Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

“နွေရာသီ လေပူထုတ်
ပူအိုက်တဲ့လရာသီ
နေ၀င်ချိန်ညနေချမ်းမှာဖြင့်
မျှော်ငေးစရာရူမြင်ကွင်းတွေက
လွမ်းငေးလို့တမ်းချင်သည်”

မိုးယံ တစ်ယောက် ဒီနေ့ ရိပ်သာ မှာ ထမင်းသွားမစားနိုင်တော့သည်။ ညနေ အစောပိုင်းက သက်လုံပြေးခဲ့ရသည် မဟုတ်လား။ စားရိပ်သာမှ သစ္စာဆိုသံတွေက တစ်ပြိုင်တည်း ဟိန်းထွက်လာသည်။ နောက်ဆုံးနှစ် ဆိုတော့ အခွင့်အရေး ပိုရပါသည်။ ထမင်း မစားချင်ရင် သွားမစားပဲ နေလိုက နေနိုင်ပါသည်။ သို့သော် တရားဝင်တော့ မဟုတ်။ သက်လုံအပြေး အပြန် မောမောနဲ့ ရေတွေ တစ်ဝကြီး သောက်လိုက်၍ ထမင်းစားချင်စိတ်လဲ မရှိတော့ပေ။ သို့နှင့် ကော်ရစ်တာ အပြင် ထွက်ပြီး မွေးရပ်မြှေရှိရာဘက်သို့ မျက်နှာမူ မျှော်ငေးမိလိုက်ပါသည်။ တောင်ပေါ်မြို့ကလေး ဖြစ်၍ တမျှော် တခေါ် ကြီး ငေးကြည့်လိုက်မိသည်။ ၀င်ဆဲလုနီး နေမင်းက လက်ပြ နှုတ်ဆက်နေသည် အလား။ တိမ်မိလ္လာ တို့လဲ့ ရွှေရောင် တောက်လို့ ကျေးငှက် အချို့ အိမ်တန်း ပြန်ကြသည့်အထင့်။ တောင်ခြေ တစ်လျောက် တောမီးငွေ့များ တရွေ့ ရွေ့နဲ့ အတူ မိုးယံ တစ်ယောက် အတွေးရိပ်များ အတိတ်ဆီ သို့ ရောက်သွားခဲ့လေပြီး။

“ မိုးယံ ဒီပုစ္ဆာ ငါမရဘူး၊ တွက်ပြီးသားရှိရင် ငါပေးစမ်းပါ”
ကျွန်တော့်ထက် အသက် တစ်နှစ်ပိုငယ်သော ယွန်းသဇင် က အတင်းတောင်းတော့သည်။ ဒီကောင်မလေး အိမ်စာကို သေချာမလုပ် , ကျွန်တော်လဲ မလုပ်ပါဘူး၊ တကယ်တော့ သူကကျွန်တော့် ထက် စာပိုတော်သည်။ အရမ်း အနိုင်လိုချင်သူ၊ သူသာလျှင် အတော်ဆုံး၊ ဖြစ်ချင်သူလေးပါ။
အခုလဲသူက သူပုစ္ဆာ နဲ့ ကျွန်တော်ပုစ္ဆာ အဖြေ လွဲရင် ကျွန်တော် အမှားဖြစ်အောင် နိုပ်ကွပ်မလို့ စာအုပ်ငှားခြင်း ဖြစ်ပါသည်။ ကျွန်တော် မပေးချင်ပါ၊ ပြီးရင် သူတော်ကြောင်း သူတတ်ကြောင်း ကင်းပွန်း တတ်မဆုံးသော ချီးမွန်း စကားတွေ ကျွန်တော်ဆက်နားမထောင်ချင်တော့သည်။ ဒါကြောင့် မိုးယံ မတ်တပ်ရပ် ထပြီးတော့
“ ကျောင်းသွားမယ် မိယွန်း နင့်ကို ငါစောင့်နေတာ
သွားမယ်.... လာ”
“ ငါ့ကို နင့်စာအုပ်ပေးစမ်းပါ , နင်နော် ငါ့ကစေတနာနဲ့နော် ပြီးရင် အမှားတွေ တွက်လာအုံးမယ် ဟွန်း ”
“ နင့်အပူလား ”
“ ပြီးရော.... ပြီးရော...”
“နင်နဲ့ ကျောင်းမသွားဘူး၊ ငါပါသာ တစ်ယောက်တည်းသွားမယ် ဒါပဲ”
ခြေစောင့် ထွက်သွားတဲ့ သူပုံစံကြည့်ပြီး, ကျွန်တော် အရမ်းပျော်မိသည်။ ကလေး လေးလို့သူက အချွဲမလေးတစ်ယောက်ပါ။ သူစိတ်ကူးနဲ့ ထပ်တူမကျရင် လူကို စိတ်ဆိုးပြီး နှုတ်ခမ်းစူပုတ်၍ အရမ်းချစ်စရာ ကောင်းသော မိန်းကလေးတစ်ယောက်ပါ။ သူနဲ့ကျွန်တော် ကျောင်းအတူတတ်လာတာ အခုဆို ၁၀ တန်းရောက်နေပါပြီး ။ သူ့မိဘ ကျွန်တော်မိဘများသည် သာမန် အခြေအနေ အဆင့်လောက်သာ ရှိပါသည်။ တောင်သူ လယ်သမား သားသမီးများဖြစ်၍ ရွာကနေ မြို့မှာ ရှိတဲ့ ဦးလေး အိမ်မှာ အတူနေကျောင်းတတ်ကြရပါသည်။ ဦးလေးထွန်းမှာ ၉ တန်းတတ်နေသော ညီမလေး ယမင်းစိုးအတွက်လဲ စာကူပြဖေါ်ရတယ်ဆိုပြီး ကျွန်တော်တို့နဲ့အတူ စာအတူကျက် ကျောင်းအတူတတ်လုပ်ရသည်။ ညီမနှစ်ယောက်နဲ့ မိုးယံဘ၀ မသက်သာ၊ နှစ်ယောက်လုံးက အငယ်ဆိုတော့ အရမ်း အလိုက်အထိုက်နေရသည်။ ကျူရှင်ကိုတော့ ယွန်းသဇင်နှင့် တူတူတတ်ကြရသည်။ ယွန်းသဇင် မိဘများကလည်း မိုးယံကို ယွန်းသဇင်ကို စောင့်ရှောက်ဖို့နဲ့ မိုးယံလက်ထဲ စိတ်ချလက်ချအပ်ထား ကြပါသည်။ သို့အတွက် မိုးယံ ပိုမိုဂရုစိုက်ရသည်။ အစားအသောက်က အစ သူ့အကြိုက် လိုက်၍ ချက်ပြုတ်ရသည်။ သူတော့ ရှားရှားပါးပါး တစ်ပတ်မှ တနင်္ဂနွေတစ်ရက်သာ သူတာဝန်ယူသည်။ ဒါတောင် ထမင်း ဆို မိုးယံပဲ ချက်ရသည်။ ယွန်းသဇင် အမြဲတမ်း တာဝန်ယူသည်က ညစာကျက် အချိန်မှာ လက်ဖတ်သုတ်ခြင်းပင်။ သူလက်ယာ တော်တော်ကောင်းပါသည်။ ဆိုင်မှာလဲ လက်ဖတ်သုတ်ကို ၀ယ်မစားဖူးသည်လဲပါ၏ ။ ဒီနေ့ မိုးယံတစ်ယောက်တည်း ကျောင်းသွားရသည်။ မနေ့က ကျောင်းအပြန် မိုးယံနဲ့ ယွန်းသဇင် တို့ မိုးမိကြသည်။ ကောင်းမလေးတော့ ဖျားကျန်ခဲ့သည်။ သို့အတွက် မိုးယံ ခွင့်တိုင်စာနှင့် အတူ ကျောင်းသို့ ပျင်းခြောက်ခြောက် တစ်ယောက်တည်း သွားခဲ့သည်။
“ ဟယ်... ညည်း စက်ဘီးက ချိန်းကြိုးကျသွားတာ ဘယ်လိုလုပ်မလဲ ချိန်းဖုံးက ဖွင့်ရမှာ ကျောက်လှည့်လဲ မပါဘူး ဒုက္ခပဲ ဆင်းတွန်းရင် ကျောင်းက နောက်ကျဖို့သေချာပြီး ပြီးတော့ အသံ ထွက်နေသေးတယ် လူတွေကြည့်နေတော့မှာပဲ ”
မိုးယံလဲ ဒီနေ့ ယွန်းသဇင် နေမကောင်းလို့၊ ယွန်းသဇင် အတွက် ကူလုပ်ပေးရနဲ့ ကျောင်းနောက်ကျနေပြီး။ ဒါနဲ့ မိုးယံလဲ ခပ်သုတ်သုတ် ခြေလှမ်းနဲ့ ကျောင်းကို ပြေးသွားမှာပဲ တွေးပြီး ပြေးမလိုကြံမှ နောက်က လှမ်းခေါ်သံ လိုလိုကြား၍ နောက်ပြန်လှည့် မှ သြော် အခုနက ညည်းချင်း ထနေတဲ့ တောသူနှစ်ယောက်ဖြစ်နေသည်။
“ မိုးယံ....... မိုးယံ ”
“ ဟေ့ နင်မိုးယံ မဟုတ်လား ”
မယ်မင်းကြီးမတွေက ကျွန်တော်နာမည် သိနေကြသည်။ လစ်မလို မသင့်တော့။ ဒါနဲ့ မိုးယံတစ်ယောက် ကူညီပါရစေခင်ဗျ ဆိုပြီး ကူညီလိုက်ရသည်။ ကျောက်လှည့်မပါလို့ ထောက်စူး ဖြင့် လှည့်၍ ချိန်းအဖုံးကို ဖွင့်၍ လက်တွေလဲပေကျံခံပြီး, ချိန်းကြိုးကို ရအောင် တင်ပေးလိုက်ရသည်။ အားလုံးပြီးလဲသွားရော မယ်မင်းကြီးတို့ သိပ်အပြောကောင်း၏ ၊ ကျေးဇူးပဲနော် မိုးယံ ဆိုပြိး တချိုးတည်း ကျောင်းကို လစ်သွားကြတယ်။ မိုးယံတစ်ယောက် ကျောင်းတော့ နောက်ကျပြီး ၊ သေချာတာပေါ့ ကျောင်းနားရောက်တော့ အားလုံးရပ်နေပြီး နိုင်ငံတော် သီချင်းတွေ ဆိုနေကြပြီး ၊ နောက်ကျ ကျောင်းသွားတွေကို တန်းစီးခိုင်းထားသည်။ မိုးယံ မတတ်နိုင် ၀င်စီးလိုက်ရသည်။ မယ်မင်းကြီးမနှစ်ယောက်ကတော့ အဟုတ်ပဲ အတန်းရဲ့နောက်ဆုံးတန်းမှာ ကိုးယိုးကားယားနဲက တန်းဝင်စီးလို့ လွတ်သွားသည်ထင်ပါ့။ အဲဒီနေ့ကတော့ နောက်ကျကြောင်း လက်မှတ်ထိုးပြီး ပြီးသွားခဲ့ပါသည်။
ဒီနေ့တော့ ကလေးဆိုးကြီး နေကောင်းသွားပြီးမို့ ၊ မိုးယံတစ်ယောက်တည်း မဟုတ်တော့။ ယွန်းသဇင်နဲ့အတူ ကျောင်းအတူသွားကြသည်။ ဟော..... တွေ့ပါပြီးဗျာ မယ်မင်းကြီးနှစ်ယောက် ပြုံးဖြီးဖြီးနဲ့ ကျွန်တော်ကို မျက်နှာလို မျက်နှာရ တစ်ယောက်တော့ အားနာနေတဲ့ပုံစံပဲ ရှက်အန်းအန်းဖြစ်နေသည်။
“ မိုးယံ ဟိုနေ့က နင်ကို ငါတို့သေချာ ကျေးဇူတင်စကား မပြောမိလိုက်လို့ တောင်းပန်ပါတယ်နော် မိုးယံ”
“ ဒီနေ့ ငါတို့ နင့်ကိုကျေးဇူးတင်လို့ မုန့်ဝယ်ကျွေးမယ် နင် ဘာမုန့်စားမလဲ, မုန့်စားကျောင်းဆင်းရင် ၀ယ်လာခဲ့မယ်လေ ”
“ ရပါတယ်ဟာ , လိုပါဘူး၊ နင်တို့ အဆင်ပြေရင် ပြီးတာပါပဲ။ ”
ဟိုတေမိမ က ဘာမှမပြော ချိန်းကြိုးကျတာက သူစက်ဘီး, ဘာလို့စကားမပြောတာပါလိမ့်, သူ့မျက်လုံးတွေထဲမှာ မိုးယံကို အားနာပြီး တောင်းပန်နေသလိုပါပဲ။ ဘေးက ယွန်းသဇင်က မျက်စောင်းထိုးပြီး အမြင်မကြည်တော့သလိုနဲ့
“ ဟဲ့ ..... သူတို့ဘာတွေပြောနေတာလဲဟ ”
.....................
.......................
“ ဟေ့ကောင် ”
မိုးယံ လန့်တကြားဖြစ်သွားသည်။ ဘေးက သူငယ်ချင်း အောင်မိုးဟန် အော်လိုက်မှ သတိရမိတော့သည်။ သြော် ငါအတွေးလွန်နေတာကို , ဘေးမှာက first year cadet က သတိစွဲရပ်နေသည်။
မင်း ဘာလုပ်နေတာလဲ ငါကြည့်နေတာကြာပြီး မင်း ဟိုးအဝေးကြီးကြည့်ပြီးတော့ လွမ်းနေတယ်ထင်တယ် ငယ်ဖော်ငယ်နှောင်းတွေ ရှိခဲ့ပုံပဲ , ဟား... ဟား..... ဟုတ်လား,
မင်း first year ကိုခေါ်ပြီး ဘာခိုင်းမလို့လဲ သူခမျှ ရပ်နေတာကြာပြီး, အပြစ်ပေးမှာဖြင့်ပေးပြီး ပြန်လွှတ်လိုက်တော့ , study time ရောက်တော့မယ်..၊
“အေးပါကွာ .... အပြစ်ပေးမလို့ မဟုတ်ဘူးကွ, ဗျူဟာဆိုင်သွားပြီး ခေါက်ဆွဲခြောက်နဲ့ ကော်ဖီမစ် ၀ယ်ခိုင်းမလို့ကွ”
ပထမနှစ်ဗိုလ်လောင်းကို ၀ယ်ခိုင်းစရာများ ၀ယ်ခိုင်းပြီး , ပြန်ပြီး အတိတ်အကြောင်းလေး ပြန်တွေးမယ်လုပ်မှ study time ရောက်လို့ ကိုယ့်အခန်း ကိုယ်ဝင်ပြီး စာကြည့်ခြင်း အလုပ်ကို လုပ်ရပါတော့သည်။
သက်လုံ= ဗိုလ်လောင်းတွေ သောကြာနေတိုင်း ပေါင် သုံးဆယ် သဲပတ်အိတ်နှင့် G-3 သေနတ်, ရေဘူးရေအပြည့် ပါ ပြင်ဦးလွင်မြို့ထဲ့သို့ မိမိစစ်ကြောင်း အလိုက် အပြေး လေ့ကျင့်ရသည် အပြေးတစ်မျိုး။

1 Responses to အတိတ်သို့ အလည်တစ်ခေါက်

  1. အစ်ကို ဘလောခ်ကို ပထမဦးဆုံးရောက်ဖူးတာ စိတ်ဝင်စားတာတယ်
    အဲဒါနဲ့ ပို့စ်ဟောင်းတွေပါ ၀င်မွှေဖြစ်တယ် အတိတ်သို့ အလည်တစ်ခေါက် က စာရေးတာလည်းကောင်းတယ် အဆုံးထိကို ဆွဲဆောင်သွားတယ် ဒါပေမယ့် အတိတ်ကို ကမန်းကတန်းသွားလည်ပုံရတယ်အဆုံးမရှိ အစမရှိ နဲ့ စာဖတ်သူ ကို အီလည်လည်ကြီကျန်ခဲ့အောင်လုပ်တယ် ။အဲလိုတော့ မနောက်နဲ့လေ အပိုင်းလေးဘာလေးခွဲပြီးတော့ အတိတ်ကို ဆက်လည်အုံးမှပေါ့
    ခင်မင်လျက်
    စန္ဒီမိုးမြင့်
    မန္တလေး

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ