Camsial record
မိမိ Computer Screen တွင် လှုပ်ရှားခဲ့ မှုများအား ဗီဒီယိုဖိုင်အဖြစ် save ထားချင်တယ်ဆိုရင် အခုပေးထားတဲ့ ဖိုင်လေးကို ဒေါင်းလိုက်ပါ
ဒေါင်းလုပ်တော့ဆွဲပြီးသွားပြီ
Computer Screen တွင် လှုပ်ရှားခဲ့ မှုများအား ဗီဒီယိုဖိုင်အဖြစ် save ထားတာကိုပြန်ကြည့်ချင်ရင် ဘယ်လိုကြည့်ရမလဲ ?
- Camsial record ဖိုင်လေးကို ဒေါင်းပြီးသွားရင်
- install လုပ်ပါ ၊ ပြီးရင်
- desktop ပေါ်က Camsial record icon လေးကိုဖွင့်ပါ၊
- ပြီးရင် File Menu > Record the screen ကို ကလစ်ပါ၊
- New Record wizard box နဲ့  Camtasia Recorder box ကျလာရင် New Record wizard box ကို Cancel လုပ်ပါ ပြီးရင် Camtasia Recorder box ရဲ့ Capture Menu > Region ကို ကလစ်
- Capture Menu အောက်က အနီရောင် ဘောလုံးပုံလေးနဲ့ Record ကို ကလစ်ပါ၊ ဒါဆိုရင် မိမိ၏ mouse pointer လေးက မျှားပုံလေး မဟုတ်တော့ဘဲ လက်ပုံလေးဖြစ်သွားပါပြီး
- မိမိ၏ screen ကို စတင် record လုပ်ရန်အတွက် screen area ကို စတင်သတ်မှတ်ပါ။ ဒါကြောင့် လက်ပုံလေးကို မိမိ screen ရဲ့ ဘယ်ဘက် အပေါ ဒေါင့်မှစ၍ ဖြိပီးဆွဲလာပါ၊ ညာဘက်အောက်ဒေါင့် အရောက်တွင် လက်လွတ်လိုက်ပါ။ ဒါဆိုရင် screen record စတင်လုပ်နေပါပြီ
မိမိ screen တွင် လုပ်ရှားနေသမျှ အားလုံးကို record လုပ်နေပါပြီး
- ရပ်လိုပါက Teskbar ၏ ညာဘက်အောက်နားတွင် Camtasia icon အနီလေးကို ရှာပါ၊ တွေ့ ရင် right click > Stop ကို ကလစ်လိုက်ပါ
- မိမိ screen တွင် လှုပ်ရှားသမျှအားလုံးကို Camtasia အနေဖြင့်စတင် play ပါပြီ
- ပြီးလျှင် Camtasia file type ဖြင့် save ပါ၊
- ထိုဖိုင်အား အခြား computer တွင် ကြည့်နိုင်ရန်အတွက်
- Post save option box ကျလာလျှင် Produce my vedio in a shareable format ကို ရွေး၍ ok ကို ကလစ်ပါ။
- Wizard box ကျလာရင် Next ကို ကလစ်၊
- မိမိစိတ်ကြိုက် Vedio format ကို ရွေး၍ Next ကို ကလစ်၊
- Encoding option box ကျလာမည် Next ကို ကလစ်၊
- Vedio Size ရွေးရန် box ကျလာမည် default ထား Next ကိုကလစ်၊
- Vedio Option ရွေးရန် box ကျလာမည် default ထား Next ကိုကလစ်၊
- Marker Option box ကျလာမည် default ထား Next ကိုကလစ်၊
- မိမိ encode လုပ်ပြီးဖိုင်ကို သိမ်းရန် နေရာရွေး၍ Finish ကိုကလစ်၊
ဒါဆိုရင် မိမိ၏ Vedio ဖိုင်အား မည်သည့် computer တွင်မဆို ပြန်လည် ကြည့်ရှုနိုင်ပါပြီ ။
လုပ်ပုံလုပ်နည်းလေးကို ဤနေရာ လေးမှာ မူဗွီလေးနဲ့ သွားလေ့လာနိုင်ပါတယ်။ ဆော့ဝဲကို ရမ်းပြီးတာနဲ့ တတ်လာတဲ့ homepage မှာပဲ ကြည့်နိုင်ပါတယ်ဗျာ။
နောက်ထပ် အမျိုးတွေလဲ ရှိပါသေးတယ်... အပေါ်ကဟာတွေ အဆင်မပြေတော့ အောက်ကဟာတွေနဲ့ စမ်းကြည့်ပေါ့ဗျာ
AutoScreenRecorder 2.1 Pro
direct link
download
key
နောက်ထပ် တစ်ခုလဲ ရှိပါသေးတယ်.... ကီးဂျမ်းတော့ ပါဘူးဗျ။
Video Capture Master v7.0.1.890
ဒေါင်းမယ်ဆိုရင် ဒေါင်းဗျို့
download
နောက်ထပ်ကျန်သေးတယ် ကီးဂျမ်းတော့ မရှိဘူးဗျို့Trial version လေးပဲ တင်ထားကြလို့ပါ
Easy Screen Recorder Version 1.2.0.19
ဒေါင်းရန်
အဲဒါတွေ အားလုံးက မြန်မာမိသားစု ဖိုရမ်ကပါ ခင်ဗျာ.... :D :P အားလုံးကို စုစည်းပြီး ပိုစ် အဖြစ် တင်လိုက်ရပါကြောင်း..... လိုအင်ဆန္ဒအတိုင်း ပြည့်ဝနိုင်ကြပါစေ
ထူးခြားတဲ့သား
သားငယ် ဂျော်နီရိရှာ ကလေးထိန်းဋ္ဌာနသို့ ဂျော်နီ၏အမေ ရောက်လာသည်။
ပထမဆုံးအကြိမ် သားငယ်ကို လာကြိုခြင်း ဖြစ်သည်။ ပထမထပ်ကို
ကြည့်လိုက်သောအခါ 'လိမ္မာသောကလေးများ' ဟူသည့်
ဆိုင်းဘုတ်ချိတ်ထားသည်ကို တွေ့ရသည်။ ဂျော်နီကို သူမရှာသည်။ မတွေ့ချေ။
သို့ဖြင့် ဒုတိယထပ်သို့ တက်သည်။ 'သာမန် ကလေးများ' ဆိုင်းဘုတ်ကို
တွေ့ရသည်။ ဤအထပ်တွင်လည်း ဂျော်နီကို မရှိချေ။ တတိယအထပ်သို့
တက်သည်။ 'ကလေးဆိုးများ' ဟု ရေးထားသည်။ ဂျော်နီကို မတွေ့ပြန်ချေ။
စတုတ္တအထပ်တွင် 'အလွန်ဆိုးသော ကလေးများ' ဆိုင်းဘုတ်ကို မြင်ရသည်။
ဤနေရာတွင်လည်း ဂျော်နီကို မတွေ့ရချေ။ နောက်ဆုံးအထပ်သို့ တက်သည်။
လှေကားထိပ်တွင် 'ဂျော်နီ' ဆိုသော ဆိုင်းဘုတ်ကို အထင်းသား မြင်ရလေသည်။
တိုးတိုးပြော
ခြံထဲရှိ သရက်ပင်ပေါ်တက်၍ သရက်သီးများကို ခိုးနေသော အိမ်ဘေးမှ
ချာတိတ်ကို ခြံပိုင်ရှင်က ဖမ်းမိသည။်
“လာ ငါနဲ့ လိုက်ခဲ့။ မင်းရဲ့ အဖေဆီသွားမယ်။ ကလေးကို မဆုးံ မ
ရကောင်းလားလို့ သူ့ကို ငါ သွားချဲမယ်”
“တိုးတိုးပြောပါ ဦးလေးရယ်။ ဖေဖေကြားသွားပါအုံးမယ်။ ဖေဖေက ဟိုဘက်က
သရက်ပင်ပေါ်မှာ။”
သူသိအောင်ယူတာပါ
ဂျောနီက မိမိ၏ မိခင်အတွက် လတ်လတ်ဆတ်ဆတ် နှင်းဆီပန်းပွင့် ဆယ်ပွင့်ကို
ပေးရာ အမေလုပ်သူက မေးသည်။
“ကျေးဇူးပါပဲသားရယ်။ ဒါနဲ့ သားက ဘယ်က ယူလာတာလဲ”
“တစ်ခြံကျော်က အန်ကယ်လ် မက်သရူးဆီက ပါ”
“သားယူလာတာကို သူသိသလား”
“သိတာပေါ့၊ ကျွန်တော့ နောက်ကို သူအတင်းပြေးလိုက်သေးတာပဲ ဥစ္စာ”
ယောက်ျား စောပြန်လာလို့
မျက်လုံးနှစ်ဖက် ယောင်ကိုင်း လျက် ရံုး တက်လာသော မေရီကို
လုပ်ဖော်ကိုင်ဖက်များက မေးသည်။
“မေရီရယ်၊။ ဘယ်လိုဖြစ်လာတာလဲ”
“ယောက်ျားက ထိုးလိုက်လို့”
“ရက်စက်တဲ့ ယောက်ျားပါလား၊ ဒါနဲ့ ယူ့ယောက်ျား နယ်ခရီးထွက်သွားတယ်ဆို”
“ဟုတ်တယ်၊ ဒါပေမယ့် သူတစ်ရက်စောပြီး ပြန်ရောက်လာတယ်”
သဝန်တိုသူ
မိန်းမလုပ်သူသည် ယောက်ျားအပြင်က ပြန်လာတိုင်း ၎င်း၏ အင်္ကျီကို
စစ်ဆေးလေ့ရှိသည်။ အင်္ကျီပေါ်တွင် ဆံပင်တစ်ချောင်းတွေ့သည်နှင့်
အခြားမိန်းမနှင့် ပျော်ပါးခဲ့သည်ဟု စွပ်စွဲကာ ဆူဆူညံညံ လုပ်လေ့ရှိသည်။ တစ်နေ့
ယောက်ျား အပြင်မှ ပြန်လာသည်။ ထုံးစံအတိုင်း ဆံပင်အကြွင်းအကျန်များကို
ရှာသည်။ မတွေ့ချေ။ သို့နှင့် စိတ်ဆိုးမာန်ဆိုးဖြင့်
“ဟင် ရှင် တော်တော် ကမြင်းတယ်၊ ဆံပင် မရှိတဲ့ မိန်းမကိုတောင် မရှောင်ဘူး”
ဟု ပြောလိုက်သည်။
အားနားလို့
တောင်းတစ်လုံးအပြည့် သရက်သီးများဖြင့် သားဖြစ်သူ အိမ်သို့
ပြန်ပြေးလာသည်ကို တွေ့သည်နှင့် အမေဖြစ်သူက မေးသည်။
“ဟဲ့သား ဒီသရက်သီးတွေ ဘယ်ကယူလာတာလဲ”
“ရွာထိပ်က စုပေါင်းလယ်ယာခြံထဲကပါ”
“အစောင့်ကို ခွင့်တောင်းခဲရဲ့လား”
“ဟင့်အင်း၊ သူက သရက်ပင်အောက်မှာ အသေလို အိပ်နေတော့ နှိုးပြောရမှာ
အားနာတာနဲ့ပဲ မပြောခဲ့တော့ဘူး”
သဘောတရားရေးသင်တန်း
“ဟေ့ သူငယ်ချင်း၊ ကာလ်းမာက်(စ) ဆိုတဲ့လူကို သိသလား”
“မသိဘူး”
“အဲဒါ ပြောတာပေါ့၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း လုပ်နေကျ သဘောတရားရေး
သင်တန်းကိုသာ မင်း ငါ့နဲ့အတူ လိုက်တက်ခဲ့ရင် သူ့ကို မင်းသိမှာပေါ့”
“မင်းကရော အီဗန်ကို သိသလား”
“မသိဘူး”
“အဲဒါပြောတာပေါ့၊ အကယ်၍သာ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း
မင်းသင်တန်းသွားမတက်ခဲ့ရင် မင်းမိန်းမဆီလာနေကျ အီဗန်ကို
မင်းသိမှာပေါ့ကွာ”
“ အဘရယ် ညအမှောင်ကြီးဘာလို့ လျောက်သွားနေရတာလဲ ”
“ အဘက မျက်စိမှ မမြင်တာ ကမ္ဘာကြီး နေ့နဲ့ည ဖြစ်နေတာ သိပ်ပြီး မထူးဆန်းပါဘူး ”
“ မဟုတ်ဘူးလေ အဘရဲ့, အမှောင်ဆိုတော့ အဘကို မျက်စိမြင်တဲ့ သူတွေက ၀င်တိုက်မိမှာပေါ့ ဒါကြောင့် မီးခွက်လေး ယူသွား ကျွန်တော် ပေးလိုက်မယ် ”
ဆိုပြီး မီးခွက်ကလေး ပေးလိုက်သတဲ့ဗျာ...။ အဘိုးကလဲ ဘာမှမပြောတော့ပဲ မီးခွက်ကိုင်ပြီး ဆက်သွားတာပေါ့။ တနေရာ အရောက်တော့ အဘိုးကြီးကို လူတယောက် ၀င်တိုက်မိသတဲ့။
“ ဟေ့ ဟေ့ မင်းမမြင်ဘူးလားကွာ ”
“မမြင်လို့ပေါ့ဗျာ”
“မင်းတို့မြင်နိုင်အောင် ငါမီးခွက်ကိုင် လမ်းလျောက်လာတာ”
ဒီလိုပဲ သူများကိုပြောတော့မယ် ဝေဖန်တော့မယ်ဆိုရင် မိမိမှာရော ပြည့်စုံမှုရှိရဲ့လား? မိမိရဲ့ မီးခွက်မှာ မီးရှိသေးရဲ့လား ဆိုတာ ကြိုတွေးမိကြပါစေဗျာ။ လက်ဝါးလို့ မိမိဘက် မြင်နေပေမယ့် တစ်ဖက်မှာက လက်ဖမိုး မြင်နေမှာပဲလို့ တွေးမိစေချင်တယ်။ အမှန်တရား နှစ်ခုကြားမှာ ဖြေရှင်းပေးသူက အမှားတဲ့ “ခုံတော်မောင်ကျပန်း” ဇတ်ကားလေးကနေ မှတ်သားမိတာပါ။ ဒါကြောင့် လက်ဖမိုးနဲ့ လက်ဖ၀ါးပေါင်းမှ လက်ဆိုတဲ့ အင်္ဂါနဲ့ ညီမှာပေါ့ဗျာ။ တစ်ဖက်သတ်အမြင်တွေနဲ့ အကုသိုလ် မပွားမိကြပါစေနဲ့...။
တခါက ဥပုသ်လေး တစ်ရက်စောင့်ပြီး အကုသိုလ်တွေများနဲ့ ပင်လယ်ကူး အလုပ်ကို လုပ်တဲ့ ကုန်သည်သူဌေးသားလေးဟာ မိဘ စကားနားမထောင်ပဲ ပင်လယ်ကူးခဲ့မိပါတယ်။ ပင်လယ်မှာ လှိုင်းရိုက်လို့ တကွဲတပြားနဲ့ သူဌေးသားလေး တစ်ယောက်ထဲ ပင်လယ်ထဲမျှောနေရှာပါတယ်။ ဥပုသ်လေး စောင့် ခဲ့တဲ့အကျိုးကြောင့် တစ်ကျွန်းရောက်ပြန် နေစံညခံတဲ့ အသူရကယ်ဘုံသူလေးတွေနဲ့ ဆုံဆည်းတာပေါ့။ နောက်တစ်ကျွန်းရောက်ပြန်တော့လဲ အရင်ကျွန်းထက် ၂ဆသာတဲ့ အသူရကယ်ဘုံသူလေးနဲ့ ပျော်ပါးမိပါသတဲ့။ လူလောဘဆိုတာ အတောမသတ်နိုင်တော့ပါဘူး။ နောက်တစ်ကျွန်းရောက်ရင် ဒီထက်သာမှာပဲ ဆိုတဲ့ အတွေးနဲ့ ကျွန်းတစ်ကျွန်းကို ရောက်လာခဲ့ပါတယ်။
ဒါပေမယ့် အဲဒီကျွန်းကိုရောက်တော့ အလွန်လှပတဲ့ ပုဒုံမာ ကြားပန်းကြီး ပန်ဆင်ထားတဲ့ လူတစ်ယောက်ကို တွေ့ပါသတဲ့။ သူဌေးလေးမျက်လုံးထဲမှာ အဲဒီလိုမြင်ပေမယ့် တကယ်အပြင်မှာတော့ အဲဒီ လူမှာ ငရဲခံနေရတာပါ။ ဦးခေါင်းမှာ ပန်ဆင်ထားတဲ့ ပဒုံမာ ကြားပန်း အထင်က တကယ်တော့ ဓါးသွားစက်ကြီးတစ်ခုဖြစ်ပါတယ်။ သူဌေးသားလေးကတော့ အဲဒီ ပဒုံမာ ပန်းကြီး ကျွန်တော့်ကို ပေးပါလို့ သွားတောင်းမိတဲ့အတွက် ငရဲသားကလဲ သူ့အနေနဲ့ ဒီငရဲက လွတ်မြောက်ဖို့ အချိန်တန်ပြီးဆိုပြီး လွှဲပြောင်းပေးလိုက်ပါတယ်။
အဲဒီလိုပါပဲ သူတစ်ပါး အကုသိုလ်ကို ကိုယ့်အကုသိုလ်ဖြစ်အောင် မလွှဲပြောင်း မယူချင်စမ်းပါနဲ့ မိတ်ဆွေ။ သူများဒုက္ခကို ကိုယ့်ဒုက္ခအဖြစ်မခံပါစေနဲ့။ သူများအကုသိုလ်ကြောင့် မိမိ အကုသိုလ်ဖြစ်ရတာလောက် ရင်နာစရာမရှိပါဘူးဗျာ။ သူများ မကောင်းတာပြောနေမယ့်အစား ကိုယ်ကောင်းအောင် နေတတ်နိုင်ပါစေ..။ ကိုယ်ကောင်းရင်လဲ စံရမှာပါ , ကိုယ်မကောင်းရင်လဲ ကိုယ်ခံရမယ်ဆိုတာကို သိနိုင်မြင်နိုင်ကြပါစေ။
ဒါကြောင့် အကုသိုလ် အကျိုးပေးမှုကို ဂုဏ်မယူချင်စမ်းပါနဲ့။ ဇတ်ကတဲ့ မင်းသမီးမှာ ပရိတ်သတ်ရဲ့ လက်ခုတ်သံဟာ အားဖြစ်စေပေမယ့်, အားပေးတဲ့လက်ခုပ်သံလား ချောက်တွန်းတဲ့ လက်ခုပ်သံလားဆိုတာ ခွဲခြားတတ်ပါစေ။ အသေကခိုင်းတဲ့ ပရိတ်သတ်ဆို အသေကဖို့ လက်ခုပ်သံပါ။ “ လက်ခုပ်သံကြားမှာ နစ်မွန်းလို့မှားမှဖြင့် ထိန်းမနိုင်သိမ်းမနိုင် ကယိမ်ကရိုင်းမလားကွယ် မောင်မတွေးချီ့ပါပြီး” ဆိုတဲ့ သီချင်းလို့ပေါ့ဗျာ။ အားပေးတဲ့ လက်ခုပ်သံဖြစ်ပါစေ။ ချောက်တွန်းတဲ့ လက်ခုပ်သံမဖြစ်ပါစေနဲ့။
မှတ်ချက်။ ။ ဥပမာ ဇတ်ကြောင်းလေးတွေ နဲ့ သီချင်းစားသားလေး လွဲနိုင်ပါသည် , အမှန်မြင်အောင် ဖြည့်စွက်နားလည်နိုင်ကြပါရန်
အဲဒီလိုလေးလဲ အပျော်မလွန်မိစေပါနဲ့....... လူတွေဟာ ပျော်ရွှင်စရာနဲ့ကြုံလာရင်လဲ ဒုက္ခတွေ့တတ်တယ်ဆိုတာ သတိမှုကြပါစေ
ဒါလေးကလဲ သတိမှုတတ်ကြပါ...... ရယ်စရာဟာသ တစ်ခုဖြစ်လာရင် လူတွေ ခွက်ထိုးခွက်လှန် ရီမောတတ်ကြသလို သတိတရား ကင်းမဲလွန်းကြပါတယ် အဲလိုလဲ မဖြစ်ပါစေနဲ့
More Free Videos Here
ဒီလူကတော့ ဉာဏ်ကြီးရှင်လေးပါ.... နိုင်ငံခြားသွားတဲ့ပုဂ္ဂိုလ်များ အတွက် အတုယူစရာလေးပါဗျာ.... မှတ်သားစရာလေးလဲ ဖြစ်ပါတယ်
သို့သော် ပုရောဟိတ်ဟောင်းကို ရာထူးမှ မချနိုင်၊ ပုရောဟိတ်ဟောင်းကမူ သူ၏ ရာထူးကို သားအား လွှဲအပ်၍ ရသေ့ရဟန်း ပြုသွားလေသည်။ ကောရကသမ္ဗသည် ရာထူးမရသောကြောင့် သူ၏ နောင်တော် အပေါ် ရန်ငြိုးဖွဲ့၏ ။ ထုံးစံအားဖြင့်လည်း ပုရောဟိတ် ရာထူးမှာ နောင်တော်သာ လက်ကိုင်ဖြစ်၏ ။ ထို့ကြောင့် နောင်တော် သာ လက်ကိုင်ဖြစ်၏ ။ ထို့ကြောင့် နောင်တော်က အခွင့်မပြုသဖြင့် ထိုရာထူးကို အတင်းမပြောင်းလွှဲနိုင်ချေ။ သို့ဖြစ်၍ ထိုရာထူးအတွက် ဘုရင်နှင့် ကောရကသမ္ဗ (သူငယ်ချင်း ၂ယောက်) တို့မှာ အခက်ကြုံရတော့၏ ။
၎င်းတို့ နှစ်ဦး ဆွေးနွေးချက်က တစ်မြို့လုံး ပျံ့နှံ့သွား၍ တစ်မြို့လုံးက မုသားဆိုတာမကြားဖူးကြ ၊ အထူး သစ္စာတည်သော ကာလဖြစ်၍ ဘုရင်ပြောမည့် မုသားဆိုတာ ဘယ်လိုဟာပါလိမ့်၊ “ ညိုညိုလား- ရွှေရွှေလား” ဟု မုသား၏ အဆင်းအရောင် အကောင်အထည်ကို စဉ်းစားကြလေ၏။ ထိုမျှလောက် သတင်းကြီးသော မုသားကို ကြည့်ရှု ကြားသိလိုကြသော မြို့သူမြို့သားတို့ဟာ ဘုရင် မုသားပြောမည့်ဌာနကို ခုတင်ကြီးငယ် အသွယ်သွယ် ခင်းလျက် အလုပ်အယက် နေရာယူကာ (၇) ရက်မြောက်နေ့ မတိုင်ခင် ပရိတ်သတ်များ ပြည့်ကျပ် ကျိတ်ခဲနေလေသည်။ ပုရောဟိတ်ဟောင်း ရသေ့လည်း ဈာန်အဘိညာဉ်ဖြင့် ကောင်းကင်မှ ဆိုက်ရောက်လာ၏။
ထိုအခါ......
ရသေ့။ ။ မင်းမြတ်၊ အငယ်ကို အကြီး၊ အကြီးကို အငယ်ဟု မုသားပြောမည်ဆိုတာ မှန်ပါသလား။
မင်းမြတ်၊ မုသာဝါဒ ဆိုတာ လွန်စွာ အပြစ်ကြီးပါတယ်။ ရှိသမျှ ဂုဏ်ကို ဖျက်ဆီးပစ်ရုံမက အပါယ်သို့ပင် ချတတ်ပါတယ်။ မုသာဝါဒ ပြောဆိုသူမှန်လျှင် မိမိ ကိုယ်ကျင့်တရားကို သတ်ပစ်ရာ ရောက်ပါတယ်။ ကိုယ်ကျင့် တရားတွေ သတ်ပစ်တဲ့သူဟာ မိမိကိုယ်လည်း မိမိ သတ်ရာ ရောက်ပါတယ်။ မုသားပြောသူကို ကိုယ်စောင့် နတ်များလည်း မစောင့်လိုကြပါ။ ခံတွင်းက အပုပ်နံ့ ထွက် တတ်ပါတယ်။ ရာထူးလည်း လျှောတတ်ပါတယ်။ (ထိုစကားကြားလျှင် ဘုရင်သည် ကြောက်ရွံ့လာ၏။ ကောရကသမ္ဗကို ဘယ်နှယ်လဲ ဟု မေးသောသဘောဖြင့် ကြည့်ရှာသည်)။
ကောရ။ ။ မင်းမြတ်၊ အစတုန်းကပင် သည်လိုပြောပါလိမ့်မယ်ဟု တင်ကြို သံတော်ဦးတင်ခဲ့သည် မဟုတ်ပါလား။
ဘုရင်။ ။ (အနည်းအငယ်ရဲလာ၍ ပုရောဟိတ်ရသေ့ကို ပြောသည်မှာ) အရှင်ရသေ့၊ အရှင်က အငယ်၊ ကောရကသမ္ဗ က ကြီးဖြစ်တယ်။
ဤ မုသားသည် ယခုကမ္ဘာတွင် ပထမဆုံး မုသားတည်း။ ထိုမုသား စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဘုရင်ကို စောင့်နေကျ ဖြစ်သော နတ်သားလေးပါး သန်လျက်ကို ပစ်ချ၍ ကွယ်ပျောက်ကြတော့၏ ။ ဘုရင်၏ ခံတွင်းမှ ကြာညိုနံ့ပျောက်ပြီး ကြက်ဥပုပ်နံ့ ထွက်လာ၏ ။ တစ်ကိုယ်လုံးလဲ စန္ဒကူးနံ့ ကွယ်ပျောက်၍ အိမ်သာနံ့ကြီး ပေါ်ပေါက်လာသည်။ ကောင်းကင်မှာလည်း မသွားနိုင်တော့ဘဲ မြေပေါ်သို့ ကျရောက်ရှာလေသည်။ ရသေ့က မပြောရန် တားပေမယ့် ဒုတိယမုသားမှာ ခြေမျက်စိထိအောင် ခြေ ၂ချောင်း မြေသို့ ၀င်သွားလေသည်။ (မြေမျိုစပြုလေပြီး)၊ ရသေ့က ထပ်တားပြန်သည် ။ တတိယမုသားမှာ ဒူးဆစ်ထိအောင် မြေသို့ ၀င်သွားလေသည်။ ရသေ့က ပြန်၍ အမှန်တိုင်းပြောလျှင် အရင်တိုင်း ပြန်ဖြစ်လာနိုင်ပါသေးတယ် ပြောသော်လည်း ဘုရင်က “ သင်ကအငယ်၊ ကောရကသမ္ဗ က အကြီး” စတုတ္ထမုသားမှာ ခါးထိအောင် မြေသို့ ၀င်လေသည်။ ပဉ္စမမြောက် မုသားအပြောတွင် ချက်ထိအောင် မြုပ်သွားလေသည်။ ဆဋ္ဌမမြောက် မုသားတွင် သားမြတ်ထိအောင် မြုပ်သွားလေသည်။ သတ္တမမြောက်မုသားတွင် အ၀ီစိမှ မီးတောက် မီးလျှံတို့က အ၀ီစိတိုင်အောင် ယူဆောင်သွားလေသည်။ (အဋ္ဌကနိပါတ်, စေတိယဇတ်။)
ဤ၀တ္ထု၌ မုသာဝါဒ၏ အပြစ်ကား လွန်လွန်းသည်ဟု မှတ်ထင်ကြပေလိမ့်မည်။ စေတိယမင်း၏ မုသားပြောသော အချိန်ကား တစ်စုံတစ်ယောက်မှ မုသားပြောသူမရှိသေး။ အားလုံး သစ္စာတည်သော အခါ ဖြစ်သည်။ ညစ်စုတ်ပေတေနေသော လက်နှီး၌ အိုးမဲထိသော်လည်း မထူး၊ ဖြူစင်သော ပ၀ါ၌ကား မြူမှုန့်လောက် အကွက်ကလေးပင် ထင်ရှားသကဲ့သို့ အလွန်ထင်ရှား၍ အပြစ်လည်း ကြီးမာလေသည်။ ယခုခေတ်ကား အချို့လူကြီးလူကောင်း ပညာရှိသူတော်ကောင်းတွပင် “ မုသားမပါ လင်္ကာမချော” ဟူသော စကားကို လက်ကိုင်ပြုလျက် မုသားကို ရေလဲနှင့် သုံးစွဲနေကြသော ခေတ်ဖြစ်၏။ ခေတ်အလျောက် မုသား အပြစ်က မျက်မှောက်ဘ၀၌ အကျိုးမထင်ရှားစေကာမှု သံသရာ၌ ၀ဋ်လိုက်သော အပြစ်မှာ စေတိယမင်း၏ အဖြစ်မျိုးထက် သက်သာလှမည် မဟုတ်သည့် အပြင် တကယ့်သူတော်စင် ပါရမီရှင်မှန်လျှင် သစ္စာပါရမီကို လိုလိုချင်ချင် ဖြည့်ရမည် ဖြစ်သောကြောင့် မုသား မှန်သမျှကို အသေးအဖွဲကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်သက်သက် ဖြည့်ကျင့်ကြပါလျှင် မိမိ၌တည်သော သစ္စာကြောင့် အလိုလို အရှိန်အ၀ါတတ်လာပါလိမ့်မည်။
ကဲ့... မုသား စကားပြောကြအုံးမည်လား?
“တစ်ယောက်စကား တစ်ယောက်နားမှာ
မခါးရအောင် မောင်တို့ဆိုလေ
ပျားသကာသို့ ချိုလှစေ”
ဒါက သူတစ်ပါးကို နားထောင်ကောင်းအောင် မိမိရဲ့ နှုတ်ထွက်စကား မကြမ်းတမ်းရအောင် ဆုံးမသည့် ဆုံးမစာဖြစ်ပါသည်။ ပျားသကာ လိုချိုရအောင်ဆိုပြီး မဟုတ်တာတွေ လှိမ့်ပြောပြီး တစ်ဖတ်သူ၏ နားဝင်ချိုအောင် ပြောဖို့ မရည်ရွယ်ထားပါ။ chatting ထိုင်ကြသော ကိုကိုမမတို့ကပြောအုံးမယ် ဒို့က ပါးစပ်နဲ့မပြောဘူး လက်နဲ့ typing တာဆိုပြီး လက်တစ်လုံးခြားလို့ မရပါ။ မုသားဟာ မုသားပါပဲ။ မြတ်စွာဘုရားက သားတော် ရာဟုလာကို ဆုံးမသည့် ဆုံးမစကားလေး တစ်ခွန်းရှိပါသည်။ “မုသားဆို ရီစရာအဖြစ်နဲ့တောင် မပြောလေနှင့်” ။ လက်ရှိလူငယ်တွေမှာ အပေါင်းအသင်းတွေကြား စစနောက်နောက်နဲ့ စနောက်ကြပြီး မုသားကို သတိမမူမိပဲ ကျူးလွန်နေကြပါသည်။ မိမိ၏ မုသား ဤမျှလောက် အကျိုးပေးကြီးမှန်း မသိကြသေးသူများဖြစ်ပြီး, သိကြသော်လည်း လက်တွေ့မကြုံဖူးကြ၍ ယုံကြည်မှုနည်းပါးသောကြောင့် ရှောင်ကြဉ်ဖို့ ၀န်လေးနေကြပါသည်။ စေတိယမင်း၏ မုသားအပြစ်သည် ကြီးကျယ်လွန်းသည်ဟု ထင်ကြမည်သာ, အမေရိကန်မှာ လိင်တူခြင်း လက်ဆက်ခွင့်တောင်းစဉ်က ၀ိုင်းဝန်းကန့်ကွက်ကြပေမယ့် အခုတော့လဲ သူလိုကိုယ်လိုဖြစ်သွားသလိုပေါ့။ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ကျူလွန်းခြင်း အပြစ်များက ကမ္ဘာကြီး ပျက်စီးဖို့ အကြောင်းဖြစ်နေပါတယ်။ ကမ္ဘာကြီး တိုးတတ်လာပေမယ့် ဆုတ်ယုတ်နေမူကို လိုက်မမှီဖြစ်နေရသည်ကိုသာ သတိမှုကြည့်ပါတော့။ လူသားတွေ ဘယ်လောက် အပြစ်တွေကျူးလွန်မိကြသည်ကို ထင်သာမြင်သာမိကြမှာပါ။
မုသားစကား၊ ပြောဆိုငြားမှု၊ စကားမပီ၊ သွားမညီတည်း,
ပုပ်ညှီပါးစပ်, ခြောက်ကပ် ကိုယ်ရေ,
ဣနြေ္ဒနောက်, ပုံယွင်း ဖေါက်၏ ။ မရောက် ဩဇာ,
နှုတ်လျှာ ကြမ်းထော်, လျှပ်ပေါ်လော်လီ, စိတ်မတည်သည်....
ရှောင်ကြဉ် အပြန်အကျိုးတည်း။
(အဲဒါကြောင့် ထင်ပါ ကျွန်တော် အရမ်းရုပ်ဆိုးပြီး စကားပြော နှုတ်ကြမ်းလျှာကြမ်း ဖြစ်နေတာ။ လျှပ်ပေါ်တော့ မလော်လီမိပါဘူး၊ ယောက်ျားလေးမို့ တော်သေး၏, ကျေးဇူးတင်ရှိပါသည်။ မုသားကို ရှောင်ကြဉ်နိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြစေရန် ရည်မျှော်၍ ကျွန်တော်၏ ကိုကိုမမများအားလုံးကို မျှဝေလိုက်ရပါတော့သည်။)
မှတ်ချက်။ ။ အရှင်ဇနကာဘိဝံသ ရေးသားပြုစုသော “ရတနာ့ဂုဏ်ရည်” စာအုပ်, စာမျက်နှာ ၂၁၅မှ ကူးယူပါသည်။
ပျင်းသောနေ့တွေများမှာ သီချင်းနားထောင်ပါ........ဤသီချင်းလေးတွေ ကောင်း၏,
Katharine McPhee - Over It (Pop)
Over It
Katharine McPhee
powered byLeo's Lyric Database
IÂ’m over your lies, and IÂ’m over your games
IÂ’m over you asking me when you know IÂ’m not okay
You call me at night, and I pick up the phone
And though youÂ’ve been telling me, I know youÂ’re not alone
Oh and thats why
Your eyes, IÂ’m over it
Your smile, IÂ’m over it
Realize, IÂ’m over it
IÂ’m over it, IÂ’m overÂ…
Wanting you to be wanting me
No, that ainÂ’t no way to be
How do feel? read my lips
Because IÂ’m so over,
IÂ’m so over.. IÂ’m so..
MovinÂ’ on, and itÂ’s my time
You never were a friend of mine
Hurt at first a little bit
And now IÂ’m so over it
So over it, IÂ’m so over it
I'm over your hands
and I'm over your mouth
Trying to drag me down
and fill me with self doubt
Oh and thats why
Your world, IÂ’m over it
so sure, IÂ’m over it
I'm not your girl, IÂ’m over it
IÂ’m over it, IÂ’m overÂ…
Wanting you to be wanting me
No, that ainÂ’t no way to be
How do I feel, read my lips
Because IÂ’m so over it
MovinÂ’ on, and itÂ’s my time
You never were a friend of mine
Hurt at first a little bit
And now IÂ’m so over it
So over it, IÂ’m so over it
Don't call, don't come by
Ain't no use, don't ask me why
You'll never change
Left me numb and crying in the rain
Ohh Im over it
Wanting you to be wanting me
No, that ainÂ’t no way to be
How do I feel? read my lips
Because IÂ’m so over it
MovinÂ’ on, and itÂ’s my time
You never were a friend of mine
Hurt at first a little bit
And now IÂ’m so over it
So over it, IÂ’m so over it
Wanting you to be wanting me
No, that ainÂ’t no way to be
How I feel, read my lips
Because IÂ’m so over it
MovinÂ’ on, and itÂ’s my time
You never were a friend of mine
Hurt at first a little bit
And now IÂ’m so over it
So over it, IÂ’m so over it
Photo
Ryan Cabrera
A photo can say a thousand things
But it can't say the million things I wanna say
A photo can capture the way we were
But it can't capture the way we are
'Cause you're far away
What it's like to know you
What it's like to touch you
When you told me that you loved me
were those just words
You can't tell me you don't need me
and I know that hurts
'Cause I'm looking at your picture
'Cause it's all I've got
Maybe one day
You and me will have one more shot
Timing lost minutes and moments
And I might be lonely girl
But I'm not afraid
In a second
It all comes right back to me
Nothing's forgotten now
Yeah everything's saved
What it's like to touch you
What it's like to know you
When you told me that you loved me
were those just words
You can't tell me you don't need me
and I know that hurts
'Cause I'm looking at your picture
'Cause it's all I've got
Maybe one day
You and me will have one more shot
You were my life
you were my faith
You gave me hope every day
When you told me that you loved me
were those just words
You can't tell me you don't need me
and I know that hurts
'Cause I'm looking at your picture
'Cause it's all I've got
Maybe one day
You and me will have one more shot
ဤကမ္ဘာ၏ အစပိုင်းလောက်က ဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရသော မန္ဓာတ်စကြာမင်း ဖြစ်၏။ တစ်နေ့သ၌ စကြာရတနာဖြင့် ပရိသတ် ခြံရံလျက် ကောင်းကင်ခရီး၌ လေးကျွန်းလုံး လှည့်လည်စဉ် စတုမဟာရာဇ်နတ်ပြည်၏ ကြီးကျယ် ခမ်းနားကြောင်းကို ကြားရ၍ အခြွေအရံပရိတ်သတ်များနှင့် တကွ စတုမဟာရာဇ် နတ်ပြည်သို့ ချီတတ်လေသော် စတုမဟာရာဇ် နတ်မင်းကြီး ၄ ပါးက ခရီးဦးကြိုလျက် နတ်ပြည်ကို ဆက်သကြ၏ ။ ထိုအခါ နတ်စည်းစိမ်ကို ခံစားရသော်လည်း တာဝတိံသာနတ်ပြည်သည် ဤနတ်ပြည်ထက်ပင် အဆတစ်ရာမက သာလွန် ကြီးကျယ်ကြောင်း ကြားရပြန်၍ တာဝတိံသာသို့ ချီပြန်လေသော် စကြာရတနာနှင့် ပရိသတ်တို့ မလိုက်နိုင်ကြဘဲ လမ်းခု လပ်မှ လူ့ပြည်သို့ ပြန်ကြရလေသည်။
ထိုအခါ တစ်ကိုယ်တည်း ကြွလာသော မန္ဓာတ်မင်းအား သိကြားကိုယ်တိုင် နတ်ပြည်ကို တစ်ဝက်ခွဲ၍ လွှဲအပ် ခံစားစေလေသည်။ ထိုအခါ လူတို့၏ သက်တမ်းမှာလည်း အလွန်ရှည်ကြာသော အသင်္ချေတန်းအခါဖြစ်၍ ပကတိ သိကြားပေါင်း ၃၆ ယောက်ပြောင်းလဲသည့်တိုင်အောင် ထို မန္ဓာတ်စကြာမင်းသည် စုတေတော်မမူသေးဘဲ ခံစားမြဲ ခံစားနေပါလျက် နတ်ပြည်တစ်ဝက်မျှ အုပ်စိုးရရုံဖြင့် မတင်းတိမ်တော် မမူသောကြောင့် ရောက်ခါစ သိကြားသစ်ကို သတ်ဖြတ်လိုသော အကြံဆိုး ပေါ်ပေါက်လာသဖြင့် ထိုနတ်ပြည်မှ ကွယ်ပျောက်၍ လူ့ပြည်သို့ အရောက်တွင် စုတေပွဲ ၀င်ရဖူးလေသည်။ [ ဇာတကဋ္ဌကထာ၊ တိကနိပါတ်၊ သင်္ကပ္ပ၀ဂ်၊ မန္ဓာတုဇတ်]
ဤ၀တ္ထု၌ သိကြားပေါင်း ၃ကျိပ် ၆ယောက် ပြောင်းလဲအောင် နတ်စည်းစိမ်ကို စံရပါလျက် အားမရနိုင်သော လောဘ၏ ကြီးကျယ်ပုံကို မှန်းဆသင့်တော့သည်။ ထို့ကြောင့် တဏှာလေဘသည် မည်သည့်တရားဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုအလျောက် မည်သည့်အခါမှ နောက်ဆုတ်လိမ့်မည် မဟုတ်။ တဏှာလောဘ နောက်မဆုတ်သမျှလည်း ပြခဲ့သော ဒုက္ခအပေါင်းမှ လွတ်နိုင်ကြဦးမည် မဟုတ်။ ထို့ကြောင့် နှစ်သက်ခင်မင် လိုချင်တောင့်တမှု ဟူသော တဏှာလောဘသည် အားလုံးသော ဒုက္ခအပေါင်းတို့၏ အကြောင်းရင်းခံ စင်စစ်မှန်သော သမုဒယသစ္စာပေတည်း။
ဤဇတ်ကြောင်းလေးကို အရှင်ဇနာကာဘိဝံသ ရေးသားပြုစုသော ပထမကျမ်းစာ “ရတနာ့ဂုဏ်ရည် ” စာအုပ်မှ သစ္စာလေးပါး ရှင်းလင်းချက်မှ သမုဒယ သစ္စာ ဖြစ်သော တဏှာကြီးမားပုံကို မြင်သာအောင် ဖော်ပြထားသော စာပိုဒ်လေးကို ဖော်ပြရပါသည်။ ဘာဖြစ်လို့လဲဆိုတော့ ဇတ်ဝတ္ထုလေးနဲ့ စာဖတ်သူ စိတ်ဝင်စားကြတာလေ။ တရားပဲ လှိမ့်တင်ရင် ဖတ်သူဘယ် စိတ်ဝင်စားမလဲ။ ကျွန်တော်ကိုယ်တိုင်လဲ ပါပါတယ်။ ဓမ္မမှတ်စု မှာရေးတင်ထားတာ ဓမ္မနဲ့ဆိုင်တဲ့ အချက်အလက်လေးတွေပါ။ အမှန်တိုင်းပြောရရင် ဘယ်သူမှ စိတ်ဝင်တစား မဖတ်ကြဘူး ။ ကျွန်တော်လဲ အဲဒီဘလော့လေးကို မရေးဖြစ်တာ လနဲချီနေပြီးလေ။ ဒီဘလော့လေး လာလည်သူရှိတယ်ထင်လို့ပါ။ ဒါကြောင့် ရှိတဲ့ လာဖတ်သူလေး မပျင်းရအောင် ဟာသတွေ , မှတ်သားစရာလေးတွေ , ကဗျာတွေ ရှောက်ရေးတင်နေရတာ။
ဒါမှ လာလည်သူလဲ မပျင်းရ။ ကျွန်တော်လဲ လာလည်သူရှိတော့ ပို့စ်တင်ရတာ မပျင်းတော့ဘူး ။ ဘာလို့ လူတွေ ဘာသာရေးလုပ်ရမှာ ရွံ့နေကြတာလဲ? ပြောနေကြ ဥပမာလေးတော့ ရှိတယ်။ ရေထဲမှာနေတဲ့ ငါးကလေးကို ကုန်းပေါ်တင်လိုက်သလို သလိုပဲ ဖျတ်ဖျတ်ကို လူးနေတာပဲတဲ့ ။ အဲလိုပဲပေါ့ ပုထုဇဉ် လူသားတွေလဲ ကိလေသာရေအလျင်တွေထဲမှာ ပျော်မွေ့နေကြဆိုတော့ ကိလေသာရေပြင်ကို ကျော်လွန်နိုင်သော ၀ိပဿနာတရားနဲ့ ရင်ဆိုင်ဖို့ ဖျတ်ဖျတ်ကို လူးနေတဲ့ မိမိရဲ့ စိတ်လေးကို သတိထားမိကြမှာပါ။
မိမိစိတ်ကလေးကို သတိတရားလေး ပေါ်တင်ဖို့ လူတွေ အရမ်းခဲယဉ်းကြပါတယ်။ ကျွန်တော်လဲ ဖျတ်ဖျတ်ကိုလူးနေတာပဲ။ ပြောရင်းနဲ့ ဒီပို့စ်ရဲ့ လိုရင်းကို မေ့တော့မယ်။ လက်တစ်ဖြစ်အတွင်းမှာ စိတ်ဟာ ကုဋေတစ်သိန်း ဖြစ်ပျက်သွားတယ် ဆိုတာ ကြားဖူးနားဝတော့ရှိမှာပေါ့။ ဖယောင်းတိုင်းက တကယ်တော့ ဆက်တိုက် ဆက်တိုက် လောင်ကျွမ်းနေခြင်းဖြင့် အလင်းတန်းဖြစ်ပေါ်လာတာပါ။
ဒီလိုပဲ လူတွေရဲ့ စိတ်နဲ့ ဓါတ်ကြီးလေးပါး ဖွဲ့စည်းထားတဲ့ ဒီခန္ဓာကြီးကလဲ ဖယောင်တိုင်မီး တောက်လောင်သလိုပါပဲဗျာ။ ဇတ်တိုက် ဖြစ်ပျက်လောင်ကျွမ်းနေတာပါ။ စိတ်ကလေး တဖြစ်အတွင်းမှာ မိမိဟာ ကုသိုလ်စိတ်(ပုညကိရိယာ (၁၀)ပါး၊ အကုသိုလ်စိတ်( လောဘ, ဒေါသ, မောဟ, ဣဿာ မစ္ဆရိယ စသော ကိလေသာ (၁၀)ပါး) စိတ်တွေသာ ဖြစ်နေမယ်ဆိုရင် ဘ၀ပေါင်းများစွာ ဖြစ်ဖို့အတွက် သမုဒယသစ္စာ အကြောင်း ဖြစ်ပါတယ်။
ပြောချင်တာက မိမိလုပ်ရက်လေး ကာယကံ, ပြောဆိုမှု ၀စီကံနဲ့ ကြံစည်မှု မနောကံလေးတိုင်းမှာ အတတ်နိုင်ဆုံး ကိလေသာ ကင်းအောင် နေတတ်ဖို့ သတိတရားလေးနဲ့ သမုဒယသစ္စာလေးကို ပယ်သတ်နိုင်ကြပါစေ။ သတိတရားလေးနဲ့ မိမိရဲ့ စိတ်လေးကို ထိန်းသိမ်း စောက်ရှောက်နေမယ်ဆိုရင် ကုသိုလ်စိတ်လဲ မဖြစ် အကုသိုလ် စိတ်လဲ ကင်းသော တည်ကြည်တဲ့စိတ်ကလေးကနေ လက္ခဏာကြီး (၃) ပါးဖြစ်တဲ့ အနိစ္စ၊ဒုက္ခ၊ အနတ္တ တင်လိုက်မယ်ဆိုရင် ၀ိပဿနာဖြစ်ပြီး ၀ိပဿနာစိတ်လေးနဲ့ ဒုက္ခသစ္စာတရားကို သိ, သမုဒယသစ္စာကို ပယ်, နိရောဓသစ္စာကို စိုက်ပြီး, မဂ္ဂသစ္စာကို ပွားများမယ်ဆိုရင် “အမြိုက်” ဆိုတဲ့ မပျက်စီးနိုင်သော အရာဖြစ်သော နိဗ္ဗာန်သို့ ဆိုက်ရောက်ရန် လမ်းဖြစ်ပါတယ်။
မှတ်ချက် ။ ။ အပြောကြီးသူတို့သည် အလုပ်နည်း၏ , နှုတ်ဆိတ်သူတို့သည် အလုပ်များ၏ တဲ့ ဤပို့စ်သည် မပြည့်သော အိုးလေး ဘောင်ဘင်ခတ်သည် ဟုဆိုချင်ဆိုပါ။ နေမင်းကြီးကဲ့သို့ ကိုယ်ပိုင်အလင်း မထွန်းတောက်နိုင်ပေမယ့် ဖယောင်တိုင်အလင်းလေး အဆင့်လောက်နဲ့ လမ်းပြပါရစေ။
နောက်ပိုင်းအယူအဆလေးတွေ လွဲမှားနေပါက ဆိုဆုံးမခဲ့နိုင်ပါသည်။ မမှားသော ရှေ့နေ, မသေသော ဆေးသမားလို တစ်ဘ၀ တစ်ခန္ဓာဖြင့် ပြီးမည်မဟုတ်သော ကိစ္စကြီးဖြစ်သဖြင့် ဝေဖန်ဆန်းစစ် ယုံကြည်သင့်မှ ယုံကြည်စေချင်ပါသည်။ အမှတ်မှားရင် အသိမှားပါလိမ့်မည်။ အသိမှားရင် အယူမှားပါလိမ့်မည်။ အယူမှားရင် သံသရာရှည်ပါလိမ့်မည်။ စာအုပ်ထဲမှာ အသိဖြစ်သဖြင့် လွဲမှားမှုများစွာရှိနိုင်ပါသည်။ အမှားပေါင်းများစွာထဲမှ အယူမှားခြင်း(ဒိဋ္ဌိအယူ) မိဘကိုသတ်သည့် ဂရုကံကြီးများထက် အကျိုးပေးကြာရှည်ပါသည်။
အဖေကိုသတ်သော ကံသည် ဒီနေ့ကျူးလွန် မနက်ဖြန် ကမ္ဘာပျက်မည်ဆိုက တစ်ရက်တည်းသာ ငရဲကို ခံစားနိုင်ပါသော်လည်း အယူမှားသော(ဒိဋ္ဌိ)ကံကြီးသည် ကမ္ဘာပျက်သော်လည်း ကမ္ဘာပြောင်း၍ ငရဲခံရပါသည်။ အမှတ် မှန်ကောင်း၍ အသိ မှန်ကောင်းကြပါစေ။ အသိ မှန်ကောင်း၍ အယူမှန်ကောင်းကြပါစေ။
အခါတပါးမှာ ပုထုဇဉ်ရဟန်းတော် တစ်ပါးဟာ ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီမှာ ရုပ်ဆင်းရူပါမှာ အင်မတန် လှပချောမောတဲ့ မာတုကာမ တစ်ယောက်နဲ့ ဆုံခဲ့ကြပါတယ်။ အဲဒီရဟန်းတော်လေး စိတ်သန္တန်မှာ အချိန်ပြည့် စိုးမိုးလို့နေတယ်တဲ့ ။ ဒီလိုနဲ့ မစားနိုင်မသောက်နိုင် ရဟန်း တစ်ပါးလို့ မနေနိုင်ဖြစ်တော့ အခြားရဟန်းတွေက မြတ်စွာဘုရားရှင်ထံ လျောက်ထားကြပါတယ်။
အဲဒီအခါမှာ မြတ်စွာဘုရားရှင်ဟာ အဲဒီရဟန်းတော်လေးနဲ့ ပတ်သတ်ပြီး ဥဒယဘတ္တဇတ်ကြောင်းလေးကို ဟောဖို့ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီလိုနဲ့ သားတော်လေး သုံးနှစ်သား အရွယ်မှာ မိဖုရားတစ်ယောက်က ဗြဟ္မာပြည်ကနေ ပဋိသန္ဓေယူလာခဲ့တဲ့ သမီးလေး တစ်ယောက်လဲ ထပ်မံမွေးဖွားခဲ့ပြန်ပါသတဲ့။ ဗြဟ္မပြည်ကနေ စုတေ သန္ဓေယူတဲ့ ပုဂ္ဂိုလ် အများစုဟာ ကမ္ဘာများစွာ ဈာန်စိတ်နဲ့ နေလာခဲ့ကြတဲ့ အတွက် သူတို့ကို မြင်သူတိုင်း နှလုံးအေးမြပြီး စိတ်ချမ်းသာစေပါတယ်။ ဒါကတော့ ဈာန်ရဲ့ အကျိုးပဲပေါ့ကွယ်။ သူမလေးကိုလဲ နာမည်တွင်တာကတော့ ဥဒယဘတ္တ လိုပဲ အမည်တွင်သတဲ့။ သားတော်ဥဒယ ဟာအတတ်ပညာစုံလာခဲ့ပါပြီး။ ဒါပေမယ့် ကြင်ရာ မဆုံးသေးပါဘူး။ ကြင်ရာ ရှာဖို့လဲ စိတ်ကူးမရှိခဲ့ပါဘူး။
သို့သော်လည်း မင်းကြီးက သားတော်ကို နန်းမွေ ဆက်ခံစေချင်တာကြောင့် လက်ထက်ထိမ်းမြှားပြီး နန်းမွေဆက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။ မင်းသားဥဒယကတော့ တောထွက်ပြီး သာသနာပြုချင်တာပေါ့။ ဒါကြောင့် မဖြစ်နိုင်တဲ့ အကြံအစည်နဲ့ မင်းတရားကြီးကို ပြောလိုက်ပါသတဲ့။ မင်းသားလေးက ပန်းပုထု ဆရာများနဲ့ အတူ အလွန်အင်မတန်လှပချောမောတဲ့ ရွှေဆင်ရုပ်ထုလေး ထုလုပ်ခိုင်းလိုက်ပါသတဲ့။ အဲဒီရုပ်လေးနဲ့ ထပ်တူကျမည့် အမျိုးသမီးတွေ့ရှိပါက လက်ထက်ထိမ်းမြှားပြီး နန်းမွေခံယူမယ်လို့ ပြောခဲ့ပါတယ်။
အဲဒီလိုပဲ မင်းကြီးကလဲ မှူးမတ်အပေါင်းနဲ့ ရှာပုံထွက်ခိုင်းခဲ့ပါတယ်။ နန်းတွင်းမှာပဲ မင်းသားဥဒယရဲ့ ရွှေစင်ရုပ်ထုနဲ့ ထပ်တူ တူတဲ့ မင်းသမီးဥဒယကို တွေ့တော့တာပါပဲ။ မင်းကြီးလဲ ၀မ်းမြောက်ရွှင်လန်းပြီး လက်ဆက်ပေးလိုက်ပါတယ်။ မင်းသားဥဒယနဲ့ မင်းသမီးဥဒယတို့ဟာ လက်ထက်ပြီးတော့ တဦးနဲ့ တဦး ကတိဝန်ခံချက်တွေ ထားခဲ့ကြပါတယ်။ ဘယ်ဘ၀ ဘယ်ဘုံပဲရောက်ရောက် တရားထူးတရားမြတ်ရခဲ့မယ် ဆိုရင် အသိပေး သင်ကြာဖို့ ကတိဝန်ခံချက်ထားခဲ့ကြပါတယ်။
မင်းတရားကြီး ကံတော်ကုန်ပြီး မင်းသာဥဒယ သက်တော် ခုနစ်ရာပြည့်မှာပဲ မင်းကြီးဥဒယလဲ ကံလွန်တော်မူသတဲ့။ လူပြည်ကနေ နတ်ပြည်မှာ သကြားမင်းဖြစ်သွားပါတယ်။ ခုနစ်ရက်လောက် နတ်ပြည်မှ စံပျော်နေရှာပြီး မိမိနောက်ကြောင်းကို ပြန်ဆင်ခြင်မိတဲ့အခါ မိဖုရားဥဒယနဲ့ ကတိဝန်ခံစကားကို အမှတ်ရသတဲ့။ ဒါကြောင့် မိဖုရားဥဒယ ဆီကို သွားတော်မူခဲ့ပါတယ်။ မိဖုရားကြီးဟာ ခုနစ်ဆောင်မြင့်သော ဘုံမှာ နေတယ် တံတိုင်း အထပ်ထပ်ကာရံထားတယ်။ နန်းတော်ဖြစ်သဖြင့် အခြံအရံရဲမတ်တွေလဲ စောင့်ကြပ်တော်မူသတဲ့။
သို့သော်လဲ သကြားမင်းဟာ လုလင်ရောင်ဖန်ဆင်းပြီး မိဖုရားအခန်းကို ဘွားခနဲ့ ပေါ်လာသတဲ့။ ပြီးတော့ မိဖုရားကြီးကိုလဲ တစ်ညတာမျှ အတူအိပ်စက်လိုကြောင်းနဲ့ လက်ဆောင်အဖြစ် ရွှေလင်ပန်းနှင့် ရတနာအပြည့်အစုံပါ ပေးမည် ဖြစ်ကြောင်းပြောတာပေါ့။ ဒီအခါမှာ မိဖုရားက သူမ၏ ရင်ထဲမှာ သေလွန်သွားသော မင်းကြီးဥဒယတစ်ယောက်သာ ရှိကြောင်း။ လုလင်ဥဒယရဲ့ တောင်းဆိုမှုကို မလိုက်ရောနိုင်ကြောင်းပြောပါတယ်။ နောက်တစ်ရက်ကျတော့ ငွေလင်ပန်းနှင့် ငွေကို လက်ဆောင်အဖြစ်ပေးပြီး အရင်နေ့ကလိုပဲ စည်းရုံးပါတယ်။ နောက်တနေ့တော့ ကြေးလင်ပန်းဖြင့် ကြေးတွေ အပြည့်ပေးပြီး စည်းရုံးပါတယ်။
မိဖုရားက တနေ့နဲ့ တနေ့ လက်ဆောင်ပဏာက တန်ဖိုးလျောနည်းလာတာ သိတော့ မေးမိတယ်။ အသင်ကမည်သူနည်း။ ဒီလို အခြံအရံ အထပ်ထပ်ကာရံထားတာကို သင်က ၀င်လွယ်ထွက်လွယ်ဖြစ်ပြီး။ ရွှေလင်ပန်းကတဆင့် ငွေလင်ပန်း အဆင့်ထိ လျော့လျော့ပြီး လက်ဆောင်ကို ဘာကြောင့်ပေးသနည်း။ လုလင် ဥဒယက သင်သည် တစ်နေ့ထက်တစ်နေ့ ဇရာသည် အိုအိုလာသောကြောင့် လက်ဆောင်ပဏာလဲ တန်ဖိုးနည်းနည်းလာချင်းဖြစ်ပါတယ်။ ဒီလိုပဲ လူတွေ တနေ့ထက်တစ်နေ့ သေရာလမ်းကို မသွားပဲ ရောက်နေကြောင်း, အခုအချိန်မှာ ကောင်းမှုကုသိုလ်တွေ ပွားများနေသင့်ကြောင်း , စတဲ့စတဲ့ သီလတရား ဒါနတရားတွေကို ဟောခဲ့ပါတယ်။
ပြီးတော့ မိမိဟာ မင်းကြီးဥဒယဘ၀မှ အခု သကြားမင်းဥဒယဖြစ်နေကြောင်း, မိဖုရားဥဒယကို သူနဲ့ အတူလိုက်နိုင်ရန် လာခေါ်ကြောင်းပြောပြတာပေါ့။ ဒီလိုနဲ့ မိဖုရားကြီး ဥဒယက တောထွက်ပြီး ရဟန်းမ လုပ်ပြီး သေလွန်တဲ့အခါ သကြားမင်းဥဒယရဲ့ မိဖုရားဥဒယ ဖြစ်သွားပါတယ်။
ဒီဇတ်တော်လေး ပြီးဆုံးသွားတဲ့အခါမှာ မာတုကာမတွေ အပြစ်တွေကို ဟောပြတော်မူတဲ့အတွက်ကြောင့် ပုထုဇဉ်ရဟန်းလေး အမြင်မှန်ရသွားခဲ့ပါတယ်။ ဇတ်ပေါင်းအနေနဲ့ မင်းကြီးဥဒယဘတ္တသည် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ကြီးဖြစ်ပါတယ်။
တရားနာယူ၍ ကျွန်တော်အနေနဲ့ ကောက်နုတ်တင်ပြရလျှင် ပုထုဇဉ်သတ္တ၀ါတို့သည် မသွားပဲရောက်နေသော အိုနာသေ ဘေးကြီးခရီးက တွင်တွင်ကြီး ခရီးဆက်နေကြခြင်းဖြစ်သည်။ မိမိခန္ဓာကြီးသည် လောဘမီးကြီးလောင်လိုက်, ဒေါသမီးကြီးလောင်လိုက်, မောဟမီးကြီးလောင်လိုက်နဲ့ တရစပ် မပျက် လောင်ကျွမ်းနေကြခြင်းသည် တကယ်လက်တွေ့ပင်။
ဆောင်းရာသီ အေးသောဒေသမှာ မိမိရဲ့ ခန္ဓာကြား တနေရာကို လက်လှိုကြည့်နိုင်ပါတယ်။ နွေးထွေးသော အပူငွေ့ဓါတ်ကြီး ရှိနေတာ သိနိုင်ပါတယ်။ ဒါဟာ မိမိခန္ဓာကြီးရဲ့ လောင်ပူမီးကြောင့် ပူနွေးနေခြင်းလို့ ယူဆမိပါသည်။ နွေရာသီမှာဆိုလဲ ရာသီဥတု၏အပူ မိမိခန္ဓာရဲ့ အပူနဲ့ အသားစိမ်းကို မီးကင်ကြည့်သလိုပါပဲ ချွေးဒီးဒီးကျပြီး ပူလောင်နေလိုက်တာ။
ဒီလို မသိသာသော ဇရာ၏ နှိပ်စက်မှုကို ပုထုဇဉ်ကျွန်တော်တို့ ငမိုက်သားများ စားဝတ်နေရေးကြောင့် သတိမထားနိုင်ကြပါ။ သတိထားနိုင်ကြသော ပုဂ္ဂိုလ်တို့သည် ထိုနှိပ်စက်သော ဘေးကြီးမှ လွတ်ကင်းအောင် ကျင့်ကြံရုန်းကန်နေကြသည်။ ကျွန်တော်တို့သည် ဗုဒ္ဓဘာသာနိုင်ငံကြီးမှာ လူဖြစ်ရတာ အင်မတန်ကံကောင်းလွန်းလှပါသည်။ ရခဲ့တဲ့လူ့ဘ၀မှာ ကြုံခဲတဲ့ သာသနာတော်ကြီးနဲ့လဲ သိခွင့်လေ့လာခွင့် ကျင့်ကြံခွင့်ရနေခြင်းသည် မိမိကိုယ့်ကို ဂုဏ်ယူမဆုံးတော့ပါ။ လွတ်မြောက်ချင်းချမ်းသာကို ခံစားဖို့ တကယ်ဆို ငှက်ပျောသီ အခွံခွာပြီးသည့် အဆင့်လောက်လို့ တင်စားလိုက်ခြင်ပါသည်။
လူတွေရဲ့သက်တမ်း ပျမ်းမျှချိန်ကြည့်ပါက ၅၀ တမ်းကာလလို့ ဆိုရင် မှားအံ့မထင်။ အခုဆို ကျွန်တော်တို့သည် သက်တမ်း တ၀က်ကျိုးလို့နေပါပြီး။ ကုသိုလ်နဲ့ အကုသိုလ် ယှဉ်ကြည့်ပါက အကုသိုလ်က အရပ်သား စကား(ဘောင်ဘိတ်) ဖြစ်နေမှာ သေချာပါသည်။ အကုသိုလ်တွေများခဲ့တဲ့ အတိတ်ကို ပြန်တွေးပူဆွေးနေမည့်အစား ကျန်သေးသော သက်တမ်းတ၀က်ကို ဘယ်လို အကျိုးရှိရှိ အသုံးချ ကုန်ဆုံးကြမည်နည်း။ မကုန်ုနိုင်သော မောဟ ဦးစီးသော လောဘ, ဒေါသများနှင့် ကုန်ဆုံးမည်ဆိုလျင် အပါယ်ဘုံအိမ်နန်း ပြန်လည် စံမြန်းကြရမည်သာ။
ယခု ကျွန်တော်ပြုအပ်သော ဓမ္မသာဝန(တရားနာကြားခြင်း) ကုသိုလ်ကို ပတ္တိဒါန(မိမိကုသိုလ်ကို အမျှဝေခြင်း) ပတ္တာနုမောဒနာ(သူတစ်ပါးကုသိုလ်ကို သာဓုခေါ်ဆိုခြင်း) ကုသိုလ် အစုအမျှဝေလိုက်ရပါသည်။
မှတ်ချက်။ ။ စာလုံးပေါင်းများ မှားနိုင်ပါသည်။ နာကြားသမျှကို ပို့စ်တင်မယ်ဆိုပြီး သေချာမှတ်မိအောင် နာယူထားခြင်းဖြစ်ပါသည်။ အမှားပါလာလျင် သွန်သင်ဆုံးမခဲ့ပါ။
ဈေးလျှော့ယူခြင်း
လူငယ်တစ်ယောက် မိမိ အပ်ထားသော ဖိနပ်ကို လာရွေးသည်။
ဖိနပ်ပြင်သမားကပြောသည်။
“ပြင်ခ ၂ဝဝ ကျပါတယ်”
“နည်းလှချည်လား၊ ကျွန်တော် လာအပ်တုန်းက လေးရာကျမယ်ဆို”
“ ခင်ဗျားရဲ့ ဖိနပ်တစ်ဖက် ပျောက်သွားလို့ပါ။”
အကြံပေးခ
မော်စကို-တဘီလီစီ ရထားပေါ်တွင်ဖြစ်သည်။
အိပခ် န်းတွဲ၏ နှစေ် ယာကခ် န်းတွင် ရုရှားနှင့် ဂျော်ဂျီယာသားတို့
လိုက်ပါလာကြသည်။ ရထားခုတ်မောင်းနေသည်မှာ နှစ်နာရီတိတိ ကြာသွားပြီ
ဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်နှင့် ဂျော်ဂျီယာသားက
စကားစသည်။
“ပျင်းလှတယ်ဗျာ။ ခင်ဗျားနဲ့ ကျွန်တော် စကားထာဝှက်တမ်း
ကစားကြရအောင်လား။ မှန်တဲ့အဖြေတိုင်းအတွက် ငွေငါးဆယ် ပေးကြေး။
ဘယ်နှယ့်လဲ”
“စိမ်လိုက်”
“ကိုင်း၊ ကျွန်တော် စ ဝှက်မယ်။ ကျွန်တော် ဘယ်ကလာတာလဲ”
“မော်စကိုက”
“မှန်တယ်၊ ရော့ ရူဘယ် ၅ဝ။ အခုကျွန်တော် ဘယ်ကိုသွားမယ်ထင်လဲ”
“တဘီစီလီကို”
“မှန်တယ်၊ ရော့ ရူဘယ် ၅ဝ။ ဘယ်သူ့ဆီသွားမယ် ထင်လဲ”
“ခင်ဗျား မိန်းမဆီကို”
“မှန်တယ်၊ ရော့ ရူဘယ် ၅ဝ။ ဘာအတွက် သွားမယ်ထင်လဲ”
ရုရှား အနည်းငယ် စဉ်းစားပြီး ပြောသည်။
“မိန်းမနဲ့ ကွာရှင်းမလို့”
“ရော့ ရူဘယ် ၅ဝဝ”
“ဘာဖြစ်လို့ ၅ဝဝ ပေးရတာလဲ”
“ခင်ဗျားပေးတဲ့ အကြံကောင်းလို့”
အိပ်မပျော်သောည
တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကို မေးသည်။
“ညက ကောင်းကောင်း အိပ်ရရဲ့လား ခင်ဗျာ”
“မမေးရင် ပိုကောင်းမယ်၊ အိပ်ရာထဲမှာ ကြမ်းပိုး အသေတစ်ကောင်ကို
တွေ့ရတယ်။”
“အသေတစ်ကောင်လောက်နဲ့ ဒီလောက်တောင် စိတ်နှောင့်အယှက်
ဖြစ်ရသလားဗျာ”
“အသုဘလိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို မြင်ရင် ခင်ဗျား ဒီစကားမျိုး
ပြောမှာ မဟုတ်ဘူး၊ ဟင်း”
မကန်းဘူး
အရက်ဘားထဲသို့ ကောင်းဘွိုင်တစ်ယောက် ဝင်လာသည်။ အသက်ကြီးပြီဖြစ်သော
စားပဲထွိုးကမေးသည်။
“ဘာသုံးဆောင်မလဲ”
“ဝီစကီသုံးပက် ပေးပါ”
အဘိုးကြီး ထုံးစံအတိုင်း အရက်ကို လျှော့ထည့်သည်။
“အဘိုးကြီး၊ ဘာလဲ၊ ပက်ခိုးချင်ပြန်ပြီလား။
“မဟုတ်ပါဘူး၊ အသက်ကြီးတော့ မျက်စိက မကောင်းတော့လို့ပါ”
“အဲဒါဆို ခွက်လျှံအောင် ထည့်လိုက်ပါတော့လား”
“အဲဒီလောက်အထိလည်း မကန်းသေးဘူးလေ”
စာစီပြီး တင်စရာလဲ မလိုပါဘူး ဟာသကြီးတင်ရတာထက်စာရင် စာအုပ်လေး မျှဝေပေးချင်လို့ပါ... ဟာသအမြည်းလေး ရေးတင်ထားပါတယ်, လိုချင်ရင် ဒီမှာ ဒေါင်းဖတ်နိုင်ပါတယ်
သူကြီးကတော်မှာ သူ၏လင်တောင်မောင် ခရစ်ယာန်ဘာသာ ၀င်စေချင်သည်။ သို့သော် သူကြီးခမျှ သဘောမကျနိုင်ချေ။ သူကြီးမင်း ရှင်းပြသော်လည်း သူကြီးကတော်ခမျှလဲ သဘောမကျနိုင်။ ဒီလိုနဲ့ သူဘက်လူ ကိုယ့်ဘက်လူ အပြိုင်ခေါ်ကြရင်းနဲ့ ကျောက်ကွင်းအရေးတော်ပုံ စတင်ဖြစ်ပွားရပေတော့သည်။ ဒီလိုနဲ့ စာချုပ်စာတမ်းဖြင့် တရားဝင် အဖြစ် လူသိရှင်ကြားဖြစ်သွားရပါတော့တယ်။ သူကြီးကန်တော်ဘက်မှ သဘာာပတိဦးရွှေမှန်ကို တာဝန်ပေးသည်။ ဟောပြောသူက မန္တလေး ဓမ္မဆရာ ဦးသာဒင်က တာဝန်ယူ ဟောပြောပါသည်။
ထိုပုဂ္ဂိုလ်သည် ဗုဒ္ဓဘာသာမှ ခရစ်ယာန် ဘာသာသို့ ပြောင်းဝင်သွားသူဖြစ်သည်။ ဦးသာဒင်သည် ဗုဒ္ဓဘာသာဝင်အဖြစ်စဉ်က ပထမငယ်တန်း အထိ လေ့လာသင်ယူ ဖူးသူဖြစ်၍ ဗုဒ္ဓဘာသာ အကြောင်းကို အတော်အတန်သိရှိထားပြီးသူ ဖြစ်သည်။ ပြီးတော့ နာမည်ကြီး ဓမ္မအကျော်အမော် များစွာနဲ့ သတင်းပျံ့နေကြပါသည်။
ဗုဒ္ဓဘာသာ ဘက်မှာ အစောပိုင်းမှာ မရေမရာနှင့် အားကိုးရမယ့် ပုဂ္ဂိုလ် အတည်တကျ မသိကြရသေး၍ စိတ်ပျက်လက်ပျက်ဖြစ်ရပုံ, နောက်ပိုင်း အရှင်နန္ဒ၏ ဆရာတော် အရှင်ဥက္ကဋ္ဌဖြင့် ၀င်ရောက် ဟောပြော ဆွေးနွေးနိုင်ပါသဖြင့် ဗုဒ္ဓဘာသာ တို့သက်ပျင်းချနိုင်ပုံ,
ဓမ္မဆရာ ဦးသာဒင်၏ စတင်ဟောပြောပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘုရား အလောင်းတော် ၀ါဆိုလပြည့် နေ့ကြီး၌ ပဋိသန္ဓေယူသည်ဟု ဆိုထားရာ မိဘနှစ်ပါးသည် ၀ါဆိုလပြည့်နေ့ကြီးမှာပင် ရှောင်ကြဉ်ဟန် မရှိကြောင်း၊ ပဋိသန္ဓေ ခန်းပါ အင်္ဂါရပ်များနှင့် ကြည့်က ခမည်းတော် သုဒ္ဓေါဒနကပင် လွန်သလော၊ မယ်တော် မာယာကပင် ကဲသလော မသိ၊ ထို့ကြောင့် မိဘ ၂-ပါး၏ အကျင့်အရ ဂေါတမသည်လည်း သန္ဓေကစပြီး လူလွန်ဖြစ်သည်ဟူ၍ စတွယ်လေသည်။ ရွေအိုးကြီး ၄- လုံး ဖွားဘက်တော် စာရင်းပါနေပုံကို ဆက်၍ ဝေဖန်ပြသည်။
ရွေအိုးကြီး ၄- လုံးမှာ ကပ္ပိလ၀တ်ပြည်နန်းတော် အတွင်မှာပင် ပေါ်သည်ဟု ဆိုထားရာ ဤရွှေအိုးကြီး ၄-လုံး ကိစ္စတစ်ခုပင် အထူးစဉ်းစားစရာ ကောင်းသည်။ သင်္ဃမည်သော ရွှေအိုးကြီးက တဂါဝုတ်ပမာဏ ရှိသည်ဆိုသည်။ ဧဠမည်သော ရွှေအိုးကြီးက ယူဇနာဝက်မျှ ရှိသည်ဟု ဆိုသည်။ ဥပ္ပလမည်သော ရွှေအိုးက ၃- ဂါဝုတ်ပမာဏ ရှိသည်ဆိုသည်။ ပုဏ္ဏရိက မည်သော ရွှေအိုးက တယူဇနာအရွယ် ပမာဏ ရှိသည်ဆိုသည်။ အစောက်အနက်ကား နှစ်သိန်းလေးထောင်အထုရှိသော မြေနှင့် တမျှတည်းရှိသည်- စသည်ဖြင့် ဗုဒ္ဓ၀င်ကဆိုထားသည်။ ဤမျှကြီးသော ရွှေအိုးကြီးများ ဧကန်ဟုတ်ခဲ့ပါက ရှေးခေတ်က မသကာ လူဦးရေ ၅- သိန်းလောက်ရှိသော ကပ္ပိလ၀တ်ပြည်ကလေးမှာ လူနေတိုက်တာ နေအိမ်တွေပင် ထိုရွှေအိုး ၄- လုံးပေါ်သည်နှင့် ပျက်စီးသွားစရာ ရှိသည်။ ရွှေအိုး ၄-လုံး မဆိုထားနှင့် ပုဏ္ဏရိက ရွှေအိုး တစ်လုံးနှင့်ပင် ပေါ်တာနှင့် တချက်တည်း နန်းတော်နှင့်တကွ ကပ္ပိလ၀တ်မြို့တစ်မြို့လုံး ပြိုကွဲ ပျက်စီသွားဘို့သာ ရှိသည်။
ဤမျှ အပြောကြီးကြီးနှင့် ပလွှားဝင့်ကြွား ထင်ရာ ရှောက်ဟောသမျှ တရားတွေကို စဉ်းစားဉာဏ်ရှိတဲ့ လူတွေက ယုံလို့ ဖြစ်ပါ့မလား- စသည်ဖြင့် ဆက်၍ တွယ်ပြန်လေသည်။
စသည် စသည်ဖြင့် အချေတင်သွင်းချက်ကို ဆရာတော် အရှင်ဥက္ကဋ္ဌ ကမည်သို့ မည်ပုံ ချေပလိုက်ပုံကို သိစေချင်ပါသည်။ ဗုဒ္ဓဘာသာဝင်များ ဖတ်ပြီး မိမိဘာသာအပေါ် ယုံကြည် သဒ္ဒါတရား ပိုစေချင်ပါသည်။ အခြားဘာသာဝင်များ မိမိဘာသာအား ၀ိဘစ္စ၀ါဒိနော ဆိုသကဲ့သို့ ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ပါစေရန် ... မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဆိုသော်လဲ ယခုဆိုလျှင် ဗုဒ္ဓဘာသာဝင် ဆိုသည့် အမည်ခံသာရှိပါသည်။ ဗေဒင်, နက္ခတ်, ဘိုးတော်, ဘွားတော် နှင့် နတ်တွေ ဦးစီး ယုံကြည်နေကြသည်သာ များပါသည်။ နိုင်ငံကြီး ငါးပါးသီလတွေ ကျိုးပေါက်...., ဣဿာ, မစ္ဆရိယ တွေများ, ကိုယ်ချင်းစာတရားတွေ နည်းပါးနေကြတာများသဖြင့် ဘေးဆိုး သဘာဝဆိုးတွေ ကြုံတွေ့နေကြသည်ဟု ယူဆမိပါသည်။
အကြံပြုချင်ပါသည်... ဤစာအုပ်လေးကို ဖတ်ကြည့်ပါဗျာ..., ဒီနေရာလေးက ဒေါင်းနိုင်ပါတယ်....
မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ တည်ခိုးနားတည်ရာ ဖြစ်သင့်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံအဖြစ်နဲ့ တည်ရှိစေချင်ပါသည်။ စစ်မှန်သော အယူများနဲ့ အကျင့်စာရိတ္တကောင်းများနှင့် သာသနာ ရောင်ဝါ ကမ္ဘာသို့ ထွန်းလင်းတောက်ပနိုင်ပါစေ....
မှတ်ချက်။ ။ ဖတ်ပြီးပြီးချင်း ပြန်ချရေးရပါသည်။ တင်ပြချက်များ ကလေးဆန်ချင်ဆန်နေမည်မှာ သေချာပါသည်။ တကယ်တော့ စေတနာ အမှန်ဖြင့် စာအုပ်ကောင်းလေးများ ကို မျှဝေချင်လို့ ဒေါင်းလုပ်လေဘယ်မှာ ဘာမှမရှိသောကြောင့် ဒီစာအုပ်လေး အသောကလေး ဖတ်လိုက်ပြီး တင်လိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။
“ အသင် မြင်းထိန်းဆရာ အသင် မည်သို့ မည်ပုံ ဤမြင်းရိုင်းများကို ယဉ်ကျေးအောင် ဆုံးမတော်မူသနည်း”
“ မြတ်စွာဘုရား........ ကျွန်ုပ် ဤမြင်းရိုင်းများကို ဆုံးမ ထိန်းကျောင်းပုံမှာ နည်းလမ်း လေးသွယ်ဖြင့် ထိန်းကျောင်းသွန်သင် ပါသည်။ ”
(၂) အကြမ်းနည်းဖြင့် သင်ကြားပါသည်။
(၃) အနု အကြမ်းရော၍ သင်ကြားပါသည်။
(၄) နောက်ဆုံး ၎င်းနည်းလမ်းများနှင့် သင်ကြားမရပါက သတ်ပြစ်ခဲ့ပါတယ်။
မြင်းထိန်းဆရာသည်လည်း မြတ်စွာဘုရားအား ပြန်လည် မေးလျှောက်ပါသည်။
“ မြတ်စွာဘုရားသည် များပြားလှစွာသော သံဃာတော်တွေကို မည်သည်အာဏာ မည်သည့် လက်နက်မျှ မသုံးပဲ မည်သို့ မည်ပုံ ထိန်းချုပ် သွန်သင်ဆုံးမတော်မူပါသနည်း ”
ဤအခါမှာ မြတ်စွာဘုရားသည်လည်း မြင်းထိန်းဆရာ သုံးသော နည်းများအတိုင်း ဆုံးမသည် ဟု ဖြေကြားတော်မူပါသည်။
(၁) အနုနည်းနှင့် သင်ကြားဆုံးမပါသည်။ ။ ဒါန, သီလ, ဘာဝနာ အကျိုးအကြောင်းဖြင့် ဟောပြောသွန်သင်ပါသည်။ ဒါနပြုခြင်းဖြင့် လူအများချစ်ခင်ကြသည်။ ပေးကမ်းခြင်း အကြောင်းကြောင့် ပိုင်ဆိုင်ရယူမှု အကျိုးရပါသည်။ သီလကို စောင့်တည်ခြင်းကြောင့် လက်ငင်းချက်ခြင်း ချမ်းသာရာ ရပါသည်။ မကောင်းမှု မလုပ်ခဲ့သည်ဖြစ်၍ မိမိစိတ် မိမိလုံပြီး ရဲ့ဝံ့စွာ နေထိုင်နိုင်ခြင်း ချမ်းသာကိုရပါသည်။ ဘ၀နာ ပွားများခြင်းကြောင့် စိတ်တည်ငြိမ် အေးချမ်းနိုင်ပါသည်။
(၂) အကြမ်းနည်းဖြင့် သွန်သင်ဆုံးမခြင်း။ ။ ကာယကံ, ၀စီကံ, မနောကံ စသော ကံသုံးပါးသည် မကောင်းသည် နယ်ပယ် ၊ မကောင်းဝန်ကျင်မှာ ပျော်ပါးနေပါက အပါယ်သို့ လားရောက်ခြင်း အကြောက်တရားဖြင့် ဆုံးမသွန်သင်ခြင်း။ သူတစ်ပါး အသက် သတ်ခြင်းကာယကံ အမှုကြောင့် အသက်တို အနာရောဂါထူပြောခြင်း၊ ခြေလက်အင်္ဂါ မစုံခြင်း ဆင်းရဲဒုက္ခခံစားရပါသည်။ ၀စီကံ ဖြစ်သော ပိသုန၀ါစာ, သံဗပ္ပလ၀ါစာ, ဗရုဿဝါစာ များကြောင့် မိမိအား အကောင်းမမြင် အမုန်းဝင်၍ သူများ မနှစ်သက်ခြင်း စွန့်ပယ်ခြင်း ဆင်းရဲကို ခံစားရပါသည်။ မနောကံ သည် ကျန်သော ကံနှစ်ပါး၏ အချုပ်ဖြစ်သည်ထင်ပါသည်။
ကံနှစ်ပါး ကျူလွန်ုဖို့ ၎င်းကံသည် အရင်ဆုံးဖြစ်တည် ပွားဖြစ်ခြင်းဖြစ်ပါသည်။ မနောဖြင့် ကြံစည်, ၀စီဖြင့် ကြွေးကျော် စည်းလုံး ကာယကံဖြင့် ကျူးလွန်မိကြသည် ဖြစ်၍ ကံသုံးပါး အမှုကို မကောင်းမှုနယ်ပယ် ကြူလွန်ပါက မကောင်းမှုအပြည့်လျံသော အပါယ်ဘုံသို့ လားရောက်ရခြင်းဖြစ်သည် ဟု အကြမ်းနည်းဖြင့် ဆုံးမခြင်း။
(၃) အနု, အကြမ်းရော ၍ ဆုံးမခြင်း။ ။ ဒါန, သီလ, ဘာဝနာ မြတ်သော အမှုတို့ကြောင့် ကောင်းကျိုး ခံစားရပုံနှင့် ဒါန, သီလ, ဘာဝနာ စသော မြတ်သော အမှုတို့နဲ့ ဝေးကွားရခြင်းကြောင့် ဆင်းရဲဒုက္ခ ခံစားရပုံတို့ကို ယှဉ်၍ သွန်သင်ဆုံးမခြင်း။ ဒါနပြုခဲ့ခြင်းကြောင့် ယခု ချမ်းသာရ၏။ သီလစောင့်တည်ခဲ့ခြင်းကြောင့် ရန်သူမျိုးငါးပါးသော ဘေးမှ လွတ်ကင်းချမ်းသာစွာနေရခြင်း။
ဘာဝနာ ပွားများခြင်းကြောင့် မိမိပတ်ဝန်းကျင်နှင့် အလိုက်သင့်နေထိုင်တတ်ခြင်းဖြင့် စိတ်ချမ်းသာရခြင်း။ ဒါနမပြုခဲ့ခြင်းကြောင့် ဆင်းရဲ့ဒုက္ခများရခြင်။ သီလ မစောင့်တည်ခဲ့ခြင်းကြောင်း သူခိုးဘေး, မင်းဘေး, မီးဘေး စသော သဘာဝဘေးဒုက္ခဆိုးကြီးများနှင့် ကြုံတွေဆင်းရဲရခြင်း။ ဘာဝနာ မပွားဖြစ်ခြင်းကြောင့် အလိုမကျမှုရှိလာလျှင် ဒေါသဖြစ်ရခြင်း, လိုချင်မှုများလာပြီး ရတာမလို လိုတာမရဖြစ်ခြင်း၊ စဉ်းစားချင့်ချိန်မှု အမှုများ မပြုလုပ်နိုင်ခြင်း။ မိမိကိုယ်ကို ဘာတွေဖြစ်ပျက်နေခြင်းကို သတိမထား မသိမှုများနေခြင်း။ ဤကဲ့သို့ ကောင်းတာလုပ်လျှင် ကောင်းကျိုးရနိုင်သလို မကောင်းတာလုပ်လျှင် မကောင်းတာရမည်ဖြစ်ကြောင်း ဖြင့် သွန်သင်ဆုံးမခြင်း။
(၄) သွန်သင်လမ်းပြ မရသော တပည့်မိုက်အား သတ်ပြစ်ခြင်း။ ။ အထက်ပါ နည်းလမ်း သုံးသွယ်ဖြင့် သွန်သင်မရသော တပည့် မိုက်အား မည်သို့ မည်ပုံ မဆုံးမတော့ပေ။ ကောင်းသည် ဆိုးသည် လဲမရှင်းပြ မဆုံးမတော့ပေ။ ၎င်းအကြင်ပုဂ္ဂိုလ် ဥပေက္ခာပြုလိုက်ခြင်းပင် ဖြစ်သည်။ ဥပေက္ခာပြုလိုက်ခြင်းသည် အကြင်ပုဂ္ဂိုလ်အား အသေသတ်လိုက်သကဲ့သို့ ပင်ရှိပါသည်။ ဥပေက္ခာတရားသည် တကယ်ပင် ကြောက်ဖို့ကောင်းပါသည်။
မိမိအား မိမိအလွန်မြတ်နိုးရသော သူက မိမိအား ဥပေက္ခာပြုသွားလျှင် အမည်သို့ရှိသည်ကို ဥပေက္ခာ ပြုခြင်းခံရဖူးသူတိုင်း ခံစားမိမည် ဖြစ်ပါသည်။ သူငယ်ချင်းတယောက် က မိမိအား ဥပေက္ခာပြုသွားသည်ပင်လျှင် တော်တော် ခံစားရပါသည်။ မြတ်စွာဘုရား၏ ဥပေက္ခာပြုခြင်း ခံရသူသည် မည်သို့မည်ပုံရှိနိုင်မည်နည်း။ အသေသတ်သကဲ့သို့ ပင်ရှိခြေပါသည်။
မြတ်စွာဘုရာက ဒါမလုပ်နဲ့လို့ တားမြစ်ထားသည်ကို မိမိက ကျူးလွန်မိသည်နှင့် မိမိက မြတ်စွာဘုရား မထီမဲ့မြင်လုပ်ရာရောက်ပါသည်။ ဘုရား၏ စကားအား ဥပေက္ခာရာ ပြုရာရောက်ပါသည်။ မိမိဥပေက္ခာပြုရာ များလာသည်နှင့် အမျှ ဘုရား၏ ဥပေက္ခာပြုမှုသည် နီးနီးလာသည်ကို သတိပြုမိနိုင်ပါစေ။
ဘုရားရဲ့ စကား သံဃာများရဲ့ တရားကို လိုက်နာမှုမရှိတာဟာ ၄င်းတို့၏ အသေသတ်ခြင်း, ဥပေက္ခာပြုခြင်း ခံရအောင် နေနေခြင်းဖြစ်သည်။ ဒါကြောင့် အကြံပြုချင်ပါသည် ရတနာသုံးပါး၏ ဥပေက္ခာ ပြုခြင်း မခံရအောင် နေုနိုင်ကြပါစေ...။
မှတ်ချက်။ ။ ၁၃၇၂ ခုနှစ် ၀ါခေါင်လဆန်း ၈ ရက်နေ့ည ဆွေးနွေးခြင်းစကားဝိုင်း (တရားစကားဝိုင်း) မှ မှတ်သားနာယူ၍ ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။ စာဖတ်သူ လက်ခံခြင်မှ လက်ခံမည်။ စဉ်းစားချင့်ချိန်ပြီး မှတ်သားပါ။ ဝေဖန်စဉ်းစား၍ မှတ်သားပါလို့ တိုက်တွန်းခြင်ပါသည်။
ခံနေလို့ဖြစ်ပါ့မလား
ပြဇတ်ရုံအ၀င်ဝမှာ အမျိုးသမီးကြီးတစ်ဦးက အပေါက်စောင့်ကို ရိုက်လိုက်လို့
- ဘာဖြစ်လို့ သူကို ရိုက်ရတာလဲ။
-မိုက်ရိုင်းလို့ပါ။ ကျွန်မ၀ယ်လာတဲ့ လက်မှတ်ကို တောင်းပြီး ဆွဲဆုတ် ပစ်တယ်လေ။
ဖြစ်နိုင်မယ်ဆိုရင်
-ဘူတာသွားချင်လို့ ကားခ ဘယ်လောက်ပေးရမလဲ။
-သုံးရာပါခင်ဗျာ။ အိပ်အတွက်က မယူပါဘူး။
- ဒါဖြင့် အိတ်ကိုပဲ ဘူတာပို့ပေးပါကွာ ငါလမ်းလျှောက် လိုက်ခံမယ်။
စိုးရိမ်သူ
-ဟာ သူငယ်ချင်း စားသောက်ဆိုင်ကို မင်းနဲ့ အတူမနေ့က လိုက်လာတဲ့ကောင်မလေးက ဘယ်ကလဲ။ တော်တော်ချော်တယ်ကွာ။ မျက်နှာလေးက ချိုနေတာပဲ။ ချစ်စရာလေး။ လှတစ်မျက်နှာယဉ်တစ်ကိုယ်လုံးဆိုတဲ့ ပုံစံမျိုးပဲ။ တကယ် တကယ် ခိုင်သင်းကြည်နဲ့ နန္ဒာလှိုင် ပေါင်းထားတဲ့ အလှမျိုး၊ အသံက ထက်ထက်မိုးဦးလို ပဲ။ မင်းကိုတော့ လေးစားသွားပြီးကွာ။
-လေးစားရင် ဆက်မပြောပါနဲတော့ သူငယ်ချင်းရာ။ မင်းကိုငါ အလေးအနက် တောင်းပန်ချင်တာကခုစကားတွေကို ငါ့မိန်းမရှေ့မှာ မပြောမိပါစေနဲကွာ။ အဲဒါကိုတော့ အလေးအနက် မေတ္တာရပ်ခံပါတယ်။
- ရပါတယ်ကွာ။ နားလည်မှုရှိပါတယ်။ မင်းမိန်းမကိုတော့ မိတ်ဆက်ပေးထားဦးလေ။ သိနေမှ စကားပြော ဆင်ခြင်လို့ရမှာ။
- မနေ့က မင်းတွေ့လိုက်တာ ငါ့မိန်းမပဲလေ။
-“ အင်..”
ပြောလိုက်ပါမယ့်
-ဟဲလို မောင်စိုးလား။
- ဟုတ်ပါတယ် ဘယ်သူပါလိမ့်။
- ငါပါကွ သံချောင်းပါ။ ၁၀-တန်းတုန်းက အတူနေခဲ့တာလေကွာ တစ်ခုံတည်း အတူထိုင်ခဲ့ကြတာ။
- သြော် အေး မှတ်မိပြီး။
- အမှတ်သုံးကျောင်းမှာ နေခဲ့တဲ့ မောင်စိုးနော်။
- ဟုတ်ပါတယ် သံချောင်းရ။
- မင်း မောင်စိုး သေချာပါတယ်နော် အသံက တစ်မျိုးဖြစ်နေလို့။
- အအေးမိပြီး လည်ချောင်းနာ အသံဝင် ဖြစ်နေလို့ပါကွာ။
- မောင်စိုး ဆိုတာ သေချာရင်တော ငါပြောမယ်။
- ပြောပါ မောင်စိုးပါ။
- တခြားမဟုတ်ပါဘူးကွာ။ ငါ ငွေတစ်သောင်းလောက်ချေးချင်လို့ပါ။
- ကောင်းပြီးလေ မောင်စိုး ပြန်လာရင် ငါပြောပြလိုက်ပါ့မယ်။
ငါနှစ်သက်တာက
- မင်းမနှစ်သက်တဲ့ မိန်းကလေးကို ဘာလိုလက်ထပ်ခွင့်တောင်းရတာလဲကွာ။ မင်းပြောတော့ အဲဒီကောင်မလေးမှာ အသိဉာဏ်လည်း မရှိဘူး။ ငွေလည်းမရှိဘူး ။ အပေါင်းအသင်းကောင်း မိတ်ဆွေကောင်းလည်း မရှိဘူး။ ငွေလဲမရှိဘူးဆို။ မင်းရဲ့ စွမ်းရည်ကိုလည်း မသိဘူးဆ
- ငါနှစ်သက်တာက သူ့ မိသားစုကွ။ အဲဒီအရည်အချင်းတွေ အားလုံး သူ့မိသားစုမှာ ရှိနေလို့။
သွားရမယ့် လမ်း
ခရီးသည်က သင်္ဘောကပ္ပတိန်ကို
- ကျွန်တော်တို့ ဘယ်လောက်သွားရင် မြေပြင်ကိုတွေ့နိုင်မလဲ။
- သုံးမိုင်လောက်ပါပဲ။
- ဘယ်လမ်းက သွားရမှာလဲ။
- အောက်တည့်တည့် ဆင်းသွားရမှာ။
တချို့သောသူတို့သည် အတိတ်ဘ၀ ကျိုးပေးနည်းသောကြောင့် စာဖြင့် ဝေးရ၏။ စာအုပ်ကိုမချစ်။ ၀ါသနာမပါ။ အချိန်မရ။ ၀ယ်ဖတ်ရမှာနှမြော၏။ ထမင်းစားဖို့အလုပ်လုပ်ရင်း အသက်ရှင်သည်။ စာပေ၏တန်ဖိုးကို သူမသိ။ ရရှိနိုင်သည့်ကောင်းကျိုးကို သူမမြင်။ ငွေကိုသာ ခုံမင်၍ဆင်ခြင်တုံတရားနည်းစွာဖြင့် ဘ၀ကို ချစ်ခင်ပျော်မွေ့နေတော့၏။
တချို့သောသူတို့သည် စာအုပ်ကို ချစ်ခင်နှစ်သက်၏။ တန်ဖိုးထားလေးစား၏။ စာအုပ်ကြောင့် အသိတရားတိုးပွား၏။ ရင့်ကျက်ပြည့်ဝမှုကို ဖြစ်စေ၏။ စာအုပ်ကို မုဆိုးသားကောင်ဖမ်းသကဲ့သို့ အငမ်းမရရှာဖွေဖတ်ရှုတတ်၏။ လောကဓံကို ခံနိုင်စွမ်းရည်ရရှိ၏။ ငြိမ်းချမ်မှုကို ရှာတွေ့၏။ အမှန်တရားနှင့် အကျွမ်းဝင်၏။
ထိုသူတို့သည်… လူဖြစ်ရကျိုးနပ်၍ လောက၌ မိတ်ဆွေကောင်းရသည် မည်၏။ ဘ၀အဓိပ္ပာယ်နှင့် တန်ဖိုးကိုသိသော လောကအကျိုးဆောင်နိုင်သူများ ၊ လူတို့၏ တန်ဖိုးထား လေးစားခံရသူများ ထိုက်တန်စွာ ဖြစ်ကြကုန်၏။ ထိုကြောင့်… အသက်ရှင်နေသမျှ စာအုပ်ကို မိတ်ဆွေဖွဲ့ရာ၏။
ဦးကောင်းသန့်ရဲ့ စေတနာစကား စာအုပ်မှာ ဖတ်လိုက်ရလို့ မျှဝေတာပါ.... ။ စာအုပ်သည် ကျွန်တော်တို့အတွက် အရိုးသားဆုံးနဲ့ အကောင်းဆုံး ဆရာတစ်ဆူ ဖြစ်ပါတယ်။ သူကို အလေးထား တန်ဖိုးထားပြီး ဖတ်ရှုခြင်းအားဖြင့် မိမိရဲ့ အသိဉာဏ်တွေ ပွင့်လင်း လာနိုင်ပြီး......, ဘ၀ရဲ့ နည်းပေးလမ်းပြ မိတ်ဆွေ တစ်ယောက်သဖွယ် မိမိအနားမှာ ရှိနေပါတယ်....။ စာအုပ်တွေထဲမှာ ဘ၀သင်ခန်းစာတွေရှိတယ်.။ စာအုပ်တွေထဲမှာ အိပ်မက် မျှော်လင့်ချက်တွေရှိတယ်။
စာအုပ်တွေထဲမှာ ရိုးသားပုံ ရိုးသားနည်းတွေ ရှိတယ်။ လောကကြီးကို မြင်စေနိုင်တယ် ။ ကိုယ်နဲ့ မရင်းပဲ အကောင်းဆုံး သင်ခန်းစာတွေ ပေးနိုင်ပါတယ်။ ဘ၀အကြောင်းကို နားလည်မယ်။ သဘာဝတရားကို သိရှိမယ်။ လူတွေအကြောင်းကို ခံစားတတ်လာမယ်။ ဖြစ်ပေါ်လာတဲ့ ဘ၀အတွက် မက်လာမယ့် အိပ်မက်တွေကို အရောင်တွေ တောက်ပစေနိုင်တယ်။
စာအုပ်ဖတ်ခြင်းဖြင့် ကောင်းကျိုးများသာ ရရှိနိုင်ပါတယ်။ စာအုပ်ကိုလဲ ဖတ်တတ် မှတ်တတ်ဖို့လိုပါတယ်။ စာအုပ်တွေ အများကြီးရှိတယ်။ စာအုပ်ဖတ်ခြင်းဖြင့် အများကို မထိခိုက်နိုင်သလို မိမိအတွက်လဲ အဖော်မွန်ကောင်းတစ်ယောက်သဖွယ် မိမိအနားမှာရှိနေပါတယ်။ အနောက်နိုင်ငံတွေ တိုးတတ်ခေတ်မှီကြတယ်။ သူတို့တွေ အများစု ဘာလုပ်ကြတယ် ဆိုရင် အများစု စာအုပ်နဲ့ နေကြတယ်။ ရထားပေါ်ဖတ်တယ်။ ဘက်စ်ကား ပေါ်ဖတ်ကြတယ်။ Metro စီးရင် ဖတ်တယ်။ လေယာဉ်ပျံပေါ်မှာလဲ ဖတ်ကြတယ်။
ကျွန်တော်အနေနဲ့ စာအုပ်ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။ စာအုပ်တွေများများ ဖတ်ပြီး အသိဉာဏ်တွေ များများ တိုးတတ်နိုင်ပါစေ။

