Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ဘာပြောချင်လဲ

Posted by thawzin Thursday, June 18, 2009



အံ့ဩလောက်အောင်ကို ပြကွက်ဆန်းပါတယ်ဗျာ.... ဘယ်သူထင်မှာလဲ ဒီလိုဖြစ်ကြမယ်လို့..., ဒီလိုနဲ့ပဲ ပြင်ဆင် ချိန် မရလိုက်သလိုနဲ့ လူ့ဘ၀ကို ကုန်ဆုံးသွားကြတယ်, မနေ့ကသင်ဟာ ဒီနေ့သင်နဲ့ အသိ တရားတွေ တိုးပွားလာသင့်တာ..... , အခုတော့ ဟိုလူက ဘယ်လို ဒီလူကဘယ်ပုံ ဆိုပြီး မကောင်းကြောင်းတွေပြောပြီး မပြင်ဆင်လိုက်ရတဲ့ သေခြင်းကို ရင်ဆိုင်နေကြတော့မှာလား?? ဘုရားဟော လမ်းစဉ်တွေကို လျောက်လှမ်းနေသင့်တာပါ..., သေခြင်းနဲ့ နေခြင်း ဘယ်ရာဟာ သေချာဆုံးလဲ?? လောကမှာ မသွားပဲ ရောက်နေတဲ့ ခရီး, ဆုမတောင်းပဲ ပြည့်နေတဲ့ ဒီရလဒ်ကို သံဝေဂ ယူစေချင်ပါ၏ ။
ဝေဘူတောင်မျှ၊ ပမာပြ၊ အရိုးမကပြီး။
မသွားပဲနီး၊ ထိုခရီး၊ မြေကြီး သုဿန်ပြည်။
ဘ၀တိုင်းသေ၊ သင်္ချိုင်းမြေ၊ ပွားစေခဲ့လှပြီး။
ငါ့ထက်ကြီးသူ၊ ငါ့အောက်လူ၊ ရွယ်တူသေကြ များလှပြီး။
ခဏမစဲ၊ အိုနာမြဲ၊ ကိုယ်လဲသေဘက် နီးခဲ့ပြီး။
မသေရမှီ၊ ပါရမီ၊ ငါသည် ဖြည့်မှ တော်တော့မည်။

2 comments

  1. kiki Says:
  2. ဆန့်သောလက် မကွေးမီ ၊ ကွေသောလက် မဆန် မီ
    သေခြင်းတရား ဆိုတာ အချိန်မရွေး ရောက်လာ တတ်တာနော် ။
    တွေးလိုက်ရင် ကြောက်စရာ ။
    လူတွေ ဘာလို့ လောဘ ၊ ဒေါသ ၊ မောဟတွေ နဲ့ ရှုပ်ထွေး နေကြတာပါလိမ့် 

    သံဝေဂ တွေ အများကြီး ယူသွားပါတယ် ကိုသော်ရေ

    ခင်မင်လျှက်
    အမ ကိကီ

     
  3. Anonymous Says:
  4. ကိုကြီးရေ အင်းအစစ်ပဲ တို့အကိုကတော့ အမြဲတမ်း ဗဟုသုတတွေပေးတယ်။ ကျေးဇူးပါဗျို့။ လူကိုများ ဂျီးပါးလုံးတဲ့ လူဆိုး။ ဟွန့်။
    ခင်မင်လေးစားလျှက်
    ညီမလေး ပါးလုံး

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ