Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ဤစာအုပ်လေး အရမ်းဖတ်ရတာ ဗဟုသုတလဲ ရပါတယ်။ ၁၂၉၈ ခုနစ်က ဖြစ်ပွားခဲ့ ကျောက်ကွင်း အရေးတော်ပုံလေးပါ။ကျွန်တော်လဲ အခုမှ ဖတ်ဖူးတာပါ...။ မြန်မာဗုဒ္ဓဘာသာများ အနေနဲ့ ဖတ်သင့်တဲ့စာအုပ်လေးပါ။ မြန်မာ ခရစ်ယာန်ဘာသာဝင်တွေလဲ ဖတ်ရှုသင့်တဲ့ စာအုပ်လေးပါ။ ပြည်ခရိုင် ၀က်ထီးကန်အရှေ့ဘက် ၄-မိုင်ကွာရှိ ရွာကလေး(ကျောက်ကွင်း) ဖြစ်ပါသည်။

အိမ်ခြေ ၇၅ - ၈၀ ခန့်ရှိတဲ့ ရွာကလေးမှာ ရွာသူကြီး ဦးလှောင်နဲ့ ၎င်း၏ ဇနီးတို့ အငြင်းပွားကြရမှာ ဘာသာရေး ပြိုင်ပွဲကြီး တစ်ခု ဖြစ်သွားရတဲ့အထိပါပဲ။ ရွာသူကြီး ဦးလှောင်က ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး, သူကြီးကတော်ကတော့ ခရစ်ယာန် ဘာသာဝင် ဖြစ်ပါတယ်။ လင်ရယ် မယားရယ် ဖြစ်လာတော့ လှူရေးတန်းရေးမှာ သူဘာသာကိုလှူမယ်။ ငါ့ဘာသာကို လှူရမယ်နဲ့ ငြင်းနေရှာသည်။

သူကြီးကတော်မှာ သူ၏လင်တောင်မောင် ခရစ်ယာန်ဘာသာ ၀င်စေချင်သည်။ သို့သော် သူကြီးခမျှ သဘောမကျနိုင်ချေ။ သူကြီးမင်း ရှင်းပြသော်လည်း သူကြီးကတော်ခမျှလဲ သဘောမကျနိုင်။ ဒီလိုနဲ့ သူဘက်လူ ကိုယ့်ဘက်လူ
အပြိုင်ခေါ်ကြရင်းနဲ့ ကျောက်ကွင်းအရေးတော်ပုံ စတင်ဖြစ်ပွားရပေတော့သည်။ ဒီလိုနဲ့ စာချုပ်စာတမ်းဖြင့် တရားဝင် အဖြစ် လူသိရှင်ကြားဖြစ်သွားရပါတော့တယ်။ သူကြီးကန်တော်ဘက်မှ သဘာာပတိဦးရွှေမှန်ကို တာဝန်ပေးသည်။ ဟောပြောသူက မန္တလေး ဓမ္မဆရာ ဦးသာဒင်က တာဝန်ယူ ဟောပြောပါသည်။

ထိုပုဂ္ဂိုလ်သည် ဗုဒ္ဓဘာသာမှ ခရစ်ယာန် ဘာသာသို့ ပြောင်းဝင်သွားသူဖြစ်သည်။ ဦးသာဒင်သည် ဗုဒ္ဓဘာသာဝင်အဖြစ်စဉ်က ပထမငယ်တန်း အထိ လေ့လာသင်ယူ ဖူးသူဖြစ်၍ ဗုဒ္ဓဘာသာ အကြောင်းကို အတော်အတန်သိရှိထားပြီးသူ ဖြစ်သည်။ ပြီးတော့ နာမည်ကြီး ဓမ္မအကျော်အမော် များစွာနဲ့ သတင်းပျံ့နေကြပါသည်။

ဗုဒ္ဓဘာသာ ဘက်မှာ အစောပိုင်းမှာ မရေမရာနှင့် အားကိုးရမယ့် ပုဂ္ဂိုလ် အတည်တကျ မသိကြရသေး၍ စိတ်ပျက်လက်ပျက်ဖြစ်ရပုံ, နောက်ပိုင်း အရှင်နန္ဒ၏ ဆရာတော် အရှင်ဥက္ကဋ္ဌဖြင့် ၀င်ရောက် ဟောပြော ဆွေးနွေးနိုင်ပါသဖြင့် ဗုဒ္ဓဘာသာ တို့သက်ပျင်းချနိုင်ပုံ,

ဓမ္မဆရာ ဦးသာဒင်၏ စတင်ဟောပြောပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘုရား အလောင်းတော် ၀ါဆိုလပြည့် နေ့ကြီး၌ ပဋိသန္ဓေယူသည်ဟု ဆိုထားရာ မိဘနှစ်ပါးသည် ၀ါဆိုလပြည့်နေ့ကြီးမှာပင် ရှောင်ကြဉ်ဟန် မရှိကြောင်း၊ ပဋိသန္ဓေ ခန်းပါ အင်္ဂါရပ်များနှင့် ကြည့်က ခမည်းတော် သုဒ္ဓေါဒနကပင် လွန်သလော၊ မယ်တော် မာယာကပင် ကဲသလော မသိ၊ ထို့ကြောင့် မိဘ ၂-ပါး၏ အကျင့်အရ ဂေါတမသည်လည်း သန္ဓေကစပြီး လူလွန်ဖြစ်သည်ဟူ၍ စတွယ်လေသည်။ ရွေအိုးကြီး ၄- လုံး ဖွားဘက်တော် စာရင်းပါနေပုံကို ဆက်၍ ဝေဖန်ပြသည်။


ရွေအိုးကြီး ၄- လုံးမှာ ကပ္ပိလ၀တ်ပြည်နန်းတော် အတွင်မှာပင် ပေါ်သည်ဟု ဆိုထားရာ ဤရွှေအိုးကြီး ၄-လုံး ကိစ္စတစ်ခုပင် အထူးစဉ်းစားစရာ ကောင်းသည်။ သင်္ဃမည်သော ရွှေအိုးကြီးက တဂါဝုတ်ပမာဏ ရှိသည်ဆိုသည်။ ဧဠမည်သော ရွှေအိုးကြီးက ယူဇနာဝက်မျှ ရှိသည်ဟု ဆိုသည်။ ဥပ္ပလမည်သော ရွှေအိုးက ၃- ဂါဝုတ်ပမာဏ ရှိသည်ဆိုသည်။ ပုဏ္ဏရိက မည်သော ရွှေအိုးက တယူဇနာအရွယ် ပမာဏ ရှိသည်ဆိုသည်။ အစောက်အနက်ကား နှစ်သိန်းလေးထောင်အထုရှိသော မြေနှင့် တမျှတည်းရှိသည်- စသည်ဖြင့် ဗုဒ္ဓ၀င်ကဆိုထားသည်။ ဤမျှကြီးသော ရွှေအိုးကြီးများ ဧကန်ဟုတ်ခဲ့ပါက ရှေးခေတ်က မသကာ လူဦးရေ ၅- သိန်းလောက်ရှိသော ကပ္ပိလ၀တ်ပြည်ကလေးမှာ လူနေတိုက်တာ နေအိမ်တွေပင် ထိုရွှေအိုး ၄- လုံးပေါ်သည်နှင့် ပျက်စီးသွားစရာ ရှိသည်။ ရွှေအိုး ၄-လုံး မဆိုထားနှင့် ပုဏ္ဏရိက ရွှေအိုး တစ်လုံးနှင့်ပင် ပေါ်တာနှင့် တချက်တည်း နန်းတော်နှင့်တကွ ကပ္ပိလ၀တ်မြို့တစ်မြို့လုံး ပြိုကွဲ ပျက်စီသွားဘို့သာ ရှိသည်။

ဤမျှ အပြောကြီးကြီးနှင့် ပလွှားဝင့်ကြွား ထင်ရာ ရှောက်ဟောသမျှ တရားတွေကို စဉ်းစားဉာဏ်ရှိတဲ့ လူတွေက ယုံလို့ ဖြစ်ပါ့မလား- စသည်ဖြင့် ဆက်၍ တွယ်ပြန်လေသည်။

စသည် စသည်ဖြင့် အချေတင်သွင်းချက်ကို ဆရာတော် အရှင်ဥက္ကဋ္ဌ ကမည်သို့ မည်ပုံ ချေပလိုက်ပုံကို သိစေချင်ပါသည်။ ဗုဒ္ဓဘာသာဝင်များ ဖတ်ပြီး မိမိဘာသာအပေါ် ယုံကြည် သဒ္ဒါတရား ပိုစေချင်ပါသည်။ အခြားဘာသာဝင်များ မိမိဘာသာအား ၀ိဘစ္စ၀ါဒိနော ဆိုသကဲ့သို့ ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ပါစေရန် ... မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဆိုသော်လဲ ယခုဆိုလျှင် ဗုဒ္ဓဘာသာဝင် ဆိုသည့် အမည်ခံသာရှိပါသည်။ ဗေဒင်, နက္ခတ်, ဘိုးတော်, ဘွားတော် နှင့် နတ်တွေ ဦးစီး ယုံကြည်နေကြသည်သာ များပါသည်။ နိုင်ငံကြီး ငါးပါးသီလတွေ ကျိုးပေါက်...., ဣဿာ, မစ္ဆရိယ တွေများ, ကိုယ်ချင်းစာတရားတွေ နည်းပါးနေကြတာများသဖြင့် ဘေးဆိုး သဘာဝဆိုးတွေ ကြုံတွေ့နေကြသည်ဟု ယူဆမိပါသည်။

အကြံပြုချင်ပါသည်... ဤစာအုပ်လေးကို ဖတ်ကြည့်ပါဗျာ..., ဒီနေရာလေးက ဒေါင်းနိုင်ပါတယ်....
မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ တည်ခိုးနားတည်ရာ ဖြစ်သင့်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံအဖြစ်နဲ့ တည်ရှိစေချင်ပါသည်။ စစ်မှန်သော အယူများနဲ့ အကျင့်စာရိတ္တကောင်းများနှင့် သာသနာ ရောင်ဝါ ကမ္ဘာသို့ ထွန်းလင်းတောက်ပနိုင်ပါစေ....

မှတ်ချက်။ ။ ဖတ်ပြီးပြီးချင်း ပြန်ချရေးရပါသည်။ တင်ပြချက်များ ကလေးဆန်ချင်ဆန်နေမည်မှာ သေချာပါသည်။ တကယ်တော့ စေတနာ အမှန်ဖြင့် စာအုပ်ကောင်းလေးများ ကို မျှဝေချင်လို့ ဒေါင်းလုပ်လေဘယ်မှာ ဘာမှမရှိသောကြောင့် ဒီစာအုပ်လေး အသောကလေး ဖတ်လိုက်ပြီး တင်လိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

5 comments

  1. Dream Says:
  2. ကျေးဇူးပဲ...စာအုပ်လေးကို ဒေါင်းပြီးဖတ်လိုက်ဦးမယ်....

     
  3. ဟုတ် တယ်ဗျ ကိုသော်ဇင်
    စာအုပ်တော့ဖတ်ပြီးပြီ
    ကြိုက်လို့ စက်ထဲမှာပဲ ထားတယ်
    အားလုံးဖတ်သင့်တဲ့ စာအုပ်ပါပဲ
    အကျိုးအကြောင်းဆီလျော်စွာနဲ့ တင်ပြထားတဲ့
    တစ်ကယ်အဖြစ်အပျက် လေးမို့ စိတ်ဝင်စားနဲ့ ဖတ်မိတယ်
    ဖတ်ပြီး မှတစ်ကယ်အကျိုးရှိမှန်းသိရတယ်
    ဝေမျှပြီး အကြံပေးတဲ့ ကိုသော်ဇင်ရေ ကျေးဇူးလို့ မပြောတော့ဘူး :D

     
  4. kiki Says:
  5. အသွင်မတူ အိမ်သူမဖြစ်ဆိုတာလို ။
    ဘာသာမတူ ပဲ ၊ အပေးအယူမမျှ ပဲ ဖြစ်ကြရတဲ့  အိမ်ထောင်ရေး ပဋိပက္ခ တွေ အများကြီးရှိကြပါတယ် ။
    တချို့ လည်း ဘာသာခြား၊ လူမျိုးခြား နဲ့ ယူထားကြပေမဲ့ 
    နားလည်မှု ကိုယ်စီ ရှိတော့ အဆင်ပြေ ပျော်ရွှင်ကြတဲ့  အိမ်ထောင်တွေ တည်ဆောက်နိုင်ကြ တာတွေ ရှိပါတယ် ။

    အပျက်ပျက်နဲ့  နှာခေါင်းသွေးထွက်ရတာမျိုး အတွက်တော့ စိတ်မကောင်းစရာတွေပေါ့ နော် ..

    စာအုပ်လေးကို ဒေါင်းပြီး အချိန်ယူ ဖတ်လိုက်ပါမယ်
    ချမ်းမြေ့ ပါစေ ။။

     
  6. အင်း ဖတ်သင့်တဲ့ စာအုပ်လေးပါ

     
  7. ကျောက်ကွင်း အရေးတော်ပုံ
    PDF ဖိုင်လေးကို ပြန်တင်ပေးပါ ခင်ဗျား ။ ပြန်လည် ထုတ်ဝေပြီး အလှူအတန်း တွေမှာ ဓမ္မဒါန ပြုချင်လို့ပါ ခင်ဗျား ။

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ