Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

အကောင်းဆုံး အရှုံးသမား

Posted by thawzin Tuesday, June 9, 2009

ဘ၀ဟူသည် တစ်ခါတစ်ရံ တာဝေး ပြေးပွဲဖြစ်ပြီး တစ်ခါတစ်ရံ တာတိုပြိုင်ပွဲဖြစ်တတ်၏။ နှစ်ဦးချင်းယှဉ်ပြိုင် အနိုင်လုယူရသော လက်ဝှေ့ပြိုင်ပွဲမျိုးလည်း ဖြစ်တတ်သေးသည်။ ဘ၀ခရီးရှည်ကို လျှောက်လှမ်းသွားကြသူတိုင်းပြိုင်ပွဲအမျိုမျိုးကို တွေ့ကြုံရင်ဆိုင် ယှဉ်ပြိုင်ကြရလေ့ရှိ၏။ ပြိုင်ပွဲတိုင်း အနိုင်ရဖို့မလွယ်။ တချို့်ပြိုင်ပွဲများတွင် ရှုံးနိမ့်နိုင်သည်။ တစ်ခါတစ်ရံ ယှဉ်ပြိုင်ဖက်နှင့် လက်ရည်တူပါက သရေပွဲများလည်း ကြုံတွေ့နိုင်သည်။ မည်သို့ပင်ဖြစ်စေ ယှဉ်ပြိုင်မှု၏ ရလဒ်ကို ကျေကျေနပ်နပ် လက်ခံရမည်ဖြစ်သည်။ အနိုင်ကိုလက်ခံဖို့ မခက်ခဲသော်လည်း ရှုံးနိမ့်ခြင်းကို လက်ခံနိုင်ဖို့ ခက်ခဲသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ ထိုလက်ခံနိုင်ဖို့ ခက်ခဲသောအရာကို လက်ခံနိုင်သောသူသည် လူတော်ဖြစ်၏။ ထိုသူတို့သည် “ဘ၀” ဟူသည် တိုင်ပွဲပေါင်းများစွာနှင့် ဖွဲ့စည်းထားကြောင်း ကောင်းကောင်းသိရှိ နားလည်သူများလည်း ဖြစ်သည်။ ထိုကြောင့် လောက၌ အရှုံများစွာကို သင်ခန်းစားယူ၍ စိတ်ဓါတ်မကျဘဲ အကောင်းဆုံးအရှုံးသမားဘွဲ့ ကို ကြည်ဖြူုစွာ ခံယူနိုင်ကြဖို့လိုသည်။ အကောင်းဆုံးအရှုံးသမားဘွဲ့ကို ကြည်ကြည်ဖြူဖြူခံယူနိုင်ကြပါစေ။
ဦးကောင်းသန့်၏ “စေတနာစကား” စာအုပ်မှ ကူးယူသည်။

1 Responses to အကောင်းဆုံး အရှုံးသမား

  1. Dream Says:
  2. မှန်လိုက်တာဗျာ.... ဘ၀ဆိုတာ အနိုင်နဲ့အရှုံးပေါင်းစပ်ထားတာပါ။ အနိုင်ကိုလက်ခံနိုင်ရင် အရှုံးကိုလဲ ရင်ဆိုင်နိုင်ဖို့ လက်ခံရဲရမယ်။


    စာကောင်းပေကောင်းလေးတွေကို မျှဝေပေးတာ ကျေးဇူးပါ ဦးဦးရေ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ