Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)



အချိန်သည် ငှက်ကလေးတစ်ကောင်နှင့်တူသည်။ သူရောက်ချင်သည့်အချိန်တွင် ရောက်လာသည်။ ထိုအချိန်တွင် သူ့ကိုအသိအမှတ်ပြု ဂရုစိုက်ချင်လည်းစိုင်၊ မစိုက်ချင်လည်းနေ၊ သူကတော့သူ့ဘာသာသူ နေသည်။ သူ့ကို တန်ဖိုးထားချင်လည်းထား ၊ မထားချင်လည်းနေ။ သူကတော့မသိသလိုနေ၏။ အချိန်တန်လျှင်တော့ သူပြန်ထွက်သွားလိမ့်မည်။ အချိန်သည် လူသားအားလုံးအတွက် သဘာဝက ပေးအပ်ထားသော အဖိုးတန်သည့် အခွင့်အရေး တစ်ခုဖြစ်သည်။ ထိုအခွင့်အရေးကို ရယူတတ်ရန်လို၏။ ထိုအခွင့်အရေးကို ကျကျနနအသုံးချတတ်လျှင် တိုးတတ်အောင်မြင်နိုင်သည်။ ကြီးပွားချမ်းသာနိုင်သည်။ ထိုအခွင့်အရေးကို သဘာဝက လူတိုင်းအားညီတူညီမျှ ပေးအပ်ထားသည်။ ထိုအခွင့်အရေးသည် အကြိမ်ကြိမ် ပြန်မရပါ။ ထပ်တလဲလဲရဖို့လည်းမလွယ်ပါ။ လက်လွတ်ဆုံးရှုံးသွားလျှင်လည်း အစားပြန်မရနိုင်။
အချိန်သည် အလွန်အဖိုးထိုက်တန်သောရတနာတစ်ပါး ဖြစ်ပါသည်။ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား အားလုံးထက် အဖိုးတန်သည်။ မည်မျှတန်ဖိုးကြီးသော ကျောက်သံပတ္တမြားဖြစ်ပါစေ ဆုံးရှုံးသွားခဲ့လျှင် အစားပြန်ရနိုင်သေး၏။ အချိန်ကို တော့ ပြန်ရနိုင်ခွင့် မရှိတော့ပါ။ အချိန်သည် စီးဆင်းသွားသောမြစ်ရေကဲ့သို့ တစ်ကြိမ်စီးဆင်းသွားပြီးလျှင် နောက်တစ်ကြိမ် ပြန်စီးဆင်းရိုးထုံးစံမရှိပါ။ အဖိုးအနဂ္ဃထိုက်တန်သော၊ အစားပြန်မရနိုင်သော ၊ သဘာဝကပေးအပ်ထားသော လက်ဆောင်မွန်အချိန်ဆိုသော ငှက်ကလေးကို တန်ဖိုးထားပါ၊ ဂရုစိုက်ပါ၊ အသိအမှတ်ပြုပါ။ သူနှင့်အတူ အကျိုးရှိသောကိစ္စများကို ဆောင်ရွက်ပါ။ သူ့ကို အလစ်မပေးပါနှင့် ။ သူနှင့် ထက်ကြပ်မကွာရှိနေပါစေ။ အနာဂတ်မျှော်လင့်ခြင်းနိုင်ငံသို့ အောင်မြင်မှုသရဖူရယူနိုင်ရန်အတွက် သူနှင့်အတူပျံသန်း သွားနိုင်ပါစေ။ သူနှင့်အတူ ပျံသန်းသွားပါလေ။

5 comments

  1. သော်ဇင်လေးရေ
    စာတွေလာဖတ်ပါတယ်။ အတော်ကောင်းပါတယ်။
    ဆက်ရေးပါအားပေးပါတယ်။
    အနာဂတ်မျှော်လင့်ခြင်းနိုင်ငံကို
    အောင်မြင်မှုသရဖူရယူနိုင်ရန်အတွက်
    သော်ဇင်လေး ကလောင်နဲ့ပျံသန်းနိုင်ပါစေ
    ခင်မင်လျက်

     
  2. Anonymous Says:
  3. စာကတော့ တော်တော်လေးကို ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာကြည့်ပါဗျာ။ ဌက်က သနားပါတယ်။ အကိုကျတော့ အိပ်ပြီးတော့ သူ့ခဗျာ တချိန်လုံး မိနစ်မလပ် ပျံနေရတယ်။ အတောင်းညောင်းရောပေါ့ နည်းနည်းပေးနားပါဦးလားဗျာ။ နောက်တာ
    ခင်မင်လေးစားလျှက်
    ညီမလေး ပါလုံး

     
  4. kiki Says:
  5. အချိန် နဲ့  ပျံ နေတဲ့  ငှက်ကလေးကို တင်စားထားတာလေး
    ကောင်းပါတယ် ။
    မျှော်လင့်ချက်တွေ အပြည့် ရှိနေတဲ့  အရှေ့ ဘက်အရပ်
    မှန်ကန်တဲ့ အရပ်သို့  ပျံသန်းနေတဲ့ ငှက်ကလေး ဖြစ်ပါစေ။
    ကမ်းမမြင် လမ်းမမြင်မှာ ပျံနေရတဲ့ ငှက်လေးတွေရော ..
    ဘယ်လောက်များတောင် ရှိနေပြီလဲလေ ။
    လိုရာ ပန်းတိုင် ရောက်နိုင်ကြပါစေ ။
    လမ်းတဝက် မှာ အတောင်ကျိုးတဲ့  ငှက်ကလေးများ
    မဖြစ်ကြရ ပါစေနဲ့  လို့ နော်။


    ခင်တဲ့ 
    အမ ကိ

     
  6. Dream Says:
  7. အချိန်ကို ငှက်နဲ့ လှလှပပလေး တင်စားထားတာပါလား...

    ငှက်လေးသနားပါတယ်..သူ့ခမျာ တချိန်လုံး အတောင်ခပ်ပေးနေရတယ်..အဟီးးး

    အချိန်နဲ့အတူ ပျော်ရွှင်လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ ငှက်ကလေးတို့ရေ.........

     
  8. သော်ဇင်လေး
    ထပ်လာဖတ်သွားတယ်နော်
    ခင်မင်လျက်

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ