြဲပြုစုနေတဲ့အမေ
မိမိဘ၀သာနစ်မွန်း သားအတွက်ဆိုနင်းတတ်စေဖို့ ကျောခင်းပေးနိုင်သောအမေ
အဆုံးတရားမှာလဲ ဘယ်တော့မှ အမုန်းပွားဖို့စိတ်ကူးမရှိသောမေ
သားတွေကိုကျွေးမွေး မျှော်လင့်ချက်ကင်းကင်းထားတတ်တဲ့အမေ
ဒုက္ခကိုသုခလုပ် သားအတွက်ဆိုအမြဲပြုံး၍ရင်ဆိုင်တတ်တဲ့Aမေ
အမေ… အမေ…
ဘယ်လိုပင်စာစီကဗျာတွေသီနေလဲ
ဘယ်လိုပင်မှီဖို့မှန်းမရအောင်မေတ္တာတရားကြီးမားပါတယ်
ဗြဟ္မာလိုအကျင့် မျှောင်လင့်ခြင်းကင်းမဲ့တဲမေတ္တာနဲ့
အရာရာကိုဖြတ်သန်းအသက်နဲလဲ ရင်းနှီးနိုင်တဲ့အမေရယ်…
ဆပ်လို့မကျေနိုင်ပေမယ့် တတ်သမျှဒီသီကုံးမှုနဲ့
လေးစားလို့ကြည်ညိုပါရစေအမေ
လက်ဆယ်ဖြာထိပ်မိုး ဒီကမ္ဘာမိုးမြေကိုတိုင်တည်ပါရစေအမေ
ဆပ်မကုန်ဒီကျေးဇူးတွေအတွက် တပ်အကုန်ရွက်လွင့်ကာနဲ့
အသက်ကုန်ဇီဝိန်ချုပ်ပါစေအုံး အမေဂုဏ်ဒီကျေးဇူးတွေကို
သားတော်မောင် ကျေနိုင်သရွေ့ဆပ်နေပါ့မယ်အမေ…။

ပန်းရည်ဘဏ်တိုက်

Posted by thawzin Monday, May 4, 2009 1 comments

ကျွန်တော်တို့လို ရွာသားများ အတွက်တော့ ဒီသီချင်းလေးက အရမ်းလွမ်းစရာပေါ့ဗျာ, မြန်မာသံစဉ် ကောင်းကောင်းလေးပါ... ရွာမှာ အသံချဲ့စက်ဖွင့်ရင် ဘာရယ်မဟုတ်ဘူး ပျော်တယ် အလှူတွေမှာဖွင့်တယ်လေ ဒီလိုသီချင်းမျိုးက။ သီချင်းနားထောင်ပြီးတော့ ဒါဘာသဘောနဲ့ဖွင့်တယ်ဆိုတာ သိပါတယ်.. ငယ်ငယ်ဆိုတုန်းကဆို ဒီလိုသီချင်းအသံဆိုရင် သေချာတယ် ရွာမှာ အလှူတစ်ခုခုရှိတယ်ဆိုတာ သိနိုင်တယ်
ဒီသီချင်းနားထောင်တော့ ငယ်ငယ်က သူငယ်ချင်းတစ်ယောက် ကိုပြေးသတိရတယ်ဗျာ.., သူနာမည်က နိုင်ဝင်းတဲ့ အဲနောက်တစ်ယောက်ရှိသေးတယ် သူကမိန်းကလေးပေါ့ .. ရွာမှာတော့ ကွင်း( queen )ပေါ့ဗျာ..., အဲဒီကောင်မလေး ဘယ်လောက်ကွင်း လဲဆိုရင်လေ သူနာမည်ကြားရင်ကို အချင်းချင်း ရန်ထဖြစ်ကြတယ်ဗျ, သူနာမည်က မတင်ချုံ တဲ့ ငယ်ငယ်ဆိုတော့ဗျာ.. နှာရည်ရေ တဗျွတ်ဗျွတ်နဲ့ပေါ့ဗျာ။သူကို ကွင်း( queen ) လိုပြောတာ အကောင်းမထင်ပါနဲ့ သူနဲ့ပေးစားရင်ဘယ်ကောင်လေးကမှ မကြိုက်ဘူး ထပြီးရန်ဖြစ်ရလောက်ကို သူကို မြတ်နိုးကြတာဗျ အခုတော့သူလဲ အိမ်ထောင်ကျသွားပါပြီး, ဘယ်သူနဲ့လဲတော့ ကျွန်တော်လဲ ရွာမှာမနေတာ ၉ နှစ်လောက်ရှိပြီးဆိုတော့ မသိတော့ဘူးဗျ။သူငယ်ချင်းနိုင်ဝင်းလဲ အိမ်ထောင်ကျကုန်ပါပြီး
ဒီသီချင်းနဲ့ပတ်သပ်ပြီး သူတို့ကိုဘာလို သတိရသလဲဆိုရင် ဒီသီချင်းမှာပါတယ်လေ “ မြတ်ပန်းရဂုံ မြတ်ပန်းရဂုံ ...” တာပေါ့ , ကျွန်တော်တို့တွေ စနောက်ကျတာက “မြတ်ပန်းရဂုံ နိုင်ဝင်း တင်ချုံ ” ဆိုပြီး သူငယ်ချင်း နိုင်ဝင်းကို တွေ့ရင် အဲဒီလို စနောက်ရင် သူတအားဒေါသထွက်တာ သူကို အဲဒီကောင်မလေးနဲ့ပေးစားရမလား , စရမလားဆိုပြီးတော့စိတ်ဆိုးတာကို ပြန်သတိရမိပါတယ်ဗျာ... ဒီမြန်မာသီချင်းတွေ မြတ်နိုးတယ် တန်ဖိုးထားချင်တယ်ဆိုရင် ဒေါင်းယူလိုက်ကြပါ...
အဆိုတော်က မြန်မာသံစဉ်တွေကို ဆိုတတ်တဲ့ နီနီဝင်းရွှေ
တေးရေးကတော့ ကန်မြဲအေးကျော်,လင်းခေးလုလင်တဲ့
မြန်မာလူမျိုးများ မြန်မာသံစဉ်သီချင်းများကို ချစ်မြတ်နိုးနိုင်ကြပါစေ..





Photobucket

ကျန်တာက

-လေးထဲက လေးနှုတ်ရင် ဘယ်လောက်ကျန်မလဲ။
(ဖြေသံမကြားရ)
-ကဲ..မင်းရပ်စမ်း၊ မင်းအိပ်ထဲမှာ လေးကျပ် ပါလာတယ် ဆိုပါတော့။ အိပ်ထောင်အပေါက်ကနေ အဲဒီလေးကျပ် ကျသွားရင် အိပ်ထောင်ထဲမှာ ဘာကျန်မလဲ။
- အပေါက်ကျန်မယ်ဆရာ။

ရှာဖွေတွေ့ရှိသူ
-မောင်မောင် ကမ္ဘာ့မြေပုံထဲ သြစတေးလျကို ရှာပြစမ်း။
- ဒီမှာပါဆရာမ။
-မှန်တယ်။ ကဲ မောင်ဝင်းအောင် ပြောစမ်း သြစတေးလျကို ဘယ်သူရှာဖွေ တွေ့ရှိတာလဲ။
- မောင်မောင်ပါဆရာမ။

အသွားအပြန်
-ကျွန်မရှင်နဲ့ မနေချင်တော့ဘူး။ ကျွန်မမိဘအိမ်သွားမယ်။
-သွားလေ ရော့ ကားခ။
မိန်းမက ငွေကိုရေကြည့်ပြီး)
-အပြန်ကားခ မပါသေးဘူး။

သားသိတာက
ဆရာက အတန်းထဲမှာ စာမရေး စာမဖတ်နဲ့ ပျင်းတဲ့ကလေးကို မိဘကပါ ကူဆုံးမပေးဖို့ မိဘကို အသိပေးတယ်။ ဒါကြောင့် အဖေကသားကို-
-သားတို့ အတန်းထဲမှာ ဘယ်သူအပျင်းဆုံးလဲ။
-မသိဘူးဖေဖေ။
-ကဲဒါဖြင့် မေးမယ်။ ကျောင်းသားတွေအားလုံး စာရေးစာဖတ် ဂဏန်းတွက်နေတဲ့ အချိန်မှာ ဘာမှမလုပ်ဘဲ ဘယ်သူထိုင်နေသလဲ။
-ဆရာပါ။

south

Posted by thawzin Thursday, April 30, 2009 0 comments


ဒီသီချင်းလေးကတော့ ကျွန်တော့်သူငယ်ချင်းက ဘာသာပြန်ပြီး စာတန်းထိုးထားတဲ့ ရုရှား သီချင်းလေး တစ်ပုဒ် သံစဉ်လေးလဲကောင်းတယ် စာသားလေးတွေကောင်းတယ် သူငယ်ချင်းများ အားလုံး နှစ်သက်မယ်လို့.ယူဆမယ် ထင်ပါတယ်


မင်းကိုငါချစ်တယ်.

Posted by thawzin Tuesday, April 28, 2009 0 comments


မင်းကိုငါချစ်တယ်.
ဒီထက်ပိုပြီးတော့ ချစ်နိုင်ဖို့အတွက်
ချစ်ခဲ့တယ်ဆိုတဲ့အသိက
ငါ့စိတ်ဝိညဉ်တွေထဲမှာ ကိန်းအောင်းနေခဲ့တာပေါ...
ငါ့ရဲ့အချစ်မှာ မွန်းကျပ်မှုအရောင်တွေ
ကင်းစင်နေတာကိုတော့
မင်းကိုယုံကြည်စေချင်ရဲ့.....
အလိုမကျတဲ့ ၀မ်းနည်းမှုတွေရဲ့ အဝေးမှာ
ငါ့ရဲ့ချစ်ခြင်ေးတွနဲ့
မင်းရဲ့ဘ၀ကိုသာယာပျော်ရွှင်စေအံ့...
မျှော်လင့်ခြင်းကင်း၊ ငြိမ်းချမ်းခြင်းတွေနဲ့အတူ
မင်းကိုငါကိုချစ်နေပါရစေ...
အချစ်တို့ရဲ့ဂုဏ်အင်္ဂါတွေနဲ့
နုညံ့ရိုကျိုး မင်းအတွက်ငါ
သိမ်မွေ့ခဲ့ရိုး အမှန်ပါ...
ငါ့အချစ်ခြင်းနဲ့
ထပ်တူချစ်ခြင်းတစ်ခု
မင်းဘေးနားမှာ ထာဝရရှိနေဖို့
ဘုရားသခင် ဖန်ဆင်းပေးပါစေ...။ ။
ကျွန်တော့်အကိုတစ်ယောက်ရေးဖွဲ့ထားတာပါ....


စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို လူတိုင်းလိုချင်ကြပါသည်။ သို့သော်… လူတိုင်းစိတ်ပျော်ရွှင်ချမ်းမြေ့မှုမရကြပါ။ စိတ်ပျော်ရွှင်ချမ်းမြေ့မှု မရကြခြင်းမှာလိုချင်သော်လည်း မကြိုးစား၍မရခြင်း၊ ပျော်ရွှင်ချမ်းမြေ့အောင် မနေတတ်ခြင်းတို့ကြောင့် ဖြစ်မည်ထင်သည်။ ပုထုဇဉ်လူသားတို့အတွက် စိတ်ပျော်ရွှင်ချမ်းမြေ့မှုသည် ထာဝရမဖြစ်နိုင်။ အခိုက်အတန့်ယာယီအခြေအနေမျိုးသာ ဖြစ်နေမည်ထင်၏။ အကြောင်းမူကား… လူသားတို့သည် စိတ်ပျော်ရွှင်မှုကို ဖျက်ဆီးပစ်နိုင်သော လောဘ၊ဒေါသ၊ မာန်မာနနှင့် မနာလိုဝန်တိုမှုတို့ကို နှလုံးအိမ်တွင်အချိန်ပြည့်နေထိုင်ခွင့် ပေးထားသောကြောင့်တည်း။ လောဘကြောင့် နှလုံးပှုပန်ပြီး စိုးရိမ်သောက ရောက်ရ၏။ ဒေါသကြောင့် စိတ်တို့ရန်လိုပြီး သွေးဆူ သွေးပှုတတ်၏။ မာန်မာနကြောင့် မခံချင်စိတ်ထိပ်တတ်ပြီး သွေးပျက်နိုင်၏။ မနာလိုဝန်တိုမှုကြောင့် အလိုမကျဘဲ စိတ်ဆင်းရဲတတ်၏။ စင်စစ်သော်… ကိုယ်လုပ်ချင်တာ လုပ်ရလျှင၊် ကိုယ်ဖြစ်ချင်တာဖြစ်ရလျှင်၊ ကိုယ်လိုချင်တာရလျှင် လူ့စိတ်သည် ပျော်၏။သို့သော်… ထိုအပျော်သည် တဒင်္ဂသာတည်း။ အချိန်ပိုင်းမျှသာတည်း။ ထာဝရမဟုတ်။ အချိန်ကြာကြာပျော်ရွှင်ချင်လျှင် အကောင်းမြင်စိတ်ထားပြီး ပျော်အောင်နေပါ။ လောဘ၊ ဒေါသ၊ မာန်မာန နှင့် မနာလိုဝန်တိုစိတ် ကို လျော့နည်းပပျောက်အောင် ကြိုးစားပါ။ ကိုယ့်ဘ၀ကို ကျေနပ်ပြီးအနေတတ်ပါစေ။ နေ့စဉ်ရက်ဆက် အမြဲပျော်ရွှင်လိုလျှင် သူတစ်ပါးကို ပျော်ရွင်စေလိုသောစိတ်ဖြင့်ကူညီပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင်မတွေးပါနဲ့ ၊ မလုပ်ပါနဲ့။ စိတ်ကြည်လင်သန့်စင်နေအောင် လေ့ကျင့်ပါ။ တရားဓမ္မနှင့် မွေ့လျော်ပျော်ပိုက်တတ်ပါစေ။ မကောင်းတာမလုပ်ဘဲကောင်းတာပဲလုပ်ပြီး အမြဲတမ်း စိတ်ကိုဖြူစင်အောင်ထားနိုင်လျှင်တော့ ထာဝရ စိတ်ပျော်ရွှင်ချမ်းမြေ့ပါလိမ့်မည်။ လူသားအားလုံး စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ဦးကောင်းသန့်၏ “စေတနာစကား” စာအုပ်မှ-

သူငယ်ချင်းတို့ရိုင်းသွားရင် ခွင့်လွှတ်နော် ကြိုပြောထားတာ , တကယ်တော့ ရီစရာလေးများဖြစ်နေစေချင်တာ အဓိကပါ ရယ်နိုင်, သဘောကျနိုင်ပါစေဗျာ

Photobucket

ဒီပို့စ်ကို ဓမ္မဘလော့မှာပဲတင်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်, ဒီမနက်ကျမှ ကိုJulyDream ဘလော့မှာ တင်ထားတဲ့ Need to control ဆိုတဲ့ ပို့စ်လေးကို ဖတ်မိသွားလို့ ဒီမှာလဲ တင်ပြချင်ပါတယ်, အဲဒီမှာရှိတဲ့ ပို့စ်ကတော့ အမျိုးသမီးကြီးများကို ရည်ရွယ်အဓိကထားတယ်လို့ ယူဆချင်ပါတယ်, အခု ကျွန်တော်ရေးမယ်ပို့စ်ကတော့ အမျိုးသားများ အတွက် အဓိထားရည်ရွယ်ချင်ပါတယ် , ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများကိုပဲ ပြောပြလို့သင့်သော့ ရှောင်ရန် အချက်လေးတွေပါ။ ဒီပို့စ်လေးကို ဘယ်လို အမည်ပေးရမလဲ စဉ်းစားလိုက်တော့ အရင်ကကြားဖူးတာက “ ဆူးပေါ်ဖက် ကျရင် ဖက်ပေါက် ” “ ဖက်ပေါ် ဆူးကျလဲ ဖက်ပေါက် ” ဆိုတာပါ , တကယ် ဗုဒ္ဓဘာသာအယူမှာတော့ အဲဒါနဲ ဆန့်ကျင်နေပါတယ် “ ဆူးပေါ် ဖက်ကျလဲ ဆူးကျိုး မယ့်ကိန်း ဖြစ်နေပါတယ်... ပို့စ်လေးကို စိတ်ဝင်တစား ဖတ်ပေး စေချင်ပါတယ် အမျိုးကောင်းသားများ ခင်ဗျား, မိန်းမကလေးများလဲဖတ်ထားသင့်ပါတယ် မိမိတို့ နဲ့သက်ဆိုင်လာမယ့် အမျိုးသားများကိုလည်း အသိပေး, သတိပေး, ခြိမ်းခြောက်နိုင်အောင် လို့ပါ, အဓိကကတော့ ဒိလို မျိုးလုပ်ရင် ဒီလိုမျိုး ဖြစ်တယ် လို့ အသေးစိတ်လေးသိထားသင့်ပါတယ် ခင်ဗျာ အောက်ကမေးခွန်းလေးများကို စာဖတ်သော မိတ်ဆွေစဉ်းစားပြီး ဖြေကြည့်စေချင်ပါတယ် မိမိအတွေးနဲ့ မိမိအမြင်များ ဖြေကြည့်စေချင်ပါတယ် ၊ မိန်းမအမျိုး(၂၀) ရှိပါတယ် လင်မရှိသော မိန်းမ (၈)ဦးနဲ့ လင်ရှိမိန်းမ (၁၂) မျိုးပါ , အသေးစိတ်ကို အောက်ပါလင့်များတွင် ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ
-လင်မရှိတဲ့ မိန်းမ ရှစ်မျိုးတို့ ဟာ သူတို့ နှစ်သက်တဲ့ ယောက်ျားတစ်ဦး နှင့် နှစ်ဦးသဘောတူ ရုံးမှာ လက်ထပ်ခဲ့လျှင် နှစ်ဦးသား ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်..။
-သားသမီးရှိတဲ့ မုဆိုးမ, တစ်ခုလပ်တို့ နှင့် နှစ်ဦးသဘောတူ ပေါင်းဖော်လျှင်ကော အပြစ်လွတ်ပါ့မလား..။
-လင်မဲ့ မိန်းမရှစ်မျိုးက မယားရှိတဲ့ သူတစ်ပါးလင် နှင့် ပျော်ပါးလျှင်ကော နှစ်ဦးစလုံး ကာမေသုမိစ္ဆာစာရကံ လွတ်ပါ့မလား ။
-ဇနီးရှိတဲ့ လင်ယောက်ျားဟာ ဇနီးမယား သဘောမတူတဲ့ လင်မဲ့ မိန်းမ ရှစ်မျိုးနှင့် ပေါင်းဖတ်လျှင်ကော နှစ်ဦးလုံး ကာမေသုမိစ္ဆာစာရကံ လွတ်ပါမလား ။
-အုပ်ထိန်းသူကတော့ သဘောတူတယ်၊ လင်မဲ့မိန်းကလေးက သဘောမတူဘူး ၊ အဲဒါ လွန်ကျူးလျှင်ကော အပြစ်လွတ်ပါ့မလား။
-လင်မဲ့ မိန်းမမှာ အုပ်ထိန်းသူ (စောင့်ရှောက်သူ ) တွေ များနေတယ်၊ တချို့က သဘောတူ၊ တချို့က သဘောမတူဖြစ်နေလျှင်ကော အပြစ်လွတ်မလွတ်။
-လင်မဲ့မိန်းမဟာ အုပ်ထိန်းသူ မသိဘဲ တိတ်တဆိတ် ပြည့်တန်ဆာမ လုပ်ခဲ့လျှင်ကော အပြစ်လွတ်ပါ့မလား ။
ကိုထင်မြင်ကျော် နှင့် ထီးချိုင့်မြို့- တည်းတောဆရာတော်ကြီး တို့ အမေးအဖြေကို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ စာဖတ်သူမိတ်ဆွေအနနဲ့ အဖြေလေးများကို http://www.myitthapaytaw.co.cc/ အဲဒီ့ဘလော့မှာတင်ထားတဲ့ “ ကာမေသုအကြောင်း တစေ့တစောင်း ” ဆိုတဲ့ ပို့စ်မှာ ရှိပါ သွားရောက်ဖတ်ရှုနိုင်ပါတယ်..။

လွမ်းတတ်ပါပြီး

Posted by thawzin Saturday, April 25, 2009 2 comments


ပိတောက်တွေလဲပွင့်ခဲ့ပြန်ပြီး
အပူသရုပ်ဖော်တဲ့နွေဥသြငှက်လဲတွေ့နေရပြန်ပြီး..။
အလုပ်သိပ်ရှုပ်တဲ့မိုးသရုပ်က
တိမ်မိလ္လာဆင်တွေလဲ ဝေ့၀ဲနေကြပြန်ပြီးလေ..။
ဆောင်းဆိုတာမိုးပြီးရင်သူ့အလှည့်ဆိုတော့
သူလဲပဲလာပြန်ပြီးပေါ့ကွာ..။
နှစ်လတွေသာပြောင်းလာခဲပါတယ်
မင်းအတွက်အရင်နေရာဟောင်းကတော့
အခုထိလစ်လပ်ဟာနေဆဲပါ..။
ဘယ်သူကိုမှအစားမထိုးခဲ့သလို
ဘယ်သူကိုမှလဲ အ၀င်မခံခဲ့ဘူးချစ်သူ..။
တကယ့်အချစ်နဲ့ ငါလေ.....
ပေးဆပ်ရင်စောင့်မျှော်နေဆဲပါ..။
အဆိုးနဲ့အကောင်း
အလှည့်အပြောင်းကလဲမြန်လိုက်တာနော်..
မင်းအချစ်ကိုရခဲ့တော့
ငါဟာအတိုင်းမသိဝမ်းမြောက်ခဲ့ရတယ်
မင်းနဲ့ဝေးကြတဲ့အခုချိန်ကျတော့
ငါဟာအတိုင်းမသိခံစားနေရတယ်...။
ကွေ့ကွင်းခြင်းဒုက္ခနဲ့မျှော်နေရတဲ့ဆင်းရဲဟာ
အခုချိန်မှာ အနီးဆုံးသူတွေဖြစ်ကုန်ပြီး..။
မင်းအတွက်နေရာက
သူတို့နဲ့ပဲအစားထိုးခဲ့တော့မှာလားကွာ..။
သတင်းသဲ့သဲ့နဲ့
မင်းအကြောင်းကိုစုံစမ်းကြည့်တော့
တကယ်ပဲယုံတမ်းစကားတွေလား
ရင်ခွင်အသစ်နဲ့
မင်းကတော့ တကယ်အချစ်စစ်တွေနဲ့လား
အတွေးပေါင်းများစွာ,
လား ပေါင်းများစွာနဲငါကျန်ရစ်နေခဲ့ပြီး..။
အတူဆုံကြနေရာလေးမှာ
ငါလေမင်းကို
လာနေကျလမ်းကိုသေချာကြည့်
မလာမှန်းသိနေပေမယ့်
မျှော်နေတတ်တဲ့ ငါ့နှလုံးသားက
နောင်တမရတတ်သေးဘူး....။
အနှောင်များနဲ့
ရောင်စုံများကြားက မိန်းကလေးရေ
မျှော်ငေးခြင်းအကြည့်တွေနဲ့
ဖြူစင်စွာ ငါဟာ တောင်းတနေမိခဲ့တာပါ...။
ငါ့ရဲ့မျှော်လင်းခြင်းတွေက
ဝေဒနာအသွင်းပြောင်း
ဒီရင်ခွင်ဟောင်းမှာတော့
ထာဝစဉ်သောင်းကျန်းနေကြတယ်..
တကယ်ပါမင်းကြောင့် ငါလွမ်းနေတာ....။ ။



ပါမောက္ခဂျက်ဖ်ဟာ တစ်နေကုန်တစ်နေခန်း စာသင်၊ ညပိုင်းကျတော့ သုတေသနလုပ်ငန်းတွေလုပ်နဲ့ အလွန်လုပ်များသူ ဖြစ်တယ်။ ဒါပေမယ့် တစ်ခါတစ်ရံတော့ ညပိုင်းတွေမှာ အင်တာနက် ထဲဝင်ပြီး စစ်တိုက်တမ်းကစား တတ်တယ်။ ဒီညတော့ သူနဲ့အတူ တွဲပြီးကစားရတဲ့အဖော်က စစ်ရေးစစ်ရာ အတော်ကျွမ်းကျင်ပြီး ရဲရင့်သူဖြစ်တယ်။ သူရဲ့ဦးဆောင်မှုနဲ့ သူတို့နှစ်ဦး ရန်သူတွေကို ရွပ်ရွပ်ချွံချွံတိုက်လိုက်တာ စစ်ပွဲခြောက်ပွဲတောင် အနိုင်ရလိုက်တယ်။ အဲဒီအချိန်မှာပဲ သူရဲ့ကစားဖော်က “ဟေ့ သူငယ်ချင်း၊ ငါ့ကို အမေက အိပ်ရာဝင်ခိုင်းနေပြီးကွ ”
လို့ သတင်းပေးတယ်။ ပါမောက္ခဂျက်ဖ်က သူ့ကစားဖော်ကို နှုတ်ဆက်ရင်း သူ သိချင်တာတစ်ခုကို မေးလိုက်တယ်
“ မင်းအသက် ဘယ်လောက်ရှိပြီးလဲ ”
“ ၁၂ နှစ်၊ မင်းကရော ”
သူ့ရဲ့စစ်သူကြီးဆီက အဖြေနဲ့အတူ အမေးပါ တစ်ခါတည်း ပြန်မေးတယ်။
ပါမောက္ခကြီး ရှက်ရှက်နဲ့ ပြန်ဖြေလိုက်တယ်။
“ ရှစ်နှစ် ” ဟု ဆိုသတဲ့။


ရောမမြို့တည်ဆောက်ချိန်
ရောမမြို့ကြီးကို ဘယ်အချိန်မှာ တည်ဆောက်ခဲ့သလဲ။
ညမှာပါ။
ဘာလို့ညလို့ပြောရတာလဲ။
ဆရာပဲပြောတယ်လေ။ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့။


တာဝန်ကိုယ်စီ

မင်းရဲ့အိမ်စာတွေကို ဖြေဖို့ မင်းအဖေကိုချည်း အမြဲမေးနေတော့မှာပဲလား
အမေက အလုပ်မအားလို့ပါခင်ဗျ။


ကျွန်တော့်အဖေပါ

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-
-ကျွန်တော့်သားကို ခွင့်ပေးဖို့ ခွင့်တိုင်တာပါ။
- အခု ဖုန်းဆက်တာဘယ်သူလဲ။
-ကျွန် ...ကျွန်... ကျွန်တော့် အဖေပါ ဆရာကြီး။



အမေးနှင့် အမေး

-မင်းအမြဲသင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။
-ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။

မှန်လိုက်လေ
-၁၈ ရာစုက အဖြစ်အပျက်တွေ ထဲက တစ်ခုကို ပြောပြပါ။
အားလုံးတိတ်ဆိတ်သွားသည်။
-သူတို့အားလုံးသေကုန်ပြီး။

လူလောကဟူ ၍ လူနှင့်လောကသည် အတူပူးတွဲရှိနေသော်လည်း အစေးမကပ် သတ်သတ်စီလိုဖြစ်နေသည့်အချိန်မျိုးလည်း ရှိ၏။ ထိုအချိန်တွင် လူသည် လောကကြီးက မကောင်းဘူး၊ တရားမျှတမှုမရှိဘူး၊ ဘက်လိုက်တယ်ဟု ကိုယ်လိုရာဆွဲတွေးပြီး ပြောတတ်ကြ၏။ စင်စစ်သော် လောကကြီးသည် ဘာမျှမသိ၊ သူဘာသာ တည်ရှိနေ၏။ အတိတ်ကံ မကောင်းသူများ ၊ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းသူများ၊ အတ္တမာန်မာနကြီးသူများ၊ လောဘ၊ ဒေါသ၊ မောဟ လွှမ်းမိုးနေသူများက လောကကြီးကို အပြစ်ရှာပြီး တရားခံလုပ်နေခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်၊ သူများကို အပြစ်တင်နေသမျှကာလပတ်လုံး အမှန်မမြင် အမြင်မှန်မရခြင်းဖြစ်တတ်၏။ အမြင်မှန်မရလျှင် ပြုပြင်ရန်ခက်၏။ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်ဟူသော ပကတိအမှန်တရားကို သိထားသင့်သည်။ အသိနှင့်သတိကို လက်ကိုင်ထားပြီး ကိုယ့်အမှားကို အချိန်မီပြုပြင်နိုင်မှသာလျှင် လောကကြီးကို အပြစ်မမြင် အပြစ်မတင်ဘဲ ချစ်ခင်သွားပေလိမ့်မည်။လောကကြီးနှင့် အလိုက်အထိုက်နေနိုင်အောင် လောကကြီးရဲ့စကားတစ်ခွန်း ရှိတယ် “ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ” ဆိုတာ မိမိပြုလုပ်ခဲ့တဲ့ အတိတ်ကံ မကောင်းဘူး ဆိုရင် မကောင်းသောရလဒ် အကျိုးတွေနဲ ရင်ဆိုင် တဲ့အခါမှာ မိမိလုပ်ခဲ့လို့ ပြန်ခံစားရတယ် လို့ အောင့်မေ့ရင် သင် လောကကြီးကို သင်ချစ်လာနိုင်ပါတယ်။ ကံကံ၏ အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ စကားကို သင်ကြားဖူးလေမပေါ့။ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ရမယ် ဆိုတဲ့ အသိ သင့်မှာရှိလျှင် သင်လောကကြီးကို သင်ချစ်ခင်နိုင်ပါတယ်။ ဘာမဆို ကံကိုသာ ယိုးမယ်ဖွဲ့မယ်ဆိုတဲ့ အစွန်းရောက်မသွားဖို့လဲ သတိကလေးပေးချင်တယ်။ “ ကံကိုယုံပြီး ဆူးပုံနင်း ”ဆိုတဲ့ စကားပုံလို့ပါပဲ။ လောကကြီးကို သင်ချစ်ခင်နေနိုင်ဖို့ သင့်မှာ အဲဒီအချက်တွေ အနည်းဆုံး ရှိထားသင့်တယ် ။ လောကကြီးကို သင်ချစ်နိုင်လျှင် သင်စိတ်ချမ်းသာစွာ နေနိုင်ပါလိမ့်မယ့်။ လောကကြီးကိုချစ်ခင်ပြီး အောင်မြင်ပျော်ရွှင်နိုင်သူ ဖြစ်ပါစေ။
ဦးကောင်းသန့် ၏ “စေတနာစကား” စာအုပ်မှ ကူးချထားပါသည်။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ